ထူးခြားဆန်းပြား အားကစားများ

 1066

ဝတီ (NP News) - ဒီဇင်ဘာ ၂၇
အားကစားနဲ့ပတ်သက်ရင် နာမည်အကြီးဆုံး၊ လူကြိုက်အများဆုံးအား ကစားတွေကိုပဲ လူတွေကသိလေ့ရှိပါတယ်။ ဒါပေမဲ့လူသိနည်းပြီးပျော် စရာလည်းကောင်း၊ စိတ်ဝင်စားစရာလည်းကောင်းတဲ့ထူးခြားဆန်းပြား
အားကစားတွေလည်းရှိပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာအထူးခြားဆုံး
အားကစားနည်းတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

zawgyi version
ထူးျခားဆန္းျပား အားကစားမ်ား
ဝတီ (NP News) - ဒီဇင္ဘာ ၂၇
အားကစားနဲ႔ပတ္သက္ရင္ နာမည္အႀကီးဆုံး၊ လူႀကိဳက္အမ်ားဆုံးအား ကစားေတြကိုပဲ လူေတြကသိေလ့ရွိပါတယ္။ ဒါေပမဲ့လူသိနည္းၿပီးေပ်ာ္ စရာလည္းေကာင္း၊ စိတ္ဝင္စားစရာလည္းေကာင္းတဲ့ထူးျခားဆန္းျပားအားကစားေတြလည္းရွိပါတယ္။ ဒါေၾကာင့္ ကမာၻေပၚမွာအထူးျခားဆုံးအားကစားနည္းေတြကို စုစည္းေဖာ္ျပလိုက္ပါတယ္။

ရေအောက်ဟော်ကီကစားခြင်း (Underwater Hockey)
ရေအောက်ဟော်ကီကစားခြင်းဆိုတဲ့အတိုင်း ကစားသမားတွေဟာရေ အောက်ထဲမှာ ဟော်ကီကစားကြတာပါ။ ကွင်းပြင်ပေါ်မှာ ဟော်ကီကစားသလိုမျိုး၊ ရေခဲပြင်ပေါ်မှာဟော်ကီကစားသလိုမျိုးပဲရေအောက်ကြမ်းပြင်မှာဟော်ကီကစားတာဖြစ်လို့ တကယ်ကိုမလွယ်ပါဘူး။ ကစားသမားတွေကရေအောက်မှာဂေါက်တံလေးတစ်ခုကိုယ်စီကိုင်ပြီး တစ်ဖက်အသင်းရဲ့ ဂိုးပေါက်ထဲကို ဂိုးဝင်အောင်သွင်းရတာပါ။ အံ့သြဖို့ကောင်းတာကဒီကစား နည်းဟာ ကမ္ဘာပေါ်မှာအတော်လေးတွင်ကျယ်ပါသတဲ့။ ဒါပေမဲ့တခြားအားကစားတွေလိုတော့ကြည့်ရှုမယ့် ပရိသတ်များမှာမဟုတ်ပါဘူး။ ရေအောက်မှာကစားတာဆိုတော့ပွဲကြည့်ပရိသတ်တွေအတွက် အဆင်မပြေဘူးလေ။

zawgyi version
ေရေအာက္ေဟာ္ကီကစားျခင္း (Underwater Hockey)
ေရေအာက္ေဟာ္ကီကစားျခင္းဆိုတဲ့အတိုင္း ကစားသမားေတြဟာေရ ေအာက္ထဲမွာ ေဟာ္ကီကစားၾကတာပါ။ ကြင္းျပင္ေပၚမွာ ေဟာ္ကီကစားသလိုမ်ိဳး၊ ေရခဲျပင္ေပၚမွာေဟာ္ကီကစားသလိုမ်ိဳးပဲေရေအာက္ၾကမ္းျပင္မွာေဟာ္ကီကစားတာျဖစ္လို႔ တကယ္ကိုမလြယ္ပါဘူး။ ကစားသမားေတြကေရေအာက္မွာေဂါက္တံေလးတစ္ခုကိုယ္စီကိုင္ၿပီး တစ္ဖက္အသင္းရဲ႕ ဂိုးေပါက္ထဲကို ဂိုးဝင္ေအာင္သြင္းရတာပါ။ အံ့ၾသဖို႔ေကာင္းတာကဒီကစား နည္းဟာ ကမာၻေပၚမွာအေတာ္ေလးတြင္က်ယ္ပါသတဲ့။ ဒါေပမဲ့တျခားအားကစားေတြလိုေတာ့ၾကည့္ရႈမယ့္ ပရိသတ္မ်ားမွာမဟုတ္ပါဘူး။ ေရေအာက္မွာကစားတာဆိုေတာ့ပြဲၾကည့္ပရိသတ္ေတြအတြက္ အဆင္မေျပဘူးေလ။

