အဏုကြည့်မှန်ပြောင်းပါမှသာ မြင်နိုင်မည့် ကမ္ဘာ့အသေးဆုံးတယော

 272

Pika (NP News) - ဇွန် ၁၈

ဗြိတိန်တက္ကသိုလ်တစ်ခုမှ ရူပဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့သည် အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော တူရိယာတစ်ခုဖြစ်သည့် ကမ္ဘာ့အသေး ဆုံးတယောဟု အမည်ပေးထားသည့်အရာကို ဖန်တီး ရန်အတွက် နာနိုနည်းပညာကိုအသုံးပြုခဲ့ကြောင်း သိရသည်။ အဆိုပါ ပလက်တီနမ်တယော၏အတိုင်း အတာသည် အရှည်(၃၅)မိုက်ခရွန်(တစ်မီတာ၏ တစ်သန်းပုံတစ်ပုံ)နှင့် အကျယ်(၁၃)မိုက်ခရွန်သာ ရှိ ကြောင်း Loughborough တက္ကသိုလ်မှ ရူပဗေဒပညာရှင်အဖွဲ့ကပြောကြားခဲ့သည်။

အဆိုပါတယောသည် (၁၇)မိုက်ခရွန်မှ (၁၈၀)မိုက်ခရွန်အထိရှိသော လူ့ဆံပင်၏အချင်းထက် ပိုမိုသေးငယ်ကြောင်းလည်းသိရသည်။ ထို့ပြင် ခြေရှစ်ချောင်းရှိသောမိုက်ခရိုတိရိစ္ဆာန်များဖြစ်သည့် Tardigrades များသည် အရှည်(၅၀)မိုက်ခရွန်မှ (၁၂၀ဝ)မိုက်ခရွန်ကြားရှိကြောင်းသိရသည်။ အဆိုပါ ရူပဗေဒပညာရှင်အဖွဲ့သည် ၎င်းတို့၏ nanolithography စနစ်အသစ်၏ စွမ်းရည်များကို သက်သေပြရန်အတွက် အဆိုပါကမ္ဘာ့အသေးဆုံး တယောကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းနည်းပညာသည် သိပ္ပံပညာရှင်များ အား နာနိုစကေးရှိ အရာဝတ္ထုများနှင့် အဆောက်အအုံ များကို တည်ဆောက်လေ့လာစေနိုင်မည့် နည်းပညာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ Loughb- orough တက္ကသိုလ်၏ ရူပဗေဒ ဌာနအကြီးအကဲ ပါမောက္ခ Kelly Morrison က “ကမ္ဘာ့အသေးဆုံး တယောကို ဖန်တီးမှုဟာ ပျော်စရာကောင်းတယ်လို့ ထင်ရပေမယ့်လည်း ဒီလုပ်ငန်းစဉ်အတွင်း ကျွန် တော်တို့လေ့လာခဲ့တဲ့အရာအများအပြားဟာ လက်ရှိလုပ်ဆောင်နေတဲ့ သုတေသနအတွက် အခြေခံ အုတ်မြစ်တစ်ခုပဲဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။

zawgyi version
အဏုၾကည့္မွန္ေျပာင္းပါမွသာ ျမင္ႏိုင္မည့္ ကမာၻ႔အေသးဆုံးတေယာ
Pika (NP News) - ဇြန္ ၁၈

ၿဗိတိန္တကၠသိုလ္တစ္ခုမွ ႐ူပေဗဒပညာရွင္အဖြဲ႕တစ္ဖြဲ႕သည္ အဏုၾကည့္မွန္ေျပာင္းျဖင့္သာ ျမင္ႏိုင္ေသာ တူရိယာတစ္ခုျဖစ္သည့္ ကမာၻ႔အေသး ဆုံးတေယာဟု အမည္ေပးထားသည့္အရာကို ဖန္တီး ရန္အတြက္ နာႏိုနည္းပညာကိုအသုံးျပဳခဲ့ေၾကာင္း သိရသည္။ အဆိုပါ ပလက္တီနမ္တေယာ၏အတိုင္း အတာသည္ အရွည္(၃၅)မိုက္ခ႐ြန္(တစ္မီတာ၏ တစ္သန္းပုံတစ္ပုံ)ႏွင့္ အက်ယ္(၁၃)မိုက္ခ႐ြန္သာ ရွိ ေၾကာင္း Loughborough တကၠသိုလ္မွ ႐ူပေဗဒပညာရွင္အဖြဲ႕ကေျပာၾကားခဲ့သည္။

အဆိုပါတေယာသည္ (၁၇)မိုက္ခ႐ြန္မွ (၁၈၀)မိုက္ခ႐ြန္အထိရွိေသာ လူ႔ဆံပင္၏အခ်င္းထက္ ပိုမိုေသးငယ္ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ေျခရွစ္ေခ်ာင္းရွိေသာမိုက္ခ႐ိုတိရိစာၦန္မ်ားျဖစ္သည့္ Tardigrades မ်ားသည္ အရွည္(၅၀)မိုက္ခ႐ြန္မွ (၁၂၀ဝ)မိုက္ခ႐ြန္ၾကားရွိေၾကာင္းသိရသည္။ အဆိုပါ ႐ူပေဗဒပညာရွင္အဖြဲ႕သည္ ၎တို႔၏ nanolithography စနစ္အသစ္၏ စြမ္းရည္မ်ားကို သက္ေသျပရန္အတြက္ အဆိုပါကမာၻ႔အေသးဆုံး တေယာကို ဖန္တီးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ယင္းနည္းပညာသည္ သိပၸံပညာရွင္မ်ား အား နာႏိုစေကးရွိ အရာဝတၳဳမ်ားႏွင့္ အေဆာက္အအုံ မ်ားကို တည္ေဆာက္ေလ့လာေစႏိုင္မည့္ နည္းပညာတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။ Loughb- orough တကၠသိုလ္၏ ႐ူပေဗဒ ဌာနအႀကီးအကဲ ပါေမာကၡ Kelly Morrison က “ကမာၻ႔အေသးဆုံး တေယာကို ဖန္တီးမႈဟာ ေပ်ာ္စရာေကာင္းတယ္လို႔ ထင္ရေပမယ့္လည္း ဒီလုပ္ငန္းစဥ္အတြင္း ကြၽန္ ေတာ္တို႔ေလ့လာခဲ့တဲ့အရာအမ်ားအျပားဟာ လက္ရွိလုပ္ေဆာင္ေနတဲ့ သုေတသနအတြက္ အေျခခံ အုတ္ျမစ္တစ္ခုပဲျဖစ္ပါတယ္”ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.