ပခုက္ကူ-ကျွန်းချောင်းအစုန်ရထားမိုင်းခွဲတိုက်ခိုက်ခံရ၍ လုံခြုံရေးတစ်ဦးနှင့် စက်ခေါင်းမောင်းနှစ်ဦးထိခိုက်ဒဏ်ရာရ

1474

NP News - ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ဘူတာမှထွက်ခွာလာသည့် ပခုက္ကူ-ကျွန်းချောင်း အမှတ်(၂)အစုန်ရထားသည် ဒီဇင်ဘာလ(၂၁)ရက်တွင်မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်းသတင်းရရှိသည်။
အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် လုံခြုံရေးတစ်ဦးနှင့် စက်ခေါင်းမောင်းနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း စစ်ကောင်စီက ဒီဇင်ဘာလ (၂၂)ရက်ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ ပခုက္ကူ PDF အဖွဲ့မှပခုက္ကူပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDF နှင့် Myit Chay - kyun Chaung Defense Force MC-KCDF တို့ပူး ပေါင်း၍ ပခုက္ကူမြို့နယ်နန်းတော်ရပ်ကျေးရွာနှင့် ထန်းပင်ကိုင်ကျေးရွာကြား၌ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် ရထားခေါင်းပိုင်းပျက်စီးခဲ့ပြီး ရထားပေါ်၌လုံခြုံရေးလိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သ တင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ဘူတာမှ ဒီဇင်ဘာလ (၂၁)ရက် နံနက် (၇)နာရီခွဲအချိန်တွင်ထွက်ခွာလာသည့် ပခုက္ကူ-ကျွန်းချောင်း အမှတ်(၂) အစုန်ရထားသည် နံနက် ၈ နာရီ ၁ဝ မိနစ်အချိန်တွင် မီးရထားလမ်းမိုင် တိုင်အမှတ် (၄၇၄/၆-၇)ကြားအရောက်၌ ဖောက်ခွဲရေးသမားများထောင် ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် စက်ခေါင်းမောင်း၊ အကူစက်ခေါင်းမောင်းနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးတို့ မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အဆိုပါရထားစက်ခေါင်းမှာလည်း မိုင်းစထိမှန်ပျက်စီးကြောင်း၊ ၎င်းအပြင်အခင်းဖြစ်နေရာအနီးမှ လက်လုပ်မိုင်းတစ်လုံး၊ ဆိုင်ကယ်ဘတ္ထရီအိုး (၃) လုံး၊ ဝိုင်ယာကြိုး (၂) ချောင်း၊ နှစ်ပင် လိမ်ဝိုင်ယာကြိုး တစ်ချောင်းနှင့်ကြိုးခွေတစ်ခွေတို့အားတွေ့ရှိရပြီး သက် မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများအား ပခုက္ကူမြို့နယ်ဆေးရုံကြီးသို့ပို့ဆောင်ထားရှိခဲ့ကြောင်း စစ်ကောင်စီသတင်းမှန်ပြန် ကြားရေးကထုတ်ပြန်သည်။
အလားတူ ဒီဇင်ဘာလ ၂၁ ရက် နေ့လည် ၁၂ နာရီခွဲအချိန်ခန့်တွင် မန္တ လေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်၊ ကန်ပေါက်ကျေးရွာအနီး ကျောက်ပန်းတောင်း-ပျဉ်းမနား မီးရထားလမ်း ကြေးနန်းတိုင်အ မှတ် ၃၆၁/၁၁-၁၂ ကြားရှိ ခုံးကျော်တံတားအား အကြမ်းဖက်သူများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲမှုကြောင့် မီးရထားသံလမ်း သစ်သားဇလီ ဖားတုံးနှင့် သံလမ်းအဆက်တစ်ခုတို့ပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ် လက်လုပ်မိုင်းတစ်လုံးထပ်မံပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်(၂)ဦးတွင် မိုင်းစထိမှန်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းသိရသည်။
zawgyi version
