ဒေါ်လာသန်းချီ ထီဆုကြီးပေါက်တိုင်း တစ်သက်လုံးချမ်းသာသွားပြီလား

 781

ဝတီ (NP News) - ဒီဇင်ဘာ ၂၆
လူတိုင်း ထီဆုကြီးပေါက်ချင်ကြတာပါပဲ။ ဧရာမထီဆုကြီးပေါက်လို့က တော့အလုပ်ကနေချက်ချင်းထွက်ပစ်လိုက်မယ်၊ ကမ္ဘာပတ်ခရီးတွေ ထွက်ပစ်လိုက်မယ်၊ အိမ်ကြီးတွေ၊ ဇိမ်ခံကားတွေ၊ အဝတ်အစားအ ကောင်းစားတွေ၊ လက်ကိုင်အိတ်အကောင်းစားတွေဝယ်ပြီး ဇိမ်ခံပစ် လိုက်မယ်ဆိုပြီး စိတ်ကူးယဉ်လေ့ရှိတာလူတိုင်းပါပဲ။ လူတိုင်းဒီလို စိတ် ကူးယဉ်ပေမယ့် အဲဒီစိတ်ကူးကိုအကောင်အထည်ဖော်ခွင့်ရတဲ့လူတွေကတော့ တကယ့်လူနည်းစုလေးပါပဲ။ ထီဆုကြီးပေါက်တဲ့လူက ရာခိုင် နှုန်းအားဖြင့်ဆိုရင်အရမ်းနည်းတယ်မဟုတ်လား။ ဒါကြောင့် အင်မတန့် အင်မတန်ကံထူးမှသာ အဲဒီအိပ်မက်ကို လက်တွေ့အကောင်အထည် ဖော်ခွင့်ရကြတာပါ။ ဒါပေမဲ့ အဲဒီလိုဒေါ်လာသန်းချီထီဆုကြီးပေါက်ရ
လောက်အောင် ကံကောင်းတဲ့လူတွေကကော အဲဒီစိတ်ကူးယဉ်အိပ်မက်ကို တစ်သက်လုံးမက်ခွင့်ရပြီး တစ်သက်လုံးချမ်းသာသွားကြပြီလား။ ဒါကြောင့် ထီဆုကြီးပေါက်ပြီးနောက်ပိုင်း သူတို့အကြောင်းတွေကို စုစည်းတင်ဆက်လိုက်ပါတယ်။

zawgyi version
ေဒၚလာသန္းခ်ီ ထီဆုႀကီးေပါက္တိုင္း တစ္သက္လုံးခ်မ္းသာသြားၿပီလား
ဝတီ (NP News) - ဒီဇင္ဘာ ၂၆
လူတိုင္း ထီဆုႀကီးေပါက္ခ်င္ၾကတာပါပဲ။ ဧရာမထီဆုႀကီးေပါက္လို႔က ေတာ့အလုပ္ကေနခ်က္ခ်င္းထြက္ပစ္လိုက္မယ္၊ ကမာၻပတ္ခရီးေတြ ထြက္ပစ္လိုက္မယ္၊ အိမ္ႀကီးေတြ၊ ဇိမ္ခံကားေတြ၊ အဝတ္အစားအ ေကာင္းစားေတြ၊ လက္ကိုင္အိတ္အေကာင္းစားေတြဝယ္ၿပီး ဇိမ္ခံပစ္ လိုက္မယ္ဆိုၿပီး စိတ္ကူးယဥ္ေလ့ရွိတာလူတိုင္းပါပဲ။ လူတိုင္းဒီလို စိတ္ ကူးယဥ္ေပမယ့္ အဲဒီစိတ္ကူးကိုအေကာင္အထည္ေဖာ္ခြင့္ရတဲ့လူေတြကေတာ့ တကယ့္လူနည္းစုေလးပါပဲ။ ထီဆုႀကီးေပါက္တဲ့လူက ရာခိုင္ ႏႈန္းအားျဖင့္ဆိုရင္အရမ္းနည္းတယ္မဟုတ္လား။ ဒါေၾကာင့္ အင္မတန႔္ အင္မတန္ကံထူးမွသာ အဲဒီအိပ္မက္ကို လက္ေတြ႕အေကာင္အထည္ ေဖာ္ခြင့္ရၾကတာပါ။ ဒါေပမဲ့ အဲဒီလိုေဒၚလာသန္းခ်ီထီဆုႀကီးေပါက္ရေလာက္ေအာင္ ကံေကာင္းတဲ့လူေတြကေကာ အဲဒီစိတ္ကူးယဥ္အိပ္မက္ကို တစ္သက္လုံးမက္ခြင့္ရၿပီး တစ္သက္လုံးခ်မ္းသာသြားၾကၿပီလား။ ဒါေၾကာင့္ ထီဆုႀကီးေပါက္ၿပီးေနာက္ပိုင္း သူတို႔အေၾကာင္းေတြကို စုစည္းတင္ဆက္လိုက္ပါတယ္။

