One Championship ပွဲစဉ်မှာ ထပ်မံယှဉ်ပြိုင်မယ့် ချင်းလူမျိုးတိုက်ခိုက်ရေးသမား

1442

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၄
ချင်းတိုက်ခိုက်ရေးသမား တီရယ်လ်ထန် TIAL THANG ဟာ လာမယ့်လအတွင်းကျင်းပမယ့် One Championship ပွဲစဉ်မှာ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
One Championship ပြိုင်ပွဲကို လာမယ့် ဖေဖော်ဝါရီ (၁၁) ရက်နေ့မှာ BAD BLOOD ပွဲစဉ်များကို ကျင်းပမှာ ဖြစ်တယ်လို့ သိရကာ အဲဒီပွဲစဉ်မှာ ဘန်တန်ဝိတ်တန်းပွဲစဉ်အတွက် တီရယ်လ်ထန်ရဲ့ပွဲစဉ်ကိုပါ ထည့်သွင်း ကျင်းပသွားမှာဖြစ်ပြီး အသက်(၂၈) နှစ်အရွယ်ရှိ တီရယ်လ်ထန်ဟာ အင်ဒိုနီးရှားတိုက်ခိုက်ရေးသမား ဆူနိုတိုနဲ့ ယှဉ်ပြိုင်တိုက်ခိုက်သွားရမှာဖြစ်တယ်လို့ သိရပါတယ်။
WKF ချန်ပီယံဟောင်း ဆူနိုတိုဟာ One Championship ပွဲစဉ်တွေကို ၂ဝ၁၃ ခုနှစ်မှာ စတင်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ကာ ရလဒ်ကောင်းတွေရယူနိုင်ခဲ့သူဖြစ်ပါတယ်။ အသက်(၃၆) နှစ်အရွယ်ရှိ ဆူနိုတိုဟာလည်း ပြီးခဲ့တဲ့နှစ်တွေ အတွင်း အင်ဒိုနီးရှားရှိတိုက်ခိုက်ရေးသမားတွေထဲ အလားလာအကောင်းဆုံးတိုက်ခိုက်ရေးသမားအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး One Championship မှာ ယှဉ်ပြိုင်နေတဲ့ အင်ဒိုနီးရှားတိုက်ခိုက်ရေးသမားတွေထဲ နိုင်ပွဲ ပိုရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
“The Dragon Leg” လို့ ချစ်စနိုးအခေါ်ခံရတဲ့ တီရယ်လ်ထန်ဟာ One Championship ပွဲစဉ်တွေမှာ သုံးပွဲ ဆက်တိုက်အနိုင်ရယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဇူလိုင်လတုန်းက ယှဉ်ပြိုင်ခဲ့တဲ့ Min Jong Song နဲ့ ပွဲစဉ်မှာတော့ ရှုံးနိမ့်သွားခဲ့ပါတယ်။
တီရယ်လ်ထန်ဟာ One Championship ပွဲစဉ်တွေကို ၂ဝ၁၉ ခုနှစ်မှာ စတင်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံ Sanford MMA မှာ မတူညီတဲ့ ဝိတ်တန်းနှစ်ခုချန်ပီယံဟောင်း အောင်လအန်ဆန်နဲ့အတူ လေ့ကျင့်နေသူလည်းဖြစ်ပါတယ်။ တီရယ်လ်ထန်ဟာ One Championship မှာ ပွဲစဉ်ပေါင်း(၄) ပွဲယှဉ်ပြိုင်ခဲ့ပြီး သုံးပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသူဖြစ်ကာ နောက်ဆုံးပွဲစဉ်မှာ ရှုံးနိမ့်ထားတာဖြစ်တဲ့အတွက် လာမယ့်ပွဲစဉ်ကို အနိုင်ရ ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
