ဘီလျံနာအဆင့်အထိ တက်လှမ်းလာနိုင်ခဲ့ကြသည့် ကမ္ဘာ့အနုပညာရပ်ဝန်းမှ ရှားရှားပါးပါး နာမည်ကျော်များ

 826

ဝတီ (NP News) - ဇန်နဝါရီ ၁
ကမ္ဘာ့ဖျော်ဖြေရေးလောကမှာမီလျံနာဆိုတဲ့ သန်းကြွယ်သူဋ္ဌေးတွေ
လက်ညှိုးထိုးမလွဲအောင်ပေါများလှပေမယ့် ဘီလျံနာအဆင့်အထိ
တက်လှမ်းလာနိုင်တဲ့ နာမည်ကျော် အရေအတွက်ကတော့ လက်ချိုးရေလို့ရတဲ့အထိရှားပါးလှပါတယ်။ ဘီလျံနာအဆင့်အထိဝင်တဲ့ဒီငါးယောက်လုံးက ဖျော်ဖြေရေးလောက ကချည်းပဲ ဆိုပေမယ့် သူတို့ဟာ အနုပညာဆိုတဲ့ ဖျော်ဖြေရေးလုပ်ငန်းတစ်ခုတည်းကနေရတဲ့ဝင်ငွေနဲ့ ဘီလျံနာ ဖြစ်လာကြတာ မဟုတ်ပါဘူး။ ဖျော်ဖြေရေးလောကမှာနှစ်နည်းနည်းလောက် အောင်မြင်မှုကို ထိန်းထားနိုင်ရင် သန်းဆယ်ဂဏန်းအထိ ချမ်းသာလာမှာ မလွဲပါဘူး။ ဒါပေမဲ့ ဒီလောက်အထိကျိကျိတက်ဝင်ငွေကောင်းတဲ့ လောကကတောင်လူတစ်ယောက်ကို ဘီလျံနာသူဌေးအဆင့်
အထိရောက်အောင်တော့လုပ်မပေးနိုင်တာ အံ့သြစရာကောင်းလှပါတယ်။ ဒါဆိုရင်ဘယ်ဖျော်ဖြေရေး အနုပညာရှင်တွေကဘာလုပ်ငန်းတွေ လုပ်လို့ဘီလျံနာအဆင့်အထိ သုံးမကုန်၊ ဖြုန်းမကုန်အောင် ကြွယ်ဝချမ်း သာသွားကြတာလဲဆိုတာကြည့်လိုက်ကြရအောင်ပါ။

zawgyi version
ဘီလ်ံနာအဆင့္အထိ တက္လွမ္းလာႏိုင္ခဲ့ၾကသည့္ ကမာၻ႔အႏုပညာရပ္ဝန္းမွ ရွားရွားပါးပါး နာမည္ေက်ာ္မ်ား
ဝတီ (NP News) - ဇန္နဝါရီ ၁
ကမာၻ႔ေဖ်ာ္ေျဖေရးေလာကမွာမီလ်ံနာဆိုတဲ့ သန္းႂကြယ္သူေ႒းေတြလက္ညႇိဳးထိုးမလြဲေအာင္ေပါမ်ားလွေပမယ့္ ဘီလ်ံနာအဆင့္အထိ တက္လွမ္းလာႏိုင္တဲ့ နာမည္ေက်ာ္ အေရအတြက္ကေတာ့ လက္ခ်ိဳးေရလို႔ရတဲ့အထိရွားပါးလွပါတယ္။ ဘီလ်ံနာအဆင့္အထိဝင္တဲ့ဒီငါးေယာက္လုံးက ေဖ်ာ္ေျဖေရးေလာက ကခ်ည္းပဲ ဆိုေပမယ့္ သူတို႔ဟာ အႏုပညာဆိုတဲ့ ေဖ်ာ္ေျဖေရးလုပ္ငန္းတစ္ခုတည္းကေနရတဲ့ဝင္ေငြနဲ႔ ဘီလ်ံနာ ျဖစ္လာၾကတာ မဟုတ္ပါဘူး။ ေဖ်ာ္ေျဖေရးေလာကမွာႏွစ္နည္းနည္းေလာက္ ေအာင္ျမင္မႈကို ထိန္းထားႏိုင္ရင္ သန္းဆယ္ဂဏန္းအထိ ခ်မ္းသာလာမွာ မလြဲပါဘူး။ ဒါေပမဲ့ ဒီေလာက္အထိက်ိက်ိတက္ဝင္ေငြေကာင္းတဲ့ ေလာကကေတာင္လူတစ္ေယာက္ကို ဘီလ်ံနာသူေဌးအဆင့္ အထိေရာက္ေအာင္ေတာ့လုပ္မေပးႏိုင္တာ အံ့ၾသစရာေကာင္းလွပါတယ္။ ဒါဆိုရင္ဘယ္ေဖ်ာ္ေျဖေရး အႏုပညာရွင္ေတြကဘာလုပ္ငန္းေတြ လုပ္လို႔ဘီလ်ံနာအဆင့္အထိ သုံးမကုန္၊ ျဖဳန္းမကုန္ေအာင္ ႂကြယ္ဝခ်မ္း သာသြားၾကတာလဲဆိုတာၾကည့္လိုက္ၾကရေအာင္ပါ။

