တရားရင်ဆိုင်ရမည့်ရက်မတိုင်ခင် ထိုင်းနိုင်ငံသို့ပြန်လာမည်ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ကတိပေး

 248

ဂျန်ဇက် (NP News) - စက်တင်ဘာ ၅
ပြည်ပသို့ ထွက်ပြေးခဲ့သည်ဟု သတင်းများထွက်ပေါ်နေသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က တရားရုံးတွင် တရားရင်ဆိုင်ရမည့် စက်တင်ဘာ ၉ ရက်မတိုင်ခင် ထိုင်းနိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံရေးလောကတွက် အရှုပ်ထွေးများဖြစ်ပွားနေချိန်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် စက်တင်ဘာ ၄ ရက်တွင် စင်ကာပူနိုင်ငံမှတဆင့် ဒူဘိုင်းသို့ ထွက်ပြေးခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
သက်ဆင်က ၎င်းသည်ဆေးဝါးကုသရန်အတွက် ပြည်ပသို့သွားရောက်ခြင်းဖြစ်ပြီး တရားရုံးတွင် အမှုရင်ဆိုင်ရမည့်ရက်မတိုင်ခင် ထိုင်းနိုင်ငံသို့ပြန်လာမည်ဖြစ်ကြောင်း ပြောသည်။ သက်ဆင်သည် ထိုင်းရာဇဝတ်ဥပဒေ ပုဒ်မ ၁၁၂ အရ စွဲချက်တင်ခံထားရပြီး ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်သည်ဆိုသော စွပ်စွဲချက်ကို ရင်ဆိုင်နေရကြောင်း သိရသည်။
သက်ဆင်သည် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်ကာလဖြစ်သော ၂၀၁၅ ခုနှစ်က တောင်ကိုရီးယားသတင်းဌာန နှင့် အင်တာဗျူးတွင် ထိုင်းဘုရင်စနစ်ကိုဝေဖန်သည့်အသုံးအနှုန်းများပြောဆိုခဲ့သည် စွပ်စွဲမှုများရှိနေသည်။
ထို့အပြင် သက်ဆင်သည် ပြည်ပြေးအဖြစ် ၁၅ နှစ်ကျော်နေထိုင်ပြီး ထိုင်းနိုင်ငံသို့ ပြန်လာချိန်တွင်လည်း ပြစ်ဒဏ်များကိုကျခံခဲ့ရာ အကျဉ်းထောင်တွင်ကျခံခြင်းမျိုးမဟုတ်ဘဲ ကျန်းမာရေးအကြောင်းပြကာ ရဲဆေးရုံတွင်သာ ပြစ်ဒဏ်ပြီးဆုံးချိန်အထိ နေထိုင်ခဲ့ကြောင်း စွပ်စွဲခံနေရသည်။
သို့သော်လည်း ထိုင်းတရားရုံးသည် သက်ဆင်အပေါ်စွဲဆိုထားသည့်ပြစ်ဒဏ်များနှင့်ပတ်သက်ပြီး ခွင့်ပြုချက်မရဘဲ ပြည်ပထွက်ခွင့်ပိတ်ပင်ခြင်းကို ပြီးခဲ့သော သြဂုတ်လအတွင်း ပယ်ဖျက်ပေးခဲ့ကြောင်းသိရသည်။
သက်ဆင်သည် စက်တင်ဘာ ၄ ရက်က ဒွန်မောင်းလေဆိပ်မှတဆင့် ၎င်း၏ ကိုယ်ပိုင်လေယာဉ်ဖြင့် ခရီးထွက်ခဲ့ပြီး ပရာချက်ကီရီကန်ဒေသရှိ ဟွာဟင်ဒေသသို့သွားရောက်မည်ဟု တာဝန်ရှိသူများကို ကနဦးပြောဆိုခဲ့သော်လည်း အခြားနေရာသို့ သွားရောက်ခဲ့ခြင်းမျိုးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် သက်ဆင်၏ သမီးဖြစ်သူ ပေထုံတန်ရှင်နာဝါထရာကို ဝန်ကြီးချုပ်ရာထူးမှ ထုတ်ပယ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံရေးလောကတွင် အခက်ခဲများဖြစ်ပွားလျက်ရှိနေရာ သက်ဆင်က ပြည်ပထွက်ပြေးမည်ဆိုသော သတင်းများထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။

