ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်ထပ်မံချက်မှတ်မှုအပေါ် အမေရိကန်နှင့်ပြင်သစ်တို့ရှုတ်ချ

1113

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၁
ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်ထပ်မံချက်မှတ်မှုအပေါ် အမေရိကန်နှင့် ပြင်သစ်နိုင်ငံက ရှုတ်ချကြောင်း ယနေ့(ဇန်နဝါရီလ ၁၁ရက်)တွင်ထုတ်ပြန်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်အားချမှတ်ခဲ့သော ပြစ်ဒဏ်အသစ်ကို ပြင်သစ်နိုင်ငံကရှုတ်ချပါကြောင်း၊ ဤအ တုအယောင်တရားစီရင်မှုသည် အလွန်စိုးရိမ်စရာကောင်းနေပြီဖြစ်သော နိုင်ငံရေးအခြေအနေကို ပိုမို ၍ပင်ဆိုးရွားစေကြောင်း မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏အကျပ်အတည်းမှလွတ်မြောက်ရေးလမ်းစသည် ပဋိပက္ခတွင်ပါဝင်နေသူများအားလုံးပါ ဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်း၊ ကယား၊ က ရင်နှင့် ချင်းပြည်နယ်များတွင် စစ်တပ်မှအရပ်သားများအပေါ် ကျူးလွန်သောတိုက်ခိုက်မှုများကို ချက် ချင်းရပ်ဆိုင်းခြင်းနှင့်ဖမ်းဆီးထားသော နိုင်ငံရေးအ ကျဉ်းသားအားလုံးကို ချွင်းချက်မရှိလွှတ်ပေးခြင်းတို့ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးမှုအကောင်အ ထည်ဖော်ရေးအပါအဝင် အာဆီယံသဘောတူညီချက်ငါးချက်ကိုအကောင်အထည်ဖော်ရန် ပြင်သစ်နိုင်ငံသည် အာဆီယံကိုအပြည့်အဝထောက်ခံအား ပေးနေကြောင်းလည်း ထုတ်ပြန်ထားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည့်အပေါ် ပြစ်ဒဏ်ထပ် မံချမှတ်ခြင်းသည် တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးကိုစော်ကားခြင်းဖြစ်ကြောင်း အမေရိကန်အစိုး ရ၏သဘောထားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ Ned Price ကထုတ်ပြန်ခဲ့သည်။
ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေနှင့် သ ဘာဝဘေးဥပဒေများဖြင့်တရားစွဲခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား အမှု(၃)မှုပေါင်းအတွက် နေပြည်တော်ရှိ အထူးသီးသန့်တရားရုံးက ဇန်နဝါရီ လ ၁ဝ ရက်တွင် စုစုပေါင်းထောင်ဒဏ်(၄)နှစ်ထပ်မံချမှတ်ခဲ့ခြင်းဖြစ်သည်။
zawgyi version
ေဒၚေအာင္ဆန္းစုၾကည္အား ေထာင္ဒဏ္ထပ္မံခ်က္မွတ္မႈအေပၚ အေမရိကန္ႏွင့္ျပင္သစ္တို႔ရႈတ္ခ်
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၁
ေဒၚေအာင္ဆန္းစုၾကည္အား ေထာင္ဒဏ္ထပ္မံခ်က္မွတ္မႈအေပၚ အေမရိကန္ႏွင့္ ျပင္သစ္ႏိုင္ငံက ရႈတ္ခ်ေၾကာင္း ယေန႔(ဇန္နဝါရီလ ၁၁ရက္)တြင္ထုတ္ျပန္လိုက္သည္။
ေဒၚေအာင္ဆန္းစုၾကည္အားခ်မွတ္ခဲ့ေသာ ျပစ္ဒဏ္အသစ္ကို ျပင္သစ္ႏိုင္ငံကရႈတ္ခ်ပါေၾကာင္း၊ ဤအ တုအေယာင္တရားစီရင္မႈသည္ အလြန္စိုးရိမ္စရာေကာင္းေနၿပီျဖစ္ေသာ ႏိုင္ငံေရးအေျခအေနကို ပိုမို ၍ပင္ဆိုး႐ြားေစေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာျပင္သစ္သံ႐ုံးက ထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံ၏အက်ပ္အတည္းမွလြတ္ေျမာက္ေရးလမ္းစသည္ ပဋိပကၡတြင္ပါဝင္ေနသူမ်ားအားလုံးပါ ဝင္သည့္ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးျခင္း၊ ကယား၊ က ရင္ႏွင့္ ခ်င္းျပည္နယ္မ်ားတြင္ စစ္တပ္မွအရပ္သားမ်ားအေပၚ က်ဴးလြန္ေသာတိုက္ခိုက္မႈမ်ားကို ခ်က္ ခ်င္းရပ္ဆိုင္းျခင္းႏွင့္ဖမ္းဆီးထားေသာ ႏိုင္ငံေရးအ က်ဥ္းသားအားလုံးကို ခြၽင္းခ်က္မရွိလႊတ္ေပးျခင္းတို႔ျဖစ္ေၾကာင္းထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။အားလုံးပါဝင္ေသာ ႏိုင္ငံေရးေဆြးေႏြးမႈအေကာင္အ ထည္ေဖာ္ေရးအပါအဝင္ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကိုအေကာင္အထည္ေဖာ္ရန္ ျပင္သစ္ႏိုင္ငံသည္ အာဆီယံကိုအျပည့္အဝေထာက္ခံအား ေပးေနေၾကာင္းလည္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ ေဒၚေအာင္ဆန္းစုၾကည့္အေပၚ ျပစ္ဒဏ္ထပ္ မံခ်မွတ္ျခင္းသည္ တရားမွ်တမႈႏွင့္ တရားဥပေဒစိုးမိုးေရးကိုေစာ္ကားျခင္းျဖစ္ေၾကာင္း အေမရိကန္အစိုး ရ၏သေဘာထားကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဌာနေျပာေရးဆိုခြင့္ရွိသူ Ned Price ကထုတ္ျပန္ခဲ့သည္။
ဆက္သြယ္ေရးဥပေဒ၊ ပို႔ကုန္သြင္းကုန္ဥပေဒႏွင့္ သ ဘာဝေဘးဥပေဒမ်ားျဖင့္တရားစြဲခံထားရသည့္ ေဒၚေအာင္ဆန္းစုၾကည္အား အမႈ(၃)မႈေပါင္းအတြက္ ေနျပည္ေတာ္ရွိ အထူးသီးသန႔္တရား႐ုံးက ဇန္နဝါရီ လ ၁ဝ ရက္တြင္ စုစုေပါင္းေထာင္ဒဏ္(၄)ႏွစ္ထပ္မံခ်မွတ္ခဲ့ျခင္းျဖစ္သည္။