ရီယားနား (ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဒသမ ၇ ဘီလျံ)
ရီယားနားဟာ အသက် ၃၃ နှစ်အရွယ်လေးမှာပဲ ကမ္ဘာကျော်အဆိုတော်နဲ့
စီးပွားရေးလုပ်ငန်းရှင်သာမက အသက်အငယ်ဆုံးနာမည်ကျော်ဘီလျံနာစာရင်းထဲလည်းဝင်နေပါပြီ။ သူဟာ ၂ဝ၂၁ ခုနှစ်သြဂုတ်လမှာပဲ ကမ္ဘာ့ဒုတိ ယအချမ်းသာဆုံးဂီတပညာရှင်ဖြစ်လာခဲ့ပါတယ်။ သူ့ပိုင်ဆိုင်မှုဟာ ဒေါ် လာ ၁ ဒသမ ၇ ဘီလျံရှိနေပြီဖြစ်ပြီး သူကိုယ်တိုင်တည်ထောင်ထားတဲ့ မိတ်ကပ်နဲ့ဖက်ရှင်လုပ်ငန်းကြီးတွေကြောင့် ပိုင်ဆိုင်မှုဒီလောက်အထိများသွားရတာဖြစ်ပါတယ်။ သူ့ရဲ့တစ်နှစ်ဝင်ငွေဟာ ဒေါ်လာသန်း ၇ဝလောက် ရှိပါသတဲ့လေ။ ဒါ့အပြင် သူဟာရေမွှေးကနေလည်း ဝင်ငွေတွေအများကြီး ရနေပါသေးတယ်။ သူဟာ ဂီတဘက်မှာဝက်ဝက်ကွဲအောင်မြင်တဲ့ အရှိန် အဝါနဲ့အလှကုန်ပစ္စည်းတွေကြော်ငြာခွင့်ရခဲ့ပြီးအဲဒီကနေမှတဆင့် ကိုယ် ပိုင်အလှကုန်ပစ္စည်းတွေထုတ်လုပ်လာနိုင်တာဖြစ်ပါတယ်။

zawgyi version
ရီယားနား (ပိုင္ဆိုင္မႈ ေဒၚလာ ၁ ဒသမ ၇ ဘီလ်ံ)
ရီယားနားဟာ အသက္ ၃၃ ႏွစ္အ႐ြယ္ေလးမွာပဲ ကမာၻေက်ာ္အဆိုေတာ္နဲ႔စီးပြားေရးလုပ္ငန္းရွင္သာမက အသက္အငယ္ဆုံးနာမည္ေက်ာ္ဘီလ်ံနာစာရင္းထဲလည္းဝင္ေနပါၿပီ။ သူဟာ ၂ဝ၂၁ ခုႏွစ္ၾသဂုတ္လမွာပဲ ကမာၻ႔ဒုတိ ယအခ်မ္းသာဆုံးဂီတပညာရွင္ျဖစ္လာခဲ့ပါတယ္။ သူ႔ပိုင္ဆိုင္မႈဟာ ေဒၚ လာ ၁ ဒသမ ၇ ဘီလ်ံရွိေနၿပီျဖစ္ၿပီး သူကိုယ္တိုင္တည္ေထာင္ထားတဲ့ မိတ္ကပ္နဲ႔ဖက္ရွင္လုပ္ငန္းႀကီးေတြေၾကာင့္ ပိုင္ဆိုင္မႈဒီေလာက္အထိမ်ားသြားရတာျဖစ္ပါတယ္။ သူ႔ရဲ႕တစ္ႏွစ္ဝင္ေငြဟာ ေဒၚလာသန္း ၇ဝေလာက္ ရွိပါသတဲ့ေလ။ ဒါ့အျပင္ သူဟာေရေမႊးကေနလည္း ဝင္ေငြေတြအမ်ားႀကီး ရေနပါေသးတယ္။ သူဟာ ဂီတဘက္မွာဝက္ဝက္ကြဲေအာင္ျမင္တဲ့ အရွိန္ အဝါနဲ႔အလွကုန္ပစၥည္းေတြေၾကာ္ျငာခြင့္ရခဲ့ၿပီးအဲဒီကေနမွတဆင့္ ကိုယ္ ပိုင္အလွကုန္ပစၥည္းေတြထုတ္လုပ္လာႏိုင္တာျဖစ္ပါတယ္။