မိန်းမ ထမ်းပွဲ (Wife Carrying)
ဒီကစားနည်းကတော့အင်မတန်လည်း ထူးဆန်းသလိုရယ်စရာလည်း ကောင်းလှပါတယ်။ ဒီကစားနည်းမှာယောက်ျားကမိန်းမကိုထမ်းပြီး သတ်မှတ်ထားတဲ့အခက်အခဲတွေကို အမြန်ဆုံးကျော်ဖြတ်ပြရတာပါ။ ပိုထူးဆန်းတာကပြိုင်ပွဲဝင်မိန်းမအများစုကလည်း သူတို့ယောက်ျားတွေကို ထမ်းပြနိုင်တာပါပဲ။ လမ်းတစ်လျှောက်ကအတားအဆီးတွေကိုကျော်ဖြတ် ပြီး အမြန်ဆုံးပန်းဝင်တဲ့ယောက်ျားကတော့ သူ့မိန်းမရဲ့ကိုယ်အလေးချိန်နဲ့
ညီတဲ့ဘီယာတွေရတာပါတဲ့။

zawgyi version
မိန္းမ ထမ္းပြဲ (Wife Carrying)
ဒီကစားနည္းကေတာ့အင္မတန္လည္း ထူးဆန္းသလိုရယ္စရာလည္း ေကာင္းလွပါတယ္။ ဒီကစားနည္းမွာေယာက္်ားကမိန္းမကိုထမ္းၿပီး သတ္မွတ္ထားတဲ့အခက္အခဲေတြကို အျမန္ဆုံးေက်ာ္ျဖတ္ျပရတာပါ။ ပိုထူးဆန္းတာကၿပိဳင္ပြဲဝင္မိန္းမအမ်ားစုကလည္း သူတို႔ေယာက္်ားေတြကို ထမ္းျပႏိုင္တာပါပဲ။ လမ္းတစ္ေလွ်ာက္ကအတားအဆီးေတြကိုေက်ာ္ျဖတ္ ၿပီး အျမန္ဆုံးပန္းဝင္တဲ့ေယာက္်ားကေတာ့ သူ႔မိန္းမရဲ႕ကိုယ္အေလးခ်ိန္နဲ႔ညီတဲ့ဘီယာေတြရတာပါတဲ့။

ခွေးများ လှိုင်းစီးခြင်း (Dog Surfing)
ရေလှိုင်းစီးတာဝါသနာကြီးတဲ့ ခွေးချစ်သူတွေနဲ့ကိုက်ညီတဲ့အားကစားက တော့ဒီအားကစားပါပဲ။ ရေလှိုင်းကို ကိုယ်သိပ်ချစ်ရတဲ့ခွေးနဲ့အတူစီးလို့ရတယ်လေ။ ခွေးတွေလှိုင်းစီးတဲ့ အားကစားကတော့အမေရိကနဲ့ သြစတြေးလျမှာတွင်ကျယ်နေပါပြီ။ အားကစားနည်းကတော့ကိုယ့်ခွေးလေးကို ဘုတ်ပြားပေါ်မှာငြိမ်ငြိမ်လေးနေပြီး လှိုင်းစီးတတ်အောင်လေ့ကျင့် ပေးတာပါပဲ။ ဒီလိုခွေးလှိုင်းစီးပြိုင်ပွဲကို ကယ်လီဖိုးနီးယားမှာနှစ်စဉ်နှစ်တိုင်းကျင်းပပြီး ရွှေပွဲလာဧည့်ပရိသတ်တွေအများကြီးလာအားပေးလေ့
ရှိကြပါသတဲ့လေ။