Zawgyi Version:
တရားရင္ဆိုင္ရမည့္ရက္မတိုင္ခင္ ထိုင္းႏိုင္ငံသို႔ျပန္လာမည္ဟု ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ ကတိေပး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၅
ျပည္ပသို႔ ထြက္ေျပးခဲ့သည္ဟု သတင္းမ်ားထြက္ေပၚေနသည့္ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္က တရား႐ုံးတြင္ တရားရင္ဆိုင္ရမည့္ စက္တင္ဘာ ၉ ရက္မတိုင္ခင္ ထိုင္းႏိုင္ငံသို႔ ျပန္လာမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ထိုင္းႏိုင္ငံေရးေလာကတြက္ အရႈပ္ေထြးမ်ားျဖစ္ပြားေနခ်ိန္တြင္ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္သည္ စက္တင္ဘာ ၄ ရက္တြင္ စင္ကာပူႏိုင္ငံမွတဆင့္ ဒူဘိုင္းသို႔ ထြက္ေျပးခဲ့သည္ဟု သတင္းမ်ားထြက္ေပၚခဲ့သည္။
သက္ဆင္က ၎သည္ေဆးဝါးကုသရန္အတြက္ ျပည္ပသို႔သြားေရာက္ျခင္းျဖစ္ၿပီး တရား႐ုံးတြင္ အမႈရင္ဆိုင္ရမည့္ရက္မတိုင္ခင္ ထိုင္းႏိုင္ငံသို႔ျပန္လာမည္ျဖစ္ေၾကာင္း ေျပာသည္။ သက္ဆင္သည္ ထိုင္းရာဇဝတ္ဥပေဒ ပုဒ္မ ၁၁၂ အရ စြဲခ်က္တင္ခံထားရၿပီး ထိုင္းဘုရင္စနစ္ကို ေဝဖန္တိုက္ခိုက္သည္ဆိုေသာ စြပ္စြဲခ်က္ကို ရင္ဆိုင္ေနရေၾကာင္း သိရသည္။
သက္ဆင္သည္ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္ကာလျဖစ္ေသာ ၂၀၁၅ ခုႏွစ္က ေတာင္ကိုရီးယားသတင္းဌာန ႏွင့္ အင္တာဗ်ဴးတြင္ ထိုင္းဘုရင္စနစ္ကိုေဝဖန္သည့္အသုံးအႏႈန္းမ်ားေျပာဆိုခဲ့သည္ စြပ္စြဲမႈမ်ားရွိေနသည္။
ထို႔အျပင္ သက္ဆင္သည္ ျပည္ေျပးအျဖစ္ ၁၅ ႏွစ္ေက်ာ္ေနထိုင္ၿပီး ထိုင္းႏိုင္ငံသို႔ ျပန္လာခ်ိန္တြင္လည္း ျပစ္ဒဏ္မ်ားကိုက်ခံခဲ့ရာ အက်ဥ္းေထာင္တြင္က်ခံျခင္းမ်ိဳးမဟုတ္ဘဲ က်န္းမာေရးအေၾကာင္းျပကာ ရဲေဆး႐ုံတြင္သာ ျပစ္ဒဏ္ၿပီးဆုံးခ်ိန္အထိ ေနထိုင္ခဲ့ေၾကာင္း စြပ္စြဲခံေနရသည္။
သို႔ေသာ္လည္း ထိုင္းတရား႐ုံးသည္ သက္ဆင္အေပၚစြဲဆိုထားသည့္ျပစ္ဒဏ္မ်ားႏွင့္ပတ္သက္ၿပီး ခြင့္ျပဳခ်က္မရဘဲ ျပည္ပထြက္ခြင့္ပိတ္ပင္ျခင္းကို ၿပီးခဲ့ေသာ ၾသဂုတ္လအတြင္း ပယ္ဖ်က္ေပးခဲ့ေၾကာင္းသိရသည္။
သက္ဆင္သည္ စက္တင္ဘာ ၄ ရက္က ဒြန္ေမာင္းေလဆိပ္မွတဆင့္ ၎၏ ကိုယ္ပိုင္ေလယာဥ္ျဖင့္ ခရီးထြက္ခဲ့ၿပီး ပရာခ်က္ကီရီကန္ေဒသရွိ ဟြာဟင္ေဒသသို႔သြားေရာက္မည္ဟု တာဝန္ရွိသူမ်ားကို ကနဦးေျပာဆိုခဲ့ေသာ္လည္း အျခားေနရာသို႔ သြားေရာက္ခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္သီတင္းပတ္တြင္ သက္ဆင္၏ သမီးျဖစ္သူ ေပထုံတန္ရွင္နာဝါထရာကို ဝန္ႀကီးခ်ဳပ္ရာထူးမွ ထုတ္ပယ္ရန္ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးက ဆုံးျဖတ္ခဲ့ၿပီးေနာက္ ထိုင္းႏိုင္ငံေရးေလာကတြင္ အခက္ခဲမ်ားျဖစ္ပြားလ်က္ရွိေနရာ သက္ဆင္က ျပည္ပထြက္ေျပးမည္ဆိုေသာ သတင္းမ်ားထပ္မံထြက္ေပၚလာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.