နိုင်ငံရေးသမား၊ အစိုးရအရာရှိတွေနဲ့ သတင်းထောက်များအပါအဝင် ထင်ရှားသူတွေကို ပစ်မှတ်ထားတဲ့ ဒေလီအခြေစိုက်အိုင်တီကုမ္ပဏီကို ဖေ့ဘွတ်က ဖယ်ရှား

352

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၉
အိန္ဒိယနိုင်ငံ ဒေလီအရှေ့ပိုင်း Shakurpur ဧရိယာရှိ Netaji Subhash Place အခြေစိုက် အိုင်တီကုမ္ပဏီ BellTroX InfoTech ဟာ ထင်ရှားတဲ့နိုင်ငံရေးသမားတွေ၊ ဆယ်လီတွေ၊ စီးပွားရေးသမားတွေနဲ့ ဂျာနယ်လစ်တွေရဲ့အကောင့်တွေကို အချက်အလက်ခိုးယူမှုနဲ့ အမှောင်ခြမ်းဝန်ဆောင်မှုလုပ်တာကြောင့် ဖေ့ဘွတ်ကုမ္ပဏီ Meta ရဲ့ပလက်ဖေါင်းပေါ်ကနေ ဖယ်ရှားခံလိုက်ရပါတယ်။
Meta မှ အကောင့်ပေါင်း ၄၀၀ ကို ဖယ်ရှားလိုက်ကြောင်း သတင်းပြန်ကြားလာရခြင်းကြောင့် အိန္ဒိယအခြေစိုက် 'hack-for-hire' ကုမ္ပဏီနဲ့ ချိတ်ဆက်ထားတဲ့ လူမှုအင်ဂျင်နီယာနဲ့ လူသိများတဲ့ကမ္ဘာတဝန်းရှိ သြဇာတိက္ကမရှိသူများကို ဖေ့ဘုတ်အကောင့်များအတွက် အန္တရာယ်ရှိတဲ့လင့်ခ်များကို ရှာဖွေခဲ့ပါတယ်။ လူသိထင်ရှား မဖြစ်အောင် ယမန်နှစ်က အချိန်အတန်ကြာ ပုန်းအောင်းနေတဲ့ BellTroX InfoTech Services ဟာ ထောက်ခံအားပေးရေး အဖွဲ့များနဲ့ ဂျာနယ်လစ်များ၊ ရွေးကောက်ခံအစိုးရနဲ့ အကြီးတန်းအစိုးရအရာရှိများ၊ ရံပုံငွေများနဲ့ တိုက်ကြီးခြောက်ခုရှိ စက်မှုလုပ်ငန်းမျိုးစုံကို ပစ်မှတ်ထားပြီး လူမှုကွန်ရက်ပေါ်ကနေ တုန်လှုပ်ချောက်ခြားစရာတွေကို ဖန်တီးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လက Toronto တက္ကသိုလ်၊ Munk School of Global Affairs and Public Policy အခြေစိုက် ဓာတ်ခွဲခန်းတစ်ခုဖြစ်တဲ့ Citizen Lab ဆီကို BelltroX နဲ့ ၎င်းရဲ့ 'hack-for-hire' လှုပ်ရှားမှု ဆိုင်ရာစည်းမျဉ်းများကို ချိုးဖျက်ခဲ့ပြီး 'hacking for hire' နည်းပညာကို ရောင်းချခဲ့တယ်လို့ Meta က ပြောကြားခဲ့ပါတယ်။ " ကျွန်ုပ်တို့ဟာ Facebook အကောင့် ၄၀၀ ခန့်ကို ဖယ်ရှားခဲ့ပြီး အများစုမှာ BellTroX နဲ့ ချိတ်ဆက်ကာ ကင်းထောက်ခြင်း၊ လူမှုအင်ဂျင်နီယာနဲ့ အန္တရာယ်ရှိ လင့်ခ်များ ပေးပို့ရန်အတွက် အသုံးပြုခြင်းကို နှစ်ပေါင်းများစွာ လုပ်နေခဲ့တာကြောင့် ဖယ်ရှားခဲ့တာဖြစ်ပါတယ်" လို့ Meta က ပြောကြားခဲ့ပါတယ်။ " ကျွန်ုပ်တို့ ပလက်ဖောင်းပေါ်ရှိ ၎င်းရဲ့လုပ်ဆောင်ချက်ဟာ အကန့်အသတ်ရှိရမှာဖြစ်တယ် ” လို့ Meta က ကြာသပတေးနေ့ နှောင်းပိုင်းက ဘလော့ဂ်ပို့စ်တစ်ခုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ " BellTroX ဟာ နိုင်ငံရေး သမားတစ်ဦးလို၊ ဂျာနယ်လစ်များနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများလို အပါအဝင် ပုံစံမျိုးနဲ့ဟန်ဆောင်ကာ ၎င်းတို့ရဲ့အီးမေးလ်လိပ်စာများ အပါအဝင် သတင်း အချက်အလက်များကို နောက်ပိုင်းမှာ ဖြားယောင်းတဲ့တိုက်ခိုက်မှုများလုပ်ခဲ့သလို အီးမေးလ်လိပ်စာများ အပါအဝင် သတင်းအချက်အလက်တွေနဲ့ပတ်သက်ရင် အကောင့်အတုများစွာကို လုပ်ဆောင်ခဲ့တယ်" လို့ ဖေ့ဘွတ်လူမှုကွန်ရက် ကုမ္ပဏီဘက်က ပြောကြားခဲ့ပါတယ်။ " ပစ်မှတ်ထားခံရသူများထဲမှာ သြစတြေးလျ၊ အန်ဂိုလာ၊ ဆော်ဒီအာရေဗျနဲ့ အိုက်စလန်တို့ အပါအဝင် နိုင်ငံများမှ ရှေ့နေများ၊ ဆရာဝန်များ၊ တက်ကြွလှုပ်ရှားသူများနဲ့ ခရစ်ယာန်ဓမ္မဆရာများ ပါဝင်တယ် " လို့ Meta မှ အကြောင်းကြားခဲ့ပါတယ်။ Citizen Lab နဲ့ Facebook ရဲ့ မိခင်ကုမ္ပဏီအသစ် Meta မှ သုတေသီများရဲ့ စုံစမ်းစစ်ဆေးမှုအပြီး စုစုပေါင်းစောင့်ကြည့်ရေး အဖွဲ့ခုနစ်ဖွဲ့ဟာ အခြားအသုံးပြုသူများကို ပစ်မှတ်ထားရန်အတွက် ဆိုရှယ်မီဒီယာ ကုမ္ပဏီပလက်ဖောင်းများ အသုံးပြုခြင်းကို ပိတ်ပင်လိုက်ပါတယ်။ ၎င်းရဲ့ နှစ်ရှည် 'Dark Basin' ခေါ် အမှောင်ခြမ်းမှ မကောင်းမှုများဆိုင်ရာစုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ယမန်နှစ်က Citizen Lab ဟာ ဆိုက်ဘာလုံခြုံရေး အမှတ်တံဆိပ် Norton Life Lock နဲ့ ပူးပေါင်းကာ Bell TroX နဲ့ ဆက်စပ်နေတဲ့ ကမ်ပိန်းများနဲ့ လူတစ်ဦးချင်းကြား နည်းပညာဆိုင်ရာ ချိတ်ဆက်မှုများကို အများအပြား ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အနည်းဆုံး ကိစ္စတစ်ခုမှာ Dark Basin ဟာ အခြားလူတစ်ဦးချင်းစီကို ပြန်လည်ပစ်မှတ်ထားရန် ခိုးယူထားတဲ့ အတွင်းရေးအီးမေးလ်ကို ပြန်လည်အသုံးပြုခဲ့ပြီး ယင်းဖြစ်ရပ်ကြောင့် Dark Basin ဟာ တစ်ဦး သို့မဟုတ် တစ်ခုထက်ပိုတဲ့ ထောက်ခံအားပေးရေးအဖွဲ့များရဲ့ အီးမေးလ်အကောင့်များသို့ ဝင်ရောက်ခွင့်ရရှိခြင်းမှာ အောင်မြင်မှုအချို့ ရခဲ့တယ်လို့ ကောက်ချက်ချနိုင်ကြောင်း အစီရင်ခံစာက ဆိုပါတယ်။
Bell TroX ဝန်ထမ်းများဟာ ပစ်မှတ်များရဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ သူငယ်ချင်းများအဖြစ် ဟန်ဆောင်ကာ ဖြားယောင်းတဲ့ အီးမေးလ်များကို ပေးပို့ခဲ့ပြီး Dark Basin ကို ပစ်မှတ်ထားရန် ရွေးချယ်ခဲ့တဲ့ ပုဂ္ဂိုလ်များဟာ အလွတ်သဘောအဖွဲ့အစည်းဆိုင်ရာ အထက်တန်းအဆင့်များ (ပစ်မှတ်ထက် အခွင့်အာဏာပိုကြီးသော ပုဂ္ဂိုလ်များအဖြစ် ဟန်ဆောင်ခြင်း) အကြောင်းကို နက်နဲစွာ သိရှိထားကြောင်း ပြသခဲ့ပါတယ်။
Zawgyi Version
ႏုိင္ငံေရးသမား၊ အစုိးရအရာရွိေတြနဲ႔ သတင္းေထာက္မ်ားအပါအ၀င္ ထင္ရွားသူေတြကုိ ပစ္မွတ္ထားတဲ့ ေဒလီအေျခစိုက္အိုင္တီကုမၸဏီကုိ ေဖ့ဘြတ္က ဖယ္ရွား
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၉
အိႏၵိယႏိုင္ငံ ေဒလီအေရွ႕ပုိင္း Shakurpur ဧရိယာရွိ Netaji Subhash Place အေျခစိုက္ အိုင္တီကုမၸဏီ BellTroX InfoTech ဟာ ထင္ရွားတဲ့ႏုိင္ငံေရးသမားေတြ၊ ဆယ္လီေတြ၊ စီးပြားေရးသမားေတြနဲ႔ ဂ်ာနယ္လစ္ေတြရဲ႕အေကာင့္ေတြကုိ အခ်က္အလက္ခုိးယူမႈနဲ႔ အေမွာင္ျခမ္း၀န္ေဆာင္မႈလုပ္တာေၾကာင့္ ေဖ့ဘြတ္ကုမၸဏီ Meta ရဲ႔ပလက္ေဖါင္းေပၚကေန ဖယ္ရွားခံလုိက္ရပါတယ္။
Meta မွ အေကာင့္ေပါင္း ၄၀၀ ကို ဖယ္ရွားလိုက္ေၾကာင္း သတင္းျပန္ၾကားလာရျခင္းေၾကာင့္ အိႏၵိယအေျခစိုက္ 'hack-for-hire' ကုမၸဏီနဲ႔ ခ်ိတ္ဆက္ထားတဲ့ လူမႈအင္ဂ်င္နီယာနဲ႔ လူသိမ်ားတဲ့ကမၻာတဝန္းရွိ ၾသဇာတိကၠမရွိသူမ်ားကို ေဖ့ဘုတ္အေကာင့္မ်ားအတြက္ အႏၲရာယ္ရွိတဲ့လင့္ခ္မ်ားကို