အော်ပရာဝင်းဖရေး (ပိုင်ဆိုင်မှု ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ)
အမေရိကမှာအချမ်းသာဆုံး ကိုယ်ထူးကိုယ်ချွန်အမျိုးသမီးဖြစ်တဲ့အော်ပ ရာဝင်းဖရေးဟာ သူ့ရဲ့မီဒီယာနဲ့ဖျော်ဖြေရေးကုမ္ပဏီကရတဲ့ ဝင်ငွေ၊ အစား
အသောက်နဲ့ကျန်းမာရေးအမှတ်တံဆိပ်တွေမှာ ရင်းနှီးမြှုပ်နှံထားမှုတို့ကြောင့်ဘီလျံနဲ့ချီအောင် ချမ်းသာသွားတာဖြစ်ပါတယ်။ ဒါကြောင့်သူ့တစ်နှစ်ဝင်ငွေဟာ ဒေါ်လာ ၃၁၅ သန်းလောက်ရှိပါသတဲ့။ သူဟာလုပ်ငန်းခွင်ဘဝအစမှာဂျာနယ်လစ်အလုပ်ဝင်လုပ်သေးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ သူက လက်မလျှော့ဘဲသတင်းတင်ဆက်ရေးအပိုင်းဘက်ဝင်တိုးပြန်ပါတယ်။ သူဟာ အစီအစဉ်တင်ဆက်တဲ့နေရာမှာတော်တဲ့အတွက် တ ဖြည်းဖြည်းနဲ့ သူ့အစီအစဉ်ကလူကြည့်များလာပါတယ်။ ဒါပေမဲ့ လုပ်သက် ဆယ်နှစ်လောက်အကြာမှာကိုယ်ပိုင် talk show အစီအစဉ်လုပ်ပြီး အဲဒီအစီအစဉ်တွေကို ရောင်းတော့မှပဲသူ့မှာ ဝင်ငွေအရမ်းကောင်းသွားတော့တာပါ။ အဲဒီနောက်ပိုင်းမှာတော့ကိုယ်ပိုင်ကုမ္ပဏီထောင်၊ ယုံကြည်စိတ်ချရပြီးခိုင်မာတဲ့လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်၊ အိမ်ခြံမြေတွေအ များကြီးဝယ်ထားပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပါတယ်။ ဒီလိုနဲ့ဘီလျံနာ သူ ဋ္ဌေးမကြီးဖြစ်လာတော့တာပါ။

zawgyi version
ေအာ္ပရာဝင္းဖေရး (ပိုင္ဆိုင္မႈ ေဒၚလာ ၃ ဒသမ ၅ ဘီလ်ံ)
အေမရိကမွာအခ်မ္းသာဆုံး ကိုယ္ထူးကိုယ္ခြၽန္အမ်ိဳးသမီးျဖစ္တဲ့ေအာ္ပ ရာဝင္းဖေရးဟာ သူ႔ရဲ႕မီဒီယာနဲ႔ေဖ်ာ္ေျဖေရးကုမၸဏီကရတဲ့ ဝင္ေငြ၊ အစားအေသာက္နဲ႔က်န္းမာေရးအမွတ္တံဆိပ္ေတြမွာ ရင္းႏွီးျမႇဳပ္ႏွံထားမႈတို႔ေၾကာင့္ဘီလ်ံနဲ႔ခ်ီေအာင္ ခ်မ္းသာသြားတာျဖစ္ပါတယ္။ ဒါေၾကာင့္သူ႔တစ္ႏွစ္ဝင္ေငြဟာ ေဒၚလာ ၃၁၅ သန္းေလာက္ရွိပါသတဲ့။ သူဟာလုပ္ငန္းခြင္ဘဝအစမွာဂ်ာနယ္လစ္အလုပ္ဝင္လုပ္ေသးေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ဒါေပမဲ့ သူက လက္မေလွ်ာ့ဘဲသတင္းတင္ဆက္ေရးအပိုင္းဘက္ဝင္တိုးျပန္ပါတယ္။ သူဟာ အစီအစဥ္တင္ဆက္တဲ့ေနရာမွာေတာ္တဲ့အတြက္ တ ျဖည္းျဖည္းနဲ႔ သူ႔အစီအစဥ္ကလူၾကည့္မ်ားလာပါတယ္။ ဒါေပမဲ့ လုပ္သက္ ဆယ္ႏွစ္ေလာက္အၾကာမွာကိုယ္ပိုင္ talk show အစီအစဥ္လုပ္ၿပီး အဲဒီအစီအစဥ္ေတြကို ေရာင္းေတာ့မွပဲသူ႔မွာ ဝင္ေငြအရမ္းေကာင္းသြားေတာ့တာပါ။ အဲဒီေနာက္ပိုင္းမွာေတာ့ကိုယ္ပိုင္ကုမၸဏီေထာင္၊ ယုံၾကည္စိတ္ခ်ရၿပီးခိုင္မာတဲ့လုပ္ငန္းေတြမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြလုပ္၊ အိမ္ၿခံေျမေတြအ မ်ားႀကီးဝယ္ထားၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈေတြလုပ္ပါတယ္။ ဒီလိုနဲ႔ဘီလ်ံနာ သူ ေ႒းမႀကီးျဖစ္လာေတာ့တာပါ။