Zawgyi Version;
One Championship ပြဲစဥ္မွာ ထပ္မံယွဥ္ၿပိဳင္မယ့္ ခ်င္းလူမ်ိဳးတိုက္ခိုက္ေရးသမား
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၄
ခ်င္းတိုက္ခိုက္ေရးသမား တီရယ္လ္ထန္ TIAL THANG ဟာ လာမယ့္လအတြင္းက်င္းပမယ့္ One Championship ပြဲစဥ္မွာ ပါဝင္ယွဥ္ၿပိဳင္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။
One Championship ၿပိဳင္ပြဲကို လာမယ့္ ေဖေဖာ္ဝါရီ (၁၁) ရက္ေန႔မွာ BAD BLOOD ပြဲစဥ္မ်ားကို က်င္းပမွာ ျဖစ္တယ္လို႔ သိရကာ အဲဒီပြဲစဥ္မွာ ဘန္တန္ဝိတ္တန္းပြဲစဥ္အတြက္ တီရယ္လ္ထန္ရဲ႕ပြဲစဥ္ကိုပါ ထည့္သြင္း က်င္းပသြားမွာျဖစ္ၿပီး အသက္(၂၈) ႏွစ္အ႐ြယ္ရွိ တီရယ္လ္ထန္ဟာ အင္ဒိုနီးရွားတိုက္ခိုက္ေရးသမား ဆူႏိုတို နဲ႔ ယွဥ္ၿပိဳင္တိုက္ခိုက္သြားရမွာျဖစ္တယ္လို႔ သိရပါတယ္။
WKF ခ်န္ပီယံေဟာင္း ဆူႏိုတိုဟာ One Championship ပြဲစဥ္ေတြကို ၂ဝ၁၃ ခုႏွစ္မွာ စတင္ယွဥ္ၿပိဳင္ခဲ့သူ ျဖစ္ကာ ရလဒ္ေကာင္းေတြရယူႏိုင္ခဲ့သူျဖစ္ပါတယ္။ အသက္(၃၆) ႏွစ္အ႐ြယ္ရွိ ဆူႏိုတိုဟာလည္း ၿပီးခဲ့တဲ့ႏွစ္ေတြ အတြင္း အင္ဒိုနီးရွားရွိတိုက္ခိုက္ေရးသမားေတြထဲ အလားလာအေကာင္းဆုံးတိုက္ခိုက္ေရးသမားအျဖစ္ သတ္မွတ္ခံခဲ့ရသူျဖစ္ၿပီး One Championship မွာ ယွဥ္ၿပိဳင္ေနတဲ့ အင္ဒိုနီးရွားတိုက္ခိုက္ေရးသမားေတြထဲ နိိုင္ပြဲ ပိုရယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။
“The Dragon Leg” လို႔ ခ်စ္စႏိုးအေခၚခံရတဲ့ တီရယ္လ္ထန္ဟာ One Championship ပြဲစဥ္ေတြမွာ သုံးပြဲ ဆက္တိုက္အႏိုင္ရယူႏိုင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ၂ဝ၂၁ ခုႏွစ္ ဇူလိုင္လတုန္းက ယွဥ္ၿပိဳင္ခဲ့တဲ့ Min Jong Song နဲ႔ ပြဲစဥ္မွာေတာ့ ရႈံးနိမ့္သြားခဲ့ပါတယ္။
တီရယ္လ္ထန္ဟာ One Championship ပြဲစဥ္ေတြကို ၂ဝ၁၉ ခုႏွစ္မွာ စတင္ယွဥ္ၿပိဳင္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ အေမရိကန္ႏိုင္ငံ Sanford MMA မွာ မတူညီတဲ့ ဝိတ္တန္းႏွစ္ခုခ်န္ပီယံေဟာင္း ေအာင္လအန္ဆန္နဲ႔အတူ ေလ့က်င့္ေနသူလည္းျဖစ္ပါတယ္။ တီရယ္လ္ထန္ဟာ One Championship မွာ ပြဲစဥ္ေပါင္း(၄) ပြဲယွဥ္ၿပိဳင္ခဲ့ၿပီး သံုးပြဲႏိုင္၊ တစ္ပြဲရႈံးနိမ့္ထားသူျဖစ္ကာ ေနာက္ဆုံးပြဲစဥ္မွာ ရွံုးနိမ့္ထားတာျဖစ္တဲ့အတြက္ လာမယ့္ပြဲစဥ္ကို အႏိုင္ရ ယူဖို႔ စိတ္အားထက္သန္ေနတယ္လို႔ သိရပါတယ္။