ဂျက်ခ်ဝှိုက်တိတ်ကာ
ဂျက်ခ်ဝှိုက်တိတ်ကာဆိုတဲ့ အမေရိကန်အမျိုးသားဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်သမားပါ။ သူဟာ ၂ဝဝ၂ ခုနှစ်မှာ ဒေါ်လာ ၃၁၄ သန်း ထီဆုကြီးပေါက်ပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် အဲဒီဆု ကြေးဟာ သမိုင်းတစ်လျှောက်အများဆုံးဆုကြေးဖြစ်ပါတယ်။ သူ့အ ကြောင်းဟာ ထီဆုကြီးက လူကိုဖျက်ဆီးနိုင်စွမ်းရှိကြောင်း အကောင်းဆုံးဥပမာတစ်ခုဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့သူကဘုရားကျောင်း တွေကို ငွေတွေပုံအောပြီးလှူ၊ မိသားစုဝင်တွေ၊ သူစိမ်းတရံတွေ၊ စားပွဲထိုးတွေနဲ့ အဖော်အချွတ်မယ်တွေကိုလည်းပိုက်ဆံတွေအထပ်လိုက်၊ အပုံလိုက်ကြီးအတိုင်းအဆမရှိ၊ တရစပ်ပေးလာလိုက်တာရှိရှိသမျှဒေါ်လာ သန်း ၃ဝဝ ကျော်လုံးပြောင်တလင်းခါသွားတဲ့အထိပဲလေ။

zawgyi version
ဂ်က္ခ္ဝႈိက္တိတ္ကာ
ဂ်က္ခ္ဝႈိက္တိတ္ကာဆိုတဲ့ အေမရိကန္အမ်ိဳးသားဟာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုမွာ အလုပ္သမားပါ။ သူဟာ ၂ဝဝ၂ ခုႏွစ္မွာ ေဒၚလာ ၃၁၄ သန္း ထီဆုႀကီးေပါက္ပါတယ္။ အဲဒီအခ်ိန္တုန္းကဆိုရင္ အဲဒီဆု ေၾကးဟာ သမိုင္းတစ္ေလွ်ာက္အမ်ားဆုံးဆုေၾကးျဖစ္ပါတယ္။ သူ႔အ ေၾကာင္းဟာ ထီဆုႀကီးက လူကိုဖ်က္ဆီးႏိုင္စြမ္းရွိေၾကာင္း အေကာင္းဆုံးဥပမာတစ္ခုျဖစ္လာပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့သူကဘုရားေက်ာင္း ေတြကို ေငြေတြပုံေအာၿပီးလႉ၊ မိသားစုဝင္ေတြ၊ သူစိမ္းတရံေတြ၊ စားပြဲထိုးေတြနဲ႔ အေဖာ္အခြၽတ္မယ္ေတြကိုလည္းပိုက္ဆံေတြအထပ္လိုက္၊ အပုံလိုက္ႀကီးအတိုင္းအဆမရွိ၊ တရစပ္ေပးလာလိုက္တာရွိရွိသမွ်ေဒၚလာ သန္း ၃ဝဝ ေက်ာ္လုံးေျပာင္တလင္းခါသြားတဲ့အထိပဲေလ။