ကန်ယေးဝက်စ် (Ye) (ပိုင်ဆိုင်မှု ဒေါ်လာ ၆ ဒသမ ၈ ဘီလျံ)
Adidas ၊ Gap စတဲ့ကုမ္ပဏီကြီးတွေနဲ့ပူးပေါင်းပြီး လုပ်ငန်းလုပ်ခွင့်ရလိုက်
ချိန်မှာတော့ ဒီအဆိုတော်ကြီးရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၆ ဒသမ ၈ ဘီလျံ
လောက်အထိ ဖြစ်လာတာပါ။ သူ့မှာ အကြွေး ဒေါ်လာ ၅၃ သန်းတင်နေလို့သူ့စီးပွားရေးစိတ်ကူးမှာ ရင်းနှီးမြှုပ်နှံပေးကြဖို့ ဂူဂဲလ်အကြီးအကဲ
လာရီပေ့ဂျ်နဲ့ဖေ့စ်ဘွတ်ခ်အကြီးအကဲမာ့ခ်ဇူကာဘာ့ဂ်တို့ကို သူတိုးလျှိုး
တောင်းပန်ခဲ့တာ လွန်ခဲ့တဲ့ငါးနှစ်တုန်းကပါ။ ဒေါ်လာသန်းဆယ်နဲ့ချီ အကြွေးတင်နေလို့ သူတစ်ပါးကိုတိုးလျှိုးတောင်းပန်ခဲ့ရတဲ့ သူဟာအခုတော့ ငါးနှစ်အတွင်းမှာပြန်ပြီးမော်ကြွားနိုင်သွားတာ တကယ့်ကို လက် ဖျားခါလောက်စရာပါပဲ။ သူဟာYeezy ယီဇီဆိုတဲ့အမှတ်တံဆိပ်ထူထောင် ထားပြီး Adidas နဲ့ လက်တွဲပြီးတော့ ရှူးဖိနပ်ထုတ်ပါတယ်။ ပြီးတော့ယီဇီအမှတ်တံဆိပ်အဝတ်အစားထုတ်လုပ်ရေးမှာ Gap နဲ့လက်တွဲလိုက်ပါတယ်။ သူထုတ်လုပ်ရောင်းချလိုက်တဲ့ပစ္စည်းတွေဟာ နာရီပိုင်းအတွင်း ရောင်းကုန်သွားလေ့ရှိပါတယ်။ သူဟာနာမည်ကြီးအဆိုတော်ဆိုပေမယ့် ဒီဖက်ရှင်ပစ္စည်းထုတ်လုပ်ရေးကနေ အဓိက ဝင်ငွေရသွားတာပါ။ ယီဇီအ မှတ်တံဆိပ် ပိုင်ရှင်ဖြစ်တဲ့အတွက် သူဟာ အဲဒီအမှတ်တံဆိပ်ကနေတစ်နှစ်ကို ဒေါ်လာ သန်း ၁၅ဝ ကနေ သန်း ၂ဝဝ ကြားရပါတယ်။ ဒါ့အပြင်
Adidas နဲ့တွဲပြီးထုတ်တဲ့ ရှူးဖိနပ်လက်ကားရောင်းချရငွေထဲကနေ ၁၅
ရာခိုင်နှုန်းကိုလည်းရပါသေးတယ်။

