ဘူတန်နိုင်ငံအကြောင်း အံ့သြဖွယ်အဖြာဖြာ

5368
ဝတီ (NP News)- ဇန်နဝါရီ ၁၁
တရုတ်နဲ့အိန္ဒိယဆိုတဲ့ ဧရာမနိုင်ငံကြီးနှစ်နိုင်ငံကြား မှာတည်ရှိတဲ့ဘူတန်နိုင်ငံလေးဟာ ကုန်းတွင်းပိတ်နိုင်ငံလေးဖြစ်ပြီး အဲဒီနိုင်ငံအကြောင်းဟာလူသိနည်းလှပါတယ်။ လူသိနည်းလှတဲ့နိုင်ငံလေးဖြစ်ပေမယ့်
ဘူတန်နဲ့ပတ်သက်လို့ အံ့သြစရာအချက်အလက်တွေ၊ စိတ်ဝင်စားစရာအချက်အလက်တွေအများကြီး ရှိပါတယ်။ ကဲ..အဲဒါတွေက ဘာတွေလဲဆိုတာ
ကြည့်လိုက်ကြရအောင်ပါ။
zawgyi version
ဘူတန္ႏိုင္ငံအေၾကာင္း အံ့ၾသဖြယ္အျဖာျဖာ
ဝတီ (NP News)- ဇန္နဝါရီ ၁၁
တ႐ုတ္နဲ႔အိႏၵိယဆိုတဲ့ ဧရာမႏိုင္ငံႀကီးႏွစ္ႏိုင္ငံၾကား မွာတည္ရွိတဲ့ဘူတန္ႏိုင္ငံေလးဟာ ကုန္းတြင္းပိတ္ႏိုင္ငံေလးျဖစ္ၿပီး အဲဒီႏိုင္ငံအေၾကာင္းဟာလူသိနည္းလွပါတယ္။ လူသိနည္းလွတဲ့ႏိုင္ငံေလးျဖစ္ေပမယ့္ ဘူတန္နဲ႔ပတ္သက္လို႔ အံ့ၾသစရာအခ်က္အလက္ေတြ၊ စိတ္ဝင္စားစရာအခ်က္အလက္ေတြအမ်ားႀကီး ရွိပါတယ္။ ကဲ..အဲဒါေတြက ဘာေတြလဲဆိုတာ
ၾကည့္လိုက္ၾကရေအာင္ပါ။

ဘူတန်ဟာကမ္ဘာ့အသေးဆုံးနိုင်ငံတွေထဲမှာပါပါတယ်။
ဘူတန်ဟာ နိုင်ငံသေးသေးလေးဖြစ်ပြီး စုစုပေါင်းလူဦး ရေမှ ၇၅ဝဝဝဝကျော်လောက်ပဲရှိပါတယ်။ ဘူတန်နိုင် ငံဘယ်လောက်အထိသေးသလဲဆိုတာမြင်သာလာအောင်ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံဟာ ဘူတန်နိုင်ငံထက် ၈၆ ဆကြီးပြီး အမေရိကန်ပြည်ထောင်စုဟာဘူတန်ထက် ၂၅၆ ဆကြီးပါတယ်။
ဘူတန်မှာ နိုင်ငံတကာလေဆိပ်ကြီးတစ်ခုတည်းပဲရှိပြီး
အဲဒီမှာမောင်းရလောက်အောင်ကျွမ်းကျင်တဲ့ လေ ယာဉ်မှူးကလည်းရှားပါးလှပါတယ်။ ဘူတန်ကိုသွားမယ်ဆိုရင် လေယာဉ်နဲ့သွားတာကအကောင်းဆုံးပါပဲ။ ကိုယ်လေယာဉ်စီးနေချိန်မှာကံကောင်းထောက်မလို့ ရာသီဥတုကြည်လင်သာယာနေမယ်ဆိုရင်တော့ အ ကောင်းဆုံး