(၈၈)မျိုးဆက်ခေါင်းဆောင် ဦးဂျင်မီနှင့် NLD လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီတရားရုံးက သေဒဏ်အမိန့်ချမှတ်

2066

NP News - ဇန်နဝါရီ ၂၁
NLD လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီတို့ နှစ်ဦးကို စစ်ကောင်စီတရားရုံးမှ သေဒဏ်အမိန့်ချမှတ်လိုက်ကြောင်း ယနေ့(ဇန်နဝါရီလ ၂၁) ရက် ညပိုင်း ရှစ်နာရီသတင်းတွင် ထည့်သွင်းကြေညာလိုက်သည်။
ဦးဖြိုးဇေယျာသော်နှင့် ဦးဂျင်မီတို့နှစ်ဦးအား စစ်တပ်က စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များဆောင်ရွက်ခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅ဝ(ဈ)နှင့် ၅ဝ(ည) တို့အရ ဇန်နဝါရီလ (၂၁) ရက်တွင် “ သေဒဏ် ” အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
ဦးဖြိုးဇေယျာသော်၏ ကျူးလွန်မှုများအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၆၁) ရပ်ကွက်၊ ရတနာလမ်း၊ ရတနာနှင်းဆီ အိမ်ရာနေ ဦးဖြိုးဇေယျာသော် (ခ) မောင်ကျော်(ခ) ရေခဲ ၏ ဖခင် ဖြစ်သူ ဦးမြသော်သည် NUG- PDF အဖွဲ့အစည်းအား ထောက်ပံ့ရန်အတွက် ၎င်းပိုင်ဆိုင်သည့် နေအိမ်များဖြစ် သည့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (၂၉) ရပ်ကွက်၊ သုခိတာလမ်း၊ အမှတ် (၆၇) ရှိ နေအိမ်၌ လက်နက်မျိုးစုံ (၁၇၈) လက်၊ ကျည်အိမ်မျိုးစုံ(၁၃ဝ) ခု၊ ကျည်မျိုးစုံ (၈၅၆ဝ) တောင့်၊ ဗုံးသီးမျိုးစုံ (၃၂) လုံး၊ ရှေ့ထွက်မိုင်း (၆) လုံးအား လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ခ/င) ရပ်ကွက်၊ ပြည်သာယာလမ်းသွယ်(၄) လမ်းရှိ နေအိမ်၌ လက်နက်မျိုးစုံ (၃၉) လက်၊ ကျည်အိမ်မျိုးစုံ (၇၆) ခု၊ ကျည်မျိုးစုံ (၅၂ဝဝ) တောင့်တို့အား လည်းကောင်း သိမ်း ဆည်းထားရှိခြင်းဖြင့် အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏အဖွဲ့ဝင်ကိုဖြစ်စေ၊ လက်နက် ခဲယမ်းမီးကျောက်များအား ထောက်ပံ့မှုပြုလုပ်ရန်အတွက် သိုဝှက်သိမ်းဆည်းထားခြင်းကြောင့်လည်းကောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အမိန့်ကြေညာစာအမှတ် (၂/၂ဝ၂၁) ဖြင့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသည့် CRPH ၊ NUG နှင့် PDF အဖွဲ့များ၊ ၎င်းတို့လက်အောက် Moon Light Operation အဖွဲ့ များနှင့် Zoom Meeting ပြုလုပ်၍ ရန်ကုန်မြို့အတွင်း ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ရန်အတွက် လှုံ့ဆော်ခြင်း၊ ၎င်းတို့အား မထောက်ခံသူများ၊ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိ သူများအား ပစ်ခတ်သတ်ဖြတ်ရန်အတွက် လက်နက်ငှားရမ်းထောက်ပံ့ပေးမှု (၃၅) ကြိမ်၊ လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ညွှန်ကြားခဲ့မှု (၁၁) ကြိမ်၊ ဖောက်ခွဲဖျက်ဆီးမှုအနေဖြင့် အစိုးရအဆောက်အဦးများ (၃ဝ) ကြိမ်၊ အုပ်ချုပ်ရေး မှူးရုံးများ (၃၂) ကြိမ်၊ လျှပ်စစ်ရုံးနှင့် အနီးဝန်းကျင် (၂၅) ကြိမ်၊ က.ည.န ရုံးနှင့်အနီးဝန်းကျင် (၉) ကြိမ်၊ CCTV Control Box (၅) ကြိမ်၊ အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများ (၆ဝ) ကြိမ်၊ ဘာသာရေးအဆောက်အဦး များ (၂) ကြိမ်၊ စာသင်ကျောင်း (၃) ကြိမ်၊ ယာဉ်ထိန်းရုံးများ (၁၂) ကြိမ် ပြုမူလုပ်ဆောင်စေခဲ့ခြင်းနှင့် အဆိုပါ အကြမ်းဖက်လုပ်ငန်းများပြုလုပ်ရာတွင် ကြံရာပါအဖြစ် ပါဝင်ဆောင်ရွက်ခြင်းကြောင့်လည်းကောင်း၊ ပြည်ပ ရောက်နေသူများထံမှ အလှူငွေများ ကောက်ခံပြီး ကောက်ခံရရှိသည့် အလှူငွေများအား အကြမ်းဖက်လုပ်ငန်း များလုပ်ဆောင်ရန်အတွက် ငွေကြေးများထောက်ပံ့ခြင်း၊ လက်နက်/ခဲယမ်းများ ဝယ်ယူထောက်ပံ့ပေးခြင်းဖြင့် တရားဝင်သော နည်းလမ်းဖြစ်စေ၊ တရားမဝင်သော နည်းလမ်းဖြစ်စေ ရရှိသည့် ရန်ပုံငွေအားလုံး (သို့မဟုတ်) တစ်စိတ်တစ်ဒေသကို အကြမ်းဖက် သမားတစ်ဦးဦး (သို့မဟုတ်) အကြမ်းဖက်အုပ်စု တစ်ခုခုအတွက်အသုံးပြုရန်ရည်ရွယ်၍ ဥပဒေနှင့်မညီဘဲ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တမင်ကောက်ခံခြင်း (သို့မဟုတ်) ထောက်ပံ့မှုပြုလုပ်ခြင်းဖြင့် ငွေကြေးဆိုင်ရာထောက်ပံ့မှုပြုလုပ်ခဲ့ခြင်းများ ကျူးလွန်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံ(၁) လမ်းနေ ဦးကျော်မင်းယု (ခ) ကိုဂျင်မီ သည်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အမိန့်ကြေညာစာ အမှတ် (၂/၂ဝ၂၁) ဖြင့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသည့် CRPH၊ NUG နှင့် PDF အဖွဲ့များအား မြန်မာနိုင်ငံအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှု လုပ်ဆောင်ရာတွင်အသုံးပြုမည့် လက်နက်ခဲ့ယမ်း ထောက်ပံ့ရန်အတွက် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၂၇) ရပ်ကွက်၊ ပင်လုံအိမ်ယာ၊ မြနှင်းဆီလမ်း ရှိ နေအိမ်၌ AK-47 (၆) လက်၊ M-16 (၈) လက်၊ ၁၂ ဗို့ (၂) လက်၊ တူးမီး (၁) လက်၊ ကျည်အိမ်မျိုးစုံ (၁၈) ခု အား သိုဝှက်သိမ်းဆည်းခြင်းဖြင့် အကြမ်းဖက်မှုအား ဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ၊ လက်နက်၊ ခဲယမ်းမီးကျောက်များ ထောက်ပံ့မှု ပြုလုပ်ရန်အတွက် သိုဝှက်သိမ်းဆည်းခြင်း၊ အကြမ်းဖက်အုပ်စု အဖြစ် သတ်မှတ်ကြေညာထားသည့် CRPH ၊ NUG နှင့် PDF အဖွဲ့များနှင့် ၎င်းတို့လက်အောက်ခံ ဖြစ်သည့် Moon Light Operation အဖွဲ့များနှင့် Zoom Meeting ပြုလုပ်၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးမှုပြုလုပ်ရန် လှုံ့ဆော်ခြင်း၊ လုံခြုံရေးဂိတ်များ၊ ရဲစခန်းများ၊ ဌာနဆိုင်ရာရုံးများနှင့် နယ်မြေခံတပ်များအား တိုက်ခိုက်ဖောက်ခွဲရန်အတွက် အကြံပေးအဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊ အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ် ကြေညာထားသည့် CRPH၊ NUG နှင့် PDF အဖွဲ့များနှင့် ၎င်းတို့လက်အောက်ခံဖြစ်သည့် “ နွေဦးကန့်ကော် ” အဖွဲ့သို့ လက်နက်ခဲယမ်းများ ဝယ်ယူ/ပြုလုပ်ရန်အတွက် ငွေကြေးလွှဲပြောင်းထောက်ပံ့ပေးခြင်း၊ UMCD အဖွဲ့ နှင့်ပူးပေါင်း၍ အမေရိကန်ဒေါ်လာ သိန်း (၁ဝဝဝ) ခန့်တန်ဖိုးရှိ သေနတ်ထုတ်လုပ်နိုင်သည့် 3D Printer ဝယ်ယူ ရန် NUG အဖွဲ့သို့ ဆက်သွယ်တောင်းခံခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများသို့ ငွေကြေးထောက်ပံ့ရန် အမေရိ ကန် ဒေါ်လာများအား ဝယ်ယူ၍ မြန်မာငွေဖြင့် လဲလှယ်ပေးမှုများ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ခြင်းဖြင့် အကြမ်း ဖက်လုပ်ငန်းများဆောင်ရွက်ရာတွင် ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
NLD လွှတ်တော်အမတ်ဟောင်း ဖြိုးဇေယျာသော်သည် ၂ဝ၂၁ ခုနှစ် နိုဝင်ဘာ (၁၉) ရက်က ဒဂုံဆိပ်ကမ်းမြို့ နယ်ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျော်မင်းယု(ခ) ကိုဂျင်မီသည် ၂ဝ၂၁ ခုနှစ် အောက်တိုဘာ (၂၃) ရက်တွင် မြောက်ဒဂုံမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
Zawgyi Version;
(၈၈) မ်ိဳးဆက္ေခါင္းေဆာင္ ဦးဂ်င္မီႏွင့္ NLD လႊတ္ေတာ္အမတ္ေဟာင္း ဦးၿဖိဳးေဇယ်ာေသာ္ တို႔ကို စစ္ေကာင္စီ တရား႐ုံးက ေသဒဏ္အမိန႔္ခ်မွတ္