zawgyi version
ကန္ေယးဝက္စ္ (Ye) (ပိုင္ဆိုင္မႈ ေဒၚလာ ၆ ဒသမ ၈ ဘီလ်ံ)
Adidas ၊ Gap စတဲ့ကုမၸဏီႀကီးေတြနဲ႔ပူးေပါင္းၿပီး လုပ္ငန္းလုပ္ခြင့္ရလိုက္ ခ်ိန္မွာေတာ့ ဒီအဆိုေတာ္ႀကီးရဲ႕ပိုင္ဆိုင္မႈဟာ ေဒၚလာ ၆ ဒသမ ၈ ဘီလ်ံ ေလာက္အထိ ျဖစ္လာတာပါ။ သူ႔မွာ အေႂကြး ေဒၚလာ ၅၃ သန္းတင္ေနလို႔သူ႔စီးပြားေရးစိတ္ကူးမွာ ရင္းႏွီးျမႇဳပ္ႏွံေပးၾကဖို႔ ဂူဂဲလ္အႀကီးအကဲလာရီေပ့ဂ်္နဲ႔ေဖ့စ္ဘြတ္ခ္အႀကီးအကဲမာ့ခ္ဇူကာဘာ့ဂ္တို႔ကို သူတိုးလွ်ိဳးေတာင္းပန္ခဲ့တာ လြန္ခဲ့တဲ့ငါးႏွစ္တုန္းကပါ။ ေဒၚလာသန္းဆယ္နဲ႔ခ်ီ အေႂကြးတင္ေနလို႔ သူတစ္ပါးကိုတိုးလွ်ိဳးေတာင္းပန္ခဲ့ရတဲ့ သူဟာအခုေတာ့ ငါးႏွစ္အတြင္းမွာျပန္ၿပီးေမာ္ႂကြားႏိုင္သြားတာ တကယ့္ကို လက္ ဖ်ားခါေလာက္စရာပါပဲ။ သူဟာYeezy ယီဇီဆိုတဲ့အမွတ္တံဆိပ္ထူေထာင္ ထားၿပီး Adidas နဲ႔ လက္တြဲၿပီးေတာ့ ရႉးဖိနပ္ထုတ္ပါတယ္။ ၿပီးေတာ့ယီဇီအမွတ္တံဆိပ္အဝတ္အစားထုတ္လုပ္ေရးမွာ Gap နဲ႔လက္တြဲလိုက္ပါတယ္။ သူထုတ္လုပ္ေရာင္းခ်လိုက္တဲ့ပစၥည္းေတြဟာ နာရီပိုင္းအတြင္း ေရာင္းကုန္သြားေလ့ရွိပါတယ္။ သူဟာနာမည္ႀကီးအဆိုေတာ္ဆိုေပမယ့္ ဒီဖက္ရွင္ပစၥည္းထုတ္လုပ္ေရးကေန အဓိက ဝင္ေငြရသြားတာပါ။ ယီဇီအ မွတ္တံဆိပ္ ပိုင္ရွင္ျဖစ္တဲ့အတြက္ သူဟာ အဲဒီအမွတ္တံဆိပ္ကေနတစ္ႏွစ္ကို ေဒၚလာ သန္း ၁၅ဝ ကေန သန္း ၂ဝဝ ၾကားရပါတယ္။ ဒါ့အျပင္Adidas နဲ႔တြဲၿပီးထုတ္တဲ့ ရႉးဖိနပ္လက္ကားေရာင္းခ်ရေငြထဲကေန ၁၅ရာခိုင္ႏႈန္းကိုလည္းရပါေသးတယ္။