zawgyi version
ေခြးမ်ား လႈိင္းစီးျခင္း (Dog Surfing)
ေရလႈိင္းစီးတာဝါသနာႀကီးတဲ့ ေခြးခ်စ္သူေတြနဲ႔ကိုက္ညီတဲ့အားကစားက ေတာ့ဒီအားကစားပါပဲ။ ေရလႈိင္းကို ကိုယ္သိပ္ခ်စ္ရတဲ့ေခြးနဲ႔အတူစီးလို႔ရတယ္ေလ။ ေခြးေတြလႈိင္းစီးတဲ့ အားကစားကေတာ့အေမရိကနဲ႔ ၾသစေၾတးလ်မွာတြင္က်ယ္ေနပါၿပီ။ အားကစားနည္းကေတာ့ကိုယ့္ေခြးေလးကို ဘုတ္ျပားေပၚမွာၿငိမ္ၿငိမ္ေလးေနၿပီး လႈိင္းစီးတတ္ေအာင္ေလ့က်င့္ ေပးတာပါပဲ။ ဒီလိုေခြးလႈိင္းစီးၿပိဳင္ပြဲကို ကယ္လီဖိုးနီးယားမွာႏွစ္စဥ္ႏွစ္တိုင္းက်င္းပၿပီး ေ႐ႊပြဲလာဧည့္ပရိသတ္ေတြအမ်ားႀကီးလာအားေပးေလ့
ရွိၾကပါသတဲ့ေလ။

တစ်ဘီးစီး စက်ဘီးလေးနှင့်ပိုလိုကစားခြင်း (Unicycle Polo)
ဒီအားကစားနည်းကတော့တကယ်ရယ်ရပါတယ်။ ပြီးတော့ထူးလည်းထူး ဆန်းပါသေးတယ်။ ဘီးတစ်ဘီးတည်းပါတဲ့စက်ဘီးလေးနဲ့ပိုလိုကစားတယ်ဆိုတာအင်မတန်ကိုခက်ပါတယ်။ မြင်းပေါ်ကနေ ပိုလိုကစားမယ့်အ စားမြင်းနေရာမှာဘီးတစ်ဘီးတည်းပါတဲ့ စက်ဘီးကို သုံးလိုက်တာပါ။ ဒီအားကစားစည်းမျဉ်းစည်းကမ်းက ရိုးရိုးပိုလိုကစားတဲ့နေရာမှာလိုက်နာရတဲ့စည်းမျဉ်းစည်းကမ်းနဲ့အတူတူပါပဲ။ ဒါပေမဲ့ ရိုးရိုးပိုလိုကစားနည်းထက် အများကြီးပိုခက်ပါတယ်။ ဒီကစားနည်းမှာ အဓိကကတော့ဘီးလေးတစ်ဘီးပေါ်မှာမရမကဟန်ချက်ထိန်းရင်းတစ်ဖက်အသင်းရဲ့ဂိုးပေါက်ထဲကို ဂိုးသွင်းနိုင်ဖို့ပါပဲ။ စိတ်ညစ်နေတဲ့လူတွေ ဒီကစားပွဲကိုသွားကြည့်သင့်ပါတယ်။ ကစားသမားတွေ ဘီးလေးတစ်ဘီးပေါ်ဟန်ချက်မရမကထိန်းပြီး ကြိုးစားပမ်းစားကစားနေပုံက ကြည့်ရသူတွေအတွက် ရယ်ချင်စရာ၊ ပြုံးချင်စရာကောင်းလှတယ်လေ။

