MNDAA မထွက်မီ ထောင်ခါခဲ့ပြီးနောက် လားရှိုးတွင် ကလေးငယ်များပါ မချန် လုယက်ခံနေရ

 387

NP News - မေ ၁၅

MNDAA တို့ မြို့မှ မထွက်မီ ထောင်ခါခဲ့ပြီးနောက် လားရှိုးတွင် လုယက်မှုနှင့် ဓားပြမှုများ မြင့်တက်နေရာ ကလေးငယ်များပါ မချန် လုယက်ခံနေရကြောင်းဖြစ်စဉ်ကို သိရှိသူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ပြော သည်။
MNDAA က လားရှိုးမြို့မှ မထွက်ခွာမီ ဧပြီလ ၂၀ ရက်တွင် အချုပ်ထောင်အတွင်း ရှိ စစ်သုံ့ပန်းများ နှင့် နိုင်ငံရေး အကျဉ်းသားများက လွဲ၍ အခြား ပြစ်မှုမျိုးစုံ ရှိ အကျဉ်သား အသစ် နှင့် အဟောင်းများကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိ လားရှိုးတွင် အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပြန်လည်ဝင်ရောက်လာပြီဖြစ်သော်လည်း ပြန်လည်ထူထောင် ရေးလုပ်ဆောင်နေရသည့်ကာလတွင် ဓားပြတိုက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ကားကိုလုယက် သည့်ဖြစ်စဉ်မျိုးအထိ ရှိနေကြောင်း ဒေသခံများက ဆိုသည်။
“ဆိုင်ကယ်ဆို ဆိုင်ကယ် ပစ္စည်းလေးတွေဆို စိုးရိမ်တကြီးနဲ့ ထွက်နေရတယ်။ ပြောမရဘူးလေ လူပြတ်တဲ့ နေရာ ဘာညာ ဆို လုတယ်။ တချို့ဆို ကလေးတောင် မရှောင်ဘူး။ ကလေးကို ထု ပြီး လုတာ။ ကလေးတချို့ဆို ဆိုင်ကယ် စီးတယ်လေ ခြောက်လှန့်ပြီး လုကြတာ” ဟု မြို့ခံ တစ်ဦးက ဆိုသည်။
ဒုစရိုက်သမားများ ၏ လက်အတွင်း သေနတ်များလည်း ရှိနေပြီး ယင်းမှာ လားရှိုးတိုက်ပွဲ လက်ကျန်များ ဖြစ်နိုင် ကြောင်း ၎င်းက သုံးသပ်သည်။
လားရှိုးတွင် နေ့တိုင်းနီးပါး လုယက်၊ ဓားပြတိုက်ခြင်းများ ရှိနေပြီး ရဲစခန်းအနီးရှိ တိုက်တန်းတွင်ပင် ဓားပြတိုက်ခံ ရသောဖြစ်စဉ် ရှိခဲ့သည့်အပြင် နေ့ခင်းကြောင်တောင် ကျူးလွန်သည့်ဖြစ်စဉ်များလည်း များပြားလာကြောင်း သိရသည်။
“ပစ္စည်းရှာတယ် ဆိုပြီး ဆိုင်ထဲဝင်လာပြီး သေနတ်နဲ့ထောက်ထားရင် ဘာမှလုပ်မရဘူးလေ” ဟု အခြား မြို့ခံ တစ်ဦးက ဆိုသည်။
လားရှိုးရှိ ဓားပြမှု အချို့တွင် တရုတ်ဘာသာစကား ပြောသူများလည်း ပါဝင်နေကြောင်း ၎င်းက ဆိုသည်။
“အတိုက်ခံရတဲ့ဖြစ်စဉ်တစ်ခုမှာဆိုရင် တရုတ်စကားပြောတယ်လေ။ မြန်မာစကားပြောတာလည်း ပါတယ်တဲ့။ မြန်မာ ယောကျာ်းတွေက ညဝတ်အိပ်ဝတ်စုံကို အပြင်တွေ ဘာတွေ မဝတ်ဘူးလေ။ လားရှိုးမှာတော့ ညဝတ်အိပ် ဝတ်စုံကို တရုတ်တွေက ဝတ်ကြတယ်။ အခု ဟာက ညဝတ်အိပ် ဝတ်စုံနဲ့” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
MNDAA မထြက္မီ ေထာင္ခါခဲ့ၿပီးေနာက္ လားရႈိးတြင္ ကေလးငယ္မ်ားပါ မခ်န္ လုယက္ခံေနရ
NP News - ေမ ၁၅