လာရာနဲ့ ရော်ဂျာဂရစ်ဖစ်သ်စ်
လာရာနဲ့ ရော်ဂျာ ဂရစ်ဖစ်သ်စ်ဆိုတဲ့ ဗြိတိသျှဇနီးမောင်နှံဟာ ဒေါ်လာ ၂ ဒသမ ၁၉ သန်းထီဆုကြီးပေါက်ပြီးလို့ ဆယ်နှစ်တောင်မပြည့်သေးခင်မှာပဲ ကွာရှင်းလိုက်ရပါတော့တယ်။ ဒေါ်လာသန်းချီထီဆုကြီးလည်းပေါက်ရော ရော်ဂျာက ရော့ခ်အဆိုတော်ကြီးဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အ ထည်ဖော်တော့တာပေါ့။ သူက အဖွဲ့တစ်ဖွဲ့ဖွဲ့လိုက်ပြီးအခွေတစ်ခွေထွက်နိုင်ဖို့ ငွေတွေ ဒလဟောသုံးပါတော့တယ်။ ပြီးတော့ သူတို့ဇနီးမောင်နှံက
နောက်ဆုံးပေါ်ကားအကောင်းစားတွေ ဝယ်စီး၊ အင်မတန်ဈေးကြီးတဲ့ အိမ်ကြီးတစ်လုံး ဝယ်၊ အကောင်းစားအဝတ်အစားတွေ၊ အသုံးအဆောင်ပစ္စည်းတွေ ဝယ်၊ သမီးကိုလည်းဈေးကြီးပေ့ဆိုတဲ့ ကျောင်းမှာထားပါတယ်။ ဒါ့အပြင် အလှပြင်ဆိုင်တစ်ဆိုင်ကိုလည်းငွေတွေအများကြီး အ ကုန်ခံပြီး ဖွင့်လိုက်ပါသေးတယ်။ ဒေါ်လာ ၂ သန်းကျော်ကို သူတို့လင်မ ယားဖြုန်းလိုက်ကြတာ နောက်ဆုံးမှာတော့လက်ထဲမှာ (၁ဝ)ဒေါ်လာလျော့လျော့ပဲကျန်ပါတော့သတဲ့။ နှစ်ယောက်သားမွဲသွားကြပြီးကွာရှင်း အပြီးမှာတော့ ဇနီးဖြစ်သူ လာရာဟာ သူဖွင့်ခဲ့တဲ့ အလှပြင်ဆိုင်မှာပဲအ လုပ်ဝင်လုပ်ရတဲ့အထိဖြစ်သွားပါတယ်။

zawgyi version
လာရာနဲ႔ ေရာ္ဂ်ာဂရစ္ဖစ္သ္စ္
လာရာနဲ႔ ေရာ္ဂ်ာ ဂရစ္ဖစ္သ္စ္ဆိုတဲ့ ၿဗိတိသွ်ဇနီးေမာင္ႏွံဟာ ေဒၚလာ ၂ ဒသမ ၁၉ သန္းထီဆုႀကီးေပါက္ၿပီးလို႔ ဆယ္ႏွစ္ေတာင္မျပည့္ေသးခင္မွာပဲ ကြာရွင္းလိုက္ရပါေတာ့တယ္။ ေဒၚလာသန္းခ်ီထီဆုႀကီးလည္းေပါက္ေရာ ေရာ္ဂ်ာက ေရာ့ခ္အဆိုေတာ္ႀကီးျဖစ္ခ်င္တဲ့ အိပ္မက္ကို အေကာင္အ ထည္ေဖာ္ေတာ့တာေပါ့။ သူက အဖြဲ႕တစ္ဖြဲ႕ဖြဲ႕လိုက္ၿပီးအေခြတစ္ေခြထြက္ႏိုင္ဖို႔ ေငြေတြ ဒလေဟာသုံးပါေတာ့တယ္။ ၿပီးေတာ့ သူတို႔ဇနီးေမာင္ႏွံကေနာက္ဆုံးေပၚကားအေကာင္းစားေတြ ဝယ္စီး၊ အင္မတန္ေဈးႀကီးတဲ့ အိမ္ႀကီးတစ္လုံး ဝယ္၊ အေကာင္းစားအဝတ္အစားေတြ၊ အသုံးအေဆာင္ပစၥည္းေတြ ဝယ္၊ သမီးကိုလည္းေဈးႀကီးေပ့ဆိုတဲ့ ေက်ာင္းမွာထားပါတယ္။ ဒါ့အျပင္ အလွျပင္ဆိုင္တစ္ဆိုင္ကိုလည္းေငြေတြအမ်ားႀကီး အ ကုန္ခံၿပီး ဖြင့္လိုက္ပါေသးတယ္။ ေဒၚလာ ၂ သန္းေက်ာ္ကို သူတို႔လင္မ ယားျဖဳန္းလိုက္ၾကတာ ေနာက္ဆုံးမွာေတာ့လက္ထဲမွာ (၁ဝ)ေဒၚလာေလ်ာ့ေလ်ာ့ပဲက်န္ပါေတာ့သတဲ့။ ႏွစ္ေယာက္သားမြဲသြားၾကၿပီးကြာရွင္း အၿပီးမွာေတာ့ ဇနီးျဖစ္သူ လာရာဟာ သူဖြင့္ခဲ့တဲ့ အလွျပင္ဆိုင္မွာပဲအ လုပ္ဝင္လုပ္ရတဲ့အထိျဖစ္သြားပါတယ္။

