ထိုင်းရှိမြန်မာလုပ်သားများအတွက် CI သက်တမ်းတိုးခြင်းကို စခန်း(၅)ခုတွင် ဇူလိုင်လအထိဆောင်ရွက်ပေးမည်

 904

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၁
ထိုင်းနိုင်ငံသို့ရောက်ရှိနေသော မြန်မာအလုပ်သမားများအနေဖြင့် သက်သေခံလက်မှတ်- CI သက်တမ်းတိုးခြင်းလုပ်ငန်းများကို စခန်း(၅)ခုတွင် ယခုနှစ် ဇန် နဝါရီလ (၁ဝ)ရက်မှစ၍ ဇူလိုင်လ(၂၇)ရက်အထိဖွင့်လှစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက အသိပေးထား သည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့်အ လုပ်သမားများအနက် အထောက်အထားမရှိသော အလုပ်သမားများကို တရားဝင်နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် ၂ဝ၁၇ ခုနှစ် မတ်လမှ ၂ဝ၁၈ခုနှစ် ဇွန်လ အထိ သက်တမ်း(၄)နှစ်ဖြင့်ထုတ်ပေးခဲ့သည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်- CI စာအုပ်များသည် ၂ဝ၂၁ ခုနှစ်မတ်လမှစ၍သက်တမ်းကုန်ဆုံးလျက်ရှိကြောင်း အလုပ်သမားသံအရာရှိရုံးက ဆို သည်။

ထို့ကြောင့် သက်သေခံလက်မှတ် CI စာအုပ်များ သက်တမ်းတိုးထုတ်ပေးနိုင်ရေးအတွက် ထိုင်းနိုင်ငံနှင့်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ချွန်ဘူရီ၊ ရနောင်း ခရိုင်တို့တွင် CI သက် တမ်းတိုးစခန်း(၅)ခုကိုဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

သက်သေခံလက်မှတ် CI သက်တမ်းတိုးစာအုပ် ထုတ် ယူနိုင်ရန် ထိုင်းနိုင်ငံရှိငွေကြေးဝန်ဆောင်မှုကုမ္ပဏီဖြစ်သော Counter Service Co., Ltd နှင့်ချိတ်ဆက်ထားသည့် Seven Eleven ဆိုင်များတွင် လက်ရှိ CI စာအုပ်နံပါတ်ဖြင့် စာအုပ်ဖိုးဘတ် ၃ဝဝ နှင့်ပေးသွင်းခြင်းဝန်ဆောင်ခ ၁ဝ ဘတ်၊ စုစုပေါင်း ဘတ် ၃၁ဝပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပြီးပါက CI သက်တမ်းတိုးစာအုပ်ထုတ်ယူရမည့် စခန်း၊ သွားရမည့် နေ့ရက်၊ တိုကင်နံပါတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ပါဝင်သည့် ငွေသွင်းပြေစာကို Seven Eleven ဆိုင်များမှ ပြန် လည်ထုတ်ပေးမည်ဖြစ်ပြီး ၎င်းအချက်အလက်များကို အလုပ်သမား၏လက်ကိုင်ဖုန်းသို့လည်း Message ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

CI သက်တမ်းတိုးလျှောက်ထားသည့် အလုပ်သမားများအနေဖြင့် ပွဲစားများဖြင့်ဆောင်ရွက်ခြင်းမပြုဘဲ ကိုယ်တိုင်သွားရောက်ဆောင်ရွက်ရန်လိုအပ်ကြောင်း လည်း အလုပ်သမားသံအရာရှိရုံးက အသိပေးထား သည်။ ထိုင်းနိုင်ငံသည် မြန်မာလုပ်သားအများဆုံး သွားရောက်သည့်နိုင်ငံတစ်ခုလည်းဖြစ်ကြောင်းသိရ သည်။

zawgyi version
ထိုင္းရွိျမန္မာလုပ္သားမ်ားအတြက္ CI သက္တမ္းတိုးျခင္းကို စခန္း(၅)ခုတြင္ ဇူလိုင္လအထိေဆာင္႐ြက္ေပးမည္
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၁

