"စာချုပ်က သုံးနှစ်ဆိုတော့အသက်ဝင်တယ်" အင်တာဗျူး

 2698

အိဖြူ (NP News) - ဇန်နဝါရီ ၃ဝ
ပြီးခဲ့သည့် NLD အစိုးရလက်ထက်ကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ရန်လုပ်ဆောင်နေ သည့် တရုတ်-မြန်မာနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်းကို နစက လက်ထက်တွင်ဆက်လက်လုပ်ကိုင်ခြင်းရှိ၊ မရှိနှင့် လက်ရှိ တရုတ်-မြန်မာ နှစ်နိုင်ငံကြားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှုနှင့်ပတ်သက်ပြီး စီပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန်ဦးမင်းမင်းနှင့် NP News တို့သီးသန့်တွေ့ဆုံမေး မြန်းထားပါသည်။

မေး ။ ။ တရုတ်-မြန်မာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်(၃)ခုကို ၂ဝ၂ဝ မှာ သမ္မတရှီကျင့်ပင် ကိုယ်တိုင် NLD အစိုးရနဲ့စာချုပ်ချုပ်ခဲ့တာရှိတယ်။ ဒီစာချုပ်ဟာ လက်ရှိအစိုးရလက်ထက်မှာ အကျုံးဝင်ပြီး အသိအမှတ်ပြုခံထားရသေးလား။
ဖြေ ။ ။ ကနဦး တရုတ်နဲ့မြန်မာနဲ့ ၂ဝ၁၇ ခုနှစ်၊ မေလက ပေကျင်းမှာ လက်မှတ်ရေးထိုးတာက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံစီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ကြားမှာ မြန်မာ-တရုတ်နယ်စပ်အ ကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များတည် ထောင်ရေး နားလည်မှုစာချွန်လွှာရှိခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ်ကတည်းက အဲဒီ MOU ရှိတယ်။ အဲဒီ MOU အောက်မှာမှ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တွေကို ဆောင်ရွက်တာ။ အခုဒီမေးခွန်းအရ သမ္မတရှီကျင့်ပင်လာတုန်းက ရေးထိုးခဲ့တဲ့ စာချုပ် (၃၃) ခုကို ရည်ညွှန်းတယ်လို့ ကျွန်တော်ကတော့ နားလည်ပါတယ်။ ၂ဝ၁၉ မှာ သမ္မတရှီကျင့်ပင်နဲ့ NLD အစိုးရလက်ထက်မှာ လက်မှတ်ရေးထိုးထားတဲ့စာချုပ်နဲ့ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြချင်ပါတယ်။ အဲဒီစာချုပ်က အသက်ဝင်သေးလားဆိုတာကို ပြောရရင်တော့ MOU စာချုပ်ရဲ့သက်တမ်းက သုံးနှစ်ရှိတယ်။ ခုနကကျွန်တော်ပြောခဲ့တဲ့ ၂ဝ၁၇ ခုနှစ်မှာ တရုတ်-မြန်မာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင် ရွက်မှုဇုန်တွေ လုပ်ကြမယ်ဆိုပြီးတော့ အစပြုခဲ့ပါတယ်။ အဲဒီနောက် ၂ဝ၁၈ ခုနှစ်မှာ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို တရုတ်-မြန်မာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ဆိုင်ရာ Frame Work Agreement မူကြမ်းကို မြန်မာဘက်ပို့တယ်။ အဲဒီလိုပို့လိုက်တဲ့အချိန်မှာ ကျွန်တော်တို့ဘက်က ၂ဝ၁၇ MOU အရသော်လည်းကောင်း၊ ပြီးတော့ ပို့လာတဲ့ Frame Work Agreement မူကြမ်းကို လုပ်ရတော့မယ်ဆိုတဲ့အခါမှာ ကျွန်တော်တို့ဘက်က Mechanism တွေဆောင်ရွက်ကြတယ်။ မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဆိုပြီး ကျွန်တော်တို့ ၂ဝ၁၈ ခုနှစ်လောက်မှာ ဖွဲ့ကြတယ်။ အဲဒီလိုဖွဲ့လိုက်တဲ့အထဲမှာ ကျွန်တော်တို့မြန်မာဘက် က စီးပွား/ကူးသန်းဝန်ကြီးက ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်က ဒုတိယဥက္ကဋ္ဌ၊ ကချင်ပြည်နယ် ဝန် ကြီးချုပ်က ဒုတိယ ဥက္ကဋ္ဌတို့နဲ့ဖွဲ့တယ်။ အဲဒီဗဟိုကော်မတီရဲ့အောက်မှာလုပ်ငန်းကော်မတီဖွဲ့တယ်။ အဲဒီလုပ်ငန်းကော်မတီကိုတော့ ကုန်သွယ်ဦး စီးဌာနရဲ့ညွှန်ကြားရေးမှူးချုပ် (DG) က ခေါင်းဆောင်ပြီး သက်ဆိုင်ရာ ဦးစီးဌာနက အရာရှိ တွေ၊ အဖွဲ့ဝင်တွေပါဝင်တယ်။ တကယ်တမ်းမှာ အဲဒီ Frame Work Agreement ရဲ့ဧရိယာက အရမ်းကျယ်ပြန့်တယ်။ Frame Work ဆိုတဲ့အတွက် တအားကိုကျယ်ပြန့်တဲ့အတွက်ကြောင့် ကျွန်တော်တို့နှစ်ဖက်စလုံးမှာ အ ကန့်အသတ်တွေရှိခဲ့တယ်။ အဲဒီထဲမှာမှ အဓိက က တော့ ဧရိယာသတ်မှတ်တာတို့၊ စည်းမျဉ်း၊ စည်း ကမ်း (Law) တွေနဲ့သတ်မှတ်တာတို့အပြင် နိုင်ငံအ တွင်းဇုန်တွေလုပ်ပြီဆိုရင် ဘယ်ဥပဒေတွေနဲ့အညီ လုပ်မှာလဲ။ ဘာလုပ်မှာလဲ စတဲ့အချက်တွေပါပါတယ်။ မြန်မာကရော ဒီဇုန်တွေကို ဘယ်ဥပဒေအောက်မှာ အကောင်အထည်ဖော်ဆောက်ရွက်မှာလဲဆိုတဲ့ကိစ္စတွေက လက်တွေ့ဆောင်ရွက်ဖို့တွေမှာ တော်တော်လေးကို အကန့်အသတ်ရှိခဲ့တယ်။ အဲဒီ MOU က ဘာလဲဆိုတော့ အဲဒီဇုန်တွေနဲ့ပတ်သက်ပြီးတော့ မူဘောင်သဘောတူညီစာချုပ် Frame Work Agreement ဆွေးနွေးမှုဆိုင်ရာလုပ်ငန်းစဉ်တွေကို လျင်မြန်တိုးတက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာအဖြစ် လက်မှတ်ရေးထိုးတာဆိုတော့ Frame Work Agreement ကို မြန်မြန်ဆန်ဆန်အကောင်အထည် ဖော်နိုင်ဖို့အတွက်သာ ဒီ MOU ကိုထိုးတာ။ အခုမေးတဲ့မေးခွန်းက အဲဒီကိစ္စကိုမေးတာဖြစ်တယ်။ စာချုပ် သက်တမ်းက သုံးနှစ်ဖြစ်တဲ့အတွက် နံပါတ်တစ် MOU စာချုပ်က အသက်ဝင်သေးတယ်။ MOU အရ ကျွန်တော် မေးခွန်းကိုပဲပြန်ပြီးတော့ သေချာခွဲခြားကြည့်ချင်တာက အဲဒီ MOU ယူသည် ကျွန်တော်တို့က တရုတ်-မြန်မာ နယ်စပ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန် သုံးခုဆိုတာမှာ ဇုန်သုံးခုစလုံးကို မလွှမ်းခြုံပါဘူး။ အဲဒီဟာက ဘာကိုပဲလွှမ်းခြုံလဲဆိုရင် မြန်မာ-တရုတ်- မူဆယ်- ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်နဲ့ပတ်သက်တဲ့ကိစ္စကိုပဲ လွှမ်းခြုံပါတယ်။ သုံးခုစလုံးကို ဘာလို့အကျုံးမဝင်တာလည်းလို့ပြောရရင် ကျွန်တော်တို့အနေနဲ့ Frame Work Agreement ကို တဖက်နဲ့တဖက်လုပ်နေ၊ ပို့နေကြချိန်တုန်းက တရုတ်ပြည်က ပထမတုန်းက တော့ အဆိုပြုခဲ့တာ ကန်ပိုက်တီး၊ မူဆယ်၊ ချင်းရွှေဟော်ရယ် သုံးခုဖြစ်တယ်။ ဇုန်(၃)ခုအား တချိန်တည်းမလုပ်နိုင်တဲ့အတွက် သူတို့ဘက်ကကျွန်တော်တို့ဆီကို နိုင်ငံခြားရေးကနေ တဆင့် သဘောထားမှတ်ချက်ကို မေးတယ်။ အဲဒါက မူဆယ်- ရွှေလီကို Pilot အနေနဲ့ အရင်လုပ်မယ် သဘောတူလားဆိုပြီး မြန်မာဘက်ကို မေးတယ်။ ၂ဝ၁၉ ခုနှစ်တုန်းက အဲဒီလိုမေးခဲ့တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ဘက်ကလည်း မူဆယ်-ရွှေလီကတော့ ကျန်တဲ့ဟာ တွေထက်စာရင် အခြေခံအရလည်းကောင်းတယ်။ သူတို့ဘက်မှာလည်း ပိုပြီးတော့ပြည့်စုံတယ်။ ကျွန်တော် တို့ဘက်မှာဆိုလည်း နယ်စပ်ကုန်သွယ်ရေးအရဆိုရင် ပိုပြီးတော့ အချက်အချာကျတာဖြစ်တဲ့အတွက် ဒီလိုဆောင်ရွက်နိုင်ပါတယ်ဆိုပြီးတော့ သံတမန်လမ်း ကြောင်းကနေတဆင့် အကြောင်းပြန်ခဲ့တယ်။ ရွှေလီ- မူဆယ်သာလျှင် ဇုန်တည်ဆောက်မှာဖြစ်ပြီးတော့ အဲဒီကအောင်မြင်မှု၊ ဖြစ်ထွန်းမှုတွေကို ကြည့်ပြီးတော့မှ ကျန်တဲ့ဇုန်နှစ်ခုကို ဆက်လုပ်မယ်ဆိုပြီးပြောတာ။ ကျန်တဲ့ ဇုန်နှစ်ခုကိုလည်း မလုပ်တော့ဘူးဆိုပြီးပြောတာမျိုးတော့လည်း မဟုတ်ဘူးပေါ့။ ဒါက တော့ ကျွန်တော်မေးခွန်းတစ်ကို ရှင်းပြတဲ့သဘောပါ။

မေး ။ ။ ဟုတ်ကဲ့။ သဘောကတော့ စာချုပ်က တော့ အသက်ဝင်နေဆဲဖြစ်တယ်ဆိုတာမျိုးပဲပေါ့နော်။
ဖြေ ။ ။ ဟုတ်ကဲ့။ ဟုတ်ပါတယ်။ စာချုပ်ကတော့ အသက်ဝင်နေဆဲပဲဖြစ်ပါတယ်။ စာချုပ်က သုံးနှစ်ဆိုတော့ အသက်ဝင်တယ်။ အဲဒီစာချုပ်အရလည်း ကျွန် တော်တို့ Mechanism တွေ ဖွဲ့စည်းဆောင်ရွက်နေတာတွေရှိပါတယ်။

