အာဖဂန်နစ္စတန်နိုင်ငံမှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၇၈)ဦးသေဆုံး

282

Pika(NP News)
အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းမှာ အီရန်ကပြန်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကိုတင်ဆောင်လာတဲ့ ခရီးသည်တင်ဘတ်စ်ကားတစ်စီးဟာ ထရပ်ကားတစ်စီး၊မော်တော်ဆိုင်ကယ်တစ်စီးတို့နဲ့ ဝင်တိုက်မိခဲ့ပြီးနောက် အနည်းဆုံးလူ(၇၈)ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်ဟာ ဂူဇာရာခရိုင် ဟီရတ်မြို့အပြင်ဘက်က လမ်းမပေါ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ခရီးသည်တင်ဘတ်စ်ကားရဲ့ အရှိန်လွန်မှုနဲ့ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။အဲ့ဒီဘတ်စ်ကားဟာ အီရန်ကနေပြန်လာတဲ့ အာဖဂန်နစ္စတန်နိုင်ငံသားတွေကို သယ်ဆောင်လာတာဖြစ်ပြီး ကဘူးလ်မြို့ကို သွားနေစဉ်အချိန်အတွင်း ယခုလိုတိုက်မိမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။တာဝန်ရှိသူတစ်ဦးက”ဘတ်စ်ကားပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်အားလုံးဟာ အီရန်နိုင်ငံကနေပြန်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေပဲဖြစ်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။သန်းနဲ့ချီတဲ့ရွှေ့ပြောင်းနေထိုင်သူတွေကို နိုင်ငံတွင်းကနေ ထွက်ခွါကြဖို့ ဖိအားပေးတဲ့လှုပ်ရှားမှုကို အီရန်အစိုးရက စတင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့လတွေအတွင်း အာဖဂန်နစ္စတန်နိုင်ငံသားအများအပြားဟာ အီရန်နိုင်ငံတွင်းကနေ စတင်ထွက်ခွါလာခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အာဖဂန္နစၥတန္ႏိုင္ငံမွာ ခရီးသည္တင္ဘတ္စ္ကားတစ္စီးတိမ္းေမွာက္ခဲ့ၿပီး အနည္းဆုံးလူ(၇၈)ဦးေသဆုံး
Pika(NP News)
အာဖဂန္နစၥတန္ႏိုင္ငံ အေနာက္ပိုင္းမွာ အီရန္ကျပန္လာတဲ့ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကိုတင္ေဆာင္လာတဲ့ ခရီးသည္တင္ဘတ္စ္ကားတစ္စီးဟာ ထရပ္ကားတစ္စီး၊ေမာ္ေတာ္ဆိုင္ကယ္တစ္စီးတို႔နဲ႔ ဝင္တိုက္မိခဲ့ၿပီးေနာက္ အနည္းဆုံးလူ(၇၈)ဦး ေသဆုံးခဲ့တယ္လို႔ ေဒသတြင္းရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။အဲ့ဒီျဖစ္ရပ္ဟာ ဂူဇာရာခ႐ိုင္ ဟီရတ္ၿမိဳ႕အျပင္ဘက္က လမ္းမေပၚမွာျဖစ္ပြားခဲ့တာျဖစ္ၿပီး ခရီးသည္တင္ဘတ္စ္ကားရဲ႕ အရွိန္လြန္မႈနဲ႔ေပါ့ဆမႈေၾကာင့္ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။အဲ့ဒီဘတ္စ္ကားဟာ အီရန္ကေနျပန္လာတဲ့ အာဖဂန္နစၥတန္ႏိုင္ငံသားေတြကို သယ္ေဆာင္လာတာျဖစ္ၿပီး ကဘူးလ္ၿမိဳ႕ကို သြားေနစဥ္အခ်ိန္အတြင္း ယခုလိုတိုက္မိမႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ တာဝန္ရွိသူေတြကေျပာၾကားခဲ့ပါတယ္။တာဝန္ရွိသူတစ္ဦးက”ဘတ္စ္ကားေပၚမွာလိုက္ပါလာတဲ့ ခရီးသည္အားလုံးဟာ အီရန္ႏိုင္ငံကေနျပန္လာတဲ့ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြပဲျဖစ္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။သန္းနဲ႔ခ်ီတဲ့ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကို ႏိုင္ငံတြင္းကေန ထြက္ခြါၾကဖို႔ ဖိအားေပးတဲ့လႈပ္ရွားမႈကို အီရန္အစိုးရက စတင္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့လေတြအတြင္း အာဖဂန္နစၥတန္ႏိုင္ငံသားအမ်ားအျပားဟာ အီရန္ႏိုင္ငံတြင္းကေန စတင္ထြက္ခြါလာခဲ့ၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။