ဒေးဗစ်လီအက်ဒွပ်စ်
အမေရိကန်ပြည်ထောင်စု ကန်တပ်ကီပြည်နယ်မှာနေထိုင်တဲ့ ဒေးဗစ်လီအက်ဒွပ်စ်ဟာလည်းဒေါ်လာ ၂၇ သန်းထီဆုကြီးပေါက်အပြီးငါးနှစ်အကြာ မှာပဲပြန်မွဲသွားပါတော့တယ်။ သူနဲ့သူ့ဇနီးဟာ တခြားကံထူးရှင်တွေလိုပဲ အဖြုန်းကောင်းလို့ ဒုံရင်းဘဝပြန်ရောက်သွားရတာဖြစ်ပါတယ်။ ကံထူးရှင်တွေ ထုံးစံအတိုင်း သူတို့ကလည်း ကားကောင်းစားတွေ၊ စံအိမ်ကြီးတွေ
ဝယ်လိုက်ပါတယ်။ ဒါ့အပြင် လေယာဉ်တစ်စင်းပါဝယ်လိုက်ပါသေးသတဲ့။ သူတို့ဟာ ထီပေါက်အပြီး ပထမသုံးလအတွင်းမှာပဲ ဒေါ်လာ ၃ သန်း ကုန်သွားပါတော့တယ်။ ၂ဝဝ၆ ခုနှစ်လည်းရောက်ရော နှစ်ယောက်သားဆေးစွဲသွားပါတော့တယ်။ ဒေါ်လာ ၂၇ သန်း ထီဆုကြီး ပေါက်အပြီး ၁၂ နှစ်အကြာမှာ သူ့ဘဝလမ်းလွဲသွားပြီး မွဲပြာကျသွားပါတော့တယ်။ ဒီလိုနဲ့ပဲကံထူးရှင်ကြီး ဒေးဗစ်လီအက်ဒွပ်စ်ဟာ အသက် ၅၈ နှစ်အရွယ်မှာပဲဆေးရုံမှာတစ်ယောက်တည်း အထီးကျန်စွာဆုံးပါးသွားပါတော့တယ်။

zawgyi version
ေဒးဗစ္လီအက္ဒြပ္စ္
အေမရိကန္ျပည္ေထာင္စု ကန္တပ္ကီျပည္နယ္မွာေနထိုင္တဲ့ ေဒးဗစ္လီအက္ဒြပ္စ္ဟာလည္းေဒၚလာ ၂၇ သန္းထီဆုႀကီးေပါက္အၿပီးငါးႏွစ္အၾကာ မွာပဲျပန္မြဲသြားပါေတာ့တယ္။ သူနဲ႔သူ႔ဇနီးဟာ တျခားကံထူးရွင္ေတြလိုပဲ အျဖဳန္းေကာင္းလို႔ ဒုံရင္းဘဝျပန္ေရာက္သြားရတာျဖစ္ပါတယ္။ ကံထူးရွင္ေတြ ထုံးစံအတိုင္း သူတို႔ကလည္း ကားေကာင္းစားေတြ၊ စံအိမ္ႀကီးေတြဝယ္လိုက္ပါတယ္။ ဒါ့အျပင္ ေလယာဥ္တစ္စင္းပါဝယ္လိုက္ပါေသးသတဲ့။ သူတို႔ဟာ ထီေပါက္အၿပီး ပထမသုံးလအတြင္းမွာပဲ ေဒၚလာ ၃ သန္း ကုန္သြားပါေတာ့တယ္။ ၂ဝဝ၆ ခုႏွစ္လည္းေရာက္ေရာ ႏွစ္ေယာက္သားေဆးစြဲသြားပါေတာ့တယ္။ ေဒၚလာ ၂၇ သန္း ထီဆုႀကီး ေပါက္အၿပီး ၁၂ ႏွစ္အၾကာမွာ သူ႔ဘဝလမ္းလြဲသြားၿပီး မြဲျပာက်သြားပါေတာ့တယ္။ ဒီလိုနဲ႔ပဲကံထူးရွင္ႀကီး ေဒးဗစ္လီအက္ဒြပ္စ္ဟာ အသက္ ၅၈ ႏွစ္အ႐ြယ္မွာပဲေဆး႐ုံမွာတစ္ေယာက္တည္း အထီးက်န္စြာဆုံးပါးသြားပါေတာ့တယ္။

