လွယ်ဂျယ်ဂိတ်ပြန်လည်ဖွင့်လှစ်သည့်အတွက် မြန်မာဘက်မှ ကြံနှင့်တစ်သျှူးငှက်ပျောများ တရုတ်ပြည်သို့တင်ပို့မည်

 1004

ဖူးပြည့် (NP News) - ဇန်နဝါရီ ၁၉
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၏ ဂိတ်ပေါက်တစ်ခုဖြစ်သည့် လွယ်ဂျယ်-လိုင်းရင်းနယ်စပ်ဂိတ်ပြန် လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် မြန်မာဘက်မှ ကြံနှင့်တစ်သျှူးငှက်ပျောတို့ကိုတင်ပို့သွားမည်ဖြစ် ကြောင်းသိရသည်။

အဆိုပါဂိတ်ပေါက်သည် ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂ဝ၂၁ ခုနှစ် ဇူလိုင်လ ၅ ရက်ကတည်းကခေတ္တပိတ်ထားခဲ့ပြီး ၆လခန့်အကြာ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင်ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စမ်းသပ်ဖွင့်လှစ်သည့်ကာလအတွင်း မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ ကြံနှင့်တစ်သျှူးငှက်ပျောတို့ကိုတင်ပို့မည်ဖြစ်ပြီး တရုတ်နိုင်ငံဘက်မှဓာတ်မြေသြ ဇာ၊ အထည်အလိပ်နှင့် အိမ်သုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကိုတင်ပို့မည်ဖြစ်ကြောင်းသိရသည်။ ဂိတ်ပိတ်နေစဉ်ကာလအတွင်း ပိတ်မိနေသောယာဉ်များကို ဦးစား ပေးသွားလာခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

“ဒီဂိတ်ကနေအဝင်အထွက်တွေက အရင်တုန်းက ဆန်၊ ငှက်ပျောသီး၊ ကြံရာသီမှာ ကြံတွေတရုတ်ပြည်ထဲကို ဝင်တယ်။ ပိတ်မိနေတဲ့ကုန်တွေက အရမ်းမများတဲ့အတွက် လနဲ့ချီပြီးတော့မကြာပါဘူး။ ပြန်ဖွင့်တဲ့အချိန်ကစပြီး မနေ့ကအထိ ဆန်၊ ငှက်ပျောသီး၊ ကြံ တွဲကား အစီး ၃ဝ လောက်ဝင်သွားတာကို တွေ့ရတယ်။ ဆန်နဲ့ ကြံ၊ ငှက်ပျောသီးဝင်တဲ့လိုင်းဆိုပြီး လိုင်းနှစ်လိုင်းခွဲပေးထားပါတယ်။ ကုန်အသစ်က တော့ အခြေအနေကြည့်ပြီးသွားရမှာပေါ့”ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ ဒုဥက္ကဋ္ဌ ဦးမင်းသိန်းကပြောသည်။

အဆိုပါဂိတ်ပြန်လည်မဖွင့်လှစ်နိုင်သည့်အတွက် တစ်သျှူးငှက်ပျောများကို စွန့်ပစ်ခဲ့ရခြင်းများရှိကြောင်းကုန်သည်များထံမှသိရသည်။ လွန်ခဲ့သည့်သုံးနှစ်ကျော်က အဆိုပါဂိတ်မှတစ်သျှူးငှက်ပျောကားများ အစီးရေ သုံးထောင်ကျော်မှ ငါးထောင်ကျော်အထိ ကုန်သွယ်မှုပြုခဲ့ကြောင်းသိရသည်။

လိုင်းရင်းမြို့နားတွင် သကြားစက်များရှိသည့်အတွက် ကြံရာသီတွင် အဆိုပါဂိတ်မှကြံများတင်ပို့လျက်ရှိပြီး ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျောစိုက်ပျိုးမှုဖြစ် ထွန်းသည့်အတွက် တရုတ်ကုန်သည်များကလာရောက်စိုက်ပျိုးမှုများကြောင်းသိရသည်။ ထို့ပြင်အ ဆိုပါ ဂိတ်ပေါက်မှတဆင့် မန္တလေး၊ ကောလင်း၊ ကသာတို့ဘက်က ထွက်ရှိသည့်ဆန်များကိုတင်ပို့ကြောင်းသိရသည်။

zawgyi version
လြယ္ဂ်ယ္ဂိတ္ျပန္လည္ဖြင့္လွစ္သည့္အတြက္ ျမန္မာဘက္မွ ႀကံႏွင့္တစ္သွ်ဴးငွက္ေပ်ာမ်ား တ႐ုတ္ျပည္သို႔တင္ပို႔မည္
ဖူးျပည့္ (NP News) - ဇန္နဝါရီ ၁၉