NP News - ဇန္နဝါရီ ၂၁
NLD လႊတ္ေတာ္အမတ္ေဟာင္း ဦးၿဖိဳးေဇယ်ာေသာ္ႏွင့္ (၈၈) မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္တစ္ဦးျဖစ္သူ ဦးဂ်င္မီတို႔ ႏွစ္ဦးကို စစ္ေကာင္စီတရား႐ုံးမွ ေသဒဏ္အမိန႔္ခ်မွတ္လိုက္ေၾကာင္း ယေန႔(ဇန္နဝါရီလ ၂၁) ရက္ ညပိုင္း ရွစ္နာရီသတင္းတြင္ ထည့္သြင္းေၾကညာလိုက္သည္။
ဦးၿဖိဳးေဇယ်ာေသာ္ႏွင့္ ဦးဂ်င္မီတို႔ႏွစ္ဦးအား စစ္တပ္က စစ္အုပ္ခ်ဳပ္ေရး (Martial Law) စစ္ခုံ႐ုံးဖြဲ႕၍ စစ္ေဆးမႈ မ်ားေဆာင္႐ြက္ခဲ့ၿပီးေနာက္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၄၉(က)၊ ၅ဝ(ဈ)ႏွင့္ ၅ဝ(ည) တို႔အရ ဇန္နဝါရီလ (၂၁) ရက္တြင္ “ ေသဒဏ္ ” အမိန႔္ခ်မွတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
ဦးၿဖိဳးေဇယ်ာေသာ္၏ က်ဴးလြန္မႈမ်ားအျဖစ္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း) ၿမိဳ႕နယ္၊ အမွတ္ (၆၁) ရပ္ကြက္၊ ရတနာလမ္း၊ ရတနာႏွင္းဆီ အိမ္ရာေန ဦးၿဖိဳးေဇယ်ာေသာ္ (ခ) ေမာင္ေက်ာ္(ခ) ေရခဲ ၏ ဖခင္ ျဖစ္သူ ဦးျမေသာ္သည္ NUG- PDF အဖြဲ႕အစည္းအား ေထာက္ပံ့ရန္အတြက္ ၎ပိုင္ဆိုင္သည့္ ေနအိမ္မ်ားျဖစ္ သည့္ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝဏၰ၊ (၂၉) ရပ္ကြက္၊ သုခိတာလမ္း၊ အမွတ္ (၆၇) ရွိ ေနအိမ္၌ လက္နက္မ်ိဳးစုံ (၁၇၈) လက္၊ က်ည္အိမ္မ်ိဳးစုံ(၁၃ဝ) ခု၊ က်ည္မ်ိဳးစုံ (၈၅၆ဝ) ေတာင့္၊ ဗုံးသီးမ်ိဳးစုံ (၃၂) လုံး၊ ေရွ႕ထြက္မိုင္း (၆) လုံးအား လည္းေကာင္း၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ (ခ/င) ရပ္ကြက္၊ ျပည္သာယာလမ္းသြယ္(၄) လမ္းရွိ ေနအိမ္၌ လက္နက္မ်ိဳးစုံ (၃၉) လက္၊ က်ည္အိမ္မ်ိဳးစုံ (၇၆) ခု၊ က်ည္မ်ိဳးစုံ (၅၂ဝဝ) ေတာင့္တို႔အား လည္းေကာင္း သိမ္း ဆည္းထားရွိျခင္းျဖင့္ အၾကမ္းဖက္သမားကိုျဖစ္ေစ၊ အၾကမ္းဖက္အုပ္စုတစ္ခုခု၏အဖြဲ႕ဝင္ကိုျဖစ္ေစ၊ လက္နက္ ခဲယမ္းမီးေက်ာက္မ်ားအား ေထာက္ပံ့မႈျပဳလုပ္ရန္အတြက္ သိုဝွက္သိမ္းဆည္းထားျခင္းေၾကာင့္လည္းေကာင္း၊ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဗဟိုအဖြဲ႕၊ အမိန႔္ေၾကညာစာအမွတ္ (၂/၂ဝ၂၁) ျဖင့္ အၾကမ္းဖက္အုပ္စုအျဖစ္ သတ္မွတ္ထားသည့္ CRPH ၊ NUG ႏွင့္ PDF အဖြဲ႕မ်ား၊ ၎တို႔လက္ေအာက္ Moon Light Operation အဖြဲ႕ မ်ားႏွင့္ Zoom Meeting ျပဳလုပ္၍ ရန္ကုန္ၿမိဳ႕အတြင္း ေဖာက္ခြဲဖ်က္ဆီးမႈမ်ား ျပဳလုပ္ရန္အတြက္ လႈံ႕ေဆာ္ျခင္း၊ ၎တို႔အား မေထာက္ခံသူမ်ား၊ လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ တပ္ဖြဲ႕ဝင္မ်ားႏွင့္ အုပ္ခ်ဳပ္ေရးဆိုင္ရာ တာဝန္ရွိ သူမ်ားအား ပစ္ခတ္သတ္ျဖတ္ရန္အတြက္ လက္နက္ငွားရမ္းေထာက္ပံ့ေပးမႈ (၃၅) ႀကိမ္၊ လုပ္ႀကံသတ္ျဖတ္ရန္ စီစဥ္ၫႊန္ၾကားခဲ့မႈ (၁၁) ႀကိမ္၊ ေဖာက္ခြဲဖ်က္ဆီးမႈအေနျဖင့္ အစိုးရအေဆာက္အဦးမ်ား (၃ဝ) ႀကိမ္၊ အုပ္ခ်ဳပ္ေရး မႉး႐ုံးမ်ား (၃၂) ႀကိမ္၊ လွ်ပ္စစ္႐ုံးႏွင့္ အနီးဝန္းက်င္ (၂၅) ႀကိမ္၊ က.ည.န ႐ုံးႏွင့္အနီးဝန္းက်င္ (၉) ႀကိမ္၊ CCTV Control Box (၅) ႀကိမ္၊ အမ်ားျပည္သူႏွင့္သက္ဆိုင္သည့္ေနရာမ်ား (၆ဝ) ႀကိမ္၊ ဘာသာေရးအေဆာက္အဦး မ်ား (၂) ႀကိမ္၊ စာသင္ေက်ာင္း (၃) ႀကိမ္၊ ယာဥ္ထိန္း႐ုံးမ်ား (၁၂) ႀကိမ္ ျပဳမူလုပ္ေဆာင္ေစခဲ့ျခင္းႏွင့္ အဆိုပါ အၾကမ္းဖက္လုပ္ငန္းမ်ားျပဳလုပ္ရာတြင္ ႀကံရာပါအျဖစ္ ပါဝင္ေဆာင္႐ြက္ျခင္းေၾကာင့္လည္းေကာင္း၊ ျပည္ပ ေရာက္ေနသူမ်ားထံမွ အလႉေငြမ်ား ေကာက္ခံၿပီး ေကာက္ခံရရွိသည့္ အလႉေငြမ်ားအား အၾကမ္းဖက္လုပ္ငန္း မ်ားလုပ္ေဆာင္ရန္အတြက္ ေငြေၾကးမ်ားေထာက္ပံ့ျခင္း၊ လက္နက္/ခဲယမ္းမ်ား ဝယ္ယူေထာက္ပံ့ေပးျခင္းျဖင့္ တရားဝင္ေသာ နည္းလမ္းျဖစ္ေစ၊ တရားမဝင္ေသာ နည္းလမ္းျဖစ္ေစ ရရွိသည့္ ရန္ပုံေငြအားလုံး (သို႔မဟုတ္) တစ္စိတ္တစ္ေဒသကို အၾကမ္းဖက္သမားတစ္ဦးဦး (သို႔မဟုတ္) အၾကမ္းဖက္အုပ္စု တစ္ခုခုအတြက္အသုံးျပဳ ရန္ရည္႐ြယ္၍ ဥပေဒႏွင့္မညီဘဲ တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္၍ျဖစ္ေစ တမင္ေကာက္ခံျခင္း (သို႔မဟုတ္) ေထာက္ပံ့မႈျပဳလုပ္ျခင္းျဖင့္ ေငြေၾကးဆိုင္ရာေထာက္ပံ့မႈျပဳလုပ္ခဲ့ျခင္းမ်ား က်ဴးလြန္ခဲ့ေၾကာင္း စစ္ေကာင္စီ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္၊ ပိႏၷဲကုန္းရပ္ကြက္၊ သရက္ၿခံ(၁) လမ္းေန ဦးေက်ာ္မင္းယု (ခ) ကိုဂ်င္မီ သည္လည္း ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္၊ အၾကမ္းဖက္တိုက္ဖ်က္ေရးဗဟိုအဖြဲ႕၊ အမိန႔္ေၾကညာစာ အမွတ္ (၂/၂ဝ၂၁) ျဖင့္ အၾကမ္းဖက္အုပ္စုအျဖစ္ သတ္မွတ္ထားသည့္ CRPH၊ NUG ႏွင့္ PDF အဖြဲ႕မ်ားအား ျမန္မာႏိုင္ငံအတြင္း အၾကမ္းဖက္ေဖာက္ခြဲဖ်က္ဆီးမႈ လုပ္ေဆာင္ရာတြင္အသုံးျပဳမည့္ လက္နက္ခဲ့ယမ္း