ဟိမဝန္တာမြင်ကွင်းရှုခင်းတွေကိုမြင်တွေ့ခွင့်ရမှာပေါ့။ ဒါပေမဲ့ ဘူတန်မှာတစ်ခုတည်းသော နိုင် ငံတကာလေဆိပ်ဖြစ်တဲ့ ပါရိုလေဆိပ်ဟာ ကမ္ဘာ့အန္တ ရာယ်အများဆုံး လေဆိပ်စာရင်းထဲဝင်ပါတယ်။ ဟိမဝ န္တာတောင်တန်းကြီးတွေကြောင့်ရယ်၊ လေယာဉ်ပြေးလမ်းက အရမ်းကျဉ်းတာရယ်တို့ကြောင့် အခုလိုအန္တရာယ်များတာဖြစ်ပါတယ်။ လေယာဉ်မှူးတွေဟာ လေယာဉ်အတက်၊ အဆင်းကိုအော်တိုစနစ်နဲ့မဟုတ်ဘဲ Manualနဲ့ပဲလုပ်ကြရပါတယ်။ ဒါကြောင့်အဲဒီ
လေဆိပ်မှာ မောင်းနှင်ဖို့ ခွင့်ပြုချက်ရထားတဲ့ လေ ယာဉ်မှူးဆိုလို့ (၈)ယောက်ပဲရှိတာပါ။
ဘူတန်ဟာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုထက် စုပ်ယူမှုကပိုများတဲ့ ကမ္ဘာ့တစ်ခုတည်းသော နိုင်ငံပါ။
ဘူတန်နဲ့ပတ်သက်လို့ ဂုဏ်ယူစရာအကောင်းဆုံးအ ချက်ကတော့ဒီအချက်ပါပဲ။ ဒီလိုဖြစ်နေအောင်လည်း ဥပဒေက အတိအကျ ပြဌာန်းထားတယ်လေ။ ဘူတန်နိုင်ငံဧရိယာထဲမှာအနည်းဆုံး ၆ဝရာခိုင်နှုန်းကသစ် တောဖုံးလွှမ်းဧရိယာဖြစ်ရမယ်လို့ ဥပဒေက အတိအ ကျဆိုထားတာပါ။ လက်ရှိမှာတော့ ဘူတန်တစ်နိုင်ငံလုံးမှာ ၇၂ ရာခိုင်နှုန်းက သစ်တောဖုံးလွှမ်းဧရိယာဖြစ်ပါတယ်။ ဒါကြောင့် ဘူတန်မှာကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုထက်စုပ်ယူမှုက ပိုများနေတော့တာပေါ့။
ဘူတန်မှာ ပလပ်စတစ်သုံးစွဲမှုကို ပိတ်ပင်ထားတာ ၁၉၉ဝ ပြည့်လွန်နှစ်တွေကတည်းကပါ။
တကယ့်နိုင်ငံကြီးတွေမှာ ဒီပိတ်ပင်ကန့်သတ်ချက်တွေ ခေတ်မစားလာခင်ကတည်းကကို ဘူတန်မှာဒီလိုပိတ်ပင်တားမြစ်ထားတာဖြစ်ပါတယ်။ ဘူတန်နိုင်ငံဟာ ပလပ်စတစ်ပစ္စည်းသုံးစွဲမှုကို လုံးဝအားမပေးပါဘူး။ ဒါကြောင့် ၁၉၉ဝ ပြည့်လွန်နှစ်တွေကတည်းကစပြီး ပ လပ်စတစ်သုံးစွဲမှုကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ ဒါ ကြောင့်ဘူတန်နိုင်ငံသူနိုင်ငံသားတွေဟာ ဈေးဝယ်ထွက်တဲ့အခါ အဝတ်အိတ်လေးတွေ၊ စက္ကူအိတ်လှလှလေးတွေကိုကိုင်လေ့ရှိပါတယ်။ ဘူတန်နိုင်ငံဟာသ ဘာဝပတ်ဝန်းကျင် ပျက်စီးမသွားအောင်အမြော်အမြင် ကြီးကြီးနဲ့ဒီလိုစည်းမျဉ်းကိုချမှတ်ခဲ့တယ်လို့ဆိုရမှာပေါ့။