မစ်ကီကယ်ရိုးလ်
မစ်ကီကယ်ရိုးလ်ဟာ ဒေါ်လာ ၁၁ ဒသမ ၈ သန်း ထီဆုကြီးပေါက်ချိန်မှာ အသက်ကလေးရယ်မှ ၁၉ နှစ်ပဲ ရှိပါသေးတယ်။ ဧရာမဒေါ်လာပုံကြီးပေါ် နေ့ချင်းညချင်းရောက်သွားတော့ သူဟာ တခြားကံထူးရှင်ကြီးတွေသွားလေ့ရှိတဲ့ လမ်းစဉ်အတိုင်းပဲလိုက်မိပါတော့တယ်။ သူဟာကားအပျံစားတွေ၊ စိန်ရွှေရတနာတွေ၊ တခြားတန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းတွေကို
ငွေတွေ ဗုံးပေါလအောပေးပြီး ဝယ်ခဲ့တဲ့အပြင် ပါတီပွဲကြီးတွေလည်း ရက် ဆက်ဆိုသလိုပေးပြီးမူးယစ်ဆေး သုံးလိုက်၊ ကလိုက်ခုန်လိုက်လုပ်နေတော့တာပေါ့။ ဒီလိုနဲ့ နောက်ဆုံးမှာတော့သူဟာ ရှိသမျှအကုန်ကုန်သွားပြီး သားသတ်ရုံတစ်ခုမှာ အလုပ်ဝင်လုပ်ရပါတော့တယ်။

zawgyi version
မစ္ကီကယ္႐ိုးလ္
မစ္ကီကယ္႐ိုးလ္ဟာ ေဒၚလာ ၁၁ ဒသမ ၈ သန္း ထီဆုႀကီးေပါက္ခ်ိန္မွာ အသက္ကေလးရယ္မွ ၁၉ ႏွစ္ပဲ ရွိပါေသးတယ္။ ဧရာမေဒၚလာပုံႀကီးေပၚ ေန႔ခ်င္းညခ်င္းေရာက္သြားေတာ့ သူဟာ တျခားကံထူးရွင္ကီးေတြသြားေလ့ရွိတဲ့ လမ္းစဥ္အတိုင္းပဲလိုက္မိပါေတာ့တယ္။ သူဟာကားအပ်ံစားေတြ၊ စိန္ေ႐ႊရတနာေတြ၊ တျခားတန္ဖိုးႀကီးအသုံးအေဆာင္ပစၥည္းေတြကိုေငြေတြ ဗုံးေပါလေအာေပးၿပီး ဝယ္ခဲ့တဲ့အျပင္ ပါတီပြဲႀကီးေတြလည္း ရက္ ဆက္ဆိုသလိုေပးၿပီးမူးယစ္ေဆး သုံးလိုက္၊ ကလိုက္ခုန္လိုက္လုပ္ေနေတာ့တာေပါ့။ ဒီလိုနဲ႔ ေနာက္ဆုံးမွာေတာ့သူဟာ ရွိသမွ်အကုန္ကုန္သြားၿပီး သားသတ္႐ုံတစ္ခုမွာ အလုပ္ဝင္လုပ္ရပါေတာ့တယ္။

ကယ်လီရော်ဂျာစ်
ကယ်လီရော်ဂျာစ်ဆိုတဲ့ ဗြိတိသျှသူဟာလည်း မစ်ကီကယ်ရိုးလ်လိုပဲအ သက်ငယ်ငယ်လေးနဲ့ သန်းထီဆုကြီးပေါက်ပြီး ဘဝရေစုန်မျောသွားခဲ့သူပါ။ ၂ဝဝ၃ ခုနှစ်မှာ ဒေါ်လာ ၂ ဒသမ ၃ သန်း ထီဆုကြီးပေါက်တော့သူ့အသက်က ၁၆ နှစ်ပဲရှိပါသေးတယ်။ ထီဆုကြီးပေါက်တာဆယ်နှစ်လည်း ကြာသွားရော သူ့လက်ထဲမှာ ဒေါ်လာ ၂၅ဝဝ ပဲကျန်ပါတော့တယ်။ သူက ဆုကြေးငွေအများစုကို မူးယစ်ဆေးဝါးသုံးပြီးဖြုန်းပစ်လိုက်တာပါ။ ဒါ့ပြင် အလှအပခွဲစိတ်ပြုပြင်တာလည်း လုပ်တယ်၊ အဝတ်အစားအကောင်းစားတွေဝယ်ဝတ်တယ်၊မိသားစုဝင်တွေနဲ့အပေါင်းအသင်းတွေကိုလက်ဆောင် တွေ ပေးတယ်၊ ပါတီပွဲတွေလည်းလုပ်ပါတယ်။

