ပိန်လွန်းတဲ့ခန္ဓာကိုယ်နဲ့ Filters သုံးထားတဲ့နှုတ်ခမ်းပုံကြောင့် ပရိသတ်တွေ စိုးရိမ်နေကြတဲ့ 2NE1 အဖွဲ့ဝင် ပက်ခ်ဘုံး

 55

ရောင်နီ (NP News) - ဇွန် ၂၆
2NE1 အဖွဲ့ဝင် ပက်ခ်ဘုံးဟာ ပိန်လွန်းတဲ့ ခန္ဓာကိုယ်၊ Filters သုံးပြီး ပြုပြင်ထားတဲ့ နှုတ်ခမ်းပုံစံအသစ်နဲ့ selfie ပုံတွေကို ဇွန်လ ၂၅ ရက်က အသစ်တင်ခဲ့ပါတယ်။
ဓာတ်ပုံတွေမှာ သူမရဲ့ဖြူဝင်းတဲ့အသားအရေ၊ မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်းတွေကိုမြင်တွေ့ရပြီး နေရောင်အောက်မှာ ပေါ့ပေါ့ပါးပါး ဆယ်လ်ဖီရိုက်ထားတဲ့ပုံတွေဖြစ်ပေမယ့် ကိုယ်အလေးချိန်အလွန်ကျသွားပုံပေါ် ကာ ပုံမှန်မဟုတ်တဲ့နှုတ်ခမ်းပုံစံကြောင့် သူမရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေ စိုးရိမ်ခဲ့ရပါတယ်။ ပက်ခ်ဘုံးဟာ မကြာသေးခင်က ကိုယ်အလေးချိန် ၁၁ ကီလိုဂရမ်ထိ ချခဲ့သလို နှုတ်ခမ်းကိုလည်း ပြုပြင်ပြောင်းလဲမှု တွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သူမရဲ့ ပိုစ့်အောက်မှာတော့ filter ထိုး အလှပြုပြင်မှုတွေ မလုပ်ဖို့ ပရိတ်သက်တွေက ဝေဖန်ပြောဆိုနေခဲ့ကြ ပါတယ်။ ပက်ခ်ဘုံးဟာ မျက်နှာခွဲစိတ်ပြုပြင်မှု အလုပ်ဆုံး idol အဖြစ် အရင်ကတည်းက ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။
ဒါပြင် ပက်ခ်ဘုံးဟာ 2NE1 ရဲ့ ဇွန်လ ၁ ရက်က Head In The Clouds LA 2025 မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာလည်း ကိုယ်ရေးကိုယ်တာအကြောင်းကိစ္စကြောင့် ပါဝင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ပိန္လြန္းတဲ့ခႏၶာကိုယ္နဲ႔ Filters သုံးထားတဲ့ႏႈတ္ခမ္းပုံေၾကာင့္ ပရိသတ္ေတြ စိုးရိမ္ေနၾကတဲ့ 2NE1 အဖြဲ႕ဝင္ ပက္ခ္ဘုံး
ေရာင္နီ (NP News) - ဇြန္ ၂၆
2NE1 အဖြဲ႕ဝင္ ပက္ခ္ဘုံးဟာ ပိန္လြန္းတဲ့ ခႏၶာကိုယ္၊ Filters သုံးၿပီး ျပဳျပင္ထားတဲ့ ႏႈတ္ခမ္းပုံစံအသစ္နဲ႔ selfie ပုံေတြကို ဇြန္လ ၂၅ ရက္က အသစ္တင္ခဲ့ပါတယ္။
ဓာတ္ပုံေတြမွာ သူမရဲ႕ျဖဴဝင္းတဲ့အသားအေရ၊ မ်က္ခုံးထူထူ၊ မ်က္လုံးဝိုင္းဝိုင္းေတြကိုျမင္ေတြ႕ရၿပီး ေနေရာင္ေအာက္မွာ ေပါ့ေပါ့ပါးပါး ဆယ္လ္ဖီ႐ိုက္ထားတဲ့ပုံေတြျဖစ္ေပမယ့္ ကိုယ္အေလးခ်ိန္အလြန္က်သြားပုံေပၚ ကာ ပုံမွန္မဟုတ္တဲ့ႏႈတ္ခမ္းပုံစံေၾကာင့္ သူမရဲ႕က်န္းမာေရးနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြ စိုးရိမ္ခဲ့ရပါတယ္။ ပက္ခ္ဘုံးဟာ မၾကာေသးခင္က ကိုယ္အေလးခ်ိန္ ၁၁ ကီလိုဂရမ္ထိ ခ်ခဲ့သလို ႏႈတ္ခမ္းကိုလည္း ျပဳျပင္ေျပာင္းလဲမႈ ေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။
သူမရဲ႕ ပိုစ့္ေအာက္မွာေတာ့ filter ထိုး အလွျပဳျပင္မႈေတြ မလုပ္ဖို႔ ပရိတ္သက္ေတြက ေဝဖန္ေျပာဆိုေနခဲ့ၾက ပါတယ္။ ပက္ခ္ဘုံးဟာ မ်က္ႏွာခြဲစိတ္ျပဳျပင္မႈ အလုပ္ဆုံး idol အျဖစ္ အရင္ကတည္းက ေဝဖန္ခံေနရသူ ျဖစ္ပါတယ္။
ဒါျပင္ ပက္ခ္ဘုံးဟာ 2NE1 ရဲ႕ ဇြန္လ ၁ ရက္က Head In The Clouds LA 2025 မွာ ျပဳလုပ္ခဲ့တဲ့ ေဖ်ာ္ေျဖပြဲမွာလည္း ကိုယ္ေရးကိုယ္တာအေၾကာင္းကိစၥေၾကာင့္ ပါဝင္ဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.