MNDAA တို႔ ၿမိဳ႕မွ မထြက္မီ ေထာင္ခါခဲ့ၿပီးေနာက္ လားရႈိးတြင္ လုယက္မႈႏွင့္ ဓားျပမႈမ်ား ျမင့္တက္ေနရာ ကေလးငယ္မ်ားပါ မခ်န္ လုယက္ခံေနရေၾကာင္းျဖစ္စဥ္ကို သိရွိသူ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ေျပာ သည္။
MNDAA က လားရႈိးၿမိဳ႕မွ မထြက္ခြာမီ ဧၿပီလ ၂၀ ရက္တြင္ အခ်ဳပ္ေထာင္အတြင္း ရွိ စစ္သုံ႔ပန္းမ်ား ႏွင့္ ႏိုင္ငံေရး အက်ဥ္းသားမ်ားက လြဲ၍ အျခား ျပစ္မႈမ်ိဳးစုံ ရွိ အက်ဥ္သား အသစ္ ႏွင့္ အေဟာင္းမ်ားကို လႊတ္ေပးခဲ့ျခင္းျဖစ္သည္။
လက္ရွိ လားရႈိးတြင္ အစိုးရ၏ အုပ္ခ်ဳပ္ေရးယႏၲရား ျပန္လည္ဝင္ေရာက္လာၿပီျဖစ္ေသာ္လည္း ျပန္လည္ထူေထာင္ ေရးလုပ္ေဆာင္ေနရသည့္ကာလတြင္ ဓားျပတိုက္ျခင္း၊ လုယက္ျခင္းမ်ား ျဖစ္ပြားေနျခင္းျဖစ္ၿပီး ကားကိုလုယက္ သည့္ျဖစ္စဥ္မ်ိဳးအထိ ရွိေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။
“ဆိုင္ကယ္ဆို ဆိုင္ကယ္ ပစၥည္းေလးေတြဆို စိုးရိမ္တႀကီးနဲ႔ ထြက္ေနရတယ္။ ေျပာမရဘူးေလ လူျပတ္တဲ့ ေနရာ ဘာညာ ဆို လုတယ္။ တခ်ိဳ႕ဆို ကေလးေတာင္ မေရွာင္ဘူး။ ကေလးကို ထု ၿပီး လုတာ။ ကေလးတခ်ိဳ႕ဆို ဆိုင္ကယ္ စီးတယ္ေလ ေျခာက္လွန႔္ၿပီး လုၾကတာ” ဟု ၿမိဳ႕ခံ တစ္ဦးက ဆိုသည္။
ဒုစ႐ိုက္သမားမ်ား ၏ လက္အတြင္း ေသနတ္မ်ားလည္း ရွိေနၿပီး ယင္းမွာ လားရႈိးတိုက္ပြဲ လက္က်န္မ်ား ျဖစ္ႏိုင္ ေၾကာင္း ၎က သုံးသပ္သည္။
လားရႈိးတြင္ ေန႔တိုင္းနီးပါး လုယက္၊ ဓားျပတိုက္ျခင္းမ်ား ရွိေနၿပီး ရဲစခန္းအနီးရွိ တိုက္တန္းတြင္ပင္ ဓားျပတိုက္ခံ ရေသာျဖစ္စဥ္ ရွိခဲ့သည့္အျပင္ ေန႔ခင္းေၾကာင္ေတာင္ က်ဴးလြန္သည့္ျဖစ္စဥ္မ်ားလည္း မ်ားျပားလာေၾကာင္း သိရသည္။
“ပစၥည္းရွာတယ္ ဆိုၿပီး ဆိုင္ထဲဝင္လာၿပီး ေသနတ္နဲ႔ေထာက္ထားရင္ ဘာမွလုပ္မရဘူးေလ” ဟု အျခား ၿမိဳ႕ခံ တစ္ဦးက ဆိုသည္။
လားရႈိးရွိ ဓားျပမႈ အခ်ိဳ႕တြင္ တ႐ုတ္ဘာသာစကား ေျပာသူမ်ားလည္း ပါဝင္ေနေၾကာင္း ၎က ဆိုသည္။
“အတိုက္ခံရတဲ့ျဖစ္စဥ္တစ္ခုမွာဆိုရင္ တ႐ုတ္စကားေျပာတယ္ေလ။ ျမန္မာစကားေျပာတာလည္း ပါတယ္တဲ့။ ျမန္မာ ေယာက်ာ္းေတြက ညဝတ္အိပ္ဝတ္စုံကို အျပင္ေတြ ဘာေတြ မဝတ္ဘူးေလ။ လားရႈိးမွာေတာ့ ညဝတ္အိပ္ ဝတ္စုံကို တ႐ုတ္ေတြက ဝတ္ၾကတယ္။ အခု ဟာက ညဝတ္အိပ္ ဝတ္စုံနဲ႔” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.