စတီဗင် စပီးလ်ဘာ့ဂ် (ပိုင်ဆိုင်မှု ဒေါ်လာ ၇ ဒသမ ၉၅ ဘီလျံ)
လက်တစ်ဆုပ်စာ ဘီလျံနာအနုပညာရှင်တွေစာရင်းမှာ ဒုတိယနေရာက
လိုက်နေတာကတော့ ဒါရိုက်တာကြီး စတီဗင်စပီးလ်ဘာ့ဂ် ပါပဲ။ သူဟာ
အကယ်ဒမီဆု သုံးကြိမ်ဆွတ်ခူးထားပြီး ငွေရေးကြေးရေးအားဖြင့်ကြည့်ရင်ကမ္ဘာ့အအောင်မြင်ဆုံး ဒါရိုက်တာအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒီတော့ သူဘယ်လိုကြောင့် ဒီလောက်အထိချမ်းသာကြွယ်ဝလာသလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။ အခုအချိန်မှာ အသက် ၇၄ နှစ် ရှိပြီဖြစ်တဲ့ စပီးလ်ဘာ့ဂ်ဟာ Jurassic Park ဇာတ်ကားတွေရဲ့ ပဲ့ကိုင်ရှင်ပါ။ သူဟာ ယူနီဗာဆယ်လ်စတူဒီယိုမှာအလုပ်သင်အဖြစ်နဲ့ အလုပ်စလုပ်ခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူကရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးနှစ်ခု ထောင်လိုက်ပါတယ်။ အခုထက်ထိလည်းသူက အဲဒီမှာရှယ်ယာရှိတုန်းပါပဲတဲ့။ ဒါ့အပြင် ယူနီဗာဆယ်စတူဒီယိုကြီးက လုပ်တဲ့ရုပ်ရှင်ဥယျာဉ်ကြီးတွေမှာ သူ့ဇာတ်ကားတွေနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုလည်းပြထားတာပေါ့။ သူ့ဇာတ်ကားနဲ့ ပတ်သက်တဲ့အပိုင်းတွေကနေရတဲ့ အမြတ်ထဲမှာ သူဟာ ၂ ရာခိုင်နှုန်း အကျိုးခံစားခွင့်ရပါတယ်။ ဒါ့အပြင် ဥယျာဉ်ကြီးတစ်ခုလုံးရဲ့ အမြတ်ငွေထဲကနေလည်း သူကပမာဏတစ်ခုကို အမြဲမပြတ် ရနေပါသေးတယ်။ တီထွင်ဖန်တီးမှုဆိုင်ရာအတိုင်ပင်ခံအနေနဲ့ ဒီလိုခံစားခွင့်ရတာဖြစ်ပါသတဲ့။

zawgyi version
စတီဗင္ စပီးလ္ဘာ့ဂ္ (ပိုင္ဆိုင္မႈ ေဒၚလာ ၇ ဒသမ ၉၅ ဘီလ်ံ)
လက္တစ္ဆုပ္စာ ဘီလ်ံနာအႏုပညာရွင္ေတြစာရင္းမွာ ဒုတိယေနရာကလိုက္ေနတာကေတာ့ ဒါ႐ိုက္တာႀကီး စတီဗင္စပီးလ္ဘာ့ဂ္ ပါပဲ။ သူဟာ အကယ္ဒမီဆု သုံးႀကိမ္ဆြတ္ခူးထားၿပီး ေငြေရးေၾကးေရးအားျဖင့္ၾကည့္ရင္ကမာၻ႔အေအာင္ျမင္ဆုံး ဒါ႐ိုက္တာအျဖစ္ သတ္မွတ္ခံထားရပါတယ္။ဒီေတာ့ သူဘယ္လိုေၾကာင့္ ဒီေလာက္အထိခ်မ္းသာႂကြယ္ဝလာသလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္ပါ။ အခုအခ်ိန္မွာ အသက္ ၇၄ ႏွစ္ ရွိၿပီျဖစ္တဲ့ စပီးလ္ဘာ့ဂ္ဟာ Jurassic Park ဇာတ္ကားေတြရဲ႕ ပဲ့ကိုင္ရွင္ပါ။ သူဟာ ယူနီဗာဆယ္လ္စတူဒီယိုမွာအလုပ္သင္အျဖစ္နဲ႔ အလုပ္စလုပ္ခဲ့ရတာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူက႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီႀကီးႏွစ္ခု ေထာင္လိုက္ပါတယ္။ အခုထက္ထိလည္းသူက အဲဒီမွာရွယ္ယာရွိတုန္းပါပဲတဲ့။ ဒါ့အျပင္ ယူနီဗာဆယ္စတူဒီယိုႀကီးက လုပ္တဲ့႐ုပ္ရွင္ဥယ်ာဥ္ႀကီးေတြမွာ သူ႔ဇာတ္ကားေတြနဲ႔ပတ္သက္တဲ့အမွတ္တရေတြကိုလည္းျပထားတာေပါ့။ သူ႔ဇာတ္ကားနဲ႔ ပတ္သက္တဲ့အပိုင္းေတြကေနရတဲ့ အျမတ္ထဲမွာ သူဟာ ၂ ရာခိုင္ႏႈန္း အက်ိဳးခံစားခြင့္ရပါတယ္။ ဒါ့အျပင္ ဥယ်ာဥ္ႀကီးတစ္ခုလုံးရဲ႕ အျမတ္ေငြထဲကေနလည္း သူကပမာဏတစ္ခုကို အၿမဲမျပတ္ ရေနပါေသးတယ္။ တီထြင္ဖန္တီးမႈဆိုင္ရာအတိုင္ပင္ခံအေနနဲ႔ ဒီလိုခံစားခြင့္ရတာျဖစ္ပါသတဲ့။

