တိုင်ကြားစာ ၁၆ဝဝ ကျော်ရှိသော်လည်း ၄၃ ရာခိုင်နှုန်းခန့်သည် ဥပဒေနှင့်အကျုံးမဝင်သည့် တိုင်စာများသာဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဖွင့်ဟ

870

မျိုးကြီး (NP News) - ဇန်နဝါရီ ၂၅
အဂတိလိုက်စားမှုနှင့်ပတ်သက်၍ တိုင်ကြားစာ ၁၆ဝဝ ကျော်လက်ခံရရှိခဲ့သော်လည်း ၄၃ ရာခိုင်နှုန်းခန့်သည် ဥပဒေနှင့်အကျုံးမဝင်သည့်တိုင်စာများသာဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်က ဇန်နဝါရီလ ၂၅ ရက်တွင်ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်သို့ ၂ဝ၂၁ ခုနှစ်အတွင်း တိုင်ကြားစာစုစုပေါင်း ၁၃၃၄ စောင်လက်ခံရရှိခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်က စိစစ်ဆဲလက်ကျန်တိုင်ကြားစာ ၂၉၉ စောင် စုစုပေါင်း တိုင်ကြားစာ ၁၆၃၃ စောင်ကိုစိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါတိုင်ကြားစာမျာနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ပေးနိုင်သည့် တိုင်ကြားစာ ၈၈၇ စောင်ရှိခဲ့ပြီး အရေးယူဆောင်ရွက်မပေးနိုင်သည့် တိုင်ကြားစာ ၇ဝ၄ စောင်ရှိကာ စိစစ်ဆဲတိုင်ကြားစာမှာ ၄၂ စောင်ရှိကြောင်း ကော်မရှင်ကဆိုသည်။
ကော်မရှင်အနေဖြင့် တိုင်ကြားစာ ၁၆ဝဝ ကျော်လက်ခံရရှိခဲ့သော်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးနိုင်သည့် တိုင်ကြားစာမှာ ၅၄ ဒသမ ၃၂ ရာခိုင်နှုန်းရှိပြီး ကျန်ရှိသော ၄၃ ဒသမ ၁၁ ရာခိုင်နှုန်းသည် ဥပဒေနှင့်အကျုံးမဝင်သည့် တိုင်စာများဖြစ်ကြောင်း ဆိုထား သည်။
"မိတ္တူပေးပို့တဲ့တိုင်ကြားစာတွေ၊ သက်သေအ ထောက်အထား မပါရှိတဲ့တိုင်ကြားစာတွေ၊ တိုင်ကြားပြီး ပြန်လည်ရုပ်သိမ်းတာတွေ စတဲ့အကြောင်းမညီ ညွတ်မှုတွေနဲ့ တိုင်ကြားရာမှာသတိပြုရမယ့်အချက်တွေကို သတိမမူမိတဲ့အတွက် အရေးယူဆောင်ရွက်လို့မရဘဲ တိုင်ကြားစာတွေ ဖောင်းပွနေတာတွေ့ရှိရပါတယ်" ဟု မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကဆိုသည်။
လက်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် NLD အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီး၊ ဒုတိယဝန်ကြီးများအား အဂ တိလိုက်စားမှုများရှိသည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်မှုများကိုတွေ့ရသော်လည်း အခြားအမှုများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ပေးခြင်းမျိုးမတွေ့ရသေးပေ။
အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ လုပ်ပိုင်ခွင့်အာဏာရှိသူ တစ်ဦးဦးက အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာမှုနှင့်စပ်လျဉ်း၍ ဖြစ်စေ အဂတိ လိုက်စားမှုကြောင့် နစ်နာသူက သတ်မှတ်ချက်များနှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားနိုင်ကြောင်းသိရသည်။ စုံစမ်းစစ်ဆေးရမည့်ကိစ္စ ဖြစ်ပါက အမှန်တကယ် နစ်နာသူ ဟုတ်၊ မ ဟုတ်သိရှိနိုင်ရန်၊ လိုအပ်ပါက ဆက်သွယ်ခေါ်ယူမေး မြန်းစုံစမ်းနိုင်ရန်နှင့် အခြားသူ၏အမည်ကို အလွဲသုံး စားပြုလုပ်၍ တိုင်ကြားခြင်းအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိုင်ကြားသည့်နစ်နာသူသည် အ မည်၊ လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား မိတ္တူ၊ ဆက်သွယ်ရန် လိပ်စာ အပြည့်အစုံ၊ ဖုန်းနံပါတ်တို့ကို ထည့်သွင်းပေးရမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် တိုင်ကြားစာတွင် အဂတိလိုက်စားမှုကို မည်သည့်နေရာ၊ မည်သည့်အချိန်နှင့် မည်သို့ဖြစ်ပွားခဲ့ကြောင်း၊ မည်သူတို့ ပါဝင်ခဲ့ကြောင်း၊ ၎င်းအဂတိလိုက်စားမှုဖြစ် ရပ်ကိုမည်သို့သိရှိရကြောင်း၊ မည်သည့်အတွက်ကြောင့် ၎င်းဖြစ်ရပ်ကို အဂတိလိုက်စားမှုဟု ထင်မြင်ရကြောင်းတို့ကိုပါ ထည့်သွင်းဖော်ပြရမည်ဖြစ် ကြောင်း သိရသည်။

zawgyi version
တိုင္ၾကားစာ ၁၆ဝဝ ေက်ာ္ရွိေသာ္လည္း ၄၃ ရာခိုင္ႏႈန္းခန႔္သည္ ဥပေဒႏွင့္အက်ဳံးမဝင္သည့္ တိုင္စာမ်ားသာျဖစ္ေၾကာင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ဖြင့္ဟ
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၂၅
အဂတိလိုက္စားမႈႏွင့္ပတ္သက္၍ တိုင္ၾကားစာ ၁၆ဝဝ ေက်ာ္လက္ခံရရွိခဲ့ေသာ္လည္း ၄၃ ရာခိုင္ႏႈန္းခန႔္သည္ ဥပေဒႏွင့္အက်ဳံးမဝင္သည့္တိုင္စာမ်ားသာျဖစ္ေၾကာင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္ မရွင္က ဇန္နဝါရီလ ၂၅ ရက္တြင္ထုတ္ျပန္လိုက္သည္။
ျမန္မာႏိုင္ငံအဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္ မရွင္သို႔ ၂ဝ၂၁ ခုႏွစ္အတြင္း တိုင္ၾကားစာစုစုေပါင္း ၁၃၃၄ ေစာင္လက္ခံရရွိခဲ့ၿပီး ၂ဝ၂ဝ ျပည့္ႏွစ္က စိစစ္ဆဲလက္က်န္တိုင္ၾကားစာ ၂၉၉ ေစာင္ စုစုေပါင္း တိုင္ၾကားစာ ၁၆၃၃ ေစာင္ကိုစိစစ္ေဆာင္႐ြက္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။
အဆိုပါတိုင္ၾကားစာမ်ာႏွင့္ပတ္သက္၍ အေရးယူေဆာင္႐ြက္ေပးႏိုင္သည့္ တိုင္ၾကားစာ ၈၈၇ ေစာင္ရွိခဲ့ၿပီး အေရးယူေဆာင္႐ြက္မေပးႏိုင္သည့္ တိုင္ၾကားစာ ၇ဝ၄ ေစာင္ရွိကာ စိစစ္ဆဲတိုင္ၾကားစာမွာ ၄၂ ေစာင္ရွိေၾကာင္း ေကာ္မရွင္ကဆိုသည္။