zawgyi version
တစ္ဘီးစီး စက္ဘီးေလးႏွင့္ပိုလိုကစားျခင္း (Unicycle Polo)
ဒီအားကစားနည္းကေတာ့တကယ္ရယ္ရပါတယ္။ ၿပီးေတာ့ထူးလည္းထူး ဆန္းပါေသးတယ္။ ဘီးတစ္ဘီးတည္းပါတဲ့စက္ဘီးေလးနဲ႔ပိုလိုကစားတယ္ဆိုတာအင္မတန္ကိုခက္ပါတယ္။ ျမင္းေပၚကေန ပိုလိုကစားမယ့္အ စားျမင္းေနရာမွာဘီးတစ္ဘီးတည္းပါတဲ့ စက္ဘီးကို သုံးလိုက္တာပါ။ ဒီအားကစားစည္းမ်ဥ္းစည္းကမ္းက ႐ိုး႐ိုးပိုလိုကစားတဲ့ေနရာမွာလိုက္နာရတဲ့စည္းမ်ဥ္းစည္းကမ္းနဲ႔အတူတူပါပဲ။ ဒါေပမဲ့ ႐ိုး႐ိုးပိုလိုကစားနည္းထက္ အမ်ားႀကီးပိုခက္ပါတယ္။ ဒီကစားနည္းမွာ အဓိကကေတာ့ဘီးေလးတစ္ဘီးေပၚမွာမရမကဟန္ခ်က္ထိန္းရင္းတစ္ဖက္အသင္းရဲ႕ဂိုးေပါက္ထဲကို ဂိုးသြင္းႏိုင္ဖို႔ပါပဲ။ စိတ္ညစ္ေနတဲ့လူေတြ ဒီကစားပြဲကိုသြားၾကည့္သင့္ပါတယ္။ ကစားသမားေတြ ဘီးေလးတစ္ဘီးေပၚဟန္ခ်က္မရမကထိန္းၿပီး ႀကိဳးစားပမ္းစားကစားေနပုံက ၾကည့္ရသူေတြအတြက္ ရယ္ခ်င္စရာ၊ ၿပဳံးခ်င္စရာေကာင္းလွတယ္ေလ။

သစ်လုံးပစ်ပြိုင်ပွဲ (Caber Toss)
ဒီအားကစားသက်တမ်းဟာ အင်မတန်ကိုရှည်နေပြီဖြစ်ပေမယ့်လူသိနည်းလှပါတယ်။ ဒါ့ပြင်ဒီအားကစားက ထူးလည်းထူးဆန်းတယ်လေ။ ဒီအား ကစားဟာ စကော့တ်လန်အားကစားနည်းဖြစ်ပြီး ကစားသမားတွေဟာ
သစ်လုံးကြီးကို အဝေးရောက်အောင်ပစ်ရတာပါ။ သစ်လုံးတွေကို အပြိုင် အဆိုင်ပစ်တာဟာ ပျော်စရာကောင်းလှပါတယ်။ ဒီ့ထက်ထူးဆန်းတာက
ပြိုင်ပွဲဝင် စကော့တ်လန်ကစားသမားတွေအားလုံးဟာ ဒူးခေါင်းအထိ ရောက်တဲ့ရိုးရာလုံချည်တွေကိုဝတ်ရပါတယ်။ သူတို့ရိုးရာလုံချည်ကမိန်းမတွေ ဝတ်တဲ့စကတ်အတိုင်းပဲဆိုတော့ ယောက်ျားတွေက စကတ်ဝတ်ထားတဲ့အတိုင်းဖြစ်နေပြီး သူတို့ပုံစံကရယ်ချင်စရာဖြစ်နေတော့တာပေါ့။

zawgyi version
သစ္လုံးပစ္ၿပိဳင္ပြဲ (Caber Toss)
ဒီအားကစားသက္တမ္းဟာ အင္မတန္ကိုရွည္ေနၿပီျဖစ္ေပမယ့္လူသိနည္းလွပါတယ္။ ဒါ့ျပင္ဒီအားကစားက ထူးလည္းထူးဆန္းတယ္ေလ။ ဒီအား ကစားဟာ စေကာ့တ္လန္အားကစားနည္းျဖစ္ၿပီး ကစားသမားေတြဟာသစ္လုံးႀကီးကို အေဝးေရာက္ေအာင္ပစ္ရတာပါ။ သစ္လုံးေတြကို အၿပိဳင္ အဆိုင္ပစ္တာဟာ ေပ်ာ္စရာေကာင္းလွပါတယ္။ ဒီ့ထက္ထူးဆန္းတာက ၿပိဳင္ပြဲဝင္ စေကာ့တ္လန္ကစားသမားေတြအားလုံးဟာ ဒူးေခါင္းအထိ ေရာက္တဲ့႐ိုးရာလုံခ်ည္ေတြကိုဝတ္ရပါတယ္။ သူတို႔႐ိုးရာလုံခ်ည္ကမိန္းမေတြ ဝတ္တဲ့စကတ္အတိုင္းပဲဆိုေတာ့ ေယာက္်ားေတြက စကတ္ဝတ္ထားတဲ့အတိုင္းျဖစ္ေနၿပီး သူတို႔ပုံစံကရယ္ခ်င္စရာျဖစ္ေနေတာ့တာေပါ့။

