အေဂျင်စီ ၃၅၀ ကျော်ကို မိသားစုလွှဲပို့ငွေအထောက်အထားစိစစ်သွားမည်

 911

NP News ဩဂုတ် (၂၁) ရက်
ပြည်ပနိုင်ငံ များသို့ စေလွှတ်ခဲ့သည့် အေဂျင်စီများ
အနေဖြင့် မိသားစုလွှဲပို့ငွေ အထောက်အထားတင်ပြရန် စိစစ်မှုကို နေပြည်တော်ရုံးချုပ်တွင် စိစစ်သွားမည်ဟု အလုပ်သမားဝန်ကြီးဌာနမှသိရသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ အထိ ပြည်ပနိုင်ငံ များသို့ စေလွှတ်ခဲ့သည့် အေဂျင်စီများ ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၅ ရက်မှစပြီး စိစစ်သွားမည်ဖြစ်သည်။
" အေဂျင်စီတွေ အနေနဲ့ မိသားစုလွှဲပို့ငွေမပြည့်မီရင် မိမိငွေနဲ့စိုက်ပြီး အလွှဲပြကြရပါတယ်။ပြင်ပပေါက်ဈေးထက်နည်းတော့ အရှုံးခံရပါတယ်။ အခွန်ဆောင်ဖို့လည်းရှိနေတယ်ဆိုရင်တော့ မိသားစုလွှဲပို့ငွေပြည့်မီအောင်သာအရင် ကြိုးစားကြစေချင်ပါတယ်။ အခွန်က ၁၂လပိုင်းအထိဆိုတော့ ချိန်ဆပြီးလုပ်ကြပါ "ဟု MOEAA သတင်းနှင့်ပြန်ကြားရေး ၊တာဝန်ရှိသူတစ်ဦးကပြောသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ အထိ ပြည်ပနိုင်ငံ များ ကို စေလွှတ်ခဲ့သော အေဂျင်စီ ၃၅၉ ခု အနေဖြင့် နေပြည်တော်တွင် အလှည့်ကျစစ်ဆေးခံရမည်ဖြစ်သည်။
အေဂျင်စီ များသည် ဖော်ပြထားသည့် နေ့ရက်အတိုင်း မပျက်မကွက် လာရောက်တင်ပြကြရန်နှင့် မှတ်ချက်တွင်ဖော်ပြထားသည့် အတိုင်း မနက်ပိုင်းစစ်ဆေးခံရမည့်အေဂျင်စီများသည် မနက်ပိုင်းသာ လာရောက်တင်ပြရန်နှင့် နေ့လည်ပိုင်းစစ်ဆေးခံရမည့် အေဂျင်စီများသည် နေ့လည်ပိုင်းမှာသာ လာရောက်တင်ပြကြရန် လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာနကဆိုသည်။
လာရောက်တင်ပြရန်ပျက်ကွက်သည့် အေဂျင်စီများကို ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ Demand Letter အသစ် တင်ပြခွင့်ဆိုင်းငံ့ခြင်းများဖြင့် အရေးယူဆောင်ရွက်သွားမည်ဟုသိရသည်။

Zawgyi Version:
ေအဂ်င္စီ ၃၅၀ ေက်ာ္ကို မိသားစုလႊဲပို႔ေငြအေထာက္အထားစိစစ္သြားမည္
NP News ဩဂုတ္ (၂၁) ရက္
ျပည္ပႏိုင္ငံ မ်ားသို႔ ေစလႊတ္ခဲ့သည့္ ေအဂ်င္စီမ်ား
အေနျဖင့္ မိသားစုလႊဲပို႔ေငြ အေထာက္အထားတင္ျပရန္ စိစစ္မႈကို ေနျပည္ေတာ္႐ုံးခ်ဳပ္တြင္ စိစစ္သြားမည္ဟု အလုပ္သမားဝန္ႀကီးဌာနမွသိရသည္။
၂၀၂၄ ခုႏွစ္ စက္တင္ဘာမွ ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာ အထိ ျပည္ပႏိုင္ငံ မ်ားသို႔ ေစလႊတ္ခဲ့သည့္ ေအဂ်င္စီမ်ား ကို ၂၀၂၅ ခုႏွစ္ ဩဂုတ္ ၂၅ ရက္မွစၿပီး စိစစ္သြားမည္ျဖစ္သည္။
" ေအဂ်င္စီေတြ အေနနဲ႔ မိသားစုလႊဲပို႔ေငြမျပည့္မီရင္ မိမိေငြနဲ႔စိုက္ၿပီး အလႊဲျပၾကရပါတယ္။ျပင္ပေပါက္ေဈးထက္နည္းေတာ့ အရႈံးခံရပါတယ္။ အခြန္ေဆာင္ဖို႔လည္းရွိေနတယ္ဆိုရင္ေတာ့ မိသားစုလႊဲပို႔ေငြျပည့္မီေအာင္သာအရင္ ႀကိဳးစားၾကေစခ်င္ပါတယ္။ အခြန္က ၁၂လပိုင္းအထိဆိုေတာ့ ခ်ိန္ဆၿပီးလုပ္ၾကပါ "ဟု MOEAA သတင္းႏွင့္ျပန္ၾကားေရး ၊တာဝန္ရွိသူတစ္ဦးကေျပာသည္။
၂၀၂၄ ခုႏွစ္ စက္တင္ဘာကေန ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာ အထိ ျပည္ပႏိုင္ငံ မ်ား ကို ေစလႊတ္ခဲ့ေသာ ေအဂ်င္စီ ၃၅၉ ခု အေနျဖင့္ ေနျပည္ေတာ္တြင္ အလွည့္က်စစ္ေဆးခံရမည္ျဖစ္သည္။
ေအဂ်င္စီ မ်ားသည္ ေဖာ္ျပထားသည့္ ေန႔ရက္အတိုင္း မပ်က္မကြက္ လာေရာက္တင္ျပၾကရန္ႏွင့္ မွတ္ခ်က္တြင္ေဖာ္ျပထားသည့္ အတိုင္း မနက္ပိုင္းစစ္ေဆးခံရမည့္ေအဂ်င္စီမ်ားသည္ မနက္ပိုင္းသာ လာေရာက္တင္ျပရန္ႏွင့္ ေန႔လည္ပိုင္းစစ္ေဆးခံရမည့္ ေအဂ်င္စီမ်ားသည္ ေန႔လည္ပိုင္းမွာသာ လာေရာက္တင္ျပၾကရန္ လိုအပ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနကဆိုသည္။
လာေရာက္တင္ျပရန္ပ်က္ကြက္သည့္ ေအဂ်င္စီမ်ားကို ဒဏ္ေၾကးေငြေပးေဆာင္ေစျခင္း၊ Demand Letter အသစ္ တင္ျပခြင့္ဆိုင္းငံ့ျခင္းမ်ားျဖင့္ အေရးယူေဆာင္႐ြက္သြားမည္ဟုသိရသည္။

Related news

© 2021. All rights reserved.