zawgyi version
ကယ္လီေရာ္ဂ်ာစ္
ကယ္လီေရာ္ဂ်ာစ္ဆိုတဲ့ ၿဗိတိသွ်သူဟာလည္း မစ္ကီကယ္႐ိုးလ္လိုပဲအ သက္ငယ္ငယ္ေလးနဲ႔ သန္းထီဆုႀကီးေပါက္ၿပီး ဘဝေရစုန္ေမ်ာသြားခဲ့သူပါ။ ၂ဝဝ၃ ခုႏွစ္မွာ ေဒၚလာ ၂ ဒသမ ၃ သန္း ထီဆုႀကီးေပါက္ေတာ့သူ႔အသက္က ၁၆ ႏွစ္ပဲရွိပါေသးတယ္။ ထီဆုႀကီးေပါက္တာဆယ္ႏွစ္လည္း ၾကာသြားေရာ သူ႔လက္ထဲမွာ ေဒၚလာ ၂၅ဝဝ ပဲက်န္ပါေတာ့တယ္။ သူက ဆုေၾကးေငြအမ်ားစုကို မူးယစ္ေဆးဝါးသုံးၿပီးျဖဳန္းပစ္လိုက္တာပါ။ ဒါ့ျပင္ အလွအပခြဲစိတ္ျပဳျပင္တာလည္း လုပ္တယ္၊ အဝတ္အစားအေကာင္းစားေတြဝယ္ဝတ္တယ္၊မိသားစုဝင္ေတြနဲ႔အေပါင္းအသင္းေတြကိုလက္ေဆာင္ ေတြ ေပးတယ္၊ ပါတီပြဲေတြလည္းလုပ္ပါတယ္။

ဂျနိုက်လီ
တောင်ကိုရီးယားကနေ အမေရိကကို ရွှေ့ပြောင်းဝင်ရောက်လာတဲ့ ဂျနိုက်လီဆိုတဲ့အမျိုးသမီးဟာ ၁၉၉၃ ခုနှစ်မှာ ဒေါ်လာ ၁၈သန်း ထီဆုကြီးကံထူးခဲ့ပါတယ်။ ဒါပေမဲ့ထီဆုကြီးပေါက်အပြီး ရှစ်နှစ်အကြာမှာတော့သူဟာ လူမွဲစာရင်းခံလိုက်ရပါတယ်။ သူ့ဘဏ်အကောင့်ထဲမှာဒေါ်လာ (၇ဝဝ) တောင် မပြည့်တော့တဲ့အပြင် အကြွေးကဒေါ်လာ ၂ ဒသမ ၅ သန်းတောင် ဖြစ်သွားပြီလေ။ သူ့ငွေတွေကုန်သွားပုံကတော့တခြားကံထူးရှင်အများစုနဲ့ မတူပါဘူး။ သူက အလှူအတန်း၊အပေးအကမ်းအရမ်းရက်ရောတယ်လေ။ သူက ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး စတဲ့အဖွဲ့အစည်းတွေကိုငွေတွေအ များကြီး ပုံအောပြီးလှူဒါန်းခဲ့တာပါ။

zawgyi version
ဂ်ႏိုက္လီ
ေတာင္ကိုရီးယားကေန အေမရိကကို ေ႐ႊ႕ေျပာင္းဝင္ေရာက္လာတဲ့ ဂ်ႏိုက္လီဆိုတဲ့အမ်ိဳးသမီးဟာ ၁၉၉၃ ခုႏွစ္မွာ ေဒၚလာ ၁၈သန္း ထီဆုႀကီးကံထူးခဲ့ပါတယ္။ ဒါေပမဲ့ထီဆုႀကီးေပါက္အၿပီး ရွစ္ႏွစ္အၾကာမွာေတာ့သူဟာ လူမြဲစာရင္းခံလိုက္ရပါတယ္။ သူ႔ဘဏ္အေကာင့္ထဲမွာေဒၚလာ (၇ဝဝ) ေတာင္ မျပည့္ေတာ့တဲ့အျပင္ အေႂကြးကေဒၚလာ ၂ ဒသမ ၅ သန္းေတာင္ ျဖစ္သြားၿပီေလ။ သူ႔ေငြေတြကုန္သြားပုံကေတာ့တျခားကံထူးရွင္အမ်ားစုနဲ႔ မတူပါဘူး။ သူက အလႉအတန္း၊အေပးအကမ္းအရမ္းရက္ေရာတယ္ေလ။ သူက ပညာေရး၊ ႏိုင္ငံေရး၊ လူမႈေရး စတဲ့အဖြဲ႕အစည္းေတြကိုေငြေတြအ မ်ားႀကီး ပုံေအာၿပီးလႉဒါန္းခဲ့တာပါ။

