“တာဝန်မယူ+တာဝန်မခံနိုင်ရင် ဝန်ကြီးမလုပ်နဲ့လေ။ ရာထူးပြုတ်မှာစိုးလို့ တွယ်ကပ်ပြီး . . .”

 898

နေပြည်တော်တွင် မေလ(၃၀)ရက်နှင့် (၃၁)ရက်တို့တွင်ကျင်းပခဲ့သည့် ငလျင်အလွန် မြန်မာ့စီး ပွားရေးကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲအပေါ် တကယ်လိုအပ်နေသည့်အချက် များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် ဆွေးနွေးထားခြင်းကို ဖော်ပြပေးသွားပါမည်။

(ယခင်တစ်ပတ်မှအဆက်)

ဆွေးနွေးဖော် - ဒါကလေ နိုင်ငံတော်က လုပ်မှာလားပေါ့။ ဒါကိုလုပ်မယ်ဆိုရင် ဘဏ်တွေအနေနဲ့ ကလည်း ပြည်သူတွေငွေကိုယူထားကတည်းက (၈)ရာခိုင်နှုန်း၊ (၉)ရာခိုင်နှုန်း အတိုးပေးထားတာ။ အဲဒီအောက်မှာ သူလျှော့ပေးဖို့က မဖြစ်နိုင်ဘူးလေ။ ဒီထက်လျှော့ပေးစေချင်ရင် ဘယ်သူစိုက်မှာလဲ ဆိုတဲ့ ဇာတ်လမ်းရှိတယ်လေ။ အဲဒါကြောင့် (၈)ထက်ကျဖို့မလွယ်ဘူး။ ဒါပေမဲ့ အဲဒီတော့ (၄)ရာခိုင်နှုန်း၊ (၅)ရာခိုင်နှုန်းနဲ့ ပေးမယ်ဆိုရင်လည်း သူတို့အသက်သာဆုံးပေးနိုင်တာ။ Collateral မပါဘဲ ပေးမယ် ဆိုရင်ကို ဒါတော်တော်ကြီး ဘဏ်တွေအနေနဲ့ စွန့်စားရာရောက်သွားပြီ။ ခုနကကျွန်တော်ပြောသလို Project Financing မဟုတ်ဘူး။ Investment Banking ပုံစံမျိုးမဟုတ်ဘဲနဲ့ ပရောဂျက်ကို ချေးတာ မျိုး မဟုတ်ဘဲနဲ့ ဒီလိုမျိုးအလွတ်ချေးရတဲ့ပုံစံမျိုးဖြစ်တာပေါ့။ အခုကတော့ ဘဏ်တွေက Collateral ဆို တဲ့ဟာမျိုး ယူယူထားပြီး မှချေးကြတာကိုး။ အဲဒါကြောင့် ကျွန်တော်ပြောတာ Collateral ယူချေးတာမျိုး မဟုတ်ဘဲနဲ့ ပိုင်ဆိုင်မှုမရှိရင် ဘာမှလုပ်လို့မရတဲ့ပုံစံဖြစ်သွားတာကို ဒီလိုမျိုး Investment Banking? Project Banking ဆိုတာမျိုးသွားရင် သူတို့ရဲ့ Policy ပြုပြင်ပြီး အဲဒီလိုမျိုးသွားမယ်ဆိုရင် အလုပ်တွေ အများကြီး လုပ်လို့ရလာလိမ့်မယ်။
ကျော်နု - အခုကျွန်တော်နောက်တစ်ခုကြားတာက ပုဂ္ဂလိကဘဏ်တွေရယ်၊ ဗဟိုဘဏ်ရယ် သူတို့သီး သန့်ဆွေးနွေးနေကြတာရှိတယ်ကြားတယ်။ အခု ငလျင် နဲ့ပတ်သက်ပြီးချေးငွေထုတ်တာ၊ နိုင်ငံတော် ကနေပြီးတော့ Fund တစ်ခုလာမယ်။ ပုဂ္ဂလိကဘဏ်တွေအား လုံးကဝင်လာတဲ့ Fund တစ်ခုလာမယ်။ အဲဒီနှစ်ခုနဲ့ နိုင်ငံတကာကနေ ချေးငွေတွေရမလား၊ မရလားတော့မသိဘူး။ ဖြစ်နိုင်ခြေကတော့ နိုင်ငံ တော် ချေးငွေတွေ အခုချိန်မှာ ပေးကောင်းပေးလိမ့်မယ်။ အဲဒီသုံးခုပေါင်းပြီးတော့ ဒီငလျင်ပြန်လည် ထူထောင်ရေးနဲ့ပတ်သက်တဲ့ဆက်စပ်တဲ့လုပ်ငန်းတွေလုပ်ဖို့ ဆွဲတင်ပေးတာတွေ ဖြစ်လိမ့်မယ်လို့ ခန့်မှန်း လို့ရတယ်။
ဆွေးနွေးဖော်- နိုင်ငံတကာဘဏ်တွေက ပေးမယ်ဆိုတဲ့ဟာက ဥပမာ ဒီတိုင်းပြည်မှာငလျင်ဖြစ်သွားလို့ကူ ညီတယ်။ လှူကြတယ်ဆိုတဲ့ဟာကို စုထားတဲ့ငွေ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ ဒါမျိုးဆိုရင်တော့ အတိုး မပါဘူးလေ။ သက်သာတယ်။ ဒါတွေကိုပေါင်းပြီးလုပ်တာလည်းဖြစ်နိုင်တယ်။ အပြင်ဘဏ်တွေကတော့ သူတို့တောင် (၈) ရာခိုင်နှုန်းပေးပြီးမှ ယူထားတဲ့ဟာကိုး ဒါတောင်သူတို့ပိုက်ဆံမဟုတ်ဘူးလေ။ ဘဏ် တွေရဲ့ပိုက်ဆံက ပြည်သူ့ပိုက်ဆံပဲ။ ဗဟိုဘဏ်ဆိုတာလည်း ဒီဘဏ်တွေက သွားထားထားတဲ့ပိုက်ဆံပဲ။ ရိုက်ထုတ်လို့ရတဲ့ဟာကြီးကိုတော့ ဗဟိုဘဏ်က လည်း လုပ်ထားမှာမဟုတ်ဘူး။ ဘယ်လောက်ရှိရင် ဘယ်လောက်မြတ်ရမယ်။ ငွေဘယ်လောက်ထားရ မယ်။ စည်းမျဉ်းစည်းကမ်းတွေရှိပြီးသား ဒီထက် ကျော်လွန်ပြီးသူတို့လည်းလုပ်လို့မရဘူး။ ဘယ်သူကအရှုံးခံထည့်မှာလဲဆိုတဲ့ဟာအဲဒီမှာ လာတာလေ။ ဆိုတော့ နိုင်ငံတကာကနေပြီးတော့ အလှူငွေ အနေနဲ့ရထားတဲ့ ငွေကိုပြောင်းလဲပြီးထည့်လိုက်မယ် ဆိုရင်တော့ သူက Zero Interest ဖြစ်တဲ့အတွက် ဒီဘက်ကဟာတွေနဲ့ average ချလိုက်ရင် သက်သာ ကောင်း သက်သာသွားနိုင်တယ်။ ဒါမျိုးပဲဖြစ်နိုင်တယ်။ ဘဏ်တွေကတော့ ကျွန်တော့်အထင် (၈)ရာခိုင် နှုန်းအောက် ဆင်းပေးဖို့မလွယ်ဘူး။ ဘာဖြစ်လို့ဆို အတိုးက သူပေးနေရတာကိုး။ အဲဒီတော့ ခုနကပြော သလိုပေါ့။ ဘဏ်တွေအားလုံးကနေပြီးတော့ အာမခံပြီးတော့မှ ကျွန်တော်ခုနကပြောတဲ့ Guarantee ဆို တာ Investment Banking ဒီကိစ္စ ဘဏ်တိုင်း နားလည်တယ်။ လုပ်လို့မရလို့သာမလုပ်တာ။ လုပ်ချင်နေ တဲ့ဘဏ်တွေလည်းအများကြီးရှိတယ်။ အဲဒီဟာကို ခွင့်ပြုလိုက်ရင် နိုင်ငံတကာကငွေတွေ အများကြီး ရောက်လာမှာ အဲဒါတော့သေချာတယ်။
ကျော်နု - ရှေ့မှာပြောသွားတာတစ်ခုရှိတယ်။ ငလျင်နဲ့ ပတ်သက်ပြီး ပြန်လည်ထူထောင်ရေး ကော်မတီ ကြီး တစ်ခုဖွဲ့ဖို့ဆိုတာမျိုးပြောတယ်။ အဲဒီအောက်မှာမှ စီးပွားရေးနဲ့ဆိုင်တဲ့ ကော်မတီပြန်ဖွဲ့၊ ဆောက်လုပ် ရေးနဲ့ဆိုင်တဲ့ဟာ ပြန်ဖွဲ့တာမျိုး အဲဒီလိုမျိုးသုံးသပ်ချက်တွေ့ရတယ်။ အဲဒီလိုကော်မတီမှာ ဘယ်လိုလူမျိုး တွေ ပါဖို့လိုလဲ။ အစိုးရက ကော်မတီဖွဲ့လိုက်ရင်လည်း များသောအားဖြင့် ဗိုလ်ချုပ်ကြီးဘယ်သူ။ သူက ဒါဦးဆောင်တယ် ပြီးသွားရင် အောက်ကနေကျန်တဲ့လူတွေ ပါတယ်ဆိုပေမယ့် အရပ်ဘက်ကသက်ဆိုင် တဲ့လူတွေ ပါဝင်ပတ်သက်မှုက တော်တော်နည်းတာတွေ့ရတယ်။ ဘယ်လိုဖွဲ့သင့်လဲ။