ချက်စ်ထိုး၊ လက်ဝှေ့ထိုး အားကစား (Chess Boxing)
ဒီအားကစားကိုပါဝင်ဆင်နွှဲချင်တယ်ဆိုရင် ချက်စ်ထိုးလည်းကျွမ်းရမှာဖြစ် သလို လက်ဝှေ့ထိုးလည်းကျွမ်းရမှာဖြစ်ပါတယ်။ ချက်စ်ထိုး၊ လက်ဝှေ့ထိုးဆိုတဲ့အတိုင်းပြိုင်ပွဲဝင်နှစ်ယောက်ဟာချက်စ်ထိုးလိုက်၊ လက်ဝှေ့ထိုးလိုက် တစ်လှည့်စီယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ လက်ဝှေ့ထိုးလို့မောဟိုက်သွားရင်
ကြားထဲမှာ ချက်စ်ထိုင်ထိုးရမှာဆိုတော့ ကစားသမားတွေအတွက်ကောင်း တာပေါ့။ လက်ဝှေ့ထိုးတာက လက်ရုံးရည်ချင်းပြိုင်တာဖြစ်ပြီး ချက်စ်ထိုးတာကတော့နှလုံးရည်ချင်း ပြိုင်တာပေ့ါ။

zawgyi version
ခ်က္စ္ထိုး၊ လက္ေဝွ႔ထိုး အားကစား (Chess Boxing)
ဒီအားကစားကိုပါဝင္ဆင္ႏႊဲခ်င္တယ္ဆိုရင္ ခ်က္စ္ထိုးလည္းကြၽမ္းရမွာျဖစ္ သလို လက္ေဝွ႔ထိုးလည္းကြၽမ္းရမွာျဖစ္ပါတယ္။ ခ်က္စ္ထိုး၊ လက္ေဝွ႔ထိုးဆိုတဲ့အတိုင္းၿပိဳင္ပြဲဝင္ႏွစ္ေယာက္ဟာခ်က္စ္ထိုးလိုက္၊ လက္ေဝွ႔ထိုးလိုက္ တစ္လွည့္စီယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ လက္ေဝွ႔ထိုးလို႔ေမာဟိုက္သြားရင္ၾကားထဲမွာ ခ်က္စ္ထိုင္ထိုးရမွာဆိုေတာ့ ကစားသမားေတြအတြက္ေကာင္း တာေပါ့။ လက္ေဝွ႔ထိုးတာက လက္႐ုံးရည္ခ်င္းၿပိဳင္တာျဖစ္ၿပီး ခ်က္စ္ထိုးတာကေတာ့ႏွလုံးရည္ခ်င္း ၿပိဳင္တာေပ့ါ။

ချိစ်တုံးကို လိုက်လုသည့် ပြိုင်ပွဲ (Cheese Rolling)
ချိစ်တုံးတစ်တုံးကို လူတွေအများကြီးအသည်းအသန်လိုက်လုတဲ့အားက စားကတော့ သက်တမ်းနှစ်ပေါင်း ၂ဝဝ ကျော်ရှိပြီဖြစ်ပြီး ဒီနေ့ထက်ထိတိုင် အဲဒီအားကစားရှိနေတုန်းပါပဲ။ အင်္ဂလန်က တောင်ကုန်းမြင့်မြင့်တစ်ခုမှာ ဒိုင်ကချိစ်တုံးဝိုင်းဝိုင်းတစ်တုံးကို တောင်ကုန်းပေါ်ကနေလှိမ့်ချလိုက်ပြီဆိုတာနဲ့ တောင်ကုန်းပေါ်မှာအသင့်စောင့်နေတဲ့လူအုပ်ကြီးကချိစ်တုံး နောက်ကို ဝေါခနဲ သူ့ထက်ငါအပြိုင်လိုက်လုကြပါတော့တယ်။ တောင် ကုန်းကမတ်တော့လူတွေကပြေးဆင်းနေရင်းနဲ့အရှိန်နဲ့လဲကျကြ၊ အောက် ကို ဒလိမ့်ကောက်ကွေး ကျကြတာပေါ့။ ဒါကြောင့် ချိစ်တုံးကြီးကိုရသွားတယ်ဆိုရင်တောင် ဒဏ်ရာဒဏ်ချက်လည်းရမှာမလွဲပါဘူး။ ကံမကောင်း အကြောင်းမလှရင် အရိုးတွေ၊ ဘာတွေပါ ကျိုးသွားနိုင်ပါသေးတယ်။