ဒါရိုက်တာ ဂျော့ဂျ်လူးကပ်စ် (ပိုင်ဆိုင်မှု ဒေါ်လာ ၈ ဒသမ ၃၂ ဘီလျံ)
အယ်လွန်မာ့စ်ခ်တို့၊ ဂျက်ဖ်ဘီဇော့စ်တို့တွေ အာကာသလုပ်ငန်းကြီးအ တွက်အပြိုင်အဆိုင်မလုပ်ကြခင် ဟိုးနှစ်ပေါင်းများစွာကတည်းကကို ဒါ ရိုက်တာကြီးဂျော့ဂျ်လူးကပ်စ်က အဲဒီခေတ်အခါဇာတ်လမ်းပုံစံခွက်ထဲကနေ ရဲရဲရင့်ရင့်ခွဲထွက်ပစ်လိုက်ပြီး Star Wars ဆိုတဲ့ ခေတ်ရှေ့ပြေးအာ ကာသစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးလိုက်တာပါ။ သူဟာ အဲဒီဇာတ်ကားအရှိန်နဲ့ဒီနေ့ခေတ်အထိ ငွေတွေသောက်သောက်လဲဝင်နေတုန်းပါပဲ။ ဒါကြောင့်သူဟာ အသက် ၇၇ နှစ် ရှိနေပြီဆိုပေမယ့် အဲဒီဇာတ် ကားတွေ ကျေးဇူးကြောင့်ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဘီလျံနာအနုပညာ ရှင်ကြီးဖြစ်နေပါပြီ။ ရုပ်ရှင်လောကကနေသူ အနားယူလိုက်ပြီဆိုပေမယ့် သူ့မှာ ပိုင်ဆိုင်မှုက ဒေါ်လာ ၈ ဒသမ ၃၂ ဘီလျံလောက်အထိရှိတယ်လို့ ဘလွန်းဘာ့ဂ်ဘီလျံနာညွှန်းကိန်းက ဆိုပါတယ်။ ၁၉၇၃ ခုနှစ်မှာသူအ မြော်အမြင်ကြီးကြီးနဲ့ လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့်သူအခုလိုဘီလျံနဲ့ချီပြီး ချမ်းသာသွားတာဖြစ်ပါတယ်။ Star Wars ဇာတ်ကားကြီးရိုက် ကူးခအဖြစ် ဒေါ်လာ ၅ဝဝဝဝဝ ရမယ်လို့ ကမ်းလှမ်းခံရပေမယ့် သူက
ရိုက်ကူးခ ဒေါ်လာ ၁၅ဝဝဝဝ ပဲ ယူမယ်၊ ဒါပေမဲ့ Star Wars နဲ့ပတ်သက်တဲ့အမှတ်တရပစ္စည်းတွေ ထုတ်လုပ်တဲ့အခါ အဲဒီမူပိုင်ခွင့်အားလုံးနဲ့
Star Wars နောက်ဆက်တွဲဇာတ်ကားတွေရိုက်မယ်ဆိုရင် အဲဒီရဲ့လုပ်ပိုင် ခွင့်၊ ခံစားခွင့်တွေကို သူ့ကို ပေးရမယ်လို့သူက ရုပ်ရှင်ထုတ်လုပ်ရေးကို တောင်းဆိုလိုက်ပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေးဘက်ကလည်းသဘောတူလိုက်ပါတယ်။ ဒါ့အပြင် သူဟာ နောက်ပိုင်းမှာကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုကိုလည်း တည်ထောင်ခဲ့သေးပြီး ၂ဝ၁၂ ခုနှစ်မှာတော့ အဲဒါကို ဒေါ်လာ ၄ ဒသမ ၁ ဘီလျံနဲ့ရောင်းလိုက်ပါသေးတယ်။ ဒီလိုနဲ့ပဲသူဟာတ တိယအရွယ်ရောက်တဲ့အထိ သုံးမကုန်၊ ဖြုန်းမကုန်အောင်ကြွယ်ဝချမ်း သာသွားတော့တာပါ။ သူက သူရှာထားသမျှကို သူ့တစ်ယောက်တည်းအ တွက်မသုံးဘဲ အလှူအတန်းတွေလည်းအများကြီးလုပ်ပါတယ်။

