မော်ချီးတွင် ကရင်နီလက်နက်ကိုင်များက ပြည်သူတို့၏ Wifi စက်များကို သိမ်းယူ

 358

NP News - မေ ၁၅

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင် ကယားလက်နက်ကိုင်များက ပြည်သူတို့ပိုင်ဆိုင်သည့် Wifi စက်များကို သိမ်းယူကာ ပြန်အငှားချလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
မော်ချီးဒေသရှိကျေးရွာများတွင် တပ်ဆင်ထားသည့် Star Link Wifi စက်များကို အယားလက်နက်ကိုင်များက အတင်းအဓမ္မဖြုတ်ယူကာ ၎င်းတို့နှင့် မိသားစုဝင်များက အသုံးပြုလျက်ရှိသည့်အပြင် ပြည်သူများသုံးစွဲလိုပါက တစ်နာရီလျှင် ငွေငါးထောင်ကျပ်ပေးကာ သုံးစွဲနေကြရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။
“သူတို့က လုံခြုံရေးအကြောင်းပြပြီး တစ်လပိတ်တယ်လို့ သိမ်းတာ။ သိမ်းတဲ့အခါ ရွာထဲကို သေနတ်ဖောက်ဝင် တာတွေ၊ အိမ်ပေါ်တက်ပြီး စက်ကိုဖြုတ်တာတွေအထိ လုပ်ကြတယ်လို့ သိရတယ်။ နောက်ပြီး မော်ချီးနဲ့ပတ်သက် တာမှန်သမျှကို လိုင်းပေါ်မတင်ရဘူးလို့လဲ ပြောတယ်” ဟု ၎င်းက ဆိုသည်။
ယင်းဒေသတွင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသဖြင့် ပြည်သူများမှာ Star Linlk အသုံးပြုကာ တစ်ပိုင် တစ်နိုင်စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေရသော်လည်း ယခုကဲ့သို့ ကယားလက်နက်ကိုင်အဖွဲ့က Star Link များကို အဓမ္မသိမ်းယူလိုက်သည့်အတွက် ပြည်သူများအနေဖြင့် များစွာ ထိခိုက်နစ်နာရကြောင်း ဒေသခံများက ဆိုသည်။
“တိုက်ပွဲကြောင့် ကျွန်မတို့က တခြားနေရာကို စစ်ရှောင်နေရပေမယ့် အဲဒီမှာ ကျွန်မအမျိုးသားက ဆိုင်ရောင်းရင်း ကျန်ခဲ့တယ်။ လိုအပ်တဲ့ကုန်တွေကို Online ကနေပဲ တစ်ဆင့် ဆက်သွယ်ပြီး မှာရတာ။အခုတော့ သူတို့က အဲဒါကို ပိတ်လိုက်တော့ အတော်လေးကို ဒုက္ခရောက်တာပေါ့” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ထို့အပြင် ကယားလက်နက်ကိုင်များအနေဖြင့် စားသောက်ဆိုင်များ စျေးဆိုင်များကို မနက်ခြောက်နာရီမှ ညခြောက်နာရီခန့်အထိသာဖွင့်လှစ်ရန်၊ ညရှစ်နာရီနောက်ပိုင်းတွင် လမ်းမထွက်ရန်နှင့် တစ်လအတွင်း လူစုလူဝေး၊ ပွဲလမ်းသဘင်နဲ့ ဘာသာရေးပွဲများ မပြုလုပ်ရန် ပြည်သူများအား ခြိမ်းခြောက် ပြောဆိုထားကြောင်း သိရသည်။

Zawgyi Version:
ေမာ္ခ်ီးတြင္ ကရင္နီလက္နက္ကိုင္မ်ားက ျပည္သူတို႔၏ Wifi စက္မ်ားကို သိမ္းယူ
NP News - ေမ ၁၅