zawgyi version
ဘူတန္ဟာကမာၻ႔အေသးဆုံးႏိုင္ငံေတြထဲမွာပါပါတယ္။
ဘူတန္ဟာ ႏိုင္ငံေသးေသးေလးျဖစ္ၿပီး စုစုေပါင္းလူဦး ေရမွ ၇၅ဝဝဝဝေက်ာ္ေလာက္ပဲရွိပါတယ္။ ဘူတန္ႏိုင္ ငံဘယ္ေလာက္အထိေသးသလဲဆိုတာျမင္သာလာေအာင္ေျပာရမယ္ဆိုရင္ အိႏၵိယႏိုင္ငံဟာ ဘူတန္ႏိုင္ငံထက္ ၈၆ ဆႀကီးၿပီး အေမရိကန္ျပည္ေထာင္စုဟာဘူတန္ထက္ ၂၅၆ ဆႀကီးပါတယ္။
ဘူတန္မွာ ႏိုင္ငံတကာေလဆိပ္ႀကီးတစ္ခုတည္းပဲရွိၿပီး
အဲဒီမွာေမာင္းရေလာက္ေအာင္ကြၽမ္းက်င္တဲ့ ေလ ယာဥ္မႉးကလည္းရွားပါးလွပါတယ္။ ဘူတန္ကိုသြားမယ္ဆိုရင္ ေလယာဥ္နဲ႔သြားတာကအေကာင္းဆုံးပါပဲ။ ကိုယ္ေလယာဥ္စီးေနခ်ိန္မွာကံေကာင္းေထာက္မလို႔ ရာသီဥတုၾကည္လင္သာယာေနမယ္ဆိုရင္ေတာ့ အ ေကာင္းဆုံး ဟိမဝႏၲာျမင္ကြင္းရႈခင္းေတြကိုျမင္ေတြ႕ခြင့္ရမွာေပါ့။ ဒါေပမဲ့ ဘူတန္မွာတစ္ခုတည္းေသာ ႏိုင္ ငံတကာေလဆိပ္ျဖစ္တဲ့ ပါ႐ိုေလဆိပ္ဟာ ကမာၻ႔အႏၲ ရာယ္အမ်ားဆုံး ေလဆိပ္စာရင္းထဲဝင္ပါတယ္။ ဟိမဝ ႏၲာေတာင္တန္းႀကီးေတြေၾကာင့္ရယ္၊ ေလယာဥ္ေျပးလမ္းက အရမ္းက်ဥ္းတာရယ္တို႔ေၾကာင့္ အခုလိုအႏၲရာယ္မ်ားတာျဖစ္ပါတယ္။ ေလယာဥ္မႉးေတြဟာ ေလယာဥ္အတက္၊ အဆင္းကိုေအာ္တိုစနစ္နဲ႔မဟုတ္ဘဲ Manual နဲ႔ပဲလုပ္ၾကရပါတယ္။ ဒါေၾကာင့္အဲဒီေလဆိပ္မွာ ေမာင္းႏွင္ဖို႔ ခြင့္ျပဳခ်က္ရထားတဲ့ ေလ ယာဥ္မႉးဆိုလို႔ (၈)ေယာက္ပဲရွိတာပါ။
ဘူတန္ဟာ ကာဗြန္ဒိုင္ေအာက္ဆိုက္ ထုတ္လႊတ္မႈထက္ စုပ္ယူမႈကပိုမ်ားတဲ့ ကမာၻ႔တစ္ခုတည္းေသာ ႏိုင္ငံပါ။