ဆွေးနွေးဖော် - ဗိုလ်ချုပ်ကြီးတွေပါတာကတော့ ဒါကတော့ပါရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က လက်ရှိ နိုင်ငံတော်မှာတာဝန်ယူထားတဲ့လူတွေဖြစ်တယ်။ သူတို့က မပြောင်းလဲ၊ မတိမ်း‌စောင်းအောင် ဝိုင်းထိန်းပေးမဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်ကို တာဝန်ပေးလိုက်တယ်။ သူပေးလိုက်တဲ့ဗိုလ်ချုပ်ကြီးက Vision ရှိဖို့လိုတယ်။ Knowledge ရှိဖို့လိုတယ်။ နိုင်ငံတကာ Funding ကို သူကောင်းကောင်း နားလည် ဖို့လိုတယ်။ သူက ငလျင်ကာလအလွန် နိုင်ငံ့ စီးပွားရေးပြန်လည်ထူထောင်ရေးကော်မတီက အရမ်း အရေးကြီးတယ်။ ဒီကနေစပြီး ဆွဲတင်သွားနိုင်ရင် နိုင်ငံတော်ရဲ့စီးပွားရေးပါ တစ်ခါတည်းဆွဲပါသွားနိုင်တဲ့ အ‌နေအထားမှာရှိတယ်။ ဒါလေးက သုံးသပ်ဖို့ပဲလိုတာ။ ပါသင့်တာကအခုနပြောသလို National Planning က ဝန်ကြီးဌာနက ပညာရှင်တွေ ပါသင့် တယ်။ နောက်တစ်ခါ ဘဏ္ဍာအခွန်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပညာရှင်တွေပါသင့်တယ်။ ဘဏ်တွေထဲက ကိုယ်စားလှယ်တွေပါ လာသင့် တယ်။ အဲဒီလိုတွေနဲ့စုဖွဲ့ထားပြီးတော့ နောက်တစ်ခါ ကိုဗစ် ကာလအလွန် စီးပွားရေးထူထောင်သလို တော့ မဖြစ်ဖို့အရေးကြီးတာပေါ့။ အဲဒီတုန်းကလည်း တချို့ထောင်လိုက်တယ်။ ဘတ်ဂျက်ဘယ်လောက် ချပေးလိုက်တယ်။ UMFCCI ဆိုတဲ့ဟာမျိုးဇာတ်လမ်းမျိုးတွေ သူတို့နဲ့နီးစပ်တဲ့ကုမ္ပဏီတွေက ခွဲယူသွား တယ်။ အောက်ကိုတကယ် မရောက်ဘူးဆိုတာမျိုးတွေ မဖြစ်ဖို့လိုတာပေါ့။ ဟိုတယ်ခရီးဝန်ကြီးဟောင်း ဦးအုန်းမောင်ဆိုရင် သူနဲ့ ကုမ္ပဏီတွေနဲ့ ခွဲယူထားတာ။ အဲဒီလိုခွဲယူသွားတာတွေ နည်းတာမဟုတ်ဘူး။ အဲဒီ လိုမျိုးမဖြစ်ဖို့ တကယ်ကောင်းပြီး တကယ်ကို အကျိုး ပြုတဲ့ပရောဂျက်ကို ငွေဝင်သွားဖို့လိုတာ လူရွေးစရာ မလိုဘူး။ ပုဂ္ဂလိကစွဲစရာမလိုဘူး။ အသင်းအဖွဲ့စွဲစရာ မလိုဘူး။ အဲဒီပရောဂျက်သည် တကယ်တိုင်းပြည်အတွက် အကျိုးပြုမယ့်ပရောဂျက်ဆိုရင် ဝိုင်းထောက်ခံပေးလိုက်ဖို့လိုတယ်။
ကျော်နု - ဒါပေမဲ့ပြဿနာက ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ကော်မတီတွေက အလုပ်မှမဖြစ်တာ။ ပြီးခဲ့တဲ့ လပိုင်းတွေက လျှပ်စစ်ကော်မတီအပါအဝင် ကော်မတီသုံးခုလောက်ဖွဲ့ထားတယ်။ ပြီးခဲ့တဲ့ သိပ်မကြာ သေးခင်က တစ်နှစ်တောင်ပြည့်တော့မယ်။ ကော်မတီ သုံးခုသာဖွဲ့ထားတာ အဲဒီကော်မတီသုံးခုရဲ့ ခြေစွမ်းခြေစ အခုထိ ဘာမှမတွေ့ရတော့ ငလျင်ပြန်လည်ထူထောင်ရေးကော်မတီလည်း တကယ်သာ ဖြစ်လာရင် တကယ်ကော ခြေစွမ်းခြေစပြပါ့မလားဆိုတာ တွေးစရာဖြစ်မနေဘူးလား။
ဆွေးနွေးဖော် - အဲဒါက ကျွန်တော်ခုနကပြောသလိုပေါ့။ ဦးဆောင်တဲ့လူက Vision ရှိဖို့လိုတယ်။ အမြော် အမြင်ရှိပြီးတော့ ရဲရဲတင်းတင်းနဲ့တွန်းလုပ်နိုင်ဖို့လိုတယ်။ နောက်သူ့ကိုလည်း ဝိုင်းဝန်းပံ့ပိုးပေးတဲ့ အဖွဲ့ တွေက Figures အမှန်တွေ သတင်းအမှန်တွေနဲ့ ဝိုင်းလုပ်ကြဖို့လိုတာပေါ့။ ဘာကော်မတီပဲ ဖွဲ့လိုက်ဖွဲ့ လိုက် အလုပ်မဖြစ်ဘူးဆိုတာ သတင်းအမှန် မရောက်ဘူး။ ပြတ်ပြတ်သားသားဆုံးဖြတ်ပြီးတော့ ဦး ဆောင်ပြီးတော့ တွန်းတွန်းတိုက်တိုက်သွားမယ်ဆိုတဲ့ ဟာမျိုးမရှိလို့ဖြစ်တာပါ။ ကျွန်တော့်အထင် ကတော့ ဒါကအရေးကြီးနေပြီ။ ဒီလိုအခြေအနေမျိုးမှာတော့ အမြော်အမြင်ကောင်းကောင်းနဲ့ သေချာ လုပ်မယ်ဆိုရင်တော့ ကျွန်‌တော်ပြောသလိုလေ ငလျင်ကာလမှာ မဟုတ်ဘူး တိုင်းပြည်ရဲ့စီးပွားရေးပါ ဒီကနေစပြီး ဆွဲခေါ်သွားလို့ရတယ်။
ကျော်နု - ခုနက ပြောတဲ့ဟာတစ်ခုရှိတယ်။ နိုင်ငံတကာ Financing တွေ ငလျင်ကိုအကြောင်းပြပြီ ဒီထဲ ကို ဝင်လာဖို့ဆိုတဲ့စကားမျိုး အဲဒါတွေက ဖြစ်နိုင်ပါ့မလားဆိုတဲ့ ရှုထောင့်တစ်ခုရှိတယ်။ ဒီနိုင်ငံနဲ့ ပတ် သတ်ပြီး နိုင်ငံအပေါ်မှာယုံကြည်မှုက ကျဆင်းနေတာပေါ့။ ရုရှားလည်း ပိုက်ဆံထုတ်ချေးဖို့ဆိုရင် သူ့မှာ အကန့်အသတ်ရှိနေပုံရတယ်။ ယုံကြည်မှုပဲလား မသိဘူး။ တရုတ်ကလည်း လောက်လောက်လားလား သိပ်ချေးမယ့်ပုံမပေါ်ဘူး။ အခုထိတော့မတွေ့ရ သေးဘူး။ ဒီလိုမျိုး အိမ်နီးချင်း ဘယ်နိုင်ငံကြည့်လိုက် ကြည့်လိုက် ထိုင်းပဲကြည့်ကြည့် သူတို့အကုန်လုံး ထုတ်ချေးနိုင်ပါ့မလား။ သူတို့နဲ့ ဆက်စပ်နဲ့ဘဏ်တွေ အကြီးကြီးတွေရှိတယ်။ ဒါတွေလည်း ကျွန်‌တော်တို့ နိုင်ငံအပေါ်ကိုယုံကြည်ပါ့မလား။ Government Guarantee လောက်နဲ့ ယုံပါ့မလား။