ပခုကၠဴ-ကြၽန္းေခ်ာင္းအစုန္ရထားမိုင္းခြဲတိုက္ခိုက္ခံရ၍ လုံၿခဳံေရးတစ္ဦးႏွင့္ စက္ေခါင္းေမာင္းႏွစ္ဦးထိခိုက္ဒဏ္ရာရ
NP News - ဒီဇင္ဘာ ၂၃
မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕ဘူတာမွထြက္ခြာလာသည့္ ပခုကၠဴ-ကြၽန္းေခ်ာင္း အမွတ္(၂)အစုန္ရထားသည္ ဒီဇင္ဘာလ(၂၁)ရက္တြင္မိုင္းခြဲတိုက္ခိုက္ခံခဲ့ရေၾကာင္းသတင္းရရွိသည္။
အဆိုပါ မိုင္းခြဲတိုက္ခိုက္မႈေၾကာင့္ လုံၿခဳံေရးတစ္ဦးႏွင့္ စက္ေခါင္းေမာင္းႏွစ္ဦး ထိခိုက္ဒဏ္ရာမ်ားရရွိသြားေၾကာင္း စစ္ေကာင္စီက ဒီဇင္ဘာလ (၂၂)ရက္ညပိုင္းက သတင္းထုတ္ျပန္ခဲ့သည္။ အဆိုပါတိုက္ခိုက္မႈႏွင့္ပတ္သက္၍ ပခုကၠဴ PDF အဖြဲ႕မွပခုကၠဴျပည္သူ႔ကာကြယ္ေရးအဖြဲ႕ PPDF ႏွင့္ Myit Chay - kyun Chaung Defense Force MC-KCDF တို႔ပူး ေပါင္း၍ ပခုကၠဴၿမိဳ႕နယ္နန္းေတာ္ရပ္ေက်း႐ြာႏွင့္ ထန္းပင္ကိုင္ေက်း႐ြာၾကား၌ မိုင္းခြဲတိုက္ခိုက္ခဲ့ေၾကာင္း၊ ယင္းတိုက္ခိုက္မႈေၾကာင့္ ရထားေခါင္းပိုင္းပ်က္စီးခဲ့ၿပီး ရထားေပၚ၌လုံၿခဳံေရးလိုက္ပါလာသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္(၅)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သ တင္းထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။
မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕ဘူတာမွ ဒီဇင္ဘာလ (၂၁)ရက္ နံနက္ (၇)နာရီခြဲအခ်ိန္တြင္ထြက္ခြာလာသည့္ ပခုကၠဴ-ကြၽန္းေခ်ာင္း အမွတ္(၂) အစုန္ရထားသည္ နံနက္ ၈ နာရီ ၁ဝ မိနစ္အခ်ိန္တြင္ မီးရထားလမ္းမိုင္ တိုင္အမွတ္ (၄၇၄/၆-၇)ၾကားအေရာက္၌ ေဖာက္ခြဲေရးသမားမ်ားေထာင္ ထားသည့္ လက္လုပ္မိုင္းတစ္လုံးေပါက္ကြဲခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ စက္ေခါင္းေမာင္း၊ အကူစက္ေခါင္းေမာင္းႏွင့္လုံၿခဳံေရးတပ္ဖြဲ႕ဝင္တစ္ဦးတို႔ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိကာ အဆိုပါရထားစက္ေခါင္းမွာလည္း မိုင္းစထိမွန္ပ်က္စီးေၾကာင္း၊ ၎အျပင္အခင္းျဖစ္ေနရာအနီးမွ လက္လုပ္မိုင္းတစ္လုံး၊ ဆိုင္ကယ္ဘတၳရီအိုး (၃) လုံး၊ ဝိုင္ယာႀကိဳး (၂) ေခ်ာင္း၊ ႏွစ္ပင္ လိမ္ဝိုင္ယာႀကိဳး တစ္ေခ်ာင္းႏွင့္ႀကိဳးေခြတစ္ေခြတို႔အားေတြ႕ရွိရၿပီး သက္ မဲ့ျပဳလုပ္သိမ္းဆည္းခဲ့ကာ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ပခုကၠဴၿမိဳ႕နယ္ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ထားရွိခဲ့ေၾကာင္း စစ္ေကာင္စီသတင္းမွန္ျပန္ ၾကားေရးကထုတ္ျပန္သည္။
အလားတူ ဒီဇင္ဘာလ ၂၁ ရက္ ေန႔လည္ ၁၂ နာရီခြဲအခ်ိန္ခန႔္တြင္ မႏၲ ေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္း ၿမိဳ႕နယ္၊ ကန္ေပါက္ေက်း႐ြာအနီး ေက်ာက္ပန္းေတာင္း-ပ်ဥ္းမနား မီးရထားလမ္း ေၾကးနန္းတိုင္အ မွတ္ ၃၆၁/၁၁-၁၂ ၾကားရွိ ခုံးေက်ာ္တံတားအား အၾကမ္းဖက္သူမ်ားက လက္လုပ္မိုင္းျဖင့္ ေဖာက္ခြဲမႈေၾကာင့္ မီးရထားသံလမ္း သစ္သားဇလီ ဖားတုံးႏွင့္ သံလမ္းအဆက္တစ္ခုတို႔ပ်က္စီးခဲ့ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား စစ္ေဆးေနစဥ္ လက္လုပ္မိုင္းတစ္လုံးထပ္မံေပါက္ကြဲခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္(၂)ဦးတြင္ မိုင္းစထိမွန္ဒဏ္ရာအနည္းငယ္ရရွိခဲ့ေၾကာင္းသိရသည္။