ေထာက္ပံ့ရန္အတြက္ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္၊ အမွတ္ (၂၇) ရပ္ကြက္၊ ပင္လုံအိမ္ယာ၊ ျမႏွင္းဆီလမ္း ရွိ ေနအိမ္၌ AK-47 (၆) လက္၊ M-16 (၈) လက္၊ ၁၂ ဗို႔ (၂) လက္၊ တူးမီး (၁) လက္၊ က်ည္အိမ္မ်ိဳးစုံ (၁၈) ခု အား သိုဝွက္သိမ္းဆည္းျခင္းျဖင့္ အၾကမ္းဖက္မႈအား ျဖစ္ေစ၊ အၾကမ္းဖက္အုပ္စုတစ္ခုခု၏ အဖြဲ႕ဝင္ကိုျဖစ္ေစ၊ လက္နက္၊ ခဲယမ္းမီးေက်ာက္မ်ား ေထာက္ပံ့မႈ ျပဳလုပ္ရန္အတြက္ သိုဝွက္သိမ္းဆည္းျခင္း၊ အၾကမ္းဖက္အုပ္စု အျဖစ္ သတ္မွတ္ေၾကညာထားသည့္ CRPH ၊ NUG ႏွင့္ PDF အဖြဲ႕မ်ားႏွင့္ ၎တို႔လက္ေအာက္ခံ ျဖစ္သည့္ Moon Light Operation အဖြဲ႕မ်ားႏွင့္ Zoom Meeting ျပဳလုပ္၍ ရန္ကုန္ၿမိဳ႕အတြင္း အၾကမ္းဖက္ေဖာက္ခြဲ ဖ်က္ဆီးမႈျပဳလုပ္ရန္ လႈံ႕ေဆာ္ျခင္း၊ လုံၿခဳံေရးဂိတ္မ်ား၊ ရဲစခန္းမ်ား၊ ဌာနဆိုင္ရာ႐ုံးမ်ားႏွင့္ နယ္ေျမခံတပ္မ်ားအား တိုက္ခိုက္ေဖာက္ခြဲရန္အတြက္ အႀကံေပးအျဖစ္ ပါဝင္ေဆာင္႐ြက္ျခင္း၊ အၾကမ္းဖက္အုပ္စုအျဖစ္သတ္မွတ္ ေၾကညာထားသည့္ CRPH၊ NUG ႏွင့္ PDF အဖြဲ႕မ်ားႏွင့္ ၎တို႔လက္ေအာက္ခံျဖစ္သည့္ “ ေႏြဦးကန႔္ေကာ္ ” အဖြဲ႕သို႔ လက္နက္ခဲယမ္းမ်ား ဝယ္ယူ/ျပဳလုပ္ရန္အတြက္ ေငြေၾကးလႊဲေျပာင္းေထာက္ပံ့ေပးျခင္း၊ UMCD အဖြဲ႕ ႏွင့္ပူးေပါင္း၍ အေမရိကန္ေဒၚလာ သိန္း (၁ဝဝဝ) ခန႔္တန္ဖိုးရွိ ေသနတ္ထုတ္လုပ္ႏိုင္သည့္ 3D Printer ဝယ္ယူ ရန္ NUG အဖြဲ႕သို႔ ဆက္သြယ္ေတာင္းခံျခင္း၊ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားသို႔ ေငြေၾကးေထာက္ပံ့ရန္ အေမရိ ကန္ ေဒၚလာမ်ားအား ဝယ္ယူ၍ ျမန္မာေငြျဖင့္ လဲလွယ္ေပးမႈမ်ား အႀကိမ္ႀကိမ္ေဆာင္႐ြက္ခဲ့ျခင္းျဖင့္ အၾကမ္း ဖက္လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ေငြေၾကးေထာက္ပံ့မႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
NLD လႊတ္ေတာ္အမတ္ေဟာင္း ၿဖိဳးေဇယ်ာေသာ္သည္ ၂ဝ၂၁ ခုႏွစ္ ႏိုဝင္ဘာ (၁၉) ရက္က ဒဂုံဆိပ္ကမ္းၿမိဳ႕ နယ္ရွိ ၎၏ေနအိမ္တြင္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ၿပီး (၈၈) မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္တစ္ဦးျဖစ္သူ ဦးေက်ာ္မင္းယု(ခ) ကိုဂ်င္မီသည္ ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာ (၂၃) ရက္တြင္ ေျမာက္ဒဂုံၿမိဳ႕နယ္တြင္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္သည္။