ဆွေးနွေးဖော် - မဟုတ်ဘူး ။ ဒီလိုလေ Government Guarantee ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံ တကာမှာ ထွက်အလုပ်လုပ်နေကြတဲ့လူတွေကတော့ ဒီ Government Guarantee က ဘယ်လောက်ထိ တာသွားလဲ။ ဝန်ကြီးဌာနက Guarantee က ဘယ်လောက်ထိတာသွားလဲ။ လျှပ်စစ်တွေ အရောင်း အဝယ်တွေလုပ်တဲ့အခါမှာ Government နဲ့ ဒီကုမ္ပဏီနဲ့ချုပ်ထားတဲ့ Power Purchase and Guarantee ပေါ့။ အဲဒီ Guarantee က Union Level နဲ့ ချုပ်ထားတယ်ဆိုရင် သူတို့ဘက်က ယုံကြည်မှုရှိကြတယ်။ အဲဒီလိုမျိုး အာမခံတစ်ယောက် လိုတာပေါ့။ ယုံကြည်ကြတယ် ဒါပေမဲ့ သားကနေပြီးတော့ ပိုက်ဆံလာ ချေးတယ်။ သားကိုလည်း သိနေတယ်။ သူ့အဖေကိုလည်း သိနေတယ်။ သားကိုကျတော့ သိပ်မယုံရဘူး။ ဟုတ်ပါ့မလားဆိုပြီးတော့ အဖေကိုကျလှမ်းမေးတော့ ငါအာမခံပါတယ်ကွာ ငါ့သားကို ချေးပေးလိုက်ပါ ပေးလိုက်တာမျိုးပေါ့။ ခုနကပြောတဲ့ Guarantee တွေက အရမ်း စကားပြောတယ်။ ဆိုတော့ ဒီရုရှား က တော့ သူဟာသူ စစ်ဖြစ်နေတဲ့အတွက် မြန်မာပြည်ဘက်ကိုပေးတဲ့ ကမ်းတဲ့ဟာတွေကလည်း နှောင့်နှေး နေတာလည်း ဖြစ်နိုင်တာပေါ့။ ချေးမယ်ငှားမယ်ဆိုတဲ့ဟာတွေ၊ ဒါပေမဲ့ ရုရှားကလည်း ချေးဖို့ပြင်ဆင်ထား တာတွေ အများကြီးရှိတယ်။ ခုနကပြောသလို သူတို့တောင်းဆိုနေတာလည်း Government Guarantee ပဲ။ မင်းတို့ Government Guarantee ပါလာရင် မင်းတို့ကို ငါတို့အတိုးပေါပေါနဲ့ ချေးမယ်။ နိုင်ငံတော် အကြီးအကဲ‌တွေ အချင်းချင်းလက်မှတ်ထိုးပြီးတော့ G to G သွားမယ်ဆိုရင်‌တော့ အတိုးနှုန်းသည် One Digit ပဲသွားမယ်။ Percentage zero Point နဲ့ ပဲသွားမယ်။ Government Guarantee ပါရင် One Digit ၊ Two ၊ Three ၊ Four လောက် သွားမယ်။ အရပ်သားအချင်းချင်းချေးရမယ်ဆိုရင် ဂဏန်းနှစ်လုံးပဲ။ (၁၂)၊ (၁၃)၊ (၁၄) ဒါမျိုးပဲသွားမယ်ဆိုရင် သူကအာမခံပေါ်မူတည်ပြီး အတိုးကအစ ကွာတယ်။
ကျော်နု - အဲဒါဆိုတော့ သူတို့တောင်းဆိုတဲ့အဓိကက Government Guarantee ပေါ့။ ဒါဆို အားလုံး နိုင်ငံတကာက ဒါဆို ဘယ်သူကလက်မှတ်ထိုးမှာလဲ။ ဘယ်သူက Guarantee ပေးမှာလဲ ။ ပေးရဲပါ့မလား။
ဆွေးနွေးဖော်- စီမံကိန်းနှင့်ဘဏ္ဍာခွန်ဝန်ကြီးဌာနကနေ တာဝန်ယူပြီးတော့ ထိုးရတယ်။ နောက်တစ်ခါ Sovereign Guarantee ဆိုတာလည်း ရှိတယ်။ နိုင်ငံတော်ကိုယ်စားပြုတော့ အဲဒါမျိုးဆိုရင် ပေးခဲ့ဖူးတာ ရှိပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ဒါတွေပေးခဲ့ဖူးတယ်။ အဲဒါကြောင့်မို့လည်း အရင်တုန်းက အတိုး သက်သက်သာသာနဲ့ကို ချေးငွေတွေအများကြီးရှိခဲ့တယ်။
ကျော်နု - အချုပ်ပဲမေးရရင် ဒီငလျင်ကနေ စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် မဖြစ်မနေ အစိုးရ ကနေ မဖြစ်မနေစပြီးတော့ လုပ်ကိုလုပ်ရမှာက ဘာလဲ။
ဆွေးနွေးဖော် - ခုနကပြောတဲ့ Investment Banking နဲ့ ဘဏ်တွေရဲ့ လုပ်နိုင်စွမ်းတွေကို တိုးမြှင့်ပေး နိုင်ဖို့ ဒါမဖြစ်မနေလိုတယ်။ ငွေမရှိရင် ဘာမှလုပ်လို့မရဘူး။ အဲဒီတော့ ငွေရှိလာဖို့အတွက် လိုအပ်တဲ့ အသုံးပြုလို့ရတဲ့ Material တွေအကုန် အသုံးပြုရမယ်။ အဲဒါတွေက ဘာလဲဆိုတော့ ငွေမရှိပေမယ့် ငွေရှိ သလိုမျိုး ချေးငှားဝယ်ယူလို့ရအောင် အာမခံချက်ကလေးလုပ်ပေး။ ဒီမြန်မာပြည်ထဲမှာ ရောက်လာမယ့် စက်ပစ္စည်းတွေဖြစ်တဲ့အတွက် သူတို့ ဘာမှဆုံးရှုံးစရာမရှိတဲ့ဟာမျိုး ဒါပညာရှင်တွေနဲ့ လေ့လာကြည့်ပြီး တော့ ဒီပရောဂျက်သည် ဆုံးရှုံးနိုင်စရာမရှိဘူး။ ဒါမျိုးဆို ငါတို့ထောက်ခံပေးလိုက်လို့၊ အာမခံပေးလိုက်လို့ ဒီပရောဂျက်တွေဖြစ်လာရင် လက်ရှိ ငလျင်ကာလမှာမက နောက်အနှစ် (၂၀)၊ (၃၀) အထိ အသုံးတည့် သွားမယ်။ ဒါမျိုးလေးတွေကို သူတို့ ပံ့ပိုးပေးလိုက်ဖို့လိုတယ်။ ကျွန်တော်ခုနက ပြောသလိုပေါ့။ ကုန်ကြမ်း ရောင်းရင် တစ်ကျပ်လောက်ပဲရမယ်။ ကုန်ချောရောင်းရင် ငါးကျပ် လောက်ရမဲ့ကိစ္စမျိုးမှာ Processing Factory အတွက် ရင်းနှီးမြှုပ်နှံမှုမျိုး ရင်းပေးလိုက်တဲ့ ပရော ဂျက်မျိုးတွေလုပ်မယ်ဆိုရင် မြန်မာပြည်မှာ ခုနကပြောတဲ့ စိုက်ပျိုးရေးကိုအ‌ခြေခံ၍တွေရော၊ စက်မှုလက်မှုကို အခြေခံ၍တွေရော၊ စက်မှုကုန်ကြမ်း တွေရော၊ စိုက်ပျိုးရေးကုန်ကြမ်းတွေရောက ဠေူကန ဗိနိ ဖြစ်ပြီးတော့ ခုတစ်ကျပ်နဲ့ရောင်းနေတဲ့ ဟာက လေး၊ ငါးကျပ်နဲ့ရောင်းရတဲ့အတွက်နိုင်ငံခြားဝင်ငွေက လေး၊ ငါးဆ တိုးလာမယ်။ အဓိက အဲဒါကို လုပ်ရ မယ်။ ‌နောက်တစ်ခါ ကြုံလို့ပြောပြတာပါ။ ကျွန်တော်တို့ ပြီးခဲ့တဲ့အပတ်က မလေးရှားက လန်ဂါဝီဆိုတဲ့ ကျွန်းကို သွားလည်တယ်။ ဒီနှစ် နိုင်ငံခြားသား (၂)သန်းပဲဝင်လို့ Taxi သမားက သူ့အစိုးရကို ဒေါသတွေ ထွက်နေတာ။ ဒီအစိုးရက အ‌ရှေ့အလယ်ပိုင်းက ငွေများများသုံးနိုင်တယ်ဆိုပြီး ‌အဲဒီလိုလူတွေကို ခေါ် တယ်ပေါ့။ တကယ် Volume နဲ့လာမယ့်လူတွေကိုမခေါ်ဘူးပေါ့။ လူ(၂)သန်းလောက်ပဲ လာတယ်ပေါ့။ အမှန်ဆို ဒီကျွန်းလေး ဘာမှပြစရာမရှိဘူး။ ‌ရေပတ်လည်ဝိုင်းနေတဲ့ကျွန်းနဲ့ မိုးသစ်တောကြီးပဲရှိတဲ့ ကျွန်း လေးက ခရီးသည် (၂)သန်းလာတယ်။ ကျွန်တော်တို့မြန်မာပြည်မှာ (၂)သန်းဆိုရင် ပြစရာနေရာ အများ ကြီးပဲ။ အဲဒီကျွန်း ထက်စာရင် အများကြီးသာတယ်။ အဲဒီတော့ Tourism