ျမန္မာ-တ႐ုတ္ နယ္စပ္ကုန္သြယ္ေရး၏ ဂိတ္ေပါက္တစ္ခုျဖစ္သည့္ လြယ္ဂ်ယ္-လိုင္းရင္းနယ္စပ္ဂိတ္ျပန္ လည္ဖြင့္လွစ္လိုက္ၿပီျဖစ္သည့္အတြက္ ျမန္မာဘက္မွ ႀကံႏွင့္တစ္သွ်ဴးငွက္ေပ်ာတို႔ကိုတင္ပို႔သြားမည္ျဖစ္ ေၾကာင္းသိရသည္။

အဆိုပါဂိတ္ေပါက္သည္ ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႕နယ္တြင္ရွိၿပီး ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ၂ဝ၂၁ ခုႏွစ္ ဇူလိုင္လ ၅ ရက္ကတည္းကေခတၱပိတ္ထားခဲ့ၿပီး ၆လခန႔္အၾကာ ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလ ၁၇ ရက္တြင္ျပန္လည္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

စမ္းသပ္ဖြင့္လွစ္သည့္ကာလအတြင္း ျမန္မာႏိုင္ငံဘက္မွ တ႐ုတ္ႏိုင္ငံသို႔ ႀကံႏွင့္တစ္သွ်ဴးငွက္ေပ်ာတို႔ကိုတင္ပို႔မည္ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံဘက္မွဓာတ္ေျမၾသ ဇာ၊ အထည္အလိပ္ႏွင့္ အိမ္သုံးကုန္ပစၥည္းအမ်ိဳးမ်ိဳးတို႔ကိုတင္ပို႔မည္ျဖစ္ေၾကာင္းသိရသည္။ ဂိတ္ပိတ္ေနစဥ္ကာလအတြင္း ပိတ္မိေနေသာယာဥ္မ်ားကို ဦးစား ေပးသြားလာခြင့္ျပဳမည္ျဖစ္ေၾကာင္းသိရသည္။

“ဒီဂိတ္ကေနအဝင္အထြက္ေတြက အရင္တုန္းက ဆန္၊ ငွက္ေပ်ာသီး၊ ႀကံရာသီမွာ ႀကံေတြတ႐ုတ္ျပည္ထဲကို ဝင္တယ္။ ပိတ္မိေနတဲ့ကုန္ေတြက အရမ္းမမ်ားတဲ့အတြက္ လနဲ႔ခ်ီၿပီးေတာ့မၾကာပါဘူး။ ျပန္ဖြင့္တဲ့အခ်ိန္ကစၿပီး မေန႔ကအထိ ဆန္၊ ငွက္ေပ်ာသီး၊ ႀကံ တြဲကား အစီး ၃ဝ ေလာက္ဝင္သြားတာကို ေတြ႕ရတယ္။ ဆန္နဲ႔ ႀကံ၊ ငွက္ေပ်ာသီးဝင္တဲ့လိုင္းဆိုၿပီး လိုင္းႏွစ္လိုင္းခြဲေပးထားပါတယ္။ ကုန္အသစ္က ေတာ့ အေျခအေနၾကည့္ၿပီးသြားရမွာေပါ့”ဟု မူဆယ္ဆန္စပါးကုန္စည္ဒိုင္မွ ဒုဥကၠ႒ ဦးမင္းသိန္းကေျပာသည္။

အဆိုပါဂိတ္ျပန္လည္မဖြင့္လွစ္ႏိုင္သည့္အတြက္ တစ္သွ်ဴးငွက္ေပ်ာမ်ားကို စြန႔္ပစ္ခဲ့ရျခင္းမ်ားရွိေၾကာင္းကုန္သည္မ်ားထံမွသိရသည္။ လြန္ခဲ့သည့္သုံးႏွစ္ေက်ာ္က အဆိုပါဂိတ္မွတစ္သွ်ဴးငွက္ေပ်ာကားမ်ား အစီးေရ သုံးေထာင္ေက်ာ္မွ ငါးေထာင္ေက်ာ္အထိ ကုန္သြယ္မႈျပဳခဲ့ေၾကာင္းသိရသည္။

လိုင္းရင္းၿမိဳ႕နားတြင္ သၾကားစက္မ်ားရွိသည့္အတြက္ ႀကံရာသီတြင္ အဆိုပါဂိတ္မွႀကံမ်ားတင္ပို႔လ်က္ရွိၿပီး ကခ်င္ျပည္နယ္တြင္ တစ္သွ်ဴးငွက္ေပ်ာစိုက္ပ်ိဳးမႈျဖစ္ ထြန္းသည့္အတြက္ တ႐ုတ္ကုန္သည္မ်ားကလာေရာက္စိုက္ပ်ိဳးမႈမ်ားေၾကာင္းသိရသည္။ ထို႔ျပင္အ ဆိုပါ ဂိတ္ေပါက္မွတဆင့္ မႏၲေလး၊ ေကာလင္း၊ ကသာတို႔ဘက္က ထြက္ရွိသည့္ဆန္မ်ားကိုတင္ပို႔ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.