zawgyi version
ဒါ႐ိုက္တာ ေဂ်ာ့ဂ်္လူးကပ္စ္ (ပိုင္ဆိုင္မႈ ေဒၚလာ ၈ ဒသမ ၃၂ ဘီလ်ံ)
အယ္လြန္မာ့စ္ခ္တို႔၊ ဂ်က္ဖ္ဘီေဇာ့စ္တို႔ေတြ အာကာသလုပ္ငန္းႀကီးအ တြက္အၿပိဳင္အဆိုင္မလုပ္ၾကခင္ ဟိုးႏွစ္ေပါင္းမ်ားစြာကတည္းကကို ဒါ ႐ိုက္တာႀကီးေဂ်ာ့ဂ်္လူးကပ္စ္က အဲဒီေခတ္အခါဇာတ္လမ္းပုံစံခြက္ထဲကေန ရဲရဲရင့္ရင့္ခြဲထြက္ပစ္လိုက္ၿပီး Star Wars ဆိုတဲ့ ေခတ္ေရွ႕ေျပးအာ ကာသစိတ္ကူးယဥ္႐ုပ္ရွင္ဇာတ္ကားႀကီးကို ႐ိုက္ကူးလိုက္တာပါ။ သူဟာ အဲဒီဇာတ္ကားအရွိန္နဲ႔ဒီေန႔ေခတ္အထိ ေငြေတြေသာက္ေသာက္လဲဝင္ေနတုန္းပါပဲ။ ဒါေၾကာင့္သူဟာ အသက္ ၇၇ ႏွစ္ ရွိေနၿပီဆိုေပမယ့္ အဲဒီဇာတ္ ကားေတြ ေက်းဇူးေၾကာင့္ကမာၻေပၚမွာ အခ်မ္းသာဆုံး ဘီလ်ံနာအႏုပညာ ရွင္ႀကီးျဖစ္ေနပါၿပီ။ ႐ုပ္ရွင္ေလာကကေနသူ အနားယူလိုက္ၿပီဆိုေပမယ့္ သူ႔မွာ ပိုင္ဆိုင္မႈက ေဒၚလာ ၈ ဒသမ ၃၂ ဘီလ်ံေလာက္အထိရွိတယ္လို႔ ဘလြန္းဘာ့ဂ္ဘီလ်ံနာၫႊန္းကိန္းက ဆိုပါတယ္။ ၁၉၇၃ ခုႏွစ္မွာသူအ ေျမာ္အျမင္ႀကီးႀကီးနဲ႔ လုပ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္တစ္ခုေၾကာင့္သူအခုလိုဘီလ်ံနဲ႔ခ်ီၿပီး ခ်မ္းသာသြားတာျဖစ္ပါတယ္။ Star Wars ဇာတ္ကားႀကီး႐ိုက္ ကူးခအျဖစ္ ေဒၚလာ ၅ဝဝဝဝဝ ရမယ္လို႔ ကမ္းလွမ္းခံရေပမယ့္ သူက ႐ိုက္ကူးခ ေဒၚလာ ၁၅ဝဝဝဝ ပဲ ယူမယ္၊ ဒါေပမဲ့ Star Wars နဲ႔ပတ္သက္တဲ့အမွတ္တရပစၥည္းေတြ ထုတ္လုပ္တဲ့အခါ အဲဒီမူပိုင္ခြင့္အားလုံးနဲ႔ Star Wars ေနာက္ဆက္တြဲဇာတ္ကားေတြ႐ိုက္မယ္ဆိုရင္ အဲဒီရဲ႕လုပ္ပိုင္ ခြင့္၊ ခံစားခြင့္ေတြကို သူ႔ကို ေပးရမယ္လို႔သူက ႐ုပ္ရွင္ထုတ္လုပ္ေရးကို ေတာင္းဆိုလိုက္ပါတယ္။ ႐ုပ္ရွင္ထုတ္လုပ္ေရးဘက္ကလည္းသေဘာတူလိုက္ပါတယ္။ ဒါ့အျပင္ သူဟာ ေနာက္ပိုင္းမွာကိုယ္ပိုင္႐ုပ္ရွင္ထုတ္လုပ္ေရးတစ္ခုကိုလည္း တည္ေထာင္ခဲ့ေသးၿပီး ၂ဝ၁၂ ခုႏွစ္မွာေတာ့ အဲဒါကို ေဒၚလာ ၄ ဒသမ ၁ ဘီလ်ံနဲ႔ေရာင္းလိုက္ပါေသးတယ္။ ဒီလိုနဲ႔ပဲသူဟာတ တိယအ႐ြယ္ေရာက္တဲ့အထိ သုံးမကုန္၊ ျဖဳန္းမကုန္ေအာင္ႂကြယ္ဝခ်မ္း သာသြားေတာ့တာပါ။ သူက သူရွာထားသမွ်ကို သူ႔တစ္ေယာက္တည္းအ တြက္မသုံးဘဲ အလႉအတန္းေတြလည္းအမ်ားႀကီးလုပ္ပါတယ္။

Related news

© 2021. All rights reserved.