မေး ။ ။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ဇုန်ဆိုတဲ့နေရာမှာလည်း အခုဆိုရင် မူဆယ်-ရွှေလီအတွက် ဖြစ်သွားပြီ ပေါ့နော်။ ကျွန်တော်ပြန်ကြားနေရတာက အဲဒီ မူဆယ်(၁ဝ၅)မိုင်ဇုန်မှာ မြန်မာဘက်က တာ ဝန်ခံပုဂ္ဂိုလ်ထားရှိမှုဟာ အပြောင်းအလဲခဏခဏဖြစ်တယ်။ တရုတ်ဘက်မှာတော့ တာဝန်ခံပုဂ္ဂိုလ်ခိုင်ခိုင် မာမာရှိတယ်ဆိုပြီး သတင်းစကားပြန်ကြားရတယ်ဆိုတော့ ကျွန်တော်တို့မြန်မာဘက်က (၁ဝ၅)မိုင်အ တွက်ရော၊ မူဆယ်-ရွှေလီအတွက်ရော တာဝန်ခံပုဂ္ဂိုလ်ခိုင်ခိုင်မာမာထားဖို့အခြေအနေက ဘယ်လိုရှိလဲခင်ဗျာ။ တရုတ်ဘက်ကတော့ သူတို့ဘက်က ရှိတယ်လို့ ပြောနေတယ်။
ဖြေ ။ ။ ပထမဆုံးပြောချင်တာကတော့ တရုတ်နဲ့ မြန်မာနဲ့က ကျွန်တော်ဝန်ကြီးဌာနအောက်မှာဖွဲ့ စည်းပုံခြင်းက မတူဘူးလို့ပြောချင်ပါတယ်။ ဥပမာ- ကျွန်တော်တို့ဘက်က စီးပွား/ကူးသန်းဆိုရင် စီးပွား/ကူးသန်းလက်အောက်မှာရှိတဲ့ Department အ လိုက် ညွှန်ကြားရေးမှူးချုပ်(DG Level)တွေက ဗဟိုအစိုးရ(Central Government) လက်အောက်မှာပဲရှိ တယ်။ တရုတ်နိုင်ငံကျတော့ တိုင်းပြည်က သိပ်ကိုကြီးတဲ့အတွက်ကြောင့် ယူနန်ပြည်နယ်စီးပွားကူး သန်းရောင်းဝယ်ရေး ဌာနအနေနဲ့ (DG) တစ်ယောက်ရှိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာကတော့ ဆိုလိုချင်တာက ရှမ်းပြည်နယ်ဆိုရင် ရှမ်းပြည်နယ် စီးပွား/ ကူးသန်းဌာနဆိုပြီးတော့ မရှိဘူး။ ကျွန်တော်တို့ဆီမှာ ဒါတွေအားလုံးကို ဗဟိုအစိုးရကသာ တိုက်ရိုက်လုပ်ရတာဖြစ်ပါတယ်။ အဲဒီတော့ နံပါတ်တစ်မေးခဲ့တဲ့ မေး ခွန်းက MOU စာချုပ်ကိစ္စကို ထပ်ဖြည့်ပြီးပြောချင်တာက ကျွန်တော်တို့ဆီမှာက လူပြောင်းသွားတာနဲ့ လုပ်ငန်းတွေကြန့်ကြာသွားတယ်ဆိုတာကတော့ မဟုတ်ဘူးဆိုတာကို ကျွန်တော်ရှင်းပြချင်တာပါ။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ MOU စာချုပ်ထဲမှာပါဝင်တဲ့ တဖက်နဲ့တဖက် အဓိကအကောင်အထည် ဖော်မယ့် အစိတ်အပိုင်းသည် ကုန်သွယ်ရေးဦးစီးဌာန DG ဖြစ်တယ်။ ဒီလုပ်ငန်းတွေကို အရင်က ကျွန်တော် လုပ်ကိုင်ဆောင်ရွက်ခဲ့တာဖြစ်တယ်။ အဲဒီတော့ ဟိုဘက်မှာဆိုရင် ယူနန်ပြည်နယ်၊ ကူမင်းမှာရှိတဲ့ ကူး သန်းရောင်းဝယ်ရေးဌာနရဲ့ DG ကကျွန်တော်တို့နဲ့အတူပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီအ တွက်ဒီဌာနရှိသရွေ့လူပြောင်းလို့လုပ်ငန်းမဖြစ် မြောက်ဘူးဆိုတာကတော့ မဟုတ်ပါဘူး။ ဥပမာ- ပြီးခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ်တုန်းက MOU ထိုးပြီးတာနဲ့ တ ရုတ်နဲ့ကျွန်တော်တို့ကြားမှာ ကိုဗစ်-၁၉ ကြောင့် အ ချင်းချင်းမျက်နှာချင်းဆိုင်တွေ့ဆုံမှုမျိုးတော့ မလုပ်နိုင်ခဲ့ဘူး။ အွန်လိုင်းအနေနဲ့ ကျွန်တော်တို့အစည်းအ ဝေးတွေလုပ်တယ်။ Informal Meeting တွေက တော့များစွာလုပ်ခဲ့ပြီး တရားဝင်လုပ်တဲ့အစည်း အ ဝေးက နှစ်ကြိမ်ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့က ဒီ Mechanism အောက်မှာတော့ ကျွန် တော်တို့က ဟိုဘက်မှာလည်း Free trade နဲ့ပတ် သက်တဲ့ ညွှန်ကြားရေးမှူးတစ်ယောက်ကိုခန့်ထားပေမယ့်လည်း ကျွန်တော်တို့ရဲ့ Central Government Capital ကပဲ စီးပွားရေးနှင့်ကုန်သွယ်ရေးဦးစီးဌာနမှာရှိတဲ့ ညွှန်ကြားရေးမှူးတစ်ယောက်ကို တာဝန်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် မူဆယ် (၁ဝ၅) မိုင်တာဝန်ခံသည် ကုန်သွယ်ရေးလုပ်ငန်းတွေကိုပဲ အဓိ က တာဝန်ယူလုပ်တာဖြစ်တယ်။ ခုနကပြောတဲ့ နှစ်နိုင်ငံနယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကိစ္စတွေကို တိုက်ရိုက်တာဝန်ယူလုပ်ကိုင်ရတဲ့သူမဟုတ်ဘူးလို့ ပြောပြစေလိုပါတယ်။