ဘီလီ ဘော့ဘ် ဟာရဲလ်ဂျူနီယာ
ရသမျှ ဆုကြေးငွေကို အချိန်တိုအတွင်း အဖြုန်းနိုင်ဆုံးကံထူးရှင်အဖြစ်
သမိုင်းတွင်သွားသူကတော့ ဘီလီ ဘော့ဘ် ဟာရဲလ်ဂျူနီယာပဲဖြစ်ပါတယ်။ တက္ကဆက်စ်ပြည်နယ်မှာနေတဲ့ သူဟာဒေါ်လာ ၃၁ သန်းထီဆုကြီးကံထူးခဲ့တာဖြစ်ပြီးထီပေါက်အပြီး နှစ်နှစ်အတွင်းမှာပဲအဲဒီငွေတွေ အ ကုန်လုံးကို ဖြုန်းပစ်လိုက်တာဖြစ်ပါတယ်။ သူနဲ့သူ့ဇနီးကသူတို့အတွက်ရော၊ တခြားမိသားစုဝင်တွေအတွက်ပါအိမ်တွေ၊ ကားတွေ ဝယ်တာပေါ့။ ဒါ့ပြင် သူတို့မိသားစုက ဘာသာရေးအရမ်းကိုင်းရှိုင်းတဲ့အတွက်သူတို့ပုံမှန်သွားတဲ့ ချာ့ချ်ကျောင်းကို အလှူငွေတွေ တနင့်တပိုးလှူဒါန်းခဲ့တဲ့အပြင်
ဘုရားကျောင်း တက်ဖော်တက်ဖက်တွေကိုလည်း အများကြီး ပေးကမ်းခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ ရှိသမျှလုံးပါးပါးသွားပြီး သူတို့လင်မ ယားလည်းကွဲသွားပါတော့တယ်။ ထီဆုကြီး ပေါက်တာနှစ်နှစ်တောင် မပြည့်သေးတဲ့အချိန်မှာပဲ ကံထူးရှင်ကြီး ဟာရဲလ်ဟာအခန်းတစ်ခန်းမှာပဲ တစ်ယောက်တည်းသော့ခတ်နေပြီး ကိုယ့်ကိုယ်ကိုယ်သေနတ်နဲ့ပစ်သတ်လိုက်ပါတော့တယ်။

အခုဖော်ပြသွားတာကတော့ ဒေါ်လာသန်းချီထီဆုကြီးပေါက်တိုင်းလည်း
တစ်သက်လုံးချမ်းသာတဲ့အဖြစ်မျိုး မရောက်လိုက်တဲ့ကံထူးရှင်တွေအ ကြောင်းပါ။ ကံထူးရှင်တွေဟာရတဲ့ဆုကြေးငွေတွေကို လောင်းကစားလုပ်တဲ့နေရာမှာ၊ ဆေးချတဲ့နေရာမှာ ဖြုန်းပစ်တာရှိသလို လူလိမ်ခံရလို့ငွေတွေပါသွားတာတွေလည်း ရှိပါတယ်။ ဒီလိုလူမျိုးတွေရှိသလို ထီဆုကြီး ပေါက်ပြီး ငွေကိုစနစ်တကျချင့်ချိန်သုံးစွဲလို့ တစ်သက်လုံးချမ်းချမ်းသာသာ၊ မတောင့်မတ၊ မကြောင့်မကြ နေသွားနိုင်တဲ့ ကံထူးရှင်တွေလည်း ရှိမှာပါပဲ။ ဒါကြောင့် တစ်သက်လုံးချမ်းသာဖို့ဆိုရင် လူလိမ်တွေ၊ အဖြုန်းတွေကို ကောင်းကောင်းရှောင်ပြီး ကိုယ့်လက်ထဲမှာရှိတဲ့ငွေကြေးကို အကောင်းဆုံးစီမံခန့်ခွဲ ၊ သုံးစွဲတတ်ဖို့သာဖြစ်ပါတယ်။

