“Album of the Year” ဆုကို ငါးနှစ်ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တဲ့ BTS အဖွဲ့

992

ဂျန်ဇက် (NP News) - ဇန်နဝါရီလ ၁၄
တောင်ကိုရီးယားနာမည်ကျော် BTS ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့ Golden Disc Awards ဆုပေးပွဲအခမ်း အနားမှာ ထိပ်တန်းဆုတစ်ဆုကို ရယူနိုင်ခဲ့တယ်လို့သိရပါတယ်။
BTS ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာကျင်းပတဲ့ (၃၆) ကြိမ်မြောက် Golden Disc Awards အခမ်းအနားမှာ “Album of the Year” တစ်နှစ်တာရောင်းအားအကောင်းဆုံး တေးအယ်ဘမ်ဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ BTS အဖွဲ့ရဲ့ “BE” အမည်ရှိ တေးအယ်ဘမ်ဟာ “Album of the Year” ဆုရယူနိုင်ခဲ့ တာဖြစ်ပါတယ်။
ဒါ့အပြင် BTS ဟာ အဆိုပါ တစ်နှစ်တာအကောင်းဆုံးအကောင်းဆုံ တေးအယ်ဘမ်ဆုကို ငါးနှစ်ဆက်တိုက်ရ ယူနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် Golden Disc Awards အခမ်းအနားမှာ နာမည်ကျော်အဆိုတော် IU က “Digital Song of the Year” ဆုကို နှစ်နှစ်ဆက်တိုက်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
Golden Disc Awards ဆုပေးပွဲကို နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပြီး၊ အဆိုပါဆုပေးပွဲဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ဂီတလောကမှာ ဂုဏ်သိက္ခာရှိတဲ့ ဆုပေးပွဲတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
Zawgyi Version;