လုပ်ငန်းကို အာမခံချက်ရှိရှိနဲ့ ဟိုဘက်က တောင်းဆိုတဲ့ ဟိုတယ်အခန်းလုံလောက်ရေး။ နောက်တစ်ခါ ဒီလူတွေအများကြီးလာတဲ့ အတွက် ဒီဟိုတယ်ခန်းခတွေကို တစ်ခန်းကိုဒေါ်လာနှစ်ရာလောက် ရောင်းနေမယ့်အစား တစ်ခန်းကို ဒေါ်လာ (၇၀)၊ (၈၀)နဲ့ အခန်းပြည့်အောင် ရောင်းတာမျိုးနဲ့ Package Tour တွေကို သေချာဆွဲဆောင် နိုင်မယ်ဆိုရင် မြန်မာပြည်ရဲ့စီးပွားရေးက ဒီအချိန်မှာ Tour ကနေလည်းပြန်စလို့ရတယ်။ Tour နဲ့ ပြစရာ နေရာတွေလည်း အများကြီးကျန်သေးတယ် အခုထိလေ။ အဲဒီတော့ ထိုင်းဆိုရင် လူတိုင်းကစိတ်ညစ်နေ ပြီ။ ထိုင်းက Tourist က တဖြည်းဖြည်းနဲ့လည်း ကျနေပြီ။ အရင်တုန်းက ထိုင်းက အများကြီးရှိတယ်။ (၃၄)၊ (၃၅)သန်းလောက်ရှိတယ်။ အခုထိုင်းက သန်း(၃၀)တောင်မပြည့်တော့ဘူး။ မလေးရှားက (၃၇) သန်း၊ (၃၈)သန်း ဖြစ်လာပြီပေါ့။ Trend တွေကပြောင်းနေတယ်။ အဲဒီတော့ မြန်မာပြည်ကိုဆွဲခေါ်မယ် ဆိုရင် Tour လုပ်ငန်းကိုသာ သေချာမြှင့်တင်ပေးပြီးတော့ ဒီနိုင်ငံခြားသားတွေကို မြန်မာပြည်ကို ဆွဲ‌ခေါ် မယ်ဆိုရင် မြန်မာပြည်ကအကောင်းဆုံးအချိန်ပဲ။ အဲဒီချိန်မှာ Tour လုပ်ငန်းကိုလည်း ဦးစားပေးပြီးတော့ အားထည့်ပေးဖို့လိုတယ်။ Tour လုပ်ငန်းနဲ့ပတ်သက်တဲ့ Infrastructure တွေကိုလည်း အားထည့်ပြီး လုပ်ဖို့လိုတယ်။ နောက်တစ်ခါ Government Guarantee တို့၊ ဝန်ကြီးဌာနက Guarantee တို့ မကြောက် ပါနဲ့။ ပညာရှင်တွေနဲ့လေ့လာပြီးတော့ ဆုံးရှုံးမှုမရှိနိုင်တဲ့ ပရောဂျက်မျိုးဆိုရင် ရဲရဲပေးလိုက် ပါမယ်။ မြန်မာပြည်မှာ ဒါတွေ စီးဝင်လာရင်အများကြီး အောင်မြင်သွားပါလိမ့်မယ်။ ကျွန်တော်ကတော့ အဲဒါပဲအ ကြံပေးချင်တာပေါ့နော်။
ကျော်နု - ကျွန်တော်က တစ်ခုပဲအပိတ်ပြောရရင် သက်ဆိုင်ရာ Guarantee ပေးရမယ့် လူပုဂ္ဂိုလ် ကိုယ်စားပြုတဲ့လူတွေက တာဝန်မခံချင်ကြတဲ့ ပြဿနာက ဒီနိုင်ငံမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်လာ တယ်လို့ထင်တယ်။ ကျွန်တော်က စီမံဘဏ္ဍာဝန် ကြီးပဲဆိုပါစို့။ ကျွန်တော်လက်မှတ်ထိုးမပေးချင်ဘူး။ ကောင်းရင်တော့ ကျွန်တော့်ကြောင့်ကောင်းတာလို့ ပြောပြီးတော့ ဆိုးရင်တော့ ငါနဲ့မဆိုင်ဘူးပြောချင် ကြတဲ့ တာဝန်မခံချင်ကြတာပေါ့။ တာဝန်တော့ရှိတယ်။ ထိုင်ခုံမှာထိုင်ကြတယ်။ တာဝန်တော့မခံကြဘူး။ အဲဒီပြဿနာကြောင့်ပဲ ကျွန်တော်တို့ တချို့ကိစ္စတွေ လုပ်လို့မရဘူးလို့ယူဆတယ်။
ဆွေးနွေးဖော် - သူက ဝန်ကြီးဌာနရဲ့ ဝန်ကြီးဖြစ်လာ ပြီဆိုမှတော့ ဒီဝန်ကြီးဌာနတစ်ခုလုံးရဲ့ ကောင်းမွေ၊ ဆိုးမွေက သူနဲ့ဆိုင်တယ်။ တာဝန် မယူတာဝန်မခံနိုင်ဘူးဆိုရင် ဝန်ကြီးမလုပ်နဲ့လေ။ သူက သူများတိုင်း ပြည်က ဝန်ကြီးတွေကျတော့ ဘာလို့ တာဝန်ခံလဲ။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရတယ်။ ဥပမာ လုပ်ငန်း တစ်ခု လုပ်တယ်။ မအောင်မြင်ဘူး။ သူရာထူးက နုတ်ထွက်သွားတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ အဲဒီ လို လုပ်ရဲတဲ့ဝန်ကြီးဌာနက ဝန်ကြီးကမရှိဘူး။ ဒါကို မလုပ်နိုင်ရင် ငါထွက်သွားတယ်ဆိုတဲ့ တာဝန်ခံနိုင် တဲ့လူ မရှိကြဘူး။ ဒီရာထူးပြုတ်မှာစိုးလို့ တွယ်ကပ်ပြီး အပြစ်မရှိအောင် လှည့်ပတ်နေနေကြတာ။ အမှန် ကတော့ တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်။ လူကြီးတွေကလည်း ဒါသည် သူ့တိုင်း ပြည်အတွက်တကယ်လိုအပ်တာကို သူလုပ်ပေးတာဆိုပြီး နားလည်ပေးပြီးတော့ သွားမယ်ဆိုရင် တင်ပြ ရဲဖို့လိုတယ်။ တင်ပြတော့မှပဲ လူကြီးကလည်းသိမှာ။ နောက်တစ်ခါ မှန်တယ်ဆိုရင် လုပ်ရဲဖို့လိုတာ။ အဓိကက ကျွန်တော်ပြောသလိုပေါ့။ ပုဂ္ဂလိကအစွဲကင်းဖို့နဲ့ ကိုယ်ကျိုးအတ္တကင်းပြီးတော့ ဒါသည် နိုင်ငံကောင်းဖို့ အတွက် ငါတကယ်လုပ်တာဆိုရင် ဘာမှ မခံရတော့ဘူး။ တာဝန်မခံနိုင်စရာမရှိဘူး။ ဒါနိုင်ငံအတွက်လုပ်တာပဲ။ နိုင်ငံရဲ့ တာဝန်ယူထားတဲ့ဝန်ကြီးဌာနဲ့ တာဝန်ရှိတဲ့လူတစ်ယောက်အနေနဲ့ ငါဆုံးဖြတ်ပြီး ငါလုပ်မယ်။ အဲဒီလိုမျိုးတွေ ဆုံးရှုံးမှုမဖြစ်အောင် သူ့ပညာရှင်တွေက ဝိုင်းဝန်းပြီး ဆုံးရှုံးနိုင် ခြေ၊ ဖြစ်မြောက်နိုင်စွမ်းရှိ၊ မရှိ၊ ဆုံးရှုံးနိုင်စွမ်း ရှိ၊ မရှိ ဒါတွေကို စိစစ်ပြီးတော့မှ ဒါသည်ဖြစ်နိုင်တယ်ဆိုမှ ပညာရှင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ကြတာလေ။ ဒီလိုမျိုး ဝိုင်းကြီးချုပ်ပုံစံမျိုး လုပ်ကြတာပေါ့။ Financial Analysis အရဖြစ်နိုင်တယ်။ Repayment အရ ပြန်လည် ပေးဆပ်နိုင်စွမ်းလည်းရှိနိုင်တယ်။ ဒါသည် သေချာပေါက် အောင်မြင်မယ့်အလုပ်မို့လို့ ပေးတာဆိုရင် အားလုံးကောင်းသွားတာပဲ။ ရည်ရွယ် ချက်ကောင်းပြီး အစွဲကင်းဖို့ပဲလိုပါတယ်။ အဲဒီအပေါ်မှာဆိုရင် တာဝန် မခံရဲစရာ ဘာမှမရှိပါဘူး။

Zawgyi Version:
“တာဝန္မယူ+တာဝန္မခံႏိုင္ရင္ ဝန္ႀကီးမလုပ္နဲ႔ေလ။ ရာထူးျပဳတ္မွာစိုးလို႔ တြယ္ကပ္ၿပီး . . .”