မေး ။ ။ အော်… သဘောပေါက်ပြီ။ ဒါဆိုရင် မူဆယ်-ရွှေလီဇုန်ကိုက ဗဟိုညွှန်ကြားမှုဦးစီးဌာနကနေ ကိုင်ပြီးတော့ပဲ စီမံခန့်ခွဲတဲ့သဘောပေါ့နော်။
ဖြေ ။ ။ မှန်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ဘက်က အဲဒီလိုခန့်ခွဲပါတယ်။ ညှိနှိုင်းစရာကိစ္စလေးတွေကိုရော တာဝန်မပေးဘူးလားဆိုရင်တော့ လိုအပ်တဲ့ တချို့ညှိနှိုင်းစရာကိစ္စရပ်များမှသာလျှင် တာဝန်ပေးစရာရှိရင်တော့ တာဝန်ပေးတာမျိုး ရှိပါတယ်။ ဒါပေမယ့်ဇုန်တာဝန်ခံသည် DG ရဲ့ကော်မတီအောက်ထဲမှာ အမြဲတမ်းကိုယ်စားလှယ်အနေနဲ့တော့ပါတာပေါ့နော်။ တချို့မြေပြင်မှာလုပ်ရမယ့်ကိစ္စတွေဆိုရင်တော့သူ့ကိုကျွန်တော်တို့ကလှမ်းပြီးတော့တာဝန်ပေးတယ်။ ဒါပေမယ့်လည်း ဒီကိစ္စတွေကို အဓိကကိုင်ထားတာသည် ရုံးချုပ်က တာဝန်ခံဆောင်ရွက်တာဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ ကျွန်တော်တို့ တရုတ်-မြန်မာနယ်စပ်တကြောက အခုဆိုရင် မူဆယ်-ရွှေလီဇုန်ကြီးက ရှိလာသလို တချိန်တည်းမှာပဲ အဲဒီမူဆယ်တစ် ဝိုက်နားမှာက လက်နက်ကိုင်ပဋိပက္ခတွေက ကြီးကြီးမားမားရှိနေတဲ့အခါကျတော့ ဒီစီမံကိန်းတွေ အကောင်အထည်ဖော်ရေးကိစ္စဟာ ခရီးမရောက်တဲ့ကိစ္စတွေရှိသလား။ လက်နက်ကိုင်ပဋိပက္ခနဲ့ ပတ် သက်ရင် ဘယ်လိုရင်ဆိုင်ရတာမျိုးတွေရှိလဲ။ လက် နက်ကိုင်ပဋိပက္ခနဲ့ပတ်သက်ရင်ပေါ့လေ။
ဖြေ ။ ။ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တချို့ကိစ္စတွေဖြစ်ပေါ်နေတယ်ဆိုတာကတော့ မှန်ပါတယ်။ ဒါပေမယ့်လည်း တဖက်မှာကတော့ ကျွန် တော်တို့ဝန်ကြီးဌာနက မဟုတ်ပေမယ့်လည်း နိုင်ငံ တော်အစိုးရကနေပြီးတော့ NCA သဘောတူညီချက်အတိုင်းဆောင်ရွက်တဲ့ကိစ္စတွေလည်းရှိတယ်။ လုပ် ဆောင်နေတာတွေ လည်းရှိတယ်။ ကျွန်တော်တို့ကလည်း မူဆယ်(၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်ဆိုရင်လည်း Trade လုပ်ရင်းနဲ့ ဘယ်လိုပဲအခြေအနေတွေဖြစ်နေပါစေ။ ကုန်သွယ်မှုလုပ်ငန်းတွေကတော့ ကျွန်တော်တို့က ပုံမှန်ဆောင်ရွက်နေတာဖြစ်တဲ့အ တွက်ကြောင့် ဆောင်ရွက်နိုင်တယ်။ နောက်တစ်ခု ကလည်း လက်နက်ကိုင်ပဋိပက္ခဆိုတာထက်စာရင် ကျွန်တော်အဓိကပြောချင်တာကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျွန်တော်တို့အတွက် အကန့်အသတ်တွေပိုပြီးတော့ ဖြစ်စေတယ်ဆိုတာတော့ ပြောချင်ပါတယ်။

မေး ။ ။ နောက်တစ်ခုသိချင်တာကတော့ ကျွန် တော်တို့ကြားနေရတာက မူဆယ်-ရွှေလီ အတွက် Business Model လို့ခေါ်တဲ့ စီးပွားရေးပုံစံပေါ့။ အဲဒါကလည်း အထူးစီးပွားရေးဇုန် ထားဝယ်၊ ကျောက်ဖြူ၊ သီလဝါ အဲဒါ တွေနဲ့မတူဘဲ နှစ်နိုင်ငံချိတ်ဆက်လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ခိုင်ခိုင်မာမာတော့ Business Model ရှိဖို့ လိုတယ်ဆိုတဲ့ သဘောမျိုး ကြားရတယ်။ ပြီးတော့ မြေနေရာပြဿနာကလည်း တော်တော်လေးပြဿနာရှိခဲ့တယ်လို့သိရတယ်။ အဲဒါမျိုးတွေကို မြန်မာဘက်က ဘယ်လိုမျိုးစီမံခန့်ခွဲမလဲဆိုတာ သိပါရစေ။