ဘူတန္နဲ႔ပတ္သက္လို႔ ဂုဏ္ယူစရာအေကာင္းဆုံးအ ခ်က္ကေတာ့ဒီအခ်က္ပါပဲ။ ဒီလိုျဖစ္ေနေအာင္လည္း ဥပေဒက အတိအက် ျပဌာန္းထားတယ္ေလ။ ဘူတန္ႏိုင္ငံဧရိယာထဲမွာအနည္းဆုံး ၆ဝရာခိုင္ႏႈန္းကသစ္ ေတာဖုံးလႊမ္းဧရိယာျဖစ္ရမယ္လို႔ ဥပေဒက အတိအ က်ဆိုထားတာပါ။ လက္ရွိမွာေတာ့ ဘူတန္တစ္ႏိုင္ငံလုံးမွာ ၇၂ ရာခိုင္ႏႈန္းက သစ္ေတာဖုံးလႊမ္းဧရိယာျဖစ္ပါတယ္။ ဒါေၾကာင့္ ဘူတန္မွာကာဗြန္ဒိုင္ေအာက္ဆိုက္ ထုတ္လႊတ္မႈထက္စုပ္ယူမႈက ပိုမ်ားေနေတာ့တာေပါ့။
ဘူတန္မွာ ပလပ္စတစ္သုံးစြဲမႈကို ပိတ္ပင္ထားတာ ၁၉၉ဝ ျပည့္လြန္ႏွစ္ေတြကတည္းကပါ။
တကယ့္ႏိုင္ငံႀကီးေတြမွာ ဒီပိတ္ပင္ကန႔္သတ္ခ်က္ေတြ ေခတ္မစားလာခင္ကတည္းကကို ဘူတန္မွာဒီလိုပိတ္ပင္တားျမစ္ထားတာျဖစ္ပါတယ္။ ဘူတန္ႏိုင္ငံဟာ ပလပ္စတစ္ပစၥည္းသုံးစြဲမႈကို လုံးဝအားမေပးပါဘူး။ ဒါေၾကာင့္ ၁၉၉ဝ ျပည့္လြန္ႏွစ္ေတြကတည္းကစၿပီး ပ လပ္စတစ္သုံးစြဲမႈကို ပိတ္ပင္ခဲ့တာျဖစ္ပါတယ္။ ဒါ ေၾကာင့္ဘူတန္ႏိုင္ငံသူႏိုင္ငံသားေတြဟာ ေဈးဝယ္ထြက္တဲ့အခါ အဝတ္အိတ္ေလးေတြ၊ စကၠဴအိတ္လွလွေလးေတြကိုကိုင္ေလ့ရွိပါတယ္။ ဘူတန္ႏိုင္ငံဟာသ ဘာဝပတ္ဝန္းက်င္ ပ်က္စီးမသြားေအာင္အေျမာ္အျမင္ ႀကီးႀကီးနဲ႔ဒီလိုစည္းမ်ဥ္းကိုခ်မွတ္ခဲ့တယ္လို႔ဆိုရမွာေပါ့။

ဘူတန်ဟာ ဒီမိုကရက်တစ် ဘုရင်စနစ်ကိုကျင့်သုံးပါတယ်။
၂ဝဝ၅ ခုနှစ်အထိ ဘူတန်နိုင်ငံကိုဘုရင်အဆက်ဆက်ကပဲ အုပ်ချုပ်ခဲ့တာပါ။ ဒါပေမဲ့ခေတ်အခြေအနေ ပြောင်းလဲလာတာ၊ တိုင်းပြည်တိုးတက်လာချိန်မှာဘု ရင်စနစ်ဟာ မသေချာမရေရာတဲ့ အနေအထားမျိုး ရောက်လာမှာတို့ကိုမြော်မြင်ပြီးတော့ ဘုရင်ကြီးက ဒီမိုကရေစီစနစ်နဲ့ရွေးကောက်ပွဲတွေကျင်းပခွင့်ပြုလိုက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ရေးဆွဲလိုက်ပါတယ်။ ဘုရင်ကအရွယ်ကောင်းတုန်း၊ သက်တော် ၅ဝ မှာပဲ သူ့သဘောဆန္ဒအရနန်းစွန့်ပြီး သားတော်ကြီးကို ထီးနန်းလွှဲပေးလိုက်တဲ့ဒီလိုဖြစ်ရပ်မျိုးဟာသမိုင်းမှာ ရှားပါတယ်။ ဒီနေ့ခေတ်မှာတော့ ဘူတန်ဟာဗုဒ္ဓဘာ သာ ဒီမိုကရက်တစ်ဘုရင်စနစ်ကိုကျင့်သုံးပြီးသူ့စနစ်ဟာ ထိုင်းနဲ့ဆင်ပါတယ်။
