အစ္စရေးက သြစတြေးလျအမျိုးသားတစ်ဦးကို ၉၉၉၉ ခုနှစ်ထိပြည်ပထွက်ခွာခွင့်ပိတ်ထား

848

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၉
အစ္စရေးတရားရုံးက ဩစတေးလျအမျိုးသားတစ်ဦးကို ဒေသဆိုင်ရာ ကွာရှင်းမှုဥပဒေအရ ၎င်းရဲ့အစ္စရေးဇနီးဟောင်းကို ကလေးထောက်ပံ့မှုအတွက် ဒေါ်လာ(၂.၄)သန်းမပေးပါက ၉၉၉၉ ခုနှစ်ထိမည်သည့်အ ကြောင်းပြချက်နဲ့မှ အစ္စရေးမှထွက်ခွာခွင့်မပြုကြောင်း ပြောကြားခဲ့ပါတယ်။
သြစတြေးလျ အမျိုးသား Huppert ဟာ ဇနီးဟောင်းဖြစ်တဲ့ အစ္စရေးနိုင် ငံသူတစ်ဦးနဲ့ကလေးနှစ်ဦးကိုပြန်လည်ဆက်သွယ်ဖို့ ဂျူးပြည်နယ်သို့ ရောက်ရှိပြီး တစ်နှစ်အကြာ၂ဝ၁၃ ခုနှစ်မှစ၍အစ္စရေးမှာ အပိတ်ခံထားရတယ်လို့သိရပါတယ်။ အဲဒီတုန်းက ကလေးတွေဟာ သုံးလအရွယ်နဲ့ငါးနှစ်အရွယ်ပဲရှိသေးတယ်လို့ သိရပါတယ်။ Huppert ဟာ အစ္စရေးနိုင်ငံသို့ပြောင်းရွှေ့ပြီးနောက် မကြာမီဇနီးသည်နဲ့အိမ်ထောင်ရေး၊ ကွာရှင်းမှု၊ ကလေးထိန်းကျောင်းမှုနဲ့ ကလေးထောက်ပံ့ကြေးပေးဆောင်မှုစတဲ့ ကိစ္စရပ်တွေကိုကြီးကြပ်တဲ့ဒေသဆိုင်ရာဘာသာရေးတရားရုံးတစ်ခုမှာတရား စွဲဆိုခံခဲ့ရပြီး အစ္စရေးကွာရှင်းမှုဥပဒေအပေါ်အခြေခံပြီး တရားရုံးဟာ ဩ စတြေးလျနိုင်ငံသားကို ကလေးနှစ်ဦးနဲ့သူတို့အတွက် စရိတ်စကကို မဆပ်မချင်း နိုင်ငံတွင်းမှထွက်ခွာခွင့်ပိတ်ပင်ခဲ့ပါတယ်။
“နေရပ်-ထွက်ခွာ အမိန့်”အရ အဆိုပါအမျိုးသားဟာ ကလေးတွေအ သက် ၁၈ နှစ်အထိကလေးတစ်ဦးစီအတွက် တစ်လလျှင်အစ္စရေးကျပ် ၅ဝဝဝ (ဒေါ်လာ ၁၆ဝဝ ဝန်းကျင်)ပေးဆောင်ဖို့အမိန့်ပေးခဲ့ပါတယ်။ ဒါ့ကြောင့် “အခြားသော သြစတြေးလျနိုင်ငံသားတွေကို ကူညီဖို့အတွက် စာနယ်ဇင်းတွေနဲ့ စကားပြောဖို့ ဆုံးဖြတ်ခဲ့တယ်” လို့ Huppert က ပြောကြားခဲ့ပါတယ်။ အလားတူအမိန့်ကြောင့် ဒဏ်ခတ်ခံရတဲ့နိုင်ငံခြားသားတွေထဲမှာ သြစတြေးလျနိုင်ငံသားရာနဲ့ချီရှိနိုင်တယ်လို့ Freelance ဗြိတိန်သတင်းထောက် Marianne Azizi က ဆိုပါတယ်။ အချို့သော အစိုး ရများဟာ အစ္စရေးရဲ့ရှုပ်ထွေးပွေလီသော ကွာရှင်းမှုဥပဒေတွေကို ၎င်းတို့ရဲ့နိုင်ငံသားတွေကို ကြိုတင်သတိပေးသည်အထိလုပ်ဆောင်ကြရတယ်လို့သိရပါတယ်။
