Dating သတင်းထွက်လာတဲ့ တောင်ကိုရီးယားသရုပ်ဆောင် ဟေးရီ

343
ရောင်နီ (NP News) - ဇူလိုင် ၂
တောင်ကိုရီးယားအမျိုးသမီး သရုပ်ဆောင် ဟေးရီဟာ Dancer ဝူထယ်နဲ့ ဒိတ်နေကြပြီဖြစ်တယ်လို့ ကောလဟာလ သတင်းတွေ ထွက်ရှိနေပါတယ်။
သတင်းတွေအရ သူတို့နှစ်ဦး ဒိတ်နေကြတာဟာ အချိန် ၁ နှစ်ကျော်ကြာပြီလို့ ဆိုကြပါတယ်။ ဒါပေမယ့် ဟေးရီရဲ့အေဂျင်စီ SUBLIME ကတော့ "မင်းသမီးရဲ့ကိုယ်ရေးကိုယ်တာဘဝနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက် အလက်တွေဖြစ်တဲ့အတွက် အတည်ပြုဖို့ ခက်ခဲတယ်" လို့ ဆိုပါတယ်။
ဟေးရီဟာ Cheerleader အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ထွက် ဇာတ်ကား 'Victory' မှာ အကတိုက်ရင်း Dancer ဝူထယ်နဲ့ ဆရာတပည့်ဆက်ဆံရေးအနေနဲ့ စတွေ့ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ ဝူထယ်ဟာ ကကွက်ပုံစံ အထူးပြု အကသမားတစ်ဦးဖြစ်ပြီး 2022 Mnet အကပြိုင်ပွဲ 'Street Man Fighter' မှာ သူ့ရဲ့အရည်အချင်းအတွက် အသိအမှတ်ပြုမှု ရရှိထားသူဖြစ်ပါတယ်။ ဟေးရီဟာ ၂ဝ၂၃ ခုနှစ်က ၇ နှစ်တာ လက်တွဲခဲ့တဲ့ချစ်သူ Ryu Jo Yeol နဲ့ လမ်းခွဲခဲ့ပြီး အဲဒီသတင်းကြောင့် ပရိသတ်တွေကြား လှုပ်ခတ်မှုတွေ ရှိခဲ့ပါတယ်။
Zawgyi Version:
Dating သတင္းထြက္လာတဲ့ ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ေဟးရီ
ေရာင္နီ (NP News) - ဇူလိုင္ ၂
ေတာင္ကိုရီးယားအမ်ိဳးသမီး သ႐ုပ္ေဆာင္ ေဟးရီဟာ Dancer ဝူထယ္နဲ႔ ဒိတ္ေနၾကၿပီျဖစ္တယ္လို႔ ေကာလဟာလ သတင္းေတြ ထြက္ရွိေနပါတယ္။
သတင္းေတြအရ သူတို႔ႏွစ္ဦး ဒိတ္ေနၾကတာဟာ အခ်ိန္ ၁ ႏွစ္ေက်ာ္ၾကာၿပီလို႔ ဆိုၾကပါတယ္။ ဒါေပမယ့္ ေဟးရီရဲ႕ေအဂ်င္စီ SUBLIME ကေတာ့ "မင္းသမီးရဲ႕ကိုယ္ေရးကိုယ္တာဘဝနဲ႔ ပတ္သက္တဲ့ အေသးစိတ္အခ်က္ အလက္ေတြျဖစ္တဲ့အတြက္ အတည္ျပဳဖို႔ ခက္ခဲတယ္" လို႔ ဆိုပါတယ္။
ေဟးရီဟာ Cheerleader အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ ၂၀၂၃ ခုႏွစ္ထြက္ ဇာတ္ကား 'Victory' မွာ အကတိုက္ရင္း Dancer ဝူထယ္နဲ႔ ဆရာတပည့္ဆက္ဆံေရးအေနနဲ႔ စေတြ႕ခဲ့ၾကတာျဖစ္တယ္လို႔ သိရပါတယ္။ ဝူထယ္ဟာ ကကြက္ပုံစံ အထူးျပဳ အကသမားတစ္ဦးျဖစ္ၿပီး 2022 Mnet အကၿပိဳင္ပြဲ 'Street Man Fighter' မွာ သူ႔ရဲ႕အရည္အခ်င္းအတြက္ အသိအမွတ္ျပဳမႈ ရရွိထားသူျဖစ္ပါတယ္။ ေဟးရီဟာ ၂ဝ၂၃ ခုႏွစ္က ၇ ႏွစ္တာ လက္တြဲခဲ့တဲ့ခ်စ္သူ Ryu Jo Yeol နဲ႔ လမ္းခြဲခဲ့ၿပီး အဲဒီသတင္းေၾကာင့္ ပရိသတ္ေတြၾကား လႈပ္ခတ္မႈေတြ ရွိခဲ့ပါတယ္။