ခရီးသွားတွေ အများကြီး ဝင်လာရင်ထိခိုက်တာတွေ ရှိမှာစိုးလို့ခရီးသွားဦးရေကို အကန့်အသတ်နဲ့ပဲလက်ခံပါတယ်။
ကုလသမဂ္ဂက ဘူတန်ကိုနိုင်ငံအဖြစ် ၁၉၇၄ ခုနှစ်ကမှ အသိအမှတ်ပြုလိုက်တာဖြစ်လို့ နိုင်ငံခြားခရီးသွားတွေဟာ အဲဒီမတိုင်ခင်တုန်းကဆို ဘူတန်ကိုသွားလို့မရပါဘူး။ အဲဒီနောက်ပိုင်းမှာမှ နိုင်ငံတကာခရီးသွားတွေဘူတန်ထဲစပြီးဝင်ရောက်ခွင့်ရတာပါ။ဒါပေမဲ့ခရီးသွားတွေ အများကြီးဝင်လာရင် ယဉ်ကျေးမှုနဲ့သဘာဝပတ်ဝန်း ကျင်ထိခိုက်ပျက်စီးမှာစိုးတဲ့အတွက် ဘူတန်ကနိုင်ငံ ခြားသားခရီးသွားတွေ အများကြီးလက်မခံပါဘူး။ နိုင် ငံခြားသားနည်းနည်းပဲလာအောင်ဆိုပြီး သူတို့က စ ရိတ်စကကိုမြှင့်ထားပါတယ်။ ဘူတန်ကိုသွားလည်မယ်ဆိုရင် ခရီးသွားအလာများတဲ့ရာသီမှာတစ်ယောက်ကို တစ်ရက် ဒေါ်လာ ၂၅ဝပေးရမှာဖြစ်ပြီး ခရီးသွားအလာ နည်းတဲ့ အချိန်မှာဆိုရင်တော့ ဒေါ်လာ ၂ဝဝ ပေးရမှာပါ။ အဲဒီစရိတ်စကထဲမှာတည်းခိုစရိတ်၊ အစားအ သောက်စရိတ်၊ ဧည့်လမ်းညွှန်စရိတ်၊ ဘူတန်နိုင်ငံအတွင်းသွားလာရေးစရိတ်နဲ့ဝင်ကြေးတွေအားလုံး အပြီးအစီးပါပါတယ်။ ဘူတန်အသွားအပြန်လေယာဉ်ခတော့ အဲဒီထဲမှာမပါဘူးပေါ့။ ဘူတန်ကိုလာချင်တယ်ဆိုရင်ဒီနှုန်းထားတစ်ခုတည်းပဲရှိပြီး ဒီ့ထက်ဈေးသက် သာတဲ့နှုန်းထားလုံးဝမရှိပါဘူး။ ဒါကြောင့် ဘူတန်ကို တိုးရစ်တွေအများကြီး မလာကြပါဘူး။
ဘူတန်မှာ ၂ဝဝ၁ ခုနှစ်ကမှစပြီး အင်တာနက်ရတာပါ။
ဘူတန်နိုင်ငံသားတွေဟာ ၁၉၉၉ ခုနှစ်ကမှတီဗီကိုစ မြင်ဖူးသလို ၂ဝဝ၁ ခုနှစ်ကမှအင်တာနက်နဲ့စပြီးထိတွေ့ခွင့်ရတာပါ။ အင်တာနက်ရတယ်ဆိုပေမယ့်လည်း လိုင်းက အရမ်းနှေးပါတယ်တဲ့။
တိရစ္ဆာန်တွေကိုမသတ်ဖြတ်ရဘူးလို့ဘူတန်မှာ သတ် မှတ်ထားပါတယ်။