zawgyi version
အစၥေရးက ၾသစေၾတးလ်အမ်ိဳးသားတစ္ဦးကို ၉၉၉၉ ခုႏွစ္ထိျပည္ပထြက္ခြာခြင့္ပိတ္ထား
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၉
အစၥေရးတရား႐ုံးက ဩစေတးလ်အမ်ိဳးသားတစ္ဦးကို ေဒသဆိုင္ရာ ကြာရွင္းမႈဥပေဒအရ ၎ရဲ႕အစၥေရးဇနီးေဟာင္းကို ကေလးေထာက္ပံ့မႈအတြက္ ေဒၚလာ(၂.၄)သန္းမေပးပါက ၉၉၉၉ ခုႏွစ္ထိမည္သည့္အ ေၾကာင္းျပခ်က္နဲ႔မွ အစၥေရးမွထြက္ခြာခြင့္မျပဳေၾကာင္း ေျပာၾကားခဲ့ပါတယ္။
ၾသစေၾတးလ် အမ်ိဳးသား Huppert ဟာ ဇနီးေဟာင္းျဖစ္တဲ့ အစၥေရးႏိုင္ ငံသူတစ္ဦးနဲ႔ကေလးႏွစ္ဦးကိုျပန္လည္ဆက္သြယ္ဖို႔ ဂ်ဴးျပည္နယ္သို႔ ေရာက္ရွိၿပီး တစ္ႏွစ္အၾကာ၂ဝ၁၃ ခုႏွစ္မွစ၍အစၥေရးမွာ အပိတ္ခံထားရတယ္လို႔သိရပါတယ္။ အဲဒီတုန္းက ကေလးေတြဟာ သုံးလအ႐ြယ္နဲ႔ငါးႏွစ္အ႐ြယ္ပဲရွိေသးတယ္လို႔ သိရပါတယ္။ Huppert ဟာ အစၥေရးႏိုင္ငံသို႔ေျပာင္းေ႐ႊ႕ၿပီးေနာက္ မၾကာမီဇနီးသည္နဲ႔အိမ္ေထာင္ေရး၊ ကြာရွင္းမႈ၊ ကေလးထိန္းေက်ာင္းမႈနဲ႔ ကေလးေထာက္ပံ့ေၾကးေပးေဆာင္မႈစတဲ့ ကိစၥရပ္ေတြကိုႀကီးၾကပ္တဲ့ေဒသဆိုင္ရာဘာသာေရးတရား႐ုံးတစ္ခုမွာတရား စြဲဆိုခံခဲ့ရၿပီး အစၥေရးကြာရွင္းမႈဥပေဒအေပၚအေျခခံၿပီး တရား႐ုံးဟာ ဩ စေၾတးလ်ႏိုင္ငံသားကို ကေလးႏွစ္ဦးနဲ႔သူတို႔အတြက္ စရိတ္စကကို မဆပ္မခ်င္း ႏိုင္ငံတြင္းမွထြက္ခြာခြင့္ပိတ္ပင္ခဲ့ပါတယ္။
“ေနရပ္-ထြက္ခြာ အမိန႔္”အရ အဆိုပါအမ်ိဳးသားဟာ ကေလးေတြအ သက္ ၁၈ ႏွစ္အထိကေလးတစ္ဦးစီအတြက္ တစ္လလွ်င္အစၥေရးက်ပ္ ၅ဝဝဝ (ေဒၚလာ ၁၆ဝဝ ဝန္းက်င္)ေပးေဆာင္ဖို႔အမိန႔္ေပးခဲ့ပါတယ္။ ဒါ့ေၾကာင့္ “အျခားေသာ ၾသစေၾတးလ်ႏိုင္ငံသားေတြကို ကူညီဖို႔အတြက္ စာနယ္ဇင္းေတြနဲ႔ စကားေျပာဖို႔ ဆုံးျဖတ္ခဲ့တယ္” လို႔ Huppert က ေျပာၾကားခဲ့ပါတယ္။ အလားတူအမိန႔္ေၾကာင့္ ဒဏ္ခတ္ခံရတဲ့ႏိုင္ငံျခားသားေတြထဲမွာ ၾသစေၾတးလ်ႏိုင္ငံသားရာနဲ႔ခ်ီရွိႏိုင္တယ္လို႔ Freelance ၿဗိတိန္သတင္းေထာက္ Marianne Azizi က ဆိုပါတယ္။ အခ်ိဳ႕ေသာ အစိုး ရမ်ားဟာ အစၥေရးရဲ႕ရႈပ္ေထြးေပြလီေသာ ကြာရွင္းမႈဥပေဒေတြကို ၎တို႔ရဲ႕ႏိုင္ငံသားေတြကို ႀကိဳတင္သတိေပးသည္အထိလုပ္ေဆာင္ၾကရတယ္လို႔သိရပါတယ္။