အက်ဒမန်ပင်လယ်အတွင်းပိတ်မိနေသည့် မြန်မာငါးဖမ်းသမားများကို အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ကယ်တင်

 902

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၃
အက်ဒမန်ပင်လယ်အတွင်း ၁ဝ ရက်ကြာဘေးဒုက္ခ များနှင့်ရင်ဆိုင်ပိတ်မိနေတဲ့ မြန်မာငါးဖမ်းသမား ၁ဝ ဦးကို အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ကကယ်တင်ပေးခဲ့တယ်လို့သိရပါတယ်။

မြန်မာငါးဖမ်းသမားတွေလိုက်ပါလာတဲ့ လှေနစ်မြုပ်သွားခဲ့ပြီးနောက် ပင်လယ်ထဲရေကူးနေရကြောင်း အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့ကဆိုပါတယ်။ အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက မြန်မာငါးဖမ်းသမားတွေကို ကာနီကိုဘာကျွန်းတောင်ဘက် ၁၄ မိုင်အကွာမှာကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

မလေးရှားနိုင်ငံကိုသွားမယ့် မြန်မာငါးဖမ်းသမားတွေလိုက်ပါလာတဲ့ လှေဟာအက်ဒမန်ပင်လယ်အတွင်းနစ်မြုပ်သွားခဲ့ပြီးနောက် ပင်လယ်ပြင်အတွင်းပိတ်မိနေခဲ့ကာ အခက်အခဲတွေနဲ့ရင်ဆိုင်နေခဲ့ရတယ်လို့ဆိုပါတယ်။ အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ကမြန်မာငါဖမ်းသမားအားလုံးအသက်ရှင်လွတ်မြောက်ခဲ့ပြီး ဒေ သခံရဲတပ်ဖွဲ့ထံလွှဲပြောင်းပေးခဲ့ကာ ဘေးကင်းလုံခြုံမှုရှိတယ်လို့ပြောပါတယ်။

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ဟာ မကြာသေးမီကလည်း အိန္ဒိယရေပိုင်နက်အတွင်း ပါကစ္စတန်ငါးဖမ်းလှေတစ်စီးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာ အိန္ဒိယရဲတပ်ဖွဲ့ဟာ မြန်မာငါးဖမ်းသမားတွေကို လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီး ကူညီပေးထားတယ်လို့သတင်းတွေကဆိုပါတယ်။

zawgyi version
အက္ဒမန္ပင္လယ္အတြင္းပိတ္မိေနသည့္ ျမန္မာငါးဖမ္းသမားမ်ားကို အိႏၵိယကမ္းေျခေစာင့္တပ္ဖြဲ႕ကယ္တင္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၃

အက္ဒမန္ပင္လယ္အတြင္း ၁ဝ ရက္ၾကာေဘးဒုကၡမ်ားႏွင့္ရင္ဆိုင္ပိတ္မိေနတဲ့ ျမန္မာငါးဖမ္းသမား ၁ဝ ဦးကို အိႏၵိယကမ္းေျခေစာင့္တပ္ဖြဲ႕ကကယ္တင္ေပးခဲ့တယ္လို႔သိရပါတယ္။

ျမန္မာငါးဖမ္းသမားေတြလိုက္ပါလာတဲ့ ေလွနစ္ျမဳပ္သြားခဲ့ၿပီးေနာက္ ပင္လယ္ထဲေရကူးေနရေၾကာင္း အိႏၵိယကမ္းေျခေစာင့္တပ္ဖြဲ႕ကဆိုပါတယ္။ အိႏၵိယကမ္းေျခေစာင့္တပ္ဖြဲ႕တာဝန္ရွိသူတစ္ဦးက ျမန္မာငါးဖမ္းသမားေတြကို ကာနီကိုဘာကြၽန္းေတာင္ဘက္ ၁၄ မိုင္အကြာမွာကယ္တင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

မေလးရွားႏိုင္ငံကိုသြားမယ့္ ျမန္မာငါးဖမ္းသမားေတြလိုက္ပါလာတဲ့ ေလွဟာအက္ဒမန္ပင္လယ္အတြင္းနစ္ျမဳပ္သြားခဲ့ၿပီးေနာက္ ပင္လယ္ျပင္အတြင္းပိတ္မိေနခဲ့ကာ အခက္အခဲေတြနဲ႔ရင္ဆိုင္ေနခဲ့ရတယ္လို႔ဆိုပါတယ္။ အိႏၵိယကမ္းေျခေစာင့္တပ္ဖြဲ႕ကျမန္မာငါဖမ္းသမားအားလုံးအသက္ရွင္လြတ္ေျမာက္ခဲ့ၿပီး ေဒ သခံရဲတပ္ဖြဲ႕ထံလႊဲေျပာင္းေပးခဲ့ကာ ေဘးကင္းလုံၿခဳံမႈရွိတယ္လို႔ေျပာပါတယ္။

အိႏၵိယကမ္းေျခေစာင့္တပ္ဖြဲ႕ဟာ မၾကာေသးမီကလည္း အိႏၵိယေရပိုင္နက္အတြင္း ပါကစၥတန္ငါးဖမ္းေလွတစ္စီးကိုဖမ္းဆီးႏိုင္ခဲ့တယ္လို႔သိရပါတယ္။လက္ရွိအခ်ိန္မွာ အိႏၵိယရဲတပ္ဖြဲ႕ဟာ ျမန္မာငါးဖမ္းသမားေတြကို လိုအပ္တဲ့စုံစမ္းစစ္ေဆးမႈေတြလုပ္ေနၿပီး ကူညီေပးထားတယ္လို႔သတင္းေတြကဆိုပါတယ္။

© 2021. All rights reserved.