zawgyi version
ခ်ိစ္တုံးကို လိုက္လုသည့္ ၿပိဳင္ပြဲ (Cheese Rolling)
ခ်ိစ္တုံးတစ္တုံးကို လူေတြအမ်ားႀကီးအသည္းအသန္လိုက္လုတဲ့အားက စားကေတာ့ သက္တမ္းႏွစ္ေပါင္း ၂ဝဝ ေက်ာ္ရွိၿပီျဖစ္ၿပီး ဒီေန႔ထက္ထိတိုင္ အဲဒီအားကစားရွိေနတုန္းပါပဲ။ အဂၤလန္က ေတာင္ကုန္းျမင့္ျမင့္တစ္ခုမွာ ဒိုင္ကခ်ိစ္တုံးဝိုင္းဝိုင္းတစ္တုံးကို ေတာင္ကုန္းေပၚကေနလွိမ့္ခ်လိုက္ၿပီဆိုတာနဲ႔ ေတာင္ကုန္းေပၚမွာအသင့္ေစာင့္ေနတဲ့လူအုပ္ႀကီးကခ်ိစ္တုံး ေနာက္ကို ေဝါခနဲ သူ႔ထက္ငါအၿပိဳင္လိုက္လုၾကပါေတာ့တယ္။ ေတာင္ ကုန္းကမတ္ေတာ့လူေတြကေျပးဆင္းေနရင္းနဲ႔အရွိန္နဲ႔လဲက်ၾက၊ ေအာက္ ကို ဒလိမ့္ေကာက္ေကြး က်ၾကတာေပါ့။ ဒါေၾကာင့္ ခ်ိစ္တုံးႀကီးကိုရသြားတယ္ဆိုရင္ေတာင္ ဒဏ္ရာဒဏ္ခ်က္လည္းရမွာမလြဲပါဘူး။ ကံမေကာင္း အေၾကာင္းမလွရင္ အ႐ိုးေတြ၊ ဘာေတြပါ က်ိဳးသြားႏိုင္ပါေသးတယ္။

မျက်မမြင် ဘောလုံးပွဲ (Blind Soccer)
ဘောလုံးအားကစားဟာ ကမ္ဘာပေါ်မှာလူကြိုက်အများဆုံးအားကစားပါ။
ဘောလုံးအားကစားကို အရူးအမူးစွဲလမ်းတဲ့လူတွေထဲမှာမျက်မမြင်တွေလည်းပါလာပါတယ်။ သူတို့ကလည်း ကိုယ်တိုင်ကိုယ်ကျဘောလုံးကန်ချင်လာကြပါတယ်။ ဒီလိုနဲ့မျက်မမြင် ဘောလုံးပွဲတွေပေါ်လာပြီး သူတို့တွေဟာအမြင်အာရုံသာချို့တဲ့နေကြပေမယ့် သူတို့နည်းသူတို့ဟန်နဲ့
ဘောလုံး ကောင်းကောင်းကန်နိုင်ကြပါတယ်။ မျက်မမြင်မသန်စွမ်းတွေ အေးအေးလူလူချည်းပဲနေမနေဘဲ တစ်ကမ္ဘာလုံးကစိတ်ဝင်စားနေတဲ့ စိတ်လှုပ်ရှားစရာ အားကစားထဲမှာ ပါဝင်လာစေဖို့အတွက်မျက်မမြင်ဘောလုံးအားကစားကို ဖန်တီးထားတာဖြစ်ပါတယ်။ မျက်မမြင်ဘောလုံးအားက စားဆိုတာကတော့ ပုံမှန်ဘောလုံးအားကစားလိုပါပဲ။ မတူတာဆိုလို့မျက် မမြင် ဘောလုံးပွဲမှာဘောလုံးထဲကိုကျောက်ခဲတွေနဲ့ဖြည့်ထားတာ တစ်ခုတည်းပါပဲ။ ကျောက်ခဲတွေနဲ့ ဖြည့်ထားတာဆိုတော့လေးနေပြီး ဘောလုံးကို ကန်လည်း ဝေးဝေးမရောက်နိုင်လို့ ဘောလုံးနောက်ကိုမျက်မမြင်အား ကစားသမားတွေ လိုက်နိုင်တာပေါ့။ ဒီကစားပွဲမှာ မျက်စိနှစ်ကွင်းအလင်း ရသူဆိုလို့ ဂိုးသမားတွေပဲရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအားကစားကပါဝင် သူတွေအတွက်ရော၊ ကြည့်ရှုသူပရိသတ်တွေအတွက်ပါစိတ်လှုပ်ရှားစရာကောင်းလှပါတယ်။

