အောက်ဆီဂျင်အရည်တင်ဆောင်လာသည့်ယာဉ် မြဝတီမြို့တွင် လက်နက်ငယ်များဖြင့်ပစ်ခတ်ခံရ

5580

NP News - ဇန်နဝါရီ ၄
ထိုင်းနိုင်ငံမှ မှာယူထားသည့် အောက်ဆီဂျက်အရည်များကိုတင်ဆောင်လာသည့် ယာဉ်သည်မြဝတီမြို့တွင် လက်နက်ငယ်များဖြင့်ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။
ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများလျော့နည်းလာသော်လည်း အောက်စီဂျင်လိုအပ်မှုများမဖြစ်ပေါ်စေရေးအတွက် ပြည်တွင်း၌ထုတ် လုပ်မှုအပြင် ပြည်ပနိုင်ငံများမှဝယ်ယူတင်သွင်းမှုများကိုလည်း ခွင့်ပြုပေးလျက်ရှိကြောင်းသိရသည်။
ထိုင်းနိုင်ငံမှ မှာယူ၍ အောက်ဆီဂျင်အရည် ၂ဝ တန်တင်ဆောင်ကာ က ရင်ပြည်နယ်၊ မြဝတီမြို့မှရန်ကုန်မြို့သို့ထွက်ခွာလာသည့် မော်တော် ယာဉ်သည် ဇန်နဝါရီလ (၃)ရက် နေ့လယ် (၂) နာရီခွဲခန့်တွင် မြဝတီမြို့ နယ်၊ အပြင်ကွင်းကလေးကျေးရွာ၏အနောက်မြောက်ဘက်မီတာ ၂ဝဝဝ ခန့်အကွာသို့အရောက်၌ KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း နစက သ တင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီလ(၃)ရက်ညပိုင်းက ထုတ်ပြန်လိုက်သည်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးဇေယျနှင့် ယာဉ်နောက်လိုက်ဖြစ်သည့် ဦးအောင်ကြီးတို့တွင် လက်နက် ငယ်ကျည်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ)များ အသီးသီးရရှိခဲ့ကာ မော်တော် ယာဉ်သည် လေကာမှန်များကွဲကြေပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူများ၏ ကျန်း မာရေးကဏ္ဍများတွင် အောက်ဆီဂျင်လို အပ်ချက်မရှိစေရေးဆောင်ရွက်ပေးနေသည့်အပေါ် ယခုကဲ့သို့လုပ်ဆောင်ခြင်းများမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးလုပ်ငန်းများနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းများကို လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ လက်ရှိအ ချိန်တွင် ပြည်တွင်း၌ထုတ်လုပ်သည့်၊ ပြည်ပမှမှာယူသည့် အောက်ဆီဂျင်များကို လိုအပ်ချက်ပေါ်မူတည်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ခွဲဝေဖြန့်ဖြူးပေးခြင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဖြူးခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
zawgyi version
ေအာက္ဆီဂ်င္အရည္တင္ေဆာင္လာသည့္ယာဥ္ ျမဝတီၿမိဳ႕တြင္ လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္ခံရ
NP News - ဇန္နဝါရီ ၄
ထိုင္းႏိုင္ငံမွ မွာယူထားသည့္ ေအာက္ဆီဂ်က္အရည္မ်ားကိုတင္ေဆာင္လာသည့္ ယာဥ္သည္ျမဝတီၿမိဳ႕တြင္ လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္ခံရေၾကာင္း သတင္းရရွိသည္။
ျပည္တြင္း၌ ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈမ်ားေလ်ာ့နည္းလာေသာ္လည္း ေအာက္စီဂ်င္လိုအပ္မႈမ်ားမျဖစ္ေပၚေစေရးအတြက္ ျပည္တြင္း၌ထုတ္ လုပ္မႈအျပင္ ျပည္ပႏိုင္ငံမ်ားမွဝယ္ယူတင္သြင္းမႈမ်ားကိုလည္း ခြင့္ျပဳေပးလ်က္ရွိေၾကာင္းသိရသည္။
ထိုင္းႏိုင္ငံမွ မွာယူ၍ ေအာက္ဆီဂ်င္အရည္ ၂ဝ တန္တင္ေဆာင္ကာ က ရင္ျပည္နယ္၊ ျမဝတီၿမိဳ႕မွရန္ကုန္ၿမိဳ႕သို႔ထြက္ခြာလာသည့္ ေမာ္ေတာ္ ယာဥ္သည္ ဇန္နဝါရီလ (၃)ရက္ ေန႔လယ္ (၂) နာရီခြဲခန႔္တြင္ ျမဝတီၿမိဳ႕ နယ္၊ အျပင္ကြင္းကေလးေက်း႐ြာ၏အေနာက္ေျမာက္ဘက္မီတာ ၂ဝဝဝ ခန႔္အကြာသို႔အေရာက္၌ KNLA အဖြဲ႕ႏွင့္ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕မ်ားက လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခံခဲ့ရေၾကာင္း နစက သ တင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဇန္နဝါရီလ(၃)ရက္ညပိုင္းက ထုတ္ျပန္လိုက္သည္။ အဆိုပါပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ယာဥ္ေမာင္းျဖစ္သူ ဦးေဇယ်ႏွင့္ ယာဥ္ေနာက္လိုက္ျဖစ္သည့္ ဦးေအာင္ႀကီးတို႔တြင္ လက္နက္ ငယ္က်ည္ထိမွန္ဒဏ္ရာ(စိုးရိမ္ရ)မ်ား အသီးသီးရရွိခဲ့ကာ ေမာ္ေတာ္ ယာဥ္သည္ ေလကာမွန္မ်ားကြဲေၾကပ်က္စီးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားေနသည့္ကာလအတြင္း ျပည္သူမ်ား၏ က်န္း မာေရးက႑မ်ားတြင္ ေအာက္ဆီဂ်င္လို အပ္ခ်က္မရွိေစေရးေဆာင္႐ြက္ေပးေနသည့္အေပၚ ယခုကဲ့သို႔လုပ္ေဆာင္ျခင္းမ်ားမရွိေစေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ လုံၿခဳံေရးလုပ္ငန္းမ်ားႏွင့္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး လုပ္ငန္းမ်ားကို လိုအပ္သလို ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။ လက္ရွိအ ခ်ိန္တြင္ ျပည္တြင္း၌ထုတ္လုပ္သည့္၊ ျပည္ပမွမွာယူသည့္ ေအာက္ဆီဂ်င္မ်ားကို လိုအပ္ခ်က္ေပၚမူတည္ၿပီး တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားသို႔ခြဲေဝျဖန႔္ျဖဴးေပးျခင္း၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ပူးေပါင္း၍ ေအာက္ဆီဂ်င္ထုတ္လုပ္ျဖန႔္ျဖဴးျခင္းမ်ားေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းသိရသည္။