zawgyi version
ဘီလီ ေဘာ့ဘ္ ဟာရဲလ္ဂ်ဴနီယာ
ရသမွ် ဆုေၾကးေငြကို အခ်ိန္တိုအတြင္း အျဖဳန္းႏိုင္ဆုံးကံထူးရွင္အျဖစ္သမိုင္းတြင္သြားသူကေတာ့ ဘီလီ ေဘာ့ဘ္ ဟာရဲလ္ဂ်ဴနီယာပဲျဖစ္ပါတယ္။ တကၠဆက္စ္ျပည္နယ္မွာေနတဲ့ သူဟာေဒၚလာ ၃၁ သန္းထီဆုႀကီးကံထူးခဲ့တာျဖစ္ၿပီးထီေပါက္အၿပီး ႏွစ္ႏွစ္အတြင္းမွာပဲအဲဒီေငြေတြ အ ကုန္လုံးကို ျဖဳန္းပစ္လိုက္တာျဖစ္ပါတယ္။ သူနဲ႔သူ႔ဇနီးကသူတို႔အတြက္ေရာ၊ တျခားမိသားစုဝင္ေတြအတြက္ပါအိမ္ေတြ၊ ကားေတြ ဝယ္တာေပါ့။ ဒါ့ျပင္ သူတို႔မိသားစုက ဘာသာေရးအရမ္းကိုင္းရႈိင္းတဲ့အတြက္သူတို႔ပုံမွန္သြားတဲ့ ခ်ာ့ခ်္ေက်ာင္းကို အလႉေငြေတြ တနင့္တပိုးလႉဒါန္းခဲ့တဲ့အျပင္ဘုရားေက်ာင္း တက္ေဖာ္တက္ဖက္ေတြကိုလည္း အမ်ားႀကီး ေပးကမ္းခဲ့ပါေသးတယ္။ ေနာက္ဆုံးမွာေတာ့ ရွိသမွ်လုံးပါးပါးသြားၿပီး သူတို႔လင္မ ယားလည္းကြဲသြားပါေတာ့တယ္။ ထီဆုႀကီး ေပါက္တာႏွစ္ႏွစ္ေတာင္ မျပည့္ေသးတဲ့အခ်ိန္မွာပဲ ကံထူးရွင္ႀကီး ဟာရဲလ္ဟာအခန္းတစ္ခန္းမွာပဲ တစ္ေယာက္တည္းေသာ့ခတ္ေနၿပီး ကိုယ့္ကိုယ္ကိုယ္ေသနတ္နဲ႔ပစ္သတ္လိုက္ပါေတာ့တယ္။

အခုေဖာ္ျပသြားတာကေတာ့ ေဒၚလာသန္းခ်ီထီဆုႀကီးေပါက္တိုင္းလည္း တစ္သက္လုံးခ်မ္းသာတဲ့အျဖစ္မ်ိဳး မေရာက္လိုက္တဲ့ကံထူးရွင္ေတြအ ေၾကာင္းပါ။ ကံထူးရွင္ေတြဟာရတဲ့ဆုေၾကးေငြေတြကို ေလာင္းကစားလုပ္တဲ့ေနရာမွာ၊ ေဆးခ်တဲ့ေနရာမွာ ျဖဳန္းပစ္တာရွိသလို လူလိမ္ခံရလို႔ေငြေတြပါသြားတာေတြလည္း ရွိပါတယ္။ ဒီလိုလူမ်ိဳးေတြရွိသလို ထီဆုႀကီး ေပါက္ၿပီး ေငြကိုစနစ္တက်ခ်င့္ခ်ိန္သုံးစြဲလို႔ တစ္သက္လုံးခ်မ္းခ်မ္းသာသာ၊ မေတာင့္မတ၊ မေၾကာင့္မၾက ေနသြားႏိုင္တဲ့ ကံထူးရွင္ေတြလည္း ရွိမွာပါပဲ။ ဒါေၾကာင့္ တစ္သက္လုံးခ်မ္းသာဖို႔ဆိုရင္ လူလိမ္ေတြ၊ အျဖဳန္းေတြကို ေကာင္းေကာင္းေရွာင္ၿပီး ကိုယ့္လက္ထဲမွာရွိတဲ့ေငြေၾကးကို အေကာင္းဆုံးစီမံခန႔္ခြဲ ၊ သုံးစြဲတတ္ဖို႔သာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.