ေစာ (NP News)
ေနျပည္ေတာ္တြင္ ေမလ(၃၀)ရက္ႏွင့္ (၃၁)ရက္တို႔တြင္က်င္းပခဲ့သည့္ ငလ်င္အလြန္ ျမန္မာ့စီး ပြားေရးကုစားျခင္းႏွင့္ ျပန္လည္ထူေထာင္ျခင္း သုံးသပ္ေဆြးေႏြးပြဲအေပၚ တကယ္လိုအပ္ေနသည့္အခ်က္ မ်ားႏွင့္ပတ္သက္၍ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးႏွင့္ ေဆြးေႏြးထားျခင္းကို ေဖာ္ျပေပးသြားပါမည္။

(ယခင္တစ္ပတ္မွအဆက္)

ေဆြးေႏြးေဖာ္ - ဒါကေလ ႏိုင္ငံေတာ္က လုပ္မွာလားေပါ့။ ဒါကိုလုပ္မယ္ဆိုရင္ ဘဏ္ေတြအေနနဲ႔ ကလည္း ျပည္သူေတြေငြကိုယူထားကတည္းက (၈)ရာခိုင္ႏႈန္း၊ (၉)ရာခိုင္ႏႈန္း အတိုးေပးထားတာ။ အဲဒီေအာက္မွာ သူေလွ်ာ့ေပးဖို႔က မျဖစ္ႏိုင္ဘူးေလ။ ဒီထက္ေလွ်ာ့ေပးေစခ်င္ရင္ ဘယ္သူစိုက္မွာလဲ ဆိုတဲ့ ဇာတ္လမ္းရွိတယ္ေလ။ အဲဒါေၾကာင့္ (၈)ထက္က်ဖို႔မလြယ္ဘူး။ ဒါေပမဲ့ အဲဒီေတာ့ (၄)ရာခိုင္ႏႈန္း၊ (၅)ရာခိုင္ႏႈန္းနဲ႔ ေပးမယ္ဆိုရင္လည္း သူတို႔အသက္သာဆုံးေပးႏိုင္တာ။ Collateral မပါဘဲ ေပးမယ္ ဆိုရင္ကို ဒါေတာ္ေတာ္ႀကီး ဘဏ္ေတြအေနနဲ႔ စြန႔္စားရာေရာက္သြားၿပီ။ ခုနကကြၽန္ေတာ္ေျပာသလို Project Financing မဟုတ္ဘူး။ Investment Banking ပုံစံမ်ိဳးမဟုတ္ဘဲနဲ႔ ပေရာဂ်က္ကို ေခ်းတာ မ်ိဳး မဟုတ္ဘဲနဲ႔ ဒီလိုမ်ိဳးအလြတ္ေခ်းရတဲ့ပုံစံမ်ိဳးျဖစ္တာေပါ့။ အခုကေတာ့ ဘဏ္ေတြက Collateral ဆို တဲ့ဟာမ်ိဳး ယူယူထားၿပီး မွေခ်းၾကတာကိုး။ အဲဒါေၾကာင့္ ကြၽန္ေတာ္ေျပာတာ Collateral ယူေခ်းတာမ်ိဳး မဟုတ္ဘဲနဲ႔ ပိုင္ဆိုင္မႈမရွိရင္ ဘာမွလုပ္လို႔မရတဲ့ပုံစံျဖစ္သြားတာကို ဒီလိုမ်ိဳး Investment Banking? Project Banking ဆိုတာမ်ိဳးသြားရင္ သူတို႔ရဲ႕ Policy ျပဳျပင္ၿပီး အဲဒီလိုမ်ိဳးသြားမယ္ဆိုရင္ အလုပ္ေတြ အမ်ားႀကီး လုပ္လို႔ရလာလိမ့္မယ္။
ေက်ာ္ႏု - အခုကြၽန္ေတာ္ေနာက္တစ္ခုၾကားတာက ပုဂၢလိကဘဏ္ေတြရယ္၊ ဗဟိုဘဏ္ရယ္ သူတို႔သီး သန႔္ေဆြးေႏြးေနၾကတာရွိတယ္ၾကားတယ္။ အခု ငလ်င္ နဲ႔ပတ္သက္ၿပီးေခ်းေငြထုတ္တာ၊ ႏိုင္ငံေတာ္ ကေနၿပီးေတာ့ Fund တစ္ခုလာမယ္။ ပုဂၢလိကဘဏ္ေတြအား လုံးကဝင္လာတဲ့ Fund တစ္ခုလာမယ္။ အဲဒီႏွစ္ခုနဲ႔ ႏိုင္ငံတကာကေန ေခ်းေငြေတြရမလား၊ မရလားေတာ့မသိဘူး။ ျဖစ္ႏိုင္ေျခကေတာ့ ႏိုင္ငံ ေတာ္ ေခ်းေငြေတြ အခုခ်ိန္မွာ ေပးေကာင္းေပးလိမ့္မယ္။ အဲဒီသုံးခုေပါင္းၿပီးေတာ့ ဒီငလ်င္ျပန္လည္ ထူေထာင္ေရးနဲ႔ပတ္သက္တဲ့ဆက္စပ္တဲ့လုပ္ငန္းေတြလုပ္ဖို႔ ဆြဲတင္ေပးတာေတြ ျဖစ္လိမ့္မယ္လို႔ ခန႔္မွန္း လို႔ရတယ္။
ေဆြးေႏြးေဖာ္- ႏိုင္ငံတကာဘဏ္ေတြက ေပးမယ္ဆိုတဲ့ဟာက ဥပမာ ဒီတိုင္းျပည္မွာငလ်င္ျဖစ္သြားလို႔ကူ ညီတယ္။ လႉၾကတယ္ဆိုတဲ့ဟာကို စုထားတဲ့ေငြ ျဖစ္ေကာင္းျဖစ္ႏိုင္တာေပါ့။ ဒါမ်ိဳးဆိုရင္ေတာ့ အတိုး မပါဘူးေလ။ သက္သာတယ္။ ဒါေတြကိုေပါင္းၿပီးလုပ္တာလည္းျဖစ္ႏိုင္တယ္။ အျပင္ဘဏ္ေတြကေတာ့ သူတို႔ေတာင္ (၈) ရာခိုင္ႏႈန္းေပးၿပီးမွ ယူထားတဲ့ဟာကိုး ဒါေတာင္သူတို႔ပိုက္ဆံမဟုတ္ဘူးေလ။ ဘဏ္ ေတြရဲ႕ပိုက္ဆံက ျပည္သူ႔ပိုက္ဆံပဲ။ ဗဟိုဘဏ္ဆိုတာလည္း ဒီဘဏ္ေတြက သြားထားထားတဲ့ပိုက္ဆံပဲ။ ႐ိုက္ထုတ္လို႔ရတဲ့ဟာႀကီးကိုေတာ့ ဗဟိုဘဏ္က လည္း လုပ္ထားမွာမဟုတ္ဘူး။ ဘယ္ေလာက္ရွိရင္ ဘယ္ေလာက္ျမတ္ရမယ္။ ေငြဘယ္ေလာက္ထားရ မယ္။ စည္းမ်ဥ္းစည္းကမ္းေတြရွိၿပီးသား ဒီထက္ ေက်ာ္လြန္ၿပီးသူတို႔လည္းလုပ္လို႔မရဘူး။ ဘယ္သူကအရႈံးခံထည့္မွာလဲဆိုတဲ့ဟာအဲဒီမွာ လာတာေလ။ ဆိုေတာ့ ႏိုင္ငံတကာကေနၿပီးေတာ့ အလႉေငြ အေနနဲ႔ရထားတဲ့ ေငြကိုေျပာင္းလဲၿပီးထည့္လိုက္မယ္ ဆိုရင္ေတာ့ သူက Zero Interest ျဖစ္တဲ့အတြက္ ဒီဘက္ကဟာေတြနဲ႔ average ခ်လိုက္ရင္ သက္သာ ေကာင္း သက္သာသြားႏိုင္တယ္။ ဒါမ်ိဳးပဲျဖစ္ႏိုင္တယ္။ ဘဏ္ေတြကေတာ့ ကြၽန္ေတာ့္အထင္ (၈)ရာခိုင္ ႏႈန္းေအာက္ ဆင္းေပးဖို႔မလြယ္ဘူး။ ဘာျဖစ္လို႔ဆို အတိုးက သူေပးေနရတာကိုး။ အဲဒီေတာ့ ခုနကေျပာ သလိုေပါ့။ ဘဏ္ေတြအားလုံးကေနၿပီးေတာ့ အာမခံၿပီးေတာ့မွ ကြၽန္ေတာ္ခုနကေျပာတဲ့ Guarantee ဆို တာ Investment Banking ဒီကိစၥ ဘဏ္တိုင္း နားလည္တယ္။ လုပ္လို႔မရလို႔သာမလုပ္တာ။ လုပ္ခ်င္ေန တဲ့ဘဏ္ေတြလည္းအမ်ားႀကီးရွိတယ္။ အဲဒီဟာကို ခြင့္ျပဳလိုက္ရင္ ႏိုင္ငံတကာကေငြေတြ အမ်ားႀကီး ေရာက္လာမွာ အဲဒါေတာ့ေသခ်ာတယ္။
ေက်ာ္ႏု - ေရွ႕မွာေျပာသြားတာတစ္ခုရွိတယ္။ ငလ်င္နဲ႔ ပတ္သက္ၿပီး ျပန္လည္ထူေထာင္ေရး ေကာ္မတီ ႀကီး တစ္ခုဖြဲ႕ဖို႔ဆိုတာမ်ိဳးေျပာတယ္။ အဲဒီေအာက္မွာမွ စီးပြားေရးနဲ႔ဆိုင္တဲ့ ေကာ္မတီျပန္ဖြဲ႕၊ ေဆာက္လုပ္ ေရးနဲ႔ဆိုင္တဲ့ဟာ ျပန္ဖြဲ႕တာမ်ိဳး အဲဒီလိုမ်ိဳးသုံးသပ္ခ်က္ေတြ႕ရတယ္။ အဲဒီလိုေကာ္မတီမွာ ဘယ္လိုလူမ်ိဳး ေတြ ပါဖို႔လိုလဲ။ အစိုးရက ေကာ္မတီဖြဲ႕လိုက္ရင္လည္း မ်ားေသာအားျဖင့္ ဗိုလ္ခ်ဳပ္ႀကီးဘယ္သူ။ သူက ဒါဦးေဆာင္တယ္ ၿပီးသြားရင္ ေအာက္ကေနက်န္တဲ့လူေတြ ပါတယ္ဆိုေပမယ့္ အရပ္ဘက္ကသက္ဆိုင္ တဲ့လူေတြ ပါဝင္ပတ္သက္မႈက ေတာ္ေတာ္နည္းတာေတြ႕ရတယ္။ ဘယ္လိုဖြဲ႕သင့္လဲ။