ဘူတန်ဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့ ငြိမ်းချမ်းရေးကို ဦး စားပေးပါတယ်။ ဒါကြောင့်ဘူတန်မှာ တိရစ္ဆာန်တွေဟာ အမဲလိုက်ခံရမှာ၊ သတ်ဖြတ်ခံရမှာစိုးရိမ်စရာမလိုပါဘူး။ ဒါပေမဲ့ ဘူတန်နိုင်ငံသားတွေက အသားတော့ စားတာပါပဲ။ အဲဒီသားငါးတွေကို အိန္ဒိယနိုင်ငံကနေ တင်သွင်းတာပါတဲ့။
ဘူတန်လူထုကြီးက သူတို့ဘုရင်ကို အင်မတန်ချစ်ခင်မြတ်နိုးလေးစားရိုသေကြပါတယ်။
ဘူတန်မှာစည်းမျဉ်းခံဘုရင်စနစ် ပြဌာန်းထားပေမယ့် ဘူတန်လူထုကြီးက ဘူတန်တော်ဝင်မိသားစုကို အင် မတန်မှချစ်ခင်မြတ်နိုးရိုသေကြပါတယ်။ ဘူတန်ဘုရင် အဆက်ဆက်ဟာ သမိုင်းတစ်လျှောက်လုံးမှာကို လူထု ချစ်မြတ်နိုးလေးစားတာခံကြရတာပါ။
ဘူတန်ဟာ အမျိုးသမီးဦးဆောင်တဲ့ လူ့ဘောင်ဖြစ်ပါတယ်။
ဘူတန်မှာ နောက်ထပ်အထူးခြားဆုံးအချက်ကတော့ နိုင်ငံအများစုမှာလိုအမျိုးသားဦးဆောင်တဲ့ လူ့ဘောင်မဟုတ်ဘဲ အမျိုးသမီးဦးဆောင်တဲ့ လူ့ဘောင်ဖြစ်နေတာပါပဲ။ အိမ်ထဲမှာဖြစ်ဖြစ်၊ အိမ်ပြင်မှာပဲဖြစ်ဖြစ်အ မျိုးသမီးကပဲနေရာတကာနီးပါးဦးဆောင်ပါတယ်။ ဘူတန်မှာ အိမ်ထောင်ဦးစီးဟာ အမျိုးသမီးဖြစ်တဲ့အပြင် ဆိုင်တွေ၊ လုပ်ငန်းတွေ၊ လယ်ယာမြေတွေမှာလည်း
အမျိုးသမီးတွေချည်းပဲဦးဆောင်ပါတယ်။ အမွေဆက်ခံတဲ့ နေရာမှာလည်း အများအားဖြင့်အကြီးဆုံးသမီးကပဲ ဆက်ခံခွင့်ရလေ့ရှိပါတယ်။ ယောက်ျားနဲ့မိန်းမအိမ် ထောင်ပြုပြီဆိုရင်လည်း ယောက်ျားကပဲ မိန်းမအိမ်မှာ လိုက်နေရလေ့ရှိပါသတဲ့။
zawgyi version
ဘူတန္ဟာ ဒီမိုကရက္တစ္ ဘုရင္စနစ္ကိုက်င့္သုံးပါတယ္။