ေကာ္မရွင္အေနျဖင့္ တိုင္ၾကားစာ ၁၆ဝဝ ေက်ာ္လက္ခံရရွိခဲ့ေသာ္လည္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ေပးႏိုင္သည့္ တိုင္ၾကားစာမွာ ၅၄ ဒသမ ၃၂ ရာခိုင္ႏႈန္းရွိၿပီး က်န္ရွိေသာ ၄၃ ဒသမ ၁၁ ရာခိုင္ႏႈန္းသည္ ဥပေဒႏွင့္အက်ဳံးမဝင္သည့္ တိုင္စာမ်ားျဖစ္ေၾကာင္း ဆိုထား သည္။
"မိတၱဴေပးပို႔တဲ့တိုင္ၾကားစာေတြ၊ သက္ေသအ ေထာက္အထား မပါရွိတဲ့တိုင္ၾကားစာေတြ၊ တိုင္ၾကားၿပီး ျပန္လည္႐ုပ္သိမ္းတာေတြ စတဲ့အေၾကာင္းမညီ ၫြတ္မႈေတြနဲ႔ တိုင္ၾကားရာမွာသတိျပဳရမယ့္အခ်က္ေတြကို သတိမမူမိတဲ့အတြက္ အေရးယူေဆာင္႐ြက္လို႔မရဘဲ တိုင္ၾကားစာေတြ ေဖာင္းပြေနတာေတြ႕ရွိရပါတယ္" ဟု ျမန္မာႏိုင္ငံအဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကဆိုသည္။
လက္ရွိ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္အေနျဖင့္ NLD အစိုးရလက္ထက္တြင္ တာဝန္ထမ္းေဆာင္ခဲ့သည့္ ဝန္ႀကီး၊ ဒုတိယဝန္ႀကီးမ်ားအား အဂ တိလိုက္စားမႈမ်ားရွိသည္ဟုဆိုကာ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္အေရးယူေဆာင္ ႐ြက္မႈမ်ားကိုေတြ႕ရေသာ္လည္း အျခားအမႈမ်ားႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ေပးျခင္းမ်ိဳးမေတြ႕ရေသးေပ။
အဂတိလိုက္စားမႈႏွင့္ စပ္လ်ဥ္း၍ ျဖစ္ေစ၊ လုပ္ပိုင္ခြင့္အာဏာရွိသူ တစ္ဦးဦးက အဂတိလိုက္စားမႈျဖင့္ ႂကြယ္ဝခ်မ္းသာလာမႈႏွင့္စပ္လ်ဥ္း၍ ျဖစ္ေစ အဂတိလိုက္စားမႈေၾကာင့္ နစ္နာသူက သတ္မွတ္ခ်က္မ်ားႏွင့္ အညီ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္သို႔ တိုင္ၾကားႏိုင္ေၾကာင္းသိရသည္။ စုံစမ္းစစ္ေဆးရမည့္ကိစၥ ျဖစ္ပါက အမွန္တကယ္ နစ္နာသူ ဟုတ္၊ မဟုတ္ သိရွိႏိုင္ရန္၊ လိုအပ္ပါက ဆက္သြယ္ ေခၚယူေမးျမန္း စုံစမ္း ႏိုင္ရန္ႏွင့္ အျခားသူ၏ အမည္ကို အလြဲသုံးစား ျပဳလုပ္၍ တိုင္ၾကားျခင္းအား ႀကိဳတင္ ကာကြယ္ႏိုင္ေရးအတြက္ တိုင္ၾကားသည့္ နစ္နာသူသည္ အမည္၊ လက္မွတ္၊ ႏိုင္ငံသားစိစစ္ေရးကဒ္ျပား မိတၱဴ၊ ဆက္သြယ္ရန္ လိပ္စာ အျပည့္အစုံ၊ ဖုန္းနံပါတ္တို႔ကို ထည့္သြင္းေပးရမည္ျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ တိုင္ၾကားစာတြင္ အဂတိလိုက္စားမႈကို မည္သည့္ေနရာ၊ မည္သည့္အခ်ိန္ႏွင့္ မည္သို႔ ျဖစ္ပြားခဲ့ေၾကာင္း၊ မည္သူတို႔ ပါဝင္ခဲ့ေၾကာင္း၊ ၎အဂတိလိုက္စားမႈျဖစ္ရပ္ကို မည္သို႔ သိရွိရေၾကာင္း၊ မည္သည့္အတြက္ေၾကာင့္ ၎ျဖစ္ရပ္ကို အဂတိလိုက္စားမႈဟု ထင္ျမင္ရေၾကာင္းတို႔ကိုပါ ထည့္သြင္းေဖာ္ျပရမည္ျဖစ္ေၾကာင္းသိရသည္။