zawgyi version
မ်က္မျမင္ ေဘာလုံးပြဲ (Blind Soccer)
ေဘာလုံးအားကစားဟာ ကမာၻေပၚမွာလူႀကိဳက္အမ်ားဆုံးအားကစားပါ။ေဘာလုံးအားကစားကို အ႐ူးအမူးစြဲလမ္းတဲ့လူေတြထဲမွာမ်က္မျမင္ေတြလည္းပါလာပါတယ္။ သူတို႔ကလည္း ကိုယ္တိုင္ကိုယ္က်ေဘာလုံးကန္ခ်င္လာၾကပါတယ္။ ဒီလိုနဲ႔မ်က္မျမင္ ေဘာလုံးပြဲေတြေပၚလာၿပီး သူတို႔ေတြဟာအျမင္အာ႐ုံသာခ်ိဳ႕တဲ့ေနၾကေပမယ့္ သူတို႔နည္းသူတို႔ဟန္နဲ႔ ေဘာလုံး ေကာင္းေကာင္းကန္ႏိုင္ၾကပါတယ္။ မ်က္မျမင္မသန္စြမ္းေတြ ေအးေအးလူလူခ်ည္းပဲေနမေနဘဲ တစ္ကမာၻလုံးကစိတ္ဝင္စားေနတဲ့ စိတ္လႈပ္ရွားစရာ အားကစားထဲမွာ ပါဝင္လာေစဖို႔အတြက္မ်က္မျမင္ေဘာလုံအားကစားကို ဖန္တီးထားတာျဖစ္ပါတယ္။ မ်က္မျမင္ေဘာလုံးအားက စားဆိုတာကေတာ့ ပုံမွန္ေဘာလုံးအားကစားလိုပါပဲ။ မတူတာဆိုလို႔မ်က္ မျမင္ ေဘာလုံးပြဲမွာေဘာလုံးထဲကိုေက်ာက္ခဲေတြနဲ႔ျဖည့္ထားတာ တစ္ခုတည္းပါပဲ။ ေက်ာက္ခဲေတြနဲ႔ ျဖည့္ထားတာဆိုေတာ့ေလးေနၿပီး ေဘာလုံးကို ကန္လည္း ေဝးေဝးမေရာက္ႏိုင္လို႔ ေဘာလုံးေနာက္ကိုမ်က္မျမင္အား ကစားသမားေတြ လိုက္ႏိုင္တာေပါ့။ ဒီကစားပြဲမွာ မ်က္စိႏွစ္ကြင္းအလင္း ရသူဆိုလို႔ ဂိုးသမားေတြပဲရွိပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီအားကစားကပါဝင္ သူေတြအတြက္ေရာ၊ ၾကည့္ရႈသူပရိသတ္ေတြအတြက္ပါစိတ္လႈပ္ရွားစရာေကာင္းလွပါတယ္။

Related news

© 2021. All rights reserved.