ရွာေဖြခဲ့ပါတယ္။ လူသိထင္ရွား မျဖစ္ေအာင္ ယမန္ႏွစ္က အခ်ိန္အတန္ၾကာ ပုန္းေအာင္းေနတဲ့ BellTroX InfoTech Services ဟာ ေထာက္ခံအားေပးေရး အဖြဲ႕မ်ားနဲ႔ ဂ်ာနယ္လစ္မ်ား၊ ေ႐ြးေကာက္ခံအစိုးရနဲ႔ အႀကီးတန္းအစိုးရအရာရွိမ်ား၊ ရံပုံေငြမ်ားနဲ႔ တိုက္ႀကီးေျခာက္ခုရွိ စက္မႈလုပ္ငန္းမ်ိဳးစုံကို ပစ္မွတ္ထားၿပီး လူမႈကြန္ရက္ေပၚကေန တုန္လႈပ္ေခ်ာက္ျခားစရာေတြကို ဖန္တီးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဇြန္လက Toronto တကၠသိုလ္၊ Munk School of Global Affairs and Public Policy အေျခစိုက္ ဓာတ္ခြဲခန္းတစ္ခုျဖစ္တဲ့ Citizen Lab ဆီကုိ BelltroX နဲ႔ ၎ရဲ႕ 'hack-for-hire' လႈပ္ရွားမႈ ဆုိင္ရာစည္းမ်ဥ္းမ်ားကို ခ်ိဳးဖ်က္ခဲ့ၿပီး 'hacking for hire' နည္းပညာကို ေရာင္းခ်ခဲ့တယ္လို႔ Meta က ေျပာၾကားခဲ့ပါတယ္။ " ကြၽႏ္ုပ္တို႔ဟာ Facebook အေကာင့္ ၄၀၀ ခန႔္ကို ဖယ္ရွားခဲ့ၿပီး အမ်ားစုမွာ BellTroX နဲ႔ ခ်ိတ္ဆက္ကာ ကင္းေထာက္ျခင္း၊ လူမႈအင္ဂ်င္နီယာနဲ႔ အႏၲရာယ္ရွိ လင့္ခ္မ်ား ေပးပို႔ရန္အတြက္ အသုံးျပဳျခင္းကို ႏွစ္ေပါင္းမ်ားစြာ လုပ္ေနခဲ့တာေၾကာင့္ ဖယ္ရွားခဲ့တာျဖစ္ပါတယ္" လို႔ Meta က ေျပာၾကားခဲ့ပါတယ္။ " ကြၽႏ္ုပ္တို႔ ပလက္ေဖာင္းေပၚရွိ ၎ရဲ႕လုပ္ေဆာင္ခ်က္ဟာ အကန႔္အသတ္ရွိရမွာျဖစ္တယ္ ” လို႔ Meta က ၾကာသပေတးေန႔ ေႏွာင္းပိုင္းက ဘေလာ့ဂ္ပို႔စ္တစ္ခုမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။ " BellTroX ဟာ ႏိုင္ငံေရး သမားတစ္ဦးလို၊ ဂ်ာနယ္လစ္မ်ားနဲ႔ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ တက္ႂကြလႈပ္ရွားသူမ်ားလုိ အပါအ၀င္ ပုံစံမ်ဳိးနဲ႔ဟန္ေဆာင္ကာ ၎တို႔ရဲ႕အီးေမးလ္လိပ္စာမ်ား အပါအဝင္ သတင္း အခ်က္အလက္မ်ားကို ေနာက္ပိုင္းမွာ ျဖားေယာင္းတဲ့တိုက္ခိုက္မႈမ်ားလုပ္ခဲ့သလုိ အီးေမးလ္လိပ္စာမ်ား အပါအဝင္ သတင္းအခ်က္အလက္ေတြနဲ႔ပတ္သက္ရင္ အေကာင့္အတုမ်ားစြာကုိ လုပ္ေဆာင္ခဲ့တယ္" လို႔ ေဖ့ဘြတ္လူမႈကြန္ရက္ ကုမၸဏီဘက္က ေျပာၾကားခဲ့ပါတယ္။ " ပစ္မွတ္ထားခံရသူမ်ားထဲမွာ ၾသစေၾတးလ်၊ အန္ဂိုလာ၊ ေဆာ္ဒီအာေရဗ်နဲ႔ အိုက္စလန္တို႔ အပါအဝင္ ႏိုင္ငံမ်ားမွ ေရွ႕ေနမ်ား၊ ဆရာဝန္မ်ား၊ တက္ႂကြလႈပ္ရွားသူမ်ားနဲ႔ ခရစ္ယာန္ဓမၼဆရာမ်ား ပါဝင္္တယ္ " လို႔ Meta မွ အေၾကာင္းၾကားခဲ့ပါတယ္။ Citizen Lab နဲ႔ Facebook ရဲ႕ မိခင္ကုမၸဏီအသစ္ Meta မွ သုေတသီမ်ားရဲ႕ စုံစမ္းစစ္ေဆးမႈအၿပီး စုစုေပါင္းေစာင့္ၾကည့္ေရး အဖြဲ႕ခုနစ္ဖြဲ႕ဟာ အျခားအသုံးျပဳသူမ်ားကို ပစ္မွတ္ထားရန္အတြက္ ဆိုရွယ္မီဒီယာ ကုမၸဏီပလက္ေဖာင္းမ်ား အသုံးျပဳျခင္းကုိ ပိတ္ပင္လိုက္ပါတယ္။ ၎ရဲ႕ ႏွစ္ရွည္ 'Dark Basin' ေခၚ အေမွာင္ျခမ္းမွ မေကာင္းမႈမ်ားဆုိင္ရာစုံစမ္းစစ္ေဆးမႈ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ယမန္ႏွစ္က Citizen Lab ဟာ ဆိုက္ဘာလုံၿခဳံေရး အမွတ္တံဆိပ္ Norton Life Lock နဲ႔ ပူးေပါင္းကာ Bell TroX နဲ႔ ဆက္စပ္ေနတဲ့ ကမ္ပိန္းမ်ားနဲ့ လူတစ္ဦးခ်င္းၾကား နည္းပညာဆိုင္ရာ ခ်ိတ္ဆက္မႈမ်ားကို အမ်ားအျပား ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အနည္းဆုံး ကိစၥတစ္ခုမွာ Dark Basin ဟာ အျခားလူတစ္ဦးခ်င္းစီကို ျပန္လည္ပစ္မွတ္ထားရန္ ခိုးယူထားတဲ့ အတြင္းေရးအီးေမးလ္ကို ျပန္လည္အသုံးျပဳခဲ့ၿပီး ယင္းျဖစ္ရပ္ေၾကာင့္ Dark Basin ဟာ တစ္ဦး သို႔မဟုတ္ တစ္ခုထက္ပိုတဲ့ ေထာက္ခံအားေပးေရးအဖြဲ႕မ်ားရဲ႕ အီးေမးလ္အေကာင့္မ်ားသို႔ ဝင္ေရာက္ခြင့္ရရွိျခင္းမွာ ေအာင္ျမင္မႈအခ်ိဳ႕ ရခဲ့တယ္လို႔ ေကာက္ခ်က္ခ်ႏိုင္ေၾကာင္း အစီရင္ခံစာက ဆိုပါတယ္။
Bell TroX ဝန္ထမ္းမ်ားဟာ ပစ္မွတ္မ်ားရဲ႕ လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႔ သူငယ္ခ်င္းမ်ားအျဖစ္ ဟန္ေဆာင္ကာ ျဖားေယာင္းတဲ့ အီးေမးလ္မ်ားကို ေပးပို႔ခဲ့ၿပီး Dark Basin ကို ပစ္မွတ္ထားရန္ ေ႐ြးခ်ယ္ခဲ့တဲ့ ပုဂၢိဳလ္မ်ားဟာ အလြတ္သေဘာအဖြဲ႕အစည္းဆိုင္ရာ အထက္တန္းအဆင့္မ်ား (ပစ္မွတ္ထက္ အခြင့္အာဏာပိုႀကီးေသာ ပုဂၢိဳလ္မ်ားအျဖစ္ ဟန္ေဆာင္ျခင္း) အေၾကာင္းကို နက္နဲစြာ သိရွိထားေၾကာင္း ျပသခဲ့ပါတယ္။