မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲ၍ ရေအရည်အသွေးစီမံခန့်ခွဲမှုအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်

 226

သက်ပိုင်(NP News) - ဩဂုတ် ၂၁
မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲ၍ ရေအရည်အသွေးစီမံခန့်ခွဲမှုအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှစ်နိုင်ငံ ပူးတွဲ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲ၍ ရေအရည်အသွေးစီမံခန့်ခွဲရေးနှင့် လေ့လာစောင့်ကြည့်နိုင်ရေး၊ နှစ်နိုင်ငံကြားရေအရည်အသွေးညစ်ညမ်းမှု ကာကွယ်ထိန်းချုပ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲ၍ ရေအရည်အသွေးစီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးပွဲကို ဩဂုတ်လ (၂၀)ရက် နံနက်ပိုင်းက နေပြည်တော်ရှိ Jasmine Hotel ၌ ကျင်းပခဲ့ပြီး ယခုကဲ့သို့ ပူးတွဲထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနဝန်ကြီး Mr. Prasert Jantararuangtong ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Theerarat Sam-rejvanich၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mr. Mongkol Visitstump နှင့် ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲမှ ရေအရည်အသွေးစီမံခန့်ခွဲမှုအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားရန်၊ ရေအရည်အသွေးဆိုင်ရာအချက်အလက်များကို ဖလှယ်ခြင်းအပါအဝင် နှစ်နိုင်ငံမှ သက်ဆိုင်ရာဌာနများအချင်းချင်း နည်းပညာဆိုင်ရာ ဆွေးနွေးမှုများ ဆောင်ရွက်သွားရန်၊ ရေရှည်တည်တံ့သော ရေအရည်အသွေးစီမံခန့်ခွဲခြင်းဆိုင်ရာ နယ်ပယ်တွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေးနည်းပညာဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းသွားရန်နှင့် နည်းပညာအကူအညီ၊ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာမြှင့်တင်ရေး နယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်ရန်စသော ရလဒ်များ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

Zawgyi Version:
ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံပူးတြဲ၍ ေရအရည္အေသြးစီမံခန႔္ခြဲမႈအပါအဝင္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈကို တိုးျမႇင့္ေဆာင္႐ြက္သြားမည္
သက္ပိုင္(NP News) - ဩဂုတ္ ၂၁
ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံပူးတြဲ၍ ေရအရည္အေသြးစီမံခန႔္ခြဲမႈအပါအဝင္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈကို တိုးျမႇင့္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းႏွစ္ႏိုင္ငံ ပူးတြဲ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံပူးတြဲ၍ ေရအရည္အေသြးစီမံခန႔္ခြဲေရးႏွင့္ ေလ့လာေစာင့္ၾကည့္ႏိုင္ေရး၊ ႏွစ္ႏိုင္ငံၾကားေရအရည္အေသြးညစ္ညမ္းမႈ ကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ရန္ရည္႐ြယ္၍ ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံပူးတြဲ၍ ေရအရည္အေသြးစီမံခန႔္ခြဲေရးဆိုင္ရာ ေဆြးေႏြးပြဲကို ဩဂုတ္လ (၂၀)ရက္ နံနက္ပိုင္းက ေနျပည္ေတာ္ရွိ Jasmine Hotel ၌ က်င္းပခဲ့ၿပီး ယခုကဲ့သို႔ ပူးတြဲထုတ္ျပန္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ေဆြးေႏြးပြဲသို႔ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီ၊ ဒုတိယဝန္ႀကီး ဦးမင္းသူ၊ က်န္းမာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာေအးထြန္း၊ ရွမ္းျပည္နယ္သယံဇာတေရးရာဝန္ႀကီး ဦးစိုင္းလိတ္၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၊ ဆက္စပ္ဌာနမ်ားမွ ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ၾကၿပီး ထိုင္းႏိုင္ငံမွ ဒုတိယဝန္ႀကီးခ်ဳပ္၊ ဒစ္ဂ်စ္တယ္စီးပြားေရးႏွင့္ လူမႈေရးဝန္ႀကီးဌာနဝန္ႀကီး Mr. Prasert Jantararuangtong ၊ ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး Ms. Theerarat Sam-rejvanich၊ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းႏိုင္ငံသံအမတ္ႀကီး Mr. Mongkol Visitstump ႏွင့္ ထိုင္းႏိုင္ငံရွိ သက္ဆိုင္ရာဌာနမ်ားမွ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။
အဆိုပါေဆြးေႏြးပြဲမွ ေရအရည္အေသြးစီမံခန႔္ခြဲမႈအပါအဝင္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈကို တိုးျမႇင့္ေဆာင္႐ြက္သြားရန္၊ ေရအရည္အေသြးဆိုင္ရာအခ်က္အလက္မ်ားကို ဖလွယ္ျခင္းအပါအဝင္ ႏွစ္ႏိုင္ငံမွ သက္ဆိုင္ရာဌာနမ်ားအခ်င္းခ်င္း နည္းပညာဆိုင္ရာ ေဆြးေႏြးမႈမ်ား ေဆာင္႐ြက္သြားရန္၊ ေရရွည္တည္တံ့ေသာ ေရအရည္အေသြးစီမံခန႔္ခြဲျခင္းဆိုင္ရာ နယ္ပယ္တြင္ လက္ေတြ႕က်ေသာ ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ႏိုင္ေရးနည္းပညာဆိုင္ရာ ပူးတြဲလုပ္ငန္းအဖြဲ႕ ဖြဲ႕စည္းသြားရန္ႏွင့္ နည္းပညာအကူအညီ၊ စြမ္းေဆာင္ရည္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ အသိပညာျမႇင့္တင္ေရး နယ္ပယ္တို႔တြင္ ပူးေပါင္းေဆာင္႐ြက္ရန္စေသာ ရလဒ္မ်ား ရရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

Related news

© 2021. All rights reserved.