ေဆြးေႏြးေဖာ္ - ဗိုလ္ခ်ဳပ္ႀကီးေတြပါတာကေတာ့ ဒါကေတာ့ပါရမွာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔က လက္ရွိ ႏိုင္ငံေတာ္မွာတာဝန္ယူထားတဲ့လူေတြျဖစ္တယ္။ သူတို႔က မေျပာင္းလဲ၊ မတိမ္း‌ေစာင္းေအာင္ ဝိုင္းထိန္းေပးမဲ့ ဗိုလ္ခ်ဳပ္ႀကီးတစ္ေယာက္ကို တာဝန္ေပးလိုက္တယ္။ သူေပးလိုက္တဲ့ဗိုလ္ခ်ဳပ္ႀကီးက Vision ရွိဖို႔လိုတယ္။ Knowledge ရွိဖို႔လိုတယ္။ ႏိုင္ငံတကာ Funding ကို သူေကာင္းေကာင္း နားလည္ ဖို႔လိုတယ္။ သူက ငလ်င္ကာလအလြန္ ႏိုင္ငံ့ စီးပြားေရးျပန္လည္ထူေထာင္ေရးေကာ္မတီက အရမ္း အေရးႀကီးတယ္။ ဒီကေနစၿပီး ဆြဲတင္သြားႏိုင္ရင္ ႏိုင္ငံေတာ္ရဲ႕စီးပြားေရးပါ တစ္ခါတည္းဆြဲပါသြားႏိုင္တဲ့ အ‌ေနအထားမွာရွိတယ္။ ဒါေလးက သုံးသပ္ဖို႔ပဲလိုတာ။ ပါသင့္တာကအခုနေျပာသလို National Planning က ဝန္ႀကီးဌာနက ပညာရွင္ေတြ ပါသင့္ တယ္။ ေနာက္တစ္ခါ ဘ႑ာအခြန္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနက ပညာရွင္ေတြပါသင့္တယ္။ ဘဏ္ေတြထဲက ကိုယ္စားလွယ္ေတြပါ လာသင့္ တယ္။ အဲဒီလိုေတြနဲ႔စုဖြဲ႕ထားၿပီးေတာ့ ေနာက္တစ္ခါ ကိုဗစ္ ကာလအလြန္ စီးပြားေရးထူေထာင္သလို ေတာ့ မျဖစ္ဖို႔အေရးႀကီးတာေပါ့။ အဲဒီတုန္းကလည္း တခ်ိဳ႕ေထာင္လိုက္တယ္။ ဘတ္ဂ်က္ဘယ္ေလာက္ ခ်ေပးလိုက္တယ္။ UMFCCI ဆိုတဲ့ဟာမ်ိဳးဇာတ္လမ္းမ်ိဳးေတြ သူတို႔နဲ႔နီးစပ္တဲ့ကုမၸဏီေတြက ခြဲယူသြား တယ္။ ေအာက္ကိုတကယ္ မေရာက္ဘူးဆိုတာမ်ိဳးေတြ မျဖစ္ဖို႔လိုတာေပါ့။ ဟိုတယ္ခရီးဝန္ႀကီးေဟာင္း ဦးအုန္းေမာင္ဆိုရင္ သူနဲ႔ ကုမၸဏီေတြနဲ႔ ခြဲယူထားတာ။ အဲဒီလိုခြဲယူသြားတာေတြ နည္းတာမဟုတ္ဘူး။ အဲဒီ လိုမ်ိဳးမျဖစ္ဖို႔ တကယ္ေကာင္းၿပီး တကယ္ကို အက်ိဳး ျပဳတဲ့ပေရာဂ်က္ကို ေငြဝင္သြားဖို႔လိုတာ လူေ႐ြးစရာ မလိုဘူး။ ပုဂၢလိကစြဲစရာမလိုဘူး။ အသင္းအဖြဲ႕စြဲစရာ မလိုဘူး။ အဲဒီပေရာဂ်က္သည္ တကယ္တိုင္းျပည္အတြက္ အက်ိဳးျပဳမယ့္ပေရာဂ်က္ဆိုရင္ ဝိုင္းေထာက္ခံေပးလိုက္ဖို႔လိုတယ္။
ေက်ာ္ႏု - ဒါေပမဲ့ျပႆနာက ကြၽန္ေတာ္တို႔ႏိုင္ငံမွာရွိတဲ့ ေကာ္မတီေတြက အလုပ္မွမျဖစ္တာ။ ၿပီးခဲ့တဲ့ လပိုင္းေတြက လွ်ပ္စစ္ေကာ္မတီအပါအဝင္ ေကာ္မတီသုံးခုေလာက္ဖြဲ႕ထားတယ္။ ၿပီးခဲ့တဲ့ သိပ္မၾကာ ေသးခင္က တစ္ႏွစ္ေတာင္ျပည့္ေတာ့မယ္။ ေကာ္မတီ သုံးခုသာဖြဲ႕ထားတာ အဲဒီေကာ္မတီသုံးခုရဲ႕ ေျခစြမ္းေျခစ အခုထိ ဘာမွမေတြ႕ရေတာ့ ငလ်င္ျပန္လည္ထူေထာင္ေရးေကာ္မတီလည္း တကယ္သာ ျဖစ္လာရင္ တကယ္ေကာ ေျခစြမ္းေျခစျပပါ့မလားဆိုတာ ေတြးစရာျဖစ္မေနဘူးလား။
ေဆြးေႏြးေဖာ္ - အဲဒါက ကြၽန္ေတာ္ခုနကေျပာသလိုေပါ့။ ဦးေဆာင္တဲ့လူက Vision ရွိဖို႔လိုတယ္။ အေျမာ္ အျမင္ရွိၿပီးေတာ့ ရဲရဲတင္းတင္းနဲ႔တြန္းလုပ္ႏိုင္ဖို႔လိုတယ္။ ေနာက္သူ႔ကိုလည္း ဝိုင္းဝန္းပံ့ပိုးေပးတဲ့ အဖြဲ႕ ေတြက Figures အမွန္ေတြ သတင္းအမွန္ေတြနဲ႔ ဝိုင္းလုပ္ၾကဖို႔လိုတာေပါ့။ ဘာေကာ္မတီပဲ ဖြဲ႕လိုက္ဖြဲ႕ လိုက္ အလုပ္မျဖစ္ဘူးဆိုတာ သတင္းအမွန္ မေရာက္ဘူး။ ျပတ္ျပတ္သားသားဆုံးျဖတ္ၿပီးေတာ့ ဦး ေဆာင္ၿပီးေတာ့ တြန္းတြန္းတိုက္တိုက္သြားမယ္ဆိုတဲ့ ဟာမ်ိဳးမရွိလို႔ျဖစ္တာပါ။ ကြၽန္ေတာ့္အထင္ ကေတာ့ ဒါကအေရးႀကီးေနၿပီ။ ဒီလိုအေျခအေနမ်ိဳးမွာေတာ့ အေျမာ္အျမင္ေကာင္းေကာင္းနဲ႔ ေသခ်ာ လုပ္မယ္ဆိုရင္ေတာ့ ကြၽန္‌ေတာ္ေျပာသလိုေလ ငလ်င္ကာလမွာ မဟုတ္ဘူး တိုင္းျပည္ရဲ႕စီးပြားေရးပါ ဒီကေနစၿပီး ဆြဲေခၚသြားလို႔ရတယ္။
ေက်ာ္ႏု - ခုနက ေျပာတဲ့ဟာတစ္ခုရွိတယ္။ ႏိုင္ငံတကာ Financing ေတြ ငလ်င္ကိုအေၾကာင္းျပၿပီ ဒီထဲ ကို ဝင္လာဖို႔ဆိုတဲ့စကားမ်ိဳး အဲဒါေတြက ျဖစ္ႏိုင္ပါ့မလားဆိုတဲ့ ရႈေထာင့္တစ္ခုရွိတယ္။ ဒီႏိုင္ငံနဲ႔ ပတ္ သတ္ၿပီး ႏိုင္ငံအေပၚမွာယုံၾကည္မႈက က်ဆင္းေနတာေပါ့။ ႐ုရွားလည္း ပိုက္ဆံထုတ္ေခ်းဖို႔ဆိုရင္ သူ႔မွာ အကန႔္အသတ္ရွိေနပုံရတယ္။ ယုံၾကည္မႈပဲလား မသိဘူး။ တ႐ုတ္ကလည္း ေလာက္ေလာက္လားလား သိပ္ေခ်းမယ့္ပုံမေပၚဘူး။ အခုထိေတာ့မေတြ႕ရ ေသးဘူး။ ဒီလိုမ်ိဳး အိမ္နီးခ်င္း ဘယ္ႏိုင္ငံၾကည့္လိုက္ ၾကည့္လိုက္ ထိုင္းပဲၾကည့္ၾကည့္ သူတို႔အကုန္လုံး ထုတ္ေခ်းႏိုင္ပါ့မလား။ သူတို႔နဲ႔ ဆက္စပ္နဲ႔ဘဏ္ေတြ အႀကီးႀကီးေတြရွိတယ္။ ဒါေတြလည္း ကြၽန္‌ေတာ္တို႔ ႏိုင္ငံအေပၚကိုယုံၾကည္ပါ့မလား။ Government Guarantee ေလာက္နဲ႔ ယုံပါ့မလား။
