ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ လေယာဉ်စီးမည့်အမျိုးသမီးကို မန္တလေးလေဆိပ်၌ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများပါ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့

 3558

Iris (NP News) - ဒီဇင်ဘာ ၂၁
ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ လေယာဉ်စီးတော့မည့်အမျိုးသမီးတစ်ဦးကို မန္တလေး တံတားဦးလေဆိပ်၌ ဒီဇင်ဘာ(၂၀)ရက်က တားဆီးစစ်ဆေးဖမ်းဆီးနိုင်ခဲ့ပြီးနောက် ဆက်စပ်သူ(၃)ဦးကိုပါ ဖမ်းဆီးနိုင်ခဲ့ကြောင်း နစကဘက်က သတင်းထုတ်ပြန်လိုက်သည်။

ဒီဇင်ဘာ(၂၁)ရက်တွင် ထုတ်ပြန်လာသော နစက၏သတင်း၌ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ဖြင့်ထွက်ခွာလိုက်ပါမည့် ခရီးသည်အမျိုးသမီးတစ်ဦးထံမှ အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာ(၉၈)ခုဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပါဝင်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ထံမှ ဒီတိုနေတာ(၁၀၀၀)ခုထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းအပြင် ဖြစ်စဉ်အသေးစိတ်အဖြစ်ဖော်ပြမှု၌ ဒီဇင်ဘာလ ၂၀ ရက်နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေးပြည်ပြည် ဆိုင်ရာလေဆိပ်၊ အမှတ်(၁)ထွက်ခွာရာ X-Ray စက်၌ တာဝန်ကျတပ်ဖွဲ့ဝင်များက ခရီးသည်များအား ရှာဖွေစစ်ဆေးမှုများဆောင်ရွက်နေစဉ် လေယာဉ်အမျိုးအစား ART-72၊ ခရီးစဉ်အမှတ် K7-771 ဖြင့် မန္တလေးမြို့မှ ခန္တီးမြို့သို့ လိုက်ပါမည့် ခရီးသည်ဖြစ်သူ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာနေ မမိုးမြင့်လှိုင်(၂၀)နှစ် (ဘ) ဦးဟွန်းထိုက်၏ ဂျပ်ဖာဘူးအတွင်းမှ ဖလူဇာဆေးကဒ်များဖြင့် ရောနှောသယ်ဆောင်လာသည့် (SOD- Special Ordinary Detonator) တံဆိပ်ပါဘူးအတွင်းမှ အကြမ်းဖက်ဖောက်ခွဲရေး ပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနီတာ(၉၈)ခုကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး မမိုးမြင့်လှိုင်၏ ထွက်ဆိုချက်အရ အဆိုပါဒီတိုနီတာများကို သယ်ဆောင်ခိုင်းခဲ့သည့် မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားရှိ အိမ်အမှတ်(၄၀)နေ မအေးအေးချစ်(ခ)ဘုတ်ဆုံ(၃၉)နှစ် (ဘ)ဦးသိန်းချစ်နှင့် သယ်ဆောင်လာသည့် ဒီနေတာများကို လွှဲပြောင်းလက်ခံပေးမည့် ဆင်သေကျေးရွာနေ မမိုးမြင့်လှိုင်၏မိခင်ဖြစ်သူ ဒေါ်လောဟွေ(ခ)ဒေါ်ကြောင်ဖဟွေ(ခ)ဒေါ်တင်သိန်း(၆၃)နှစ်တို့အား ၎င်းတို့၏နေအိမ်အသီးသီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထပ်မံဖမ်းဆီးရမိသူ မအေးအေးချစ်(ခ)ဘုတ်ဆုံ၏ ထွက်ဆိုချက်အရ ညနေ ၄ နာရီခွဲခန့်တွင် ၎င်း၏နေအိမ်သို့ ဒီတိုနေတာများ ထပ်မံလာရောက်ပို့ဆောင်သူ ချမ်းအေးသာစံမြို့နယ် ၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ အမြောက်တန်းဗလီဝင်းနေ ဦးသိန်းထွန်း(၄၇)နှစ် (ဘ) ဦးသိန်းမောင်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ဖြူဝင်း(ခ)ဇိုင်တွန်ဘီ(၄၂)နှစ် (ဘ)ဦးမြင့်ဦးတို့အား ဒီတိုနီတာကတ်သီး (၁)ဘူးလျှင်(၁၀၀)ခုစီပါ (၁၀)ဘူး၊ စုစုပေါင်း(၁၀၀၀)ခုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

ယင်းဖြစ်စဉ်များအတွင်း၌ အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာများ သယ်ယူပို့ဆောင်ခဲ့သည့်ဖမ်းဆီးရမိသူ တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

Zawgyi Version
ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္အတူ ေလယာဥ္စီးမည့္အမ်ဳိးသမီးကုိ မႏၱေလးေလဆိပ္၌ ဖမ္းဆီးရမိခဲ့ျပီး ဆက္စပ္တရားခံမ်ားပါ ေဖာ္ထုတ္ဖမ္းဆီးႏုိင္ခဲ့
Iris (NP News) - ဒီဇင္ဘာ ၂၁
ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္အတူ ေလယာဥ္စီးေတာ့မည့္အမ်ိဳးသမီးတစ္ဦးကို မႏၲေလး တံတားဦးေလဆိပ္၌ ဒီဇင္ဘာ(၂၀)ရက္က တားဆီးစစ္ေဆးဖမ္းဆီးႏိုင္ခဲ့ၿပီးေနာက္ ဆက္စပ္သူ(၃)ဦးကိုပါ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း နစကဘက္က သတင္းထုတ္ျပန္လိုက္သည္။