ထိုင္းႏိုင္ငံသို႔ေရာက္ရွိေနေသာ ျမန္မာအလုပ္သမားမ်ားအေနျဖင့္ သက္ေသခံလက္မွတ္- CI သက္တမ္းတိုးျခင္းလုပ္ငန္းမ်ားကို စခန္း(၅)ခုတြင္ ယခုႏွစ္ ဇန္ နဝါရီလ (၁ဝ)ရက္မွစ၍ ဇူလိုင္လ(၂၇)ရက္အထိဖြင့္လွစ္ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံရွိ ျမန္မာအလုပ္သမားသံအရာရွိ႐ုံးက အသိေပးထား သည္။

ထိုင္းႏိုင္ငံတြင္ ေရာက္ရွိအလုပ္လုပ္ကိုင္ေနသည့္အ လုပ္သမားမ်ားအနက္ အေထာက္အထားမရွိေသာ အလုပ္သမားမ်ားကို တရားဝင္ေနထိုင္လုပ္ကိုင္ႏိုင္ေရးအတြက္ ၂ဝ၁၇ ခုႏွစ္ မတ္လမွ ၂ဝ၁၈ခုႏွစ္ ဇြန္လ အထိ သက္တမ္း(၄)ႏွစ္ျဖင့္ထုတ္ေပးခဲ့သည့္ မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္- CI စာအုပ္မ်ားသည္ ၂ဝ၂၁ ခုႏွစ္မတ္လမွစ၍သက္တမ္းကုန္ဆုံးလ်က္ရွိေၾကာင္း အလုပ္သမားသံအရာရွိ႐ုံးက ဆို သည္။

ထို႔ေၾကာင့္ သက္ေသခံလက္မွတ္ CI စာအုပ္မ်ား သက္တမ္းတိုးထုတ္ေပးႏိုင္ေရးအတြက္ ထိုင္းႏိုင္ငံႏွင့္ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ၿပီး စမုစခြန္၊ စမုပရာကန္၊ ခ်င္းမိုင္၊ ခြၽန္ဘူရီ၊ ရေနာင္း ခ႐ိုင္တို႔တြင္ CI သက္ တမ္းတိုးစခန္း(၅)ခုကိုဖြင့္လွစ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

သက္ေသခံလက္မွတ္ CI သက္တမ္းတိုးစာအုပ္ ထုတ္ ယူႏိုင္ရန္ ထိုင္းႏိုင္ငံရွိေငြေၾကးဝန္ေဆာင္မႈကုမၸဏီျဖစ္ေသာ Counter Service Co., Ltd ႏွင့္ခ်ိတ္ဆက္ထားသည့္ Seven Eleven ဆိုင္မ်ားတြင္ လက္ရွိ CI စာအုပ္နံပါတ္ျဖင့္ စာအုပ္ဖိုးဘတ္ ၃ဝဝ ႏွင့္ေပးသြင္းျခင္းဝန္ေဆာင္ခ ၁ဝ ဘတ္၊ စုစုေပါင္း ဘတ္ ၃၁ဝေပးသြင္းရမည္ျဖစ္ေၾကာင္းသိရသည္။

ထိုသို႔ေဆာင္႐ြက္ၿပီးပါက CI သက္တမ္းတိုးစာအုပ္ထုတ္ယူရမည့္ စခန္း၊ သြားရမည့္ ေန႔ရက္၊ တိုကင္နံပါတ္၊ ဆက္သြယ္ရမည့္ ဖုန္းနံပါတ္တို႔ပါဝင္သည့္ ေငြသြင္းေျပစာကို Seven Eleven ဆိုင္မ်ားမွ ျပန္ လည္ထုတ္ေပးမည္ျဖစ္ၿပီး ၎အခ်က္အလက္မ်ားကို အလုပ္သမား၏လက္ကိုင္ဖုန္းသို႔လည္း Message ေပးပို႔သြားမည္ျဖစ္ေၾကာင္း သိရသည္။

CI သက္တမ္းတိုးေလွ်ာက္ထားသည့္ အလုပ္သမားမ်ားအေနျဖင့္ ပြဲစားမ်ားျဖင့္ေဆာင္႐ြက္ျခင္းမျပဳဘဲ ကိုယ္တိုင္သြားေရာက္ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း လည္း အလုပ္သမားသံအရာရွိ႐ုံးက အသိေပးထား သည္။ ထိုင္းႏိုင္ငံသည္ ျမန္မာလုပ္သားအမ်ားဆုံး သြားေရာက္သည့္ႏိုင္ငံတစ္ခုလည္းျဖစ္ေၾကာင္းသိရ သည္။

Related news

© 2021. All rights reserved.