၂ဝဝ၅ ခုႏွစ္အထိ ဘူတန္ႏိုင္ငံကိုဘုရင္အဆက္ဆက္ကပဲ အုပ္ခ်ဳပ္ခဲ့တာပါ။ ဒါေပမဲ့ေခတ္အေျခအေန ေျပာင္းလဲလာတာ၊ တိုင္းျပည္တိုးတက္လာခ်ိန္မွာဘု ရင္စနစ္ဟာ မေသခ်ာမေရရာတဲ့ အေနအထားမ်ိဳး ေရာက္လာမွာတို႔ကိုေျမာ္ျမင္ၿပီးေတာ့ ဘုရင္ႀကီးက ဒီမိုကေရစီစနစ္နဲ႔ေ႐ြးေကာက္ပြဲေတြက်င္းပခြင့္ျပဳလိုက္ၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒကိုလည္း ေရးဆြဲလိုက္ပါတယ္။ ဘုရင္ကအ႐ြယ္ေကာင္းတုန္း၊ သက္ေတာ္ ၅ဝ မွာပဲ သူ႔သေဘာဆႏၵအရနန္းစြန႔္ၿပီး သားေတာ္ႀကီးကို ထီးနန္းလႊဲေပးလိုက္တဲ့ဒီလိုျဖစ္ရပ္မ်ိဳးဟာသမိုင္းမွာ ရွားပါတယ္။ ဒီေန႔ေခတ္မွာေတာ့ ဘူတန္ဟာဗုဒၶဘာ သာ ဒီမိုကရက္တစ္ဘုရင္စနစ္ကိုက်င့္သုံးၿပီးသူ႔စနစ္ဟာ ထိုင္းနဲ႔ဆင္ပါတယ္။
ခရီးသြားေတြ အမ်ားႀကီး ဝင္လာရင္ထိခိုက္တာေတြ ရွိမွာစိုးလို႔ခရီးသြားဦးေရကို အကန႔္အသတ္နဲ႔ပဲလက္ခံပါတယ္။
ကုလသမဂၢက ဘူတန္ကိုႏိုင္ငံအျဖစ္ ၁၉၇၄ ခုႏွစ္ကမွ အသိအမွတ္ျပဳလိုက္တာျဖစ္လို႔ ႏိုင္ငံျခားခရီးသြားေတြဟာ အဲဒီမတိုင္ခင္တုန္းကဆို ဘူတန္ကိုသြားလို႔မရပါဘူး။ အဲဒီေနာက္ပိုင္းမွာမွ ႏိုင္ငံတကာခရီးသြားေတြဘူတန္ထဲစၿပီးဝင္ေရာက္ခြင့္ရတာပါ။ဒါေပမဲ့ခရီးသြားေတြ အမ်ားႀကီးဝင္လာရင္ ယဥ္ေက်းမႈနဲ႔သဘာဝပတ္ဝန္း က်င္ထိခိုက္ပ်က္စီးမွာစိုးတဲ့အတြက္ ဘူတန္ကႏိုင္ငံ ျခားသားခရီးသြားေတြ အမ်ားႀကီးလက္မခံပါဘူး။ ႏိုင္ ငံျခားသားနည္းနည္းပဲလာေအာင္ဆိုၿပီး သူတို႔က စ ရိတ္စကကိုျမႇင့္ထားပါတယ္။ ဘူတန္ကိုသြားလည္မယ္ဆိုရင္ ခရီးသြားအလာမ်ားတဲ့ရာသီမွာတစ္ေယာက္ကို တစ္ရက္ ေဒၚလာ ၂၅ဝေပးရမွာျဖစ္ၿပီး ခရီးသြားအလာ နည္းတဲ့ အခ်ိန္မွာဆိုရင္ေတာ့ ေဒၚလာ ၂ဝဝ ေပးရမွာပါ။ အဲဒီစရိတ္စကထဲမွာတည္းခိုစရိတ္၊ အစားအ ေသာက္စရိတ္၊ ဧည့္လမ္းၫႊန္စရိတ္၊ ဘူတန္ႏိုင္ငံအတြင္းသြားလာေရးစရိတ္နဲ႔ဝင္ေၾကးေတြအားလုံး အၿပီးအစီးပါပါတယ္။ ဘူတန္အသြားအျပန္ေလယာဥ္ခေတာ့ အဲဒီထဲမွာမပါဘူးေပါ့။ ဘူတန္ကိုလာခ်င္တယ္ဆိုရင္ဒီႏႈန္းထားတစ္ခုတည္းပဲရွိၿပီး ဒီ့ထက္ေဈးသက္ သာတဲ့ႏႈန္းထားလုံးဝမရွိပါဘူး။ ဒါေၾကာင့္ ဘူတန္ကို တိုးရစ္ေတြအမ်ားႀကီး မလာၾကပါဘူး။