ဒီဇင္ဘာ(၂၁)ရက္တြင္ ထုတ္ျပန္လာေသာ နစက၏သတင္း၌ မႏၲေလးတိုင္းေဒသႀကီး၊ တံတားဦးၿမိဳ႕နယ္ရွိ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္၌ ေလယာဥ္ျဖင့္ထြက္ခြာလိုက္ပါမည့္ ခရီးသည္အမ်ိဳးသမီးတစ္ဦးထံမွ အၾကမ္းဖက္ေဖာက္ခြဲေရးျပဳလုပ္ရာတြင္ အသုံးျပဳမည့္ ဒီတိုေနတာ(၉၈)ခုဖမ္းဆီးရမိခဲ့ၿပီး ဆက္စပ္ပါဝင္သူ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔ထံမွ ဒီတိုေနတာ(၁၀၀၀)ခုထပ္မံေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း ေဖာ္ျပထားသည္။ ယင္းအျပင္ ျဖစ္စဥ္အေသးစိတ္အျဖစ္ေဖာ္ျပမႈ၌ ဒီဇင္ဘာလ ၂၀ ရက္နံနက္ ၈ နာရီ ၂၅ မိနစ္ခန႔္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ တံတားဦးၿမိဳ႕နယ္ရွိ မႏၲေလးျပည္ျပည္ ဆိုင္ရာေလဆိပ္၊ အမွတ္(၁)ထြက္ခြာရာ X-Ray စက္၌ တာဝန္က်တပ္ဖြဲ႕ဝင္မ်ားက ခရီးသည္မ်ားအား ရွာေဖြစစ္ေဆးမႈမ်ားေဆာင္႐ြက္ေနစဥ္ ေလယာဥ္အမ်ိဳးအစား ART-72၊ ခရီးစဥ္အမွတ္ K7-771 ျဖင့္ မႏၲေလးၿမိဳ႕မွ ခႏၲီးၿမိဳ႕သို႔ လိုက္ပါမည့္ ခရီးသည္ျဖစ္သူ စစ္ကိုင္းတိုင္းေဒသႀကီး၊ ခႏၲီးၿမိဳ႕နယ္၊ ဆင္ေသေက်း႐ြာေန မမိုးျမင့္လႈိင္(၂၀)ႏွစ္ (ဘ) ဦးဟြန္းထိုက္၏ ဂ်ပ္ဖာဘူးအတြင္းမွ ဖလူဇာေဆးကဒ္မ်ားျဖင့္ ေရာေႏွာသယ္ေဆာင္လာသည့္ (SOD- Special Ordinary Detonator) တံဆိပ္ပါဘူးအတြင္းမွ အၾကမ္းဖက္ေဖာက္ခြဲေရး ျပဳလုပ္ရာတြင္ အသုံးျပဳမည့္ ဒီတိုနီတာ(၉၈)ခုကို ေတြ႕ရွိသိမ္းဆည္းရမိခဲ့ၿပီး မမိုးျမင့္လႈိင္၏ ထြက္ဆိုခ်က္အရ အဆိုပါဒီတိုနီတာမ်ားကို သယ္ေဆာင္ခိုင္းခဲ့သည့္ မဟာေအာင္ေျမၿမိဳ႕နယ္၊ ေဟမမာလာေတာင္ရပ္ကြက္၊ ၃၈ လမ္းႏွင့္ ၃၉ လမ္းၾကားရွိ အိမ္အမွတ္(၄၀)ေန မေအးေအးခ်စ္(ခ)ဘုတ္ဆုံ(၃၉)ႏွစ္ (ဘ)ဦးသိန္းခ်စ္ႏွင့္ သယ္ေဆာင္လာသည့္ ဒီေနတာမ်ားကို လႊဲေျပာင္းလက္ခံေပးမည့္ ဆင္ေသေက်း႐ြာေန မမိုးျမင့္လႈိင္၏မိခင္ျဖစ္သူ ေဒၚေလာေဟြ(ခ)ေဒၚေၾကာင္ဖေဟြ(ခ)ေဒၚတင္သိန္း(၆၃)ႏွစ္တို႔အား ၎တို႔၏ေနအိမ္အသီးသီးတြင္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ ထပ္မံဖမ္းဆီးရမိသူ မေအးေအးခ်စ္(ခ)ဘုတ္ဆုံ၏ ထြက္ဆိုခ်က္အရ ညေန ၄ နာရီခြဲခန႔္တြင္ ၎၏ေနအိမ္သို႔ ဒီတိုေနတာမ်ား ထပ္မံလာေရာက္ပို႔ေဆာင္သူ ခ်မ္းေအးသာစံၿမိဳ႕နယ္ ၊ ခ်မ္းေအးသာစံအေရွ႕ရပ္ကြက္၊ အေျမာက္တန္းဗလီဝင္းေန ဦးသိန္းထြန္း(၄၇)ႏွစ္ (ဘ) ဦးသိန္းေမာင္ႏွင့္ ၎၏ ဇနီးျဖစ္သူ ေဒၚခင္ျဖဴဝင္း(ခ)ဇိုင္တြန္ဘီ(၄၂)ႏွစ္ (ဘ)ဦးျမင့္ဦးတို႔အား ဒီတိုနီတာကတ္သီး (၁)ဘူးလွ်င္(၁၀၀)ခုစီပါ (၁၀)ဘူး၊ စုစုေပါင္း(၁၀၀၀)ခုႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္းလည္း သိရသည္။

ယင္းျဖစ္စဥ္မ်ားအတြင္း၌ အၾကမ္းဖက္ေဖာက္ခြဲေရးျပဳလုပ္ရာတြင္ အသုံးျပဳမည့္ ဒီတိုေနတာမ်ား သယ္ယူပို႔ေဆာင္ခဲ့သည့္ဖမ္းဆီးရမိသူ တရားခံမ်ားအား ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.