ေဆြးေႏြးေဖာ္ - မဟုတ္ဘူး ။ ဒီလိုေလ Government Guarantee ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံ တကာမွာ ထြက္အလုပ္လုပ္ေနၾကတဲ့လူေတြကေတာ့ ဒီ Government Guarantee က ဘယ္ေလာက္ထိ တာသြားလဲ။ ဝန္ႀကီးဌာနက Guarantee က ဘယ္ေလာက္ထိတာသြားလဲ။ လွ်ပ္စစ္ေတြ အေရာင္း အဝယ္ေတြလုပ္တဲ့အခါမွာ Government နဲ႔ ဒီကုမၸဏီနဲ႔ခ်ဳပ္ထားတဲ့ Power Purchase and Guarantee ေပါ့။ အဲဒီ Guarantee က Union Level နဲ႔ ခ်ဳပ္ထားတယ္ဆိုရင္ သူတို႔ဘက္က ယုံၾကည္မႈရွိၾကတယ္။ အဲဒီလိုမ်ိဳး အာမခံတစ္ေယာက္ လိုတာေပါ့။ ယုံၾကည္ၾကတယ္ ဒါေပမဲ့ သားကေနၿပီးေတာ့ ပိုက္ဆံလာ ေခ်းတယ္။ သားကိုလည္း သိေနတယ္။ သူ႔အေဖကိုလည္း သိေနတယ္။ သားကိုက်ေတာ့ သိပ္မယုံရဘူး။ ဟုတ္ပါ့မလားဆိုၿပီးေတာ့ အေဖကိုက်လွမ္းေမးေတာ့ ငါအာမခံပါတယ္ကြာ ငါ့သားကို ေခ်းေပးလိုက္ပါ ေပးလိုက္တာမ်ိဳးေပါ့။ ခုနကေျပာတဲ့ Guarantee ေတြက အရမ္း စကားေျပာတယ္။ ဆိုေတာ့ ဒီ႐ုရွား က ေတာ့ သူဟာသူ စစ္ျဖစ္ေနတဲ့အတြက္ ျမန္မာျပည္ဘက္ကိုေပးတဲ့ ကမ္းတဲ့ဟာေတြကလည္း ေႏွာင့္ေႏွး ေနတာလည္း ျဖစ္ႏိုင္တာေပါ့။ ေခ်းမယ္ငွားမယ္ဆိုတဲ့ဟာေတြ၊ ဒါေပမဲ့ ႐ုရွားကလည္း ေခ်းဖို႔ျပင္ဆင္ထား တာေတြ အမ်ားႀကီးရွိတယ္။ ခုနကေျပာသလို သူတို႔ေတာင္းဆိုေနတာလည္း Government Guarantee ပဲ။ မင္းတို႔ Government Guarantee ပါလာရင္ မင္းတို႔ကို ငါတို႔အတိုးေပါေပါနဲ႔ ေခ်းမယ္။ ႏိုင္ငံေတာ္ အႀကီးအကဲ‌ေတြ အခ်င္းခ်င္းလက္မွတ္ထိုးၿပီးေတာ့ G to G သြားမယ္ဆိုရင္‌ေတာ့ အတိုးႏႈန္းသည္ One Digit ပဲသြားမယ္။ Percentage zero Point နဲ႔ ပဲသြားမယ္။ Government Guarantee ပါရင္ One Digit ၊ Two ၊ Three ၊ Four ေလာက္ သြားမယ္။ အရပ္သားအခ်င္းခ်င္းေခ်းရမယ္ဆိုရင္ ဂဏန္းႏွစ္လုံးပဲ။ (၁၂)၊ (၁၃)၊ (၁၄) ဒါမ်ိဳးပဲသြားမယ္ဆိုရင္ သူကအာမခံေပၚမူတည္ၿပီး အတိုးကအစ ကြာတယ္။
ေက်ာ္ႏု - အဲဒါဆိုေတာ့ သူတို႔ေတာင္းဆိုတဲ့အဓိကက Government Guarantee ေပါ့။ ဒါဆို အားလုံး ႏိုင္ငံတကာက ဒါဆို ဘယ္သူကလက္မွတ္ထိုးမွာလဲ။ ဘယ္သူက Guarantee ေပးမွာလဲ ။ ေပးရဲပါ့မလား။
ေဆြးေႏြးေဖာ္- စီမံကိန္းႏွင့္ဘ႑ာခြန္ဝန္ႀကီးဌာနကေန တာဝန္ယူၿပီးေတာ့ ထိုးရတယ္။ ေနာက္တစ္ခါ Sovereign Guarantee ဆိုတာလည္း ရွိတယ္။ ႏိုင္ငံေတာ္ကိုယ္စားျပဳေတာ့ အဲဒါမ်ိဳးဆိုရင္ ေပးခဲ့ဖူးတာ ရွိပါတယ္။ ကြၽန္ေတာ္တို႔တိုင္းျပည္မွာ ဒါေတြေပးခဲ့ဖူးတယ္။ အဲဒါေၾကာင့္မို႔လည္း အရင္တုန္းက အတိုး သက္သက္သာသာနဲ႔ကို ေခ်းေငြေတြအမ်ားႀကီးရွိခဲ့တယ္။
ေက်ာ္ႏု - အခ်ဳပ္ပဲေမးရရင္ ဒီငလ်င္ကေန စီးပြားေရးျပန္လည္ထူေထာင္ေရးအတြက္ မျဖစ္မေန အစိုးရ ကေန မျဖစ္မေနစၿပီးေတာ့ လုပ္ကိုလုပ္ရမွာက ဘာလဲ။
ေဆြးေႏြးေဖာ္ - ခုနကေျပာတဲ့ Investment Banking နဲ႔ ဘဏ္ေတြရဲ႕ လုပ္ႏိုင္စြမ္းေတြကို တိုးျမႇင့္ေပး ႏိုင္ဖို႔ ဒါမျဖစ္မေနလိုတယ္။ ေငြမရွိရင္ ဘာမွလုပ္လို႔မရဘူး။ အဲဒီေတာ့ ေငြရွိလာဖို႔အတြက္ လိုအပ္တဲ့ အသုံးျပဳလို႔ရတဲ့ Material ေတြအကုန္ အသုံးျပဳရမယ္။ အဲဒါေတြက ဘာလဲဆိုေတာ့ ေငြမရွိေပမယ့္ ေငြရွိ သလိုမ်ိဳး ေခ်းငွားဝယ္ယူလို႔ရေအာင္ အာမခံခ်က္ကေလးလုပ္ေပး။ ဒီျမန္မာျပည္ထဲမွာ ေရာက္လာမယ့္ စက္ပစၥည္းေတြျဖစ္တဲ့အတြက္ သူတို႔ ဘာမွဆုံးရႈံးစရာမရွိတဲ့ဟာမ်ိဳး ဒါပညာရွင္ေတြနဲ႔ ေလ့လာၾကည့္ၿပီး ေတာ့ ဒီပေရာဂ်က္သည္ ဆုံးရႈံးႏိုင္စရာမရွိဘူး။ ဒါမ်ိဳးဆို ငါတို႔ေထာက္ခံေပးလိုက္လို႔၊ အာမခံေပးလိုက္လို႔ ဒီပေရာဂ်က္ေတြျဖစ္လာရင္ လက္ရွိ ငလ်င္ကာလမွာမက ေနာက္အႏွစ္ (၂၀)၊ (၃၀) အထိ အသုံးတည့္ သြားမယ္။ ဒါမ်ိဳးေလးေတြကို သူတို႔ ပံ့ပိုးေပးလိုက္ဖို႔လိုတယ္။ ကြၽန္ေတာ္ခုနက ေျပာသလိုေပါ့။ ကုန္ၾကမ္း ေရာင္းရင္ တစ္က်ပ္ေလာက္ပဲရမယ္။ ကုန္ေခ်ာေရာင္းရင္ ငါးက်ပ္ ေလာက္ရမဲ့ကိစၥမ်ိဳးမွာ Processing Factory အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ိဳး ရင္းေပးလိုက္တဲ့ ပေရာ ဂ်က္မ်ိဳးေတြလုပ္မယ္ဆိုရင္ ျမန္မာျပည္မွာ ခုနကေျပာတဲ့ စိုက္ပ်ိဳးေရးကိုအ‌ေျခခံ၍ေတြေရာ၊ စက္မႈလက္မႈကို အေျခခံ၍ေတြေရာ၊ စက္မႈကုန္ၾကမ္း ေတြေရာ၊ စိုက္ပ်ိဳးေရးကုန္ၾကမ္းေတြေရာက ေဠဴကန ဗိနိ ျဖစ္ၿပီးေတာ့ ခုတစ္က်ပ္နဲ႔ေရာင္းေနတဲ့ ဟာက ေလး၊ ငါးက်ပ္နဲ႔ေရာင္းရတဲ့အတြက္ႏိုင္ငံျခားဝင္ေငြက ေလး၊ ငါးဆ တိုးလာမယ္။ အဓိက အဲဒါကို လုပ္ရ မယ္။ ‌ေနာက္တစ္ခါ ႀကဳံလို႔ေျပာျပတာပါ။ ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့အပတ္က မေလးရွားက လန္ဂါဝီဆိုတဲ့ ကြၽန္းကို သြားလည္တယ္။ ဒီႏွစ္ ႏိုင္ငံျခားသား (၂)သန္းပဲဝင္လို႔ Taxi သမားက သူ႔အစိုးရကို ေဒါသေတြ ထြက္ေနတာ။ ဒီအစိုးရက အ‌ေရွ႕အလယ္ပိုင္းက ေငြမ်ားမ်ားသုံးႏိုင္တယ္ဆိုၿပီး ‌အဲဒီလိုလူေတြကို ေခၚ တယ္ေပါ့။ တကယ္ Volume နဲ႔လာမယ့္လူေတြကိုမေခၚဘူးေပါ့။ လူ(၂)သန္းေလာက္ပဲ လာတယ္ေပါ့။ အမွန္ဆို ဒီကြၽန္းေလး ဘာမွျပစရာမရွိဘူး။ ‌ေရပတ္လည္ဝိုင္းေနတဲ့ကြၽန္းနဲ႔ မိုးသစ္ေတာႀကီးပဲရွိတဲ့ ကြၽန္း ေလးက ခရီးသည္ (၂)သန္းလာတယ္။ ကြၽန္ေတာ္တို႔ျမန္မာျပည္မွာ (၂)သန္းဆိုရင္ ျပစရာေနရာ အမ်ား ႀကီးပဲ။ အဲဒီကြၽန္း ထက္စာရင္ အမ်ားႀကီးသာတယ္။ အဲဒီေတာ့ Tourism လုပ္ငန္းကို အာမခံခ်က္ရွိရွိနဲ႔ ဟိုဘက္က ေတာင္းဆိုတဲ့ ဟိုတယ္အခန္းလုံေလာက္ေရး။ ေနာက္တစ္ခါ ဒီလူေတြအမ်ားႀကီးလာတဲ့ အတြက္ ဒီဟိုတယ္ခန္းခေတြကို တစ္ခန္းကိုေဒၚလာႏွစ္ရာေလာက္ ေရာင္းေနမယ့္အစား တစ္ခန္းကို ေဒၚလာ (၇၀)၊ (၈၀)နဲ႔ အခန္းျပည့္ေအာင္ ေရာင္းတာမ်ိဳးနဲ႔ Package Tour ေတြကို ေသခ်ာဆြဲေဆာင္ ႏိုင္မယ္ဆိုရင္ ျမန္မာျပည္ရဲ႕စီးပြားေရးက ဒီအခ်ိန္မွာ Tour ကေနလည္းျပန္စလို႔ရတယ္။ Tour နဲ႔ ျပစရာ ေနရာေတြလည္း အမ်ားႀကီးက်န္ေသးတယ္ အခုထိေလ။ အဲဒီေတာ့ ထိုင္းဆိုရင္ လူတိုင္းကစိတ္ညစ္ေန ၿပီ။ ထိုင္းက Tourist က တျဖည္းျဖည္းနဲ႔လည္း က်ေနၿပီ။ အရင္တုန္းက ထိုင္းက အမ်ားႀကီးရွိတယ္။ (၃၄)၊ (၃၅)သန္းေလာက္ရွိတယ္။ အခုထိုင္းက သန္း(၃၀)ေတာင္မျပည့္ေတာ့ဘူး။ မေလးရွားက (၃၇) သန္း၊ (၃၈)သန္း ျဖစ္လာၿပီေပါ့။ Trend ေတြကေျပာင္းေနတယ္။ အဲဒီေတာ့ ျမန္မာျပည္ကိုဆြဲေခၚမယ္ ဆိုရင္ Tour လုပ္ငန္းကိုသာ ေသခ်ာျမႇင့္တင္ေပးၿပီးေတာ့ ဒီႏိုင္ငံျခားသားေတြကို ျမန္မာျပည္ကို ဆြဲ‌ေခၚ မယ္ဆိုရင္ ျမန္မာျပည္ကအေကာင္းဆုံးအခ်ိန္ပဲ။ အဲဒီခ်ိန္မွာ Tour လုပ္ငန္းကိုလည္း ဦးစားေပးၿပီးေတာ့ အားထည့္ေပးဖို႔လိုတယ္။ Tour လုပ္ငန္းနဲ႔ပတ္သက္တဲ့ Infrastructure ေတြကိုလည္း အားထည့္ၿပီး လုပ္ဖို႔လိုတယ္။ ေနာက္တစ္ခါ Government Guarantee တို႔၊ ဝန္ႀကီးဌာနက Guarantee တို႔ မေၾကာက္ ပါနဲ႔။ ပညာရွင္ေတြနဲ႔ေလ့လာၿပီးေတာ့ ဆုံးရႈံးမႈမရွိႏိုင္တဲ့ ပေရာဂ်က္မ်ိဳးဆိုရင္ ရဲရဲေပးလိုက္ ပါမယ္။ ျမန္မာျပည္မွာ ဒါေတြ စီးဝင္လာရင္အမ်ားႀကီး ေအာင္ျမင္သြားပါလိမ့္မယ္။ ကြၽန္ေတာ္ကေတာ့ အဲဒါပဲအ ႀကံေပးခ်င္တာေပါ့ေနာ္။
ေက်ာ္ႏု - ကြၽန္ေတာ္က တစ္ခုပဲအပိတ္ေျပာရရင္ သက္ဆိုင္ရာ Guarantee ေပးရမယ့္ လူပုဂၢိဳလ္ ကိုယ္စားျပဳတဲ့လူေတြက တာဝန္မခံခ်င္ၾကတဲ့ ျပႆနာက ဒီႏိုင္ငံမွာ ႏွစ္ေပါင္းမ်ားစြာ အျမစ္တြယ္လာ တယ္လို႔ထင္တယ္။ ကြၽန္ေတာ္က စီမံဘ႑ာဝန္ ႀကီးပဲဆိုပါစို႔။ ကြၽန္ေတာ္လက္မွတ္ထိုးမေပးခ်င္ဘူး။ ေကာင္းရင္ေတာ့ ကြၽန္ေတာ့္ေၾကာင့္ေကာင္းတာလို႔ ေျပာၿပီးေတာ့ ဆိုးရင္ေတာ့ ငါနဲ႔မဆိုင္ဘူးေျပာခ်င္ ၾကတဲ့ တာဝန္မခံခ်င္ၾကတာေပါ့။ တာဝန္ေတာ့ရွိတယ္။ ထိုင္ခုံမွာထိုင္ၾကတယ္။ တာဝန္ေတာ့မခံၾကဘူး။ အဲဒီျပႆနာေၾကာင့္ပဲ ကြၽန္ေတာ္တို႔ တခ်ိဳ႕ကိစၥေတြ လုပ္လို႔မရဘူးလို႔ယူဆတယ္။
ေဆြးေႏြးေဖာ္ - သူက ဝန္ႀကီးဌာနရဲ႕ ဝန္ႀကီးျဖစ္လာ ၿပီဆိုမွေတာ့ ဒီဝန္ႀကီးဌာနတစ္ခုလုံးရဲ႕ ေကာင္းေမြ၊ ဆိုးေမြက သူနဲ႔ဆိုင္တယ္။ တာဝန္ မယူတာဝန္မခံႏိုင္ဘူးဆိုရင္ ဝန္ႀကီးမလုပ္နဲ႔ေလ။ သူက သူမ်ားတိုင္း ျပည္က ဝန္ႀကီးေတြက်ေတာ့ ဘာလို႔ တာဝန္ခံလဲ။ တာဝန္ယူမႈ၊ တာဝန္ခံမႈရွိရတယ္။ ဥပမာ လုပ္ငန္း တစ္ခု လုပ္တယ္။ မေအာင္ျမင္ဘူး။ သူရာထူးက ႏုတ္ထြက္သြားတယ္။ ကြၽန္ေတာ္တို႔တိုင္းျပည္မွာ အဲဒီ လို လုပ္ရဲတဲ့ဝန္ႀကီးဌာနက ဝန္ႀကီးကမရွိဘူး။ ဒါကို မလုပ္ႏိုင္ရင္ ငါထြက္သြားတယ္ဆိုတဲ့ တာဝန္ခံႏိုင္ တဲ့လူ မရွိၾကဘူး။ ဒီရာထူးျပဳတ္မွာစိုးလို႔ တြယ္ကပ္ၿပီး အျပစ္မရွိေအာင္ လွည့္ပတ္ေနေနၾကတာ။ အမွန္ ကေတာ့ တိုင္းျပည္အတြက္ လုပ္သင့္လုပ္ထိုက္တာကို လုပ္ရမယ္။ လူႀကီးေတြကလည္း ဒါသည္ သူ႔တိုင္း ျပည္အတြက္တကယ္လိုအပ္တာကို သူလုပ္ေပးတာဆိုၿပီး နားလည္ေပးၿပီးေတာ့ သြားမယ္ဆိုရင္ တင္ျပ ရဲဖို႔လိုတယ္။ တင္ျပေတာ့မွပဲ လူႀကီးကလည္းသိမွာ။ ေနာက္တစ္ခါ မွန္တယ္ဆိုရင္ လုပ္ရဲဖို႔လိုတာ။ အဓိကက ကြၽန္ေတာ္ေျပာသလိုေပါ့။ ပုဂၢလိကအစြဲကင္းဖို႔နဲ႔ ကိုယ္က်ိဳးအတၱကင္းၿပီးေတာ့ ဒါသည္ ႏိုင္ငံေကာင္းဖို႔ အတြက္ ငါတကယ္လုပ္တာဆိုရင္ ဘာမွ မခံရေတာ့ဘူး။ တာဝန္မခံႏိုင္စရာမရွိဘူး။ ဒါႏိုင္ငံအတြက္လုပ္တာပဲ။ ႏိုင္ငံရဲ႕ တာဝန္ယူထားတဲ့ဝန္ႀကီးဌာနဲ႔ တာဝန္ရွိတဲ့လူတစ္ေယာက္အေနနဲ႔ ငါဆုံးျဖတ္ၿပီး ငါလုပ္မယ္။ အဲဒီလိုမ်ိဳးေတြ ဆုံးရႈံးမႈမျဖစ္ေအာင္ သူ႔ပညာရွင္ေတြက ဝိုင္းဝန္းၿပီး ဆုံးရႈံးႏိုင္ ေျခ၊ ျဖစ္ေျမာက္ႏိုင္စြမ္းရွိ၊ မရွိ၊ ဆုံးရႈံးႏိုင္စြမ္း ရွိ၊ မရွိ ဒါေတြကို စိစစ္ၿပီးေတာ့မွ ဒါသည္ျဖစ္ႏိုင္တယ္ဆိုမွ ပညာရွင္ေတြရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ လုပ္ၾကတာေလ။ ဒီလိုမ်ိဳး ဝိုင္းႀကီးခ်ဳပ္ပုံစံမ်ိဳး လုပ္ၾကတာေပါ့။ Financial Analysis အရျဖစ္ႏိုင္တယ္။ Repayment အရ ျပန္လည္ ေပးဆပ္ႏိုင္စြမ္းလည္းရွိႏိုင္တယ္။ ဒါသည္ ေသခ်ာေပါက္ ေအာင္ျမင္မယ့္အလုပ္မို႔လို႔ ေပးတာဆိုရင္ အားလုံးေကာင္းသြားတာပဲ။ ရည္႐ြယ္ ခ်က္ေကာင္းၿပီး အစြဲကင္းဖို႔ပဲလိုပါတယ္။ အဲဒီအေပၚမွာဆိုရင္ တာဝန္ မခံရဲစရာ ဘာမွမရွိပါဘူး။

Related news

© 2021. All rights reserved.