ကယားျပည္နယ္၊ ဖားေဆာင္းၿမိဳ႕နယ္၊ ေမာ္ခ်ီးေဒသတြင္ ကယားလက္နက္ကိုင္မ်ားက ျပည္သူတို႔ပိုင္ဆိုင္သည့္ Wifi စက္မ်ားကို သိမ္းယူကာ ျပန္အငွားခ်လ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ေမာ္ခ်ီးေဒသရွိေက်း႐ြာမ်ားတြင္ တပ္ဆင္ထားသည့္ Star Link Wifi စက္မ်ားကို အယားလက္နက္ကိုင္မ်ားက အတင္းအဓမၼျဖဳတ္ယူကာ ၎တို႔ႏွင့္ မိသားစုဝင္မ်ားက အသုံးျပဳလ်က္ရွိသည့္အျပင္ ျပည္သူမ်ားသုံးစြဲလိုပါက တစ္နာရီလွ်င္ ေငြငါးေထာင္က်ပ္ေပးကာ သုံးစြဲေနၾကရေၾကာင္း အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက ဆိုသည္။
“သူတို႔က လုံၿခဳံေရးအေၾကာင္းျပၿပီး တစ္လပိတ္တယ္လို႔ သိမ္းတာ။ သိမ္းတဲ့အခါ ႐ြာထဲကို ေသနတ္ေဖာက္ဝင္ တာေတြ၊ အိမ္ေပၚတက္ၿပီး စက္ကိုျဖဳတ္တာေတြအထိ လုပ္ၾကတယ္လို႔ သိရတယ္။ ေနာက္ၿပီး ေမာ္ခ်ီးနဲ႔ပတ္သက္ တာမွန္သမွ်ကို လိုင္းေပၚမတင္ရဘူးလို႔လဲ ေျပာတယ္” ဟု ၎က ဆိုသည္။
ယင္းေဒသတြင္ ဆက္သြယ္ေရးလိုင္းမ်ား ျပတ္ေတာက္ေနသျဖင့္ ျပည္သူမ်ားမွာ Star Linlk အသုံးျပဳကာ တစ္ပိုင္ တစ္ႏိုင္စီးပြားေရး လုပ္ငန္းမ်ား လုပ္ကိုင္ေနရေသာ္လည္း ယခုကဲ့သို႔ ကယားလက္နက္ကိုင္အဖြဲ႕က Star Link မ်ားကို အဓမၼသိမ္းယူလိုက္သည့္အတြက္ ျပည္သူမ်ားအေနျဖင့္ မ်ားစြာ ထိခိုက္နစ္နာရေၾကာင္း ေဒသခံမ်ားက ဆိုသည္။
“တိုက္ပြဲေၾကာင့္ ကြၽန္မတို႔က တျခားေနရာကို စစ္ေရွာင္ေနရေပမယ့္ အဲဒီမွာ ကြၽန္မအမ်ိဳးသားက ဆိုင္ေရာင္းရင္း က်န္ခဲ့တယ္။ လိုအပ္တဲ့ကုန္ေတြကို Online ကေနပဲ တစ္ဆင့္ ဆက္သြယ္ၿပီး မွာရတာ။အခုေတာ့ သူတို႔က အဲဒါကို ပိတ္လိုက္ေတာ့ အေတာ္ေလးကို ဒုကၡေရာက္တာေပါ့” ဟု ေဒသခံတစ္ဦးက ဆိုသည္။
ထို႔အျပင္ ကယားလက္နက္ကိုင္မ်ားအေနျဖင့္ စားေသာက္ဆိုင္မ်ား ေစ်းဆိုင္မ်ားကို မနက္ေျခာက္နာရီမွ ညေျခာက္နာရီခန္႔အထိသာဖြင့္လွစ္ရန္၊ ညရွစ္နာရီေနာက္ပိုင္းတြင္ လမ္းမထြက္ရန္ႏွင့္ တစ္လအတြင္း လူစုလူေဝး၊ ပြဲလမ္းသဘင္နဲ႔ ဘာသာေရးပြဲမ်ား မျပဳလုပ္ရန္ ျပည္သူမ်ားအား ၿခိမ္းေျခာက္ ေျပာဆိုထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.