ဘူတန္မွာ ၂ဝဝ၁ ခုႏွစ္ကမွစၿပီး အင္တာနက္ရတာပါ။
ဘူတန္ႏိုင္ငံသားေတြဟာ ၁၉၉၉ ခုႏွစ္ကမွတီဗီကိုစ ျမင္ဖူးသလို ၂ဝဝ၁ ခုႏွစ္ကမွအင္တာနက္နဲ႔စၿပီးထိေတြ႕ခြင့္ရတာပါ။ အင္တာနက္ရတယ္ဆိုေပမယ့္လည္း လိုင္းက အရမ္းေႏွးပါတယ္တဲ့။
တိရစာၦန္ေတြကိုမသတ္ျဖတ္ရဘူးလို႔ဘူတန္မွာ သတ္ မွတ္ထားပါတယ္။
ဘူတန္ဟာ ဗုဒၶဘာသာႏိုင္ငံျဖစ္လို႔ ၿငိမ္းခ်မ္းေရးကို ဦး စားေပးပါတယ္။ ဒါေၾကာင့္ဘူတန္မွာ တိရစာၦန္ေတြဟာ အမဲလိုက္ခံရမွာ၊ သတ္ျဖတ္ခံရမွာစိုးရိမ္စရာမလိုပါဘူး။ ဒါေပမဲ့ ဘူတန္ႏိုင္ငံသားေတြက အသားေတာ့ စားတာပါပဲ။ အဲဒီသားငါးေတြကို အိႏၵိယႏိုင္ငံကေန တင္သြင္းတာပါတဲ့။
ဘူတန္လူထုႀကီးက သူတို႔ဘုရင္ကို အင္မတန္ခ်စ္ခင္ျမတ္ႏိုးေလးစား႐ိုေသၾကပါတယ္။
ဘူတန္မွာစည္းမ်ဥ္းခံဘုရင္စနစ္ ျပဌာန္းထားေပမယ့္ ဘူတန္လူထုႀကီးက ဘူတန္ေတာ္ဝင္မိသားစုကို အင္ မတန္မွခ်စ္ခင္ျမတ္ႏိုး႐ိုေသၾကပါတယ္။ ဘူတန္ဘုရင္ အဆက္ဆက္ဟာ သမိုင္းတစ္ေလွ်ာက္လုံးမွာကို လူထု ခ်စ္ျမတ္ႏိုးေလးစားတာခံၾကရတာပါ။
ဘူတန္ဟာ အမ်ိဳးသမီးဦးေဆာင္တဲ့ လူ႔ေဘာင္ျဖစ္ပါတယ္။
ဘူတန္မွာ ေနာက္ထပ္အထူးျခားဆုံးအခ်က္ကေတာ့ ႏိုင္ငံအမ်ားစုမွာလိုအမ်ိဳးသားဦးေဆာင္တဲ့ လူ႔ေဘာင္မဟုတ္ဘဲ အမ်ိဳးသမီးဦးေဆာင္တဲ့ လူ႔ေဘာင္ျဖစ္ေနတာပါပဲ။ အိမ္ထဲမွာျဖစ္ျဖစ္၊ အိမ္ျပင္မွာပဲျဖစ္ျဖစ္အ မ်ိဳးသမီးကပဲေနရာတကာနီးပါးဦးေဆာင္ပါတယ္။ ဘူတန္မွာ အိမ္ေထာင္ဦးစီးဟာ အမ်ိဳးသမီးျဖစ္တဲ့အျပင္ ဆိုင္ေတြ၊ လုပ္ငန္းေတြ၊ လယ္ယာေျမေတြမွာလည္းအမ်ိဳးသမီးေတြခ်ည္းပဲဦးေဆာင္ပါတယ္။ အေမြဆက္ခံတဲ့ ေနရာမွာလည္း အမ်ားအားျဖင့္အႀကီးဆုံးသမီးကပဲ ဆက္ခံခြင့္ရေလ့ရွိပါတယ္။ ေယာက္်ားနဲ႔မိန္းမအိမ္ ေထာင္ျပဳၿပီဆိုရင္လည္း ေယာက္်ားကပဲ မိန္းမအိမ္မွာ လိုက္ေနရေလ့ရွိပါသတဲ့။