ရွေးကောက် ပွဲဖြစ်စေရန် ကူညီ ဆောင်ရွက်သွားမည် ဟု BGF အသိပေး

 657

ပီယ (NP News) - စက်တင်ဘာ ၅
ရွေးကောက် ပွဲဖြစ်စေရန် ကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ၏ ၏ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့က ယနေ့ (စက်တင်ဘာလ ၃ ရက်) တွင် ထုတ်ပြန် အသိပေး ထားသည်။
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် နိုင်ငံ၏ အနာဂတ် အတွက် ဒီမိုကရေစီစနစ်သို့ ဦးတည်ကာ ပြည်သူအများ၏ တည်ငြိမ်အေးချမ်းလုံခြုံသောဘဝကို ဖန်တီးနိုင်ရန် အရေးပါသည်ဟု နားလည်ခံယူထားကြောင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။
ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ များအပေါ် ခွဲခြားမှုမရှိဘဲ တရားမျှတစွာ ကူညီလျက် မဲဆန္ဒရှင်များ၏ မဲပေးပိုင်ခွင့်အပေါ် အန္တရာယ် မရှိစေရန် အထူးအလေးထားကူညီဆောင်ရွက်သွားမည် ဟု ဖော်ပြထားသည်။
ရွေးကောက်ပွဲကို နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)အနေဖြင့် အပြည့်အဝထောက်ခံပြီး ကရင်ပြည်နယ် အတွင်း ရွေးကောက်ပွဲများကို တည်ငြိမ်လုံခြုံ တရားမျှတစွာ ကျင်းပနိုင်ရန်နှင့် အားလုံးပါဝင်သော ရွေးကောက် ပွဲဖြစ်စေရန် ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Zawgyi Version:
ေ႐ြးေကာက္ ပြဲျဖစ္ေစရန္ ကူညီ ေဆာင္႐ြက္သြားမည္ ဟု BGF အသိေပး
ပီယ (NP News) - စက္တင္ဘာ ၅
ေ႐ြးေကာက္ ပြဲျဖစ္ေစရန္ ကူညီ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ကရင္ျပည္နယ္ နယ္ျခားေစာင့္တပ္ဖြဲ႕ (BGF) ၏ ၏ ဗဟိုအႀကံေပးႏွင့္ကြပ္ကဲေရးအဖြဲ႕က ယေန႔ (စက္တင္ဘာလ ၃ ရက္) တြင္ ထုတ္ျပန္ အသိေပး ထားသည္။
ျမန္မာႏိုင္ငံ၏ ေ႐ြးေကာက္ပြဲသည္ ႏိုင္ငံ၏ အနာဂတ္ အတြက္ ဒီမိုကေရစီစနစ္သို႔ ဦးတည္ကာ ျပည္သူအမ်ား၏ တည္ၿငိမ္ေအးခ်မ္းလုံၿခဳံေသာဘဝကို ဖန္တီးႏိုင္ရန္ အေရးပါသည္ဟု နားလည္ခံယူထားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေျပာထားသည္။
ယခုက်င္းပမည့္ ေ႐ြးေကာက္ပြဲတြင္ ႏိုင္ငံေရးပါတီ မ်ားအေပၚ ခြဲျခားမႈမရွိဘဲ တရားမွ်တစြာ ကူညီလ်က္ မဲဆႏၵရွင္မ်ား၏ မဲေပးပိုင္ခြင့္အေပၚ အႏၲရာယ္ မရွိေစရန္ အထူးအေလးထားကူညီေဆာင္႐ြက္သြားမည္ ဟု ေဖာ္ျပထားသည္။
ေ႐ြးေကာက္ပြဲကို နယ္ျခားေစာင့္တပ္ (ကရင္ျပည္နယ္)အေနျဖင့္ အျပည့္အဝေထာက္ခံၿပီး ကရင္ျပည္နယ္ အတြင္း ေ႐ြးေကာက္ပြဲမ်ားကို တည္ၿငိမ္လုံၿခဳံ တရားမွ်တစြာ က်င္းပႏိုင္ရန္ႏွင့္ အားလုံးပါဝင္ေသာ ေ႐ြးေကာက္ ပြဲျဖစ္ေစရန္ ကူညီ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

Related news

© 2021. All rights reserved.