ဖြေ ။ ။ မူဆယ်-ရွှေလီက နှစ်နိုင်ငံကို ချိတ်ဆက်ပြီးလုပ်ရတာဖြစ်တဲ့အတွက်လို့ပြောတာက မှန်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း ဥပဒေရေးရာဝန်ကြီးဌာနဘက်ကို သဘောထားမှတ်ချက်တွေတောင်းတယ်။ ဒီဇုန်ကို အကောင်အထည်ဖော်ရင် ကျွန်တော်တို့က ဘယ်ဥပဒေနဲ့လုပ်မလဲပေါ့နော်။ ဘယ်ဥပဒေနဲ့လုပ်ရင်အကောင်းဆုံးဖြစ်မလဲဆိုတာတွေကို ကျွန်တော်တို့အကောင်းဆုံးညှိနှိုင်းတယ်။ ပြီးတော့ မြေယာနဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်တဲ့ဌာနများနဲ့ ကျွန်တော်တို့ညှိနှိုင်းတယ်။ မြေယာကို စီမံခန့်ခွဲတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၊ မြေတိုင်းဦးစီးဌာနတို့ကို နိုင်ငံခြားရေး နယ်စပ် မျဉ်းပိုင်းဆိုင်ရာတွေစတဲ့ သက်ဆိုင်ရာဦးစီးဌာနတွေနဲ့ ကျွန်တော်တို့ကတောက်လျှောက်ကို အနီးကပ်ထိတွေ့ပြီး အစည်းအဝေးတွေဆောင်ရွက်ခဲ့တာမျိုးရှိပါတယ်။ အဲဒီမှာကျွန်တော်အတိုချုပ်ပြီးပြောရမယ်ဆိုရင် တရုတ်နိုင်ငံဘက်ကနေ ကျွန်တော်တို့ဆီကို ပထ မတုန်းကလာကမ်းလှမ်းတဲ့ Business Model ကအရင်တုန်းကဆိုရင် 3 Plus , One Plus One ဆိုတဲ့ ဘယ်တောင်ပံ၊ ညာတောင်ပံဖြန့်ပြီးလုပ်မယ့်ပုံစံမျိုးရှိတာပေါ့။ နောက်ပိုင်းမှာတော့ Core Zoneနဲ့ Cooperative Zone ပုံစံအဖြစ်ပြောင်းလဲလာတယ်။ Core Zone ဆိုတာက ဘာလဲဆိုတော့ မြို့ပြစီမံကိန်း လို့ခေါ်မှာပေါ့နော် နောက်ဆုံးမှာခရီးသွားကဏ္ဍတွေပါဝင်မယ် စသဖြင့်။ Cooperative (ပူးပေါင်းဆောင် ရွက်ရေး) ဇုန်ဆိုတာကတော့ ကုန်သွယ်မှုတွေ၊ ပြီးတော့ အချောထည်၊ အကြမ်းထည်ပုံစံမျိုးတွေ စသဖြင့် ပါဝင်ကြောင်းအသိပေးခဲ့ကြတယ်။ ကျွန်တော်တို့ဘက်ကလည်း အလားတူပုံစံဆောင်ရွက်နေပြီ။ သို့သော်လည်း ကျွန်တော်တို့ဘက်က အဓိကလုပ်ရမှာကတော့ ကျွန်တော်တို့ဘက်က Feasibility Study လုပ်ရဖို့လိုအပ်တယ်။ ခုနကလိုပဲ နှစ်နိုင်ငံချိတ်ဆက် လုပ်ရတာဖြစ်တဲ့အတွက်ကြောင့် ရေပေးဝေရေး၊ လျှပ်စစ်မီးပေးဝေရေး၊ ဒါတွေကတော့ ပရောဂျက်တစ်ခုလုပ်ပြီဆိုရင် လုပ်ရတဲ့စီမံခန့်ခွဲမှုလုပ်ငန်း စဉ်တွေပါပဲ။ ပရောဂျက်တစ်ခုကို စလုပ်တော့မယ်ဆိုရင် သူ့ရဲ့ Project Management Processes အတိုင်း သက်ရောက်မှုရှိအောင်လုပ်ရမယ်။ Logistic Zone တွေ၊ Manufacturing Zone တွေစတာတွေကို ဘယ်လိုဆောင်ရွက်မလဲဆိုတာ တွေကတော့ လုပ်ဖို့ကျန်နေပါသေးတယ်။ အဲဒါတွေလုပ်ဖို့အတွက်ကတော့အဓိက ကွင်းဆင်းမှုပိုင်းမှာ ကျွန်တော်တို့ ဘက်က အသေးစိတ်ကွင်းဆင်းဖို့ကို တချို့ကိစ္စတွေမှာ နည်းနည်းလေးအကန့်အသတ်ဖြစ်တာတွေတော့ရှိပါတယ်။ လမ်းပန်းဆက်သွယ်ရေးပိုင်း အခက်အခဲ အပြင် ကိုဗစ်ရောဂါကြောင့်လည်း အခက်အခဲတွေရှိပါတယ်။ မြေကိစ္စနဲ့ပတ်သက်ရင်လည်း ကျွန်တော်တို့ဘက်က ၂ဝ၂၁ ခုနှစ်မှာ ကျွန်တော်တို့နဲ့တရုတ်ဘက်ညှိနေတဲ့ ကြားမှာပဲအကြမ်းဖျင်းကွင်းဆင်းတဲ့လုပ် ငန်းတွေကို တိုင်းရင်းသားလုပ်ငန်းရှင်တွေကိုယ်တိုင်က သူနဲ့သက်ဆိုင်မှုရှိတဲ့၊ အလားအလာရှိတဲ့နေရာတွေမှာဆောင်ရွက်မှုတွေပြုလုပ်တာမျိုးတွေလည်း ရှိတယ်။ အဲဒီနောက် ကိုဗစ်ဒုတိယလှိုင်းပြီးတဲ့အချိန် တတိယလှိုင်းမတိုင်ခင်မှာ ကျွန်တော်တို့ကွင်းဆင်း နိုင်ခဲ့တယ်။ ကွင်းဆင်းနိုင်ခဲ့ပြီးတော့တော်တော်များများကို ဒီလိုနေရာတွေမှာ ထည့်မယ်၊ မထည့်ဘူး၊ နယ်စပ်ကျောက်တိုင် ဘယ်လောက်ကနေ ဘယ် လောက်ထိထည့်မယ်ဆိုတဲ့ဖြစ်နိုင်ချေလုပ်နိုင်ခဲ့ပါတယ်။ အဲဒီဟာတွေလုပ်ပြီးတော့လည်း ကျွန်တော်တို့က မြေကို စီမံခန့်ခွဲတာဖြစ်တဲ့အတွက်ကြောင့် ခုနကကျွန်တော်ပြောပြခဲ့တဲ့ ဌာနတွေနဲ့လည်း အ ကုန်လုံးညှိနှိုင်းဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် ဆောင် ရွက်နေဆဲမပြီးသေးဘူး (on going)ဖြစ်နေတယ်ပေါ့။ ကျွန်တော်တို့ဆက်လုပ်ဖို့ ရည်ရွယ်ထားတာက တော့ စိတ်ဝင်စားမှုအဆိုပြုလွှာ(Expression of Interest-EOI) (EOI) တွေကိုခေါ်မယ်၊ Master Developer တွေနဲ့ Potential ရှိတဲ့ ကုမ္ပဏီတွေသူတို့လုပ်မယ့်နေရာတွေကို ကျွန်တော်တို့ကတော့ ကျွန် တော်တို့လုပ်မယ့် Master Plan ထဲမှာထည့်သွင်းပြီးတော့မှ ဒီနေရာမှာတော့ဒါလုပ်လို့ရတယ်။ အဲဒီတော့ မြေကိစ္စမှာ အခက်အခဲရှိတယ်ဆိုတာကတော့ ဒီဟာလုပ်လို့တစ်ခုတည်းတော့ မဟုတ်ဘူးလို့ပဲ ကျွန်တော်ကတော့ ပြောချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အဖွဲ့တွေ ကွင်းဆင်းပြီးကြည့်တဲ့ အချိန်မှာလည်း မြေကို ဘယ်လိုစီမံခန့်ခွဲမယ်ဆိုပြီး အောက်ခြေမှာသွားချ ပြတာမျိုးမဟုတ်ဘူး။ ဖြစ်နိုင်ချေရှိတဲ့ နေရာတွေကိုသာ သွားလေ့လာတဲ့အခါမှာ သက်ဆိုင်ရာဒေသခံ တွေ၊ ကုမ္ပဏီတွေက လိုလိုလားလားနဲ့ပဲ ပူးပေါင်း ဆောင်ရွက်တယ်။ ဒါမျိုးဆိုရင်တော့ သူတို့လုပ်နိုင်တယ်။ ဒီလို Model မျိုးဆိုရင်တော့ လုပ်နိုင်တယ်ဆိုတာမျိုးရှိတယ်။ ဒါပေမယ့် လုပ်ရမယ့်လုပ်ငန်းစဉ်တွေကတော့ အများကြီးရှိ တာပေါ့နော်။ FS (ကြိုတင်လေ့လာစမ်းစစ်မှု) Master Plan ဆွဲရမယ်၊ EOI တွေခေါ်မယ်၊ EIA, SIA စတဲ့ပရောဂျက်အစီအ စဉ်အတိုင်းပဲသွားရမှာပေါ့နော်။ ဆိုတော့ ဆက်လုပ်ရမှာတွေကတော့ အများကြီးရှိတယ်။ လုပ်ငန်းစဉ်တွေကအများကြီးကျယ်ပြန့်တာပေါ့နော်။

မေး ။ ။ အခုကျွန်တော်သိချင်တဲ့မေးခွန်းကတော့ အတွင်းဝန်ကြီးအနေနဲ့ ဖြေပေးဖို့အဆင်ပြေရင်တော့လည်း ဖြေပေးစေလိုပါတယ်။ အဆင်မပြေရင်တော့လည်းအခြေအနေအရပေါ့နော်။ ကျွန်တော်ကြားနေရတဲ့တစ်ခုက မြေကိစ္စမှာသမ္မတဦးသိန်းစိန်လက်ထက်မတိုင်ခင်ကတည်းက တချို့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက နာမည်အတိအကျကိုလည်း ကျွန်တော် တော့ ကြားထားပါတယ်။ သူတို့ကသတင်းဦးစွာရပြီးနောက် နှစ်နိုင်ငံဆုံကြားမှာရှိတဲ့မြေတွေကိုကြိုဦးထား၊ အပိုင်စီးထားပြီးတော့ တကယ်လည်းလုပ်ဟေ့လည်း ဆိုရော၊ သူတို့ အဲဒီပရောဂျက်ကို မရရင်မလုပ်ဘူးဆိုပြီးတော့ ပြောတာမျိုး၊ ပြင်ဆင်နေတာမျိုးတွေ ပြန်ကြားရတာရှိပါတယ်။ နှစ်နိုင်ငံစလုံး အကျိုးစီးပွားဖြစ်ထွန်းမယ့်ကိစ္စကို သူတို့က လက်ဦးမှုယူတဲ့ဖြစ်စဉ်မျိုးတွေဖြစ်ခဲ့တယ်လို့ ကျွန်တော်ကြားပါတယ်။ ဆိုတော့ အဲဒီလိုလုပ်ရပ်ဟာ နှစ်နိုင်ငံရဲ့အကျိုးစီးပွား ဖြစ်ထွန်းမှုကိုကြီးမားတဲ့အတားအဆီးဖြစ်စေတယ်လို့တော့ ကျွန်တော်က မြင်တယ်။ ဒီအချက်ကိုရော ပြောလို့ရတာများရှိမလား။
ဖြေ ။ ။ အခုပြောမှာကတော့ ကျွန်တော့်ရဲ့ခန့်မှန်းချက်မဟုတ်ဘဲနဲ့ ကျွန်တော်တို့ကွင်းဆင်းတဲ့အချိန် တွေ့မြင်ရတဲ့အတွေ့အကြုံကိုအခြေခံပြီးတော့ပဲ ပြောချင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ကွင်းဆင်းတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ ဒါကြောင့်မို့လို့ပြောခဲ့တာပေါ့ Potential ရှိတဲ့ Company တွေရှိတယ်လို့လေ။ ခုနက ဆရာဆိုလိုတဲ့ ကုမ္ပဏီတွေလည်း ပါရင်ပါမှာပေါ့လေ။ သူတို့အနေနဲ့ဒီနေရာမှာ ဒါလုပ်ချင်တယ်လို့ ရည်ရွယ်ထားတဲ့ ကုမ္ပဏီမျိုးတွေ။ အတိအကျပြောရရင်တော့ ၂ဝ၂ဝ ပြည့်နှစ် (၇)လပိုင်းတုန်းက ကျွန်တော်တို့ဘက်ကလည်း အဲဒီနေရာတွေကိုသွားကြည့်တဲ့အခါမှာ ကုမ္ပဏီအားလုံးသော် လည်းကောင်း၊ တစ်ခုချင်းစီသော်လည်းကောင်း၊ ခုနကပြောတဲ့ ဒေသအာဏာပိုင်တွေ၊ ရပ်ရွာတွေမှာရှိတဲ့ လူကြီးတွေအားလုံးနဲ့လည်း ကျွန်တော်တို့ တွေ့ ဆုံတဲ့အခါမှာ အဲဒီလိုဖြစ်စဉ်ရှိတယ်ဆိုတာမျိုးကိုတော့ မတွေ့ခဲ့ဘူး။ နောက်တစ်ခုကလည်း ဒီပရောဂျက်ဧရိယာတစ်ခုလုံးကိုတစ်ဦးတစ်ယောက်တည်းလုပ်ဖို့ဆိုတာကလည်း မလွယ်တော့ အားလုံးတော့လည်း မဖြစ်နိုင်တော့ဘူးပေါ့နော်။ ကျန်တဲ့ဧရိယာလေးတွေလည်းရှိတာကို။ နောက်တစ်ယောက်လည်း ပမာဏတစ်ခုပိုင်ဆိုင်မယ်၊ နောက်တစ်ယောက်မှာလည်း ပမာဏတစ်ခုအထိရှိမယ်။ သူဟာနဲ့သူသာကိုယ်စီရှိကြတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက်ထပ်နေတာမျိုး၊ ဒီနေရာမှာ သူလုပ်ရမှာ၊ ဒီနေရာမှာ သူလုပ်ရမှာဆိုပြီးတော့ အကွက်ထပ်နေတာမျိုးတွေတော့ မရှိခဲ့ဘူး။ သူ့နေရာနဲ့သူ သတ်မှတ်ထားတဲ့၊ ရှိပြီးသား ဧရိယာတွေဖြစ်တယ်။ ပြီးတော့သူတို့တွေဘက်ကလည်း စာရင်းတွေကို ထောက်ပံ့ပေးတယ်။ ကောင်းကောင်းမွန်မွန်ဘဲပူးပေါင်းဆောင်ရွက်တယ်။ သူတို့ပေးတယ်။ အဲဒီအချက်အလက်တွေကို ကျွန် တော်တို့ကစုစည်းပြီးတော့ Cooperative ဇုန်တွေ လုပ်နိုင်တယ်ဆိုတဲ့ အလားအလာတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့အတွေ့အကြုံအရ၊ အခုကျွန်တော်ပြောတာတွေသည်အတွေ့အကြုံပေါ်ကိုပဲအခြေခံတာပါ။ အဲဒါကြောင့် တွေ့ခဲ့ရတဲ့ထဲမှာတော့ ဒီအပေါ်မှာ ဘာမှပြဿနာမရှိဘူး။

မေး ။ ။ သဘောအားဖြင့် ဒီစီမံကိန်းက ဆက်သွားမယ်ဆိုတဲ့သဘောမျိုးကိုတော့ တွေ့ရပါပြီ။ နောက် ထပ် သိချင်တာကတော့ မူဆယ်-ရွှေလီ နယ်စပ်အ ထူးစီးပွားရေးဇုန်က မြန်မာနိုင်ငံအတွက် ဘယ် လောက်အထိ အကျိုးရှိနိုင်မလဲ။ လုပ်သားအင်အားသုံးစွဲမှုမှာ မြန်မာဘက်ကအခြေအနေနဲ့ မြန်မာဘက်က ဒီဇုန်ထဲမှာဘာတွေထည့်ဖို့လိုအပ်မယ်။ နောက် ပြီး မူဝါဒလုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ရော အကြမ်းဖျင်းပြောလို့ရတာများရှိမလား။
ဖြေ ။ ။ အခုကျွန်တော်ပြောတာတွေကလည်း ပြည့်စုံချင်မှတော့ ပြည့်စုံပါလိမ့်မယ်။ ကျွန်တော်ပြောလို့ရတဲ့ အပိုင်းကိုတော့ ကျွန်တော်ရှင်းပြပါမယ်ခင် ဗျာ။ အဓိကကတော့ ကျွန်တော်တို့လုပ်တဲ့စီမံကိန်းက ကုန်သွယ်မှုပိုင်းတွေပါဝင်မယ်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ဝန်ဆောင်မှုပိုင်းတွေပါဝင်လာမယ်၊ ကမ္ဘာလှည့်ခရီး သွားကိစ္စတွေပါဝင်လာမယ်ဆိုတော့ ကျွန်တော်တို့က ဒါကိုသာလုပ်နိုင်လို့ရှိရင် ကျွန်တော်တို့နိုင်ငံရဲ့ဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မယ်ဆိုတာတော့အမှန်ပဲ။ နောက်ပြီး အဲဒီဒေသခံက ပြည်သူတွေနဲ့လည်း ငြိမ်း ချမ်းရေးကိုဖော်ဆောင်နိုင်လာလိမ့်မယ်လို့ ကျွန် တော်ကတော့ ယူဆတယ်။ သို့သော်လည်း တကယ် တမ်းဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ဘက်ကအထူးပြုသတိထားရမယ့်ကိစ္စလေးတွေကတော့ နယ် စပ်မှာ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက်ကြောင့်တော့ ယခင်ကတည်းက မြန်မာ-တရုတ် နှစ်နိုင်ငံသဘော တူချုပ်ဆိုခဲ့တဲ့ စာချုပ်တွေ ရှိတာပေါ့နော်။ ၁၉၆၁ စာချုပ်တို့၊ ၁၉၉၇ ခုနှစ် နယ်စပ်ဒေသနှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်ရေးစာချုပ်တို့စတဲ့ ပြဋ္ဌာန်းချက် တွေကိုတော့ ကျွန်တော်တို့က မဖြစ်မနေကိုယ့်နိုင်ငံရဲ့အချုပ်အခြာအာဏာကို မထိခိုက်ဖို့အတွက် ဆောင်ရွက်ရမယ့်အနေအထားတော့ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့သာ အခုစီမံကိန်းကိုလုပ်နိုင်မယ်ဆိုရင် ဘာတွေပါလာမလဲဆိုတော့ Logistics လုပ် ငန်းတွေပါဝင်လာမယ်။ ခုနကပြောခဲ့တဲ့ ကုန်ထုတ် လုပ်မှုပိုင်တွေလည်း ပါလာမယ်။

မေး ။ ။ ဟုတ်ကဲ့။ အဲဒီတော့ လုပ်သားကိစ္စမှာလေ မြန်မာနိုင်ငံကလည်း အလုပ်အကိုင်ရှားပါးတဲ့နိုင်ငံဖြစ်တော့ ဒီဇုန်ပေါ်လာရင်တော့ အလုပ်သမားတွေ အများကြီးလိုမှာဖြစ်သလို ကျွန်တော်တို့ဘက်က အ လုပ်သမားတွေအနေနဲ့လည်း အလုပ်ကိုင်အခွင့်အ လမ်းတွေ အများကြီးရလာမယ်။ အဲဒီအတွက် ကျွန် တော်တို့မြန်မာနိုင်ငံဘက်က အလုပ်သမားတွေကို လုပ်ငန်းစွမ်းဆောင်ရည်ပိုင်းဆိုင်ရာတွေ၊ လုပ်ငန်းအတွက်ကလည်း အရေးကြီးတာကတော့ စွမ်းရည်မြင့်လုပ်သားတွေပါဖို့ လိုတာဆိုတော့လေ အဲဒီအ တွက်ရော ဘယ်လိုပြင်ဆင်ထားသလဲခင်ဗျ။
ဖြေ ။ ။ အဲဒီကိစ္စနဲ့ပတ်သက်ရင်တော့ အခုချိန်မှာက အဲဒီအထိတော့မရောက်သေးဘူး။ ဒါပေမယ့် ကျွန်တော်ပြောခဲ့တဲ့ လုပ်ငန်းတွေပါလာရင် လက်ရှိတော့ ကျွန်တော်မြင်တာဘာမြင်ရလဲဆိုရင် ကျွန် တော်တို့နိုင်ငံကနေ တစ်ဖက်နိုင်ငံက စက်ရုံတွေမှာသွားလုပ်နေရတဲ့သူတွေအများကြီးရှိတာလည်း သိပါတယ်။ နယ်စပ်တွေကို သွားလေ့လာတဲ့အခါမှာလည်း အများကြီးတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့မျှော်လင့်ထားတာက တဖက်နိုင်ငံမှာအလုပ်သွားလုပ်နေရတဲ့သူတွေက ကိုယ့်နိုင်ငံမှာ ကိုယ်ပြန်လာပြီးတော့ အ လုပ်လုပ်လို့ရမယ်။ ကျွန်တော်တို့ဆီက ထုတ်တဲ့ထုတ်ကုန်တွေကို Made in Myanmar ဆိုပြီးထုတ်မယ်။ တရုတ်နိုင်ငံထဲ ဈေးကွက်ဝင်ရောက်ခွင့်၊ သူတို့နိုင်ငံက သတ်မှတ်ချက်အတိုင်း၊ နည်းပညာအရည် အသွေးသတ်မှတ်ချက်အတိုင်း ကျွန်တော်တို့ဘက်က ထုတ်လုပ်နိုင်တယ်ဆိုရင် ဈေးကွက်ဝင်ရောက်ခွင့်တွေရမယ်။ အဲဒီလိုသာလုပ်နိုင်မယ်ဆိုရင်တော့ပြောခဲ့တဲ့လုပ်သားအင်အား၊ အလုပ်အကိုင်အခွင့်အလမ်းတွေရနိုင်မယ်ပေါ့နော်။ ဒါပေမယ့်အခုအခါမှာတော့ ကျွန်တော်တို့အနေနဲ့ကလုပ်သားအင်အားလုံလောက် တယ်၊ မလုံလောက်ဘူးဆိုတာကတော့ အရမ်းတော့စောပါသေးတယ်။

မေး ။ ။ နောက်တစ်ချက်သိချင်တာကတော့ နှစ်နိုင်ငံကြားမှာ ထားရှိတဲ့ဇုန်ဖြစ်တဲ့အတွက် နှစ်နိုင်ငံကြားမှာ နားလည်မှုတွေမလွဲစေဖို့အတွက် ခိုင်ခိုင်မာမာချမှတ်ရမယ့်ဥပဒေတွေကို မြန်မာဘက်က ပြင် ဆင်ရေးဆွဲပြီးပြီလား။ ဘယ်လောက်အထိလုပ်ငန်းတွေအပေါ်မှာ အကာအကွယ်ပေးထားမလဲ။
ဖြေ ။ ။ လောလောဆယ်အခြေအနေအရ ကျွန် တော်ပြောနိုင်တာကတော့ နှစ်နိုင်ငံရဲ့နယ်စပ်မှာဆောင်ရွက်တာဖြစ်တဲ့အတွက် ၁၉၆၁ ခုနှစ် နယ် နိမိတ်စာချုပ်ပါ ပြဋ္ဌာန်းချက်တွေရှိတယ်။ နောက် တစ်ခု ၁၉၉၇ ခုနှစ် မြန်မာ-တရုတ် နယ်စပ်ဒေသ စီမံခန့်ခွဲရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘော တူစာချုပ်ပါ ပြဋ္ဌာန်းချက်တွေကိုကတော့ နံပါတ်တစ် အနေနဲ့ အဓိကအလေးပေးစဉ်းစားကြရမှာဖြစ်တယ်။ ဒါသည် နှစ်ဖက်စလုံးက လိုက်နာရမယ့်အရာဖြစ်တယ်။ ပြီးတော့ ဥပဒေပိုင်းဆိုင်ရာနဲ့ပတ်သက်တာပေါ့။ အဲဒီတော့ ဒီလိုဇုန်ထဲမှာဘယ်လိုဥပဒေနဲ့လုပ်ရင်ကောင်းမလဲ အကြံပြုချက်တွေလည်း ကျွန်တော်တို့ဘက်က ဥပဒေရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတွေကိုလည်း ကျွန်တော်တို့မေးတဲ့အခါမှာ တရုတ်-မြန်မာနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖြစ် မူဆယ်-ရွှေလီဇုန်ကို ဘယ်ဥပဒေနဲ့ဆောင်ရွက်နိုင်တယ်ဆိုတဲ့ သဘောထားမှတ်ချက်တွေလည်း အ ကြမ်းဖျင်းမှတ်ချက်တွေလည်း ရထားပြီးပြီဖြစ်ပါတယ်။ အဲဒီအချက်တွေကိုလည်း ကျွန်တော်တို့ဘက်က တောင်းခံ ရထားပြီးပြီဖြစ်ပါတယ်။ အဲဒီရရှိထားတဲ့ ဥပဒေအတိုင်း ကျွန်တော်တို့အနေနဲ့ ဆောင်ရွက် ