နေပြည်တော်တွင် ဈေးဆိုင်များပိတ်ခြင်းဖြင့်လှုံ့ဆော်မှုများတွင်ပါဝင်ပါက အရေးယူခံရမည့်အကြောင်းကို ထွေအုပ်၊ ရဲ၊ စည်ပင်တို့က လိုက်လံသတိပေးနေ

719

မျိုးကြီး (NP News) - ဇန်နဝါရီ ၂၇
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဈေးဆိုင်များပိတ်ခြင်းဖြင့်လှုံ့ဆော်မှုများတွင်ပါဝင်ပါက အရေးယူခံရမည့်အကြောင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့တော်စည်ပင်သာယာရေးတို့မှတာဝန်ရှိသူများက ယနေ့ (ဇန်နဝါရီ ၂၇ ရက်) တွင် လိုက်လံသတိပေးနေကြောင်း သတင်းရရှိသည်။
လာမည့် ဖေဖော်ဝါရီလ ၁ ရက်တွင် အသံတိတ်သ ပိတ်(Silence Strike) ပြုလုပ်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးပူးပေါင်းပါဝင်ကြရန် လူမှုကွန်ရက်တွင်တိုက် တွန်းလှုံ့ဆော်မှုများရှိနေသည်။
ယနေ့ (ဇန်နဝါရီလ ၂၇ ရက်)တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇမ္ဗူသီရိမြို့နယ် ဧရာဝတီလမ်းပေါ်ဈေးဆိုင်များ၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ဈေးဆိုင်များ၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်အ မှတ်(၁ ၊၂ ၊၃ ၊၄၊ ၅၊ ၆) ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များသို့သွားရောက်ကာ အထွေထွေအုပ်ရေးဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ စည်ပင်နှင့် တာဝန်ရှိသူ များက လိုက်လံကာလှုံ့ဆော်မှုများကိုပူးပေါင်းပါဝင်ခြင်းမပြုလုပ်ရန်ပြုလုပ်ပါက ဥပဒေအရအရေးယူခံရမည့်အကြောင်း လက်ကမ်းစာစောင်များဖြန့်ဝေကာ သတိပေးခဲ့ကြောင်း နေပြည်တော်ကောင်စီက သ တင်းထုတ်ပြန်ထားသည်။
ထို့အတူ ရန်ကုန်တိုင်းအတွင်းရှိ ဈေးများ၊ မန္တလေး တိုင်းအတွင်းရှိဈေးများတွင် ထုတ်ပြန်ကြေညာချက်များထုတ်ကာ အသံတိတ်သပိတ်နှင့်ပတ်သက်၍ လှုံ့ ဆော်မှုများတွင် ပူးပေါင်းပါဝင်ခြင်းမပြုရန်လည်း သ တိပေးနေမှုများရှိသည်။
အသံတိတ်သပိတ်ပြုလုပ်ရန်လှုံ့ဆော်မှုများအပေါ် ပြည်သူများလိုက်ပါလုပ်ဆောင်ပါက ဥပေဒအရ အ ရေးယူခံရနိုင်ကြောင်း နစက က ဇန်နဝါရီလ ၂၅ ရက်တွင်အသိပေးထုတ်ပြန်ခဲ့သည်။
အဆိုပါလှုံ့ဆော်မှုများကို လိုက်ပါလုပ်ဆောင်ခြင်း၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောက်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများလုပ်ဆောင်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အား ပေးကူညီခြင်းများပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅ဝ၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့်တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်းသတင်းထုတ် ပြန်ထားသည်။
ထို့အတူ ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အ ကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံ့ဘဏ္ဍာအ ဖြစ်သိမ်းဆည်းခံရနိုင်ကြောင်းလည်း နစက ကအသိ ပေးထုတ်ပြန်ထားသည်။

zawgyi version
ေနျပည္ေတာ္တြင္ ေဈးဆိုင္မ်ားပိတ္ျခင္းျဖင့္လႈံ႕ေဆာ္မႈမ်ားတြင္ပါဝင္ပါက အေရးယူခံရမည့္အေၾကာင္းကို ေထြအုပ္၊ ရဲ၊ စည္ပင္တို႔က လိုက္လံသတိေပးေန
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၂၇
ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္း ေဈးဆိုင္မ်ားပိတ္ျခင္းျဖင့္လႈံ႕ေဆာ္မႈမ်ားတြင္ပါဝင္ပါက အေရးယူခံရမည့္အေၾကာင္းကို အေထြေထြအုပ္ခ်ဳပ္ေရးဦးစီး ဌာန၊ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ၿမိဳ႕ေတာ္စည္ပင္သာယာေရးတို႔မွတာဝန္ရွိသူမ်ားက ယေန႔ (ဇန္နဝါရီ ၂၇ ရက္) တြင္ လိုက္လံသတိေပးေနေၾကာင္း သတင္းရရွိသည္။
လာမည့္ ေဖေဖာ္ဝါရီလ ၁ ရက္တြင္ အသံတိတ္သ ပိတ္(Silence Strike) ျပဳလုပ္မည္ျဖစ္ၿပီး တစ္ႏိုင္ငံလုံးပူးေပါင္းပါဝင္ၾကရန္ လူမႈကြန္ရက္တြင္တိုက္ တြန္းလႈံ႕ေဆာ္မႈမ်ားရွိေနသည္။
ယေန႔ (ဇန္နဝါရီလ ၂၇ ရက္)တြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ ဇမၺဴသီရိၿမိဳ႕နယ္ ဧရာဝတီလမ္းေပၚေဈးဆိုင္မ်ား၊ ပ်ဥ္းမနားၿမိဳ႕နယ္အတြင္းရွိ ေဈးဆိုင္မ်ား၊ ပုဗၺသီရိၿမိဳ႕နယ္၊ က်ည္ေတာင္ကန္အ မွတ္(၁ ၊၂ ၊၃ ၊၄၊ ၅၊ ၆) ရပ္ကြက္အတြင္းရွိ ေဈးဆိုင္မ်ားသို႔သြားေရာက္ကာ အေထြေထြအုပ္ေရးဦးစီးဌာန၊ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား ၊ စည္ပင္ႏွင့္ တာဝန္ရွိသူ မ်ားက လိုက္လံကာလႈံ႕ေဆာ္မႈမ်ားကိုပူးေပါင္းပါဝင္ျခင္းမျပဳလုပ္ရန္ျပဳလုပ္ပါက ဥပေဒအရအေရးယူခံရမည့္အေၾကာင္း လက္ကမ္းစာေစာင္မ်ားျဖန႔္ေဝကာ သတိေပးခဲ့ေၾကာင္း ေနျပည္ေတာ္ေကာင္စီက သ တင္းထုတ္ျပန္ထားသည္။
ထို႔အတူ ရန္ကုန္တိုင္းအတြင္းရွိ ေဈးမ်ား၊ မႏၲေလး တိုင္းအတြင္းရွိေဈးမ်ားတြင္ ထုတ္ျပန္ေၾကညာခ်က္မ်ားထုတ္ကာ အသံတိတ္သပိတ္ႏွင့္ပတ္သက္၍ လႈံ႕ ေဆာ္မႈမ်ားတြင္ ပူးေပါင္းပါဝင္ျခင္းမျပဳရန္လည္း သ တိေပးေနမႈမ်ားရွိသည္။
အသံတိတ္သပိတ္ျပဳလုပ္ရန္လႈံ႕ေဆာ္မႈမ်ားအေပၚ ျပည္သူမ်ားလိုက္ပါလုပ္ေဆာင္ပါက ဥေပဒအရ အ ေရးယူခံရႏိုင္ေၾကာင္း နစက က ဇန္နဝါရီလ ၂၅ ရက္တြင္အသိေပးထုတ္ျပန္ခဲ့သည္။
အဆိုပါလႈံ႕ေဆာ္မႈမ်ားကို လိုက္ပါလုပ္ေဆာင္ျခင္း၊ တစ္နည္းနည္းျဖင့္ျဖစ္ေစ အမ်ားျပည္သူအေႏွာက္အယွက္ျဖစ္ေစမည့္ ျပဳလုပ္မႈမ်ားလုပ္ေဆာင္ျခင္း၊ လႈံ႕ေဆာ္ဝါဒျဖန႔္မႈမ်ားကို ထပ္ဆင့္မွ်ေဝျခင္း၊ အား ေပးကူညီျခင္းမ်ားျပဳလုပ္လွ်င္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၂ (က)၊ ရာဇသတ္ႀကီးပုဒ္မ ၁၂၄-က၊ ပုဒ္မ ၅ဝ၅-က၊ အီလက္ထေရာနစ္ဆက္သြယ္ေဆာင္႐ြက္ေရးဥပေဒပုဒ္မ ၃၃(က)ႏွင့္တည္ဆဲဥပေဒမ်ားအရ အေရးယူခံရႏိုင္ေၾကာင္းသတင္းထုတ္ ျပန္ထားသည္။
ထို႔အတူ ျပစ္မႈႏွင့္သက္ဆိုင္သည့္ ေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္း၊ မေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္းမ်ားကို အ ၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒအရ သိမ္းဆည္းခံရႏိုင္ၿပီး ျပစ္မႈထင္ရွားစီရင္ျခင္းခံရပါက ႏိုင္ငံ့ဘ႑ာအ ျဖစ္သိမ္းဆည္းခံရႏိုင္ေၾကာင္းလည္း နစက ကအသိ ေပးထုတ္ျပန္ထားသည္။