ယွမ်/ကျပ်တိုက်ရိုက်အသုံးပြုရန်ခွင့်ပြုလိုက်သည့်အတွက် ကုန်သည်များက မြန်မာ့စီးပွားရေးဘဏ်နှင့် တရုတ်ဘဏ်ခွဲ(၂)ခုတွင် ယွမ်စာရင်းဖွင့်လှစ်ရမည်

1796

NP News - ဒီဇင်ဘာ ၁၅
မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေတို့ တိုက်ရိုက်အသုံးပြုပေးချေရန်အ တွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကစတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါခွင့်ပြုချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၇ နှင့် ပုဒ်မ ၂၂ တို့အရ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
ယခုကဲ့သို့ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကိုဆောင်ရွက်ခွင့်ပြုခြင်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့်ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေနိုင်ရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်လွယ်ကူချောမွေ့စေရန် နှင့် ASEAN Financial Integration ၏ ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်ရန်အတွက်ရည်ရွယ်ကြောင်းသိရသည်။
ထို့ကြောင့် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ်(Designated Bank)များတွင် နယ်စပ်ကုန်သွယ်မှုဆောင် ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့်ပို့ကုန်တင်ပို့သူများ၏ ယွမ်စာရင်းဖွင့်လှစ်ရမည်ဖြစ်ကြောင်းသိရသည်။ ဆောင်ရွက်ခွင့်ရသည့်ဘဏ်များအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်နှင့် Bank of China (Hong Kong)(Yangon Branch)၊ မြန်မာ့စီးပွားရေးဘဏ်နှင့် Industrial and Commercial Bank of China (Yangon Branch) တို့ဖြစ်ကြောင်းသိရသည်။
အဆိုပါဘဏ်များကလည်း မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ်တိုက်ရိုက်အသုံးပြုပေးချေရေးလုပ်ငန်းစဉ်များဆိုင်ရာလမ်းညွှန်ချက်အား လိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်းသိရသည်။ ယွမ် /ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်က စတင်ခွင့်ပြုလိုက်ကြောင်းသိရသည်။
zawgyi version
ယြမ္/က်ပ္တိုက္႐ိုက္အသုံးျပဳရန္ခြင့္ျပဳလိုက္သည့္အတြက္ ကုန္သည္မ်ားက ျမန္မာ့စီးပြားေရးဘဏ္ႏွင့္ တ႐ုတ္ဘဏ္ခြဲ(၂)ခု တြင္ ယြမ္စာရင္းဖြင့္လွစ္ရမည္
NP News - ဒီဇင္ဘာ ၁၅
ျမန္မာက်ပ္ေငြႏွင့္ တ႐ုတ္ယြမ္ေငြတို႔ တိုက္႐ိုက္အသုံးျပဳေပးေခ်ရန္အ တြက္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ကစတင္ခြင့္ျပဳလိုက္ၿပီျဖစ္ေၾကာင္းသိရသည္။ အဆိုပါခြင့္ျပဳခ်က္ကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၁၇ ႏွင့္ ပုဒ္မ ၂၂ တို႔အရ ထုတ္ျပန္လိုက္ျခင္းျဖစ္ေၾကာင္းသိရသည္။
ယခုကဲ့သို႔ ယြမ္/က်ပ္ တိုက္႐ိုက္အသုံးျပဳေပးေခ်မႈကိုေဆာင္႐ြက္ခြင့္ျပဳျခင္းသည္ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံကုန္သြယ္မႈကို တိုးျမႇင့္ႏိုင္ရန္ႏွင့္ကုန္စည္စီးဆင္းမႈျမန္ဆန္ေခ်ာေမြ႕ေစႏိုင္ရန္၊ ႏွစ္ႏိုင္ငံေငြေပးေခ်မႈႏွင့္ စာရင္းရွင္းလင္းမႈစနစ္လြယ္ကူေခ်ာေမြ႕ေစရန္ ႏွင့္ ASEAN Financial Integration ၏ ရည္႐ြယ္ခ်က္မ်ားႏွင့္အညီ ျပည္တြင္းေငြေၾကးသုံးစြဲမႈကို တိုးျမႇင့္ရန္အတြက္ရည္႐ြယ္ေၾကာင္းသိရသည္။
ထို႔ေၾကာင့္ ယြမ္/က်ပ္ တိုက္႐ိုက္အသုံးျပဳေပးေခ်မႈကို ေဆာင္႐ြက္ခြင့္ရသည့္ဘဏ္(Designated Bank)မ်ားတြင္ နယ္စပ္ကုန္သြယ္မႈေဆာင္႐ြက္မည့္ သြင္းကုန္တင္သြင္းသူမ်ားႏွင့္ပို႔ကုန္တင္ပို႔သူမ်ား၏ ယြမ္စာရင္းဖြင့္လွစ္ရမည္ျဖစ္ေၾကာင္းသိရသည္။ ေဆာင္႐ြက္ခြင့္ရသည့္ဘဏ္မ်ားအေနျဖင့္ ျမန္မာ့စီးပြားေရးဘဏ္ႏွင့္ Bank of China (Hong Kong)(Yangon Branch)၊ ျမန္မာ့စီးပြားေရးဘဏ္ႏွင့္ Industrial and Commercial Bank of China (Yangon Branch) တို႔ျဖစ္ေၾကာင္းသိရသည္။
အဆိုပါဘဏ္မ်ားကလည္း ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံနယ္စပ္ကုန္သြယ္မႈတြင္ ယြမ္/က်ပ္တိုက္႐ိုက္အသုံးျပဳေပးေခ်ေရးလုပ္ငန္းစဥ္မ်ားဆိုင္ရာလမ္းၫႊန္ခ်က္အား လိုက္နာေဆာင္႐ြက္ရန္ျဖစ္ေၾကာင္းသိရသည္။ ယြမ္ /က်ပ္ တိုက္႐ိုက္အသုံးျပဳေပးေခ်မႈကို ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ (၁၄) ရက္က စတင္ခြင့္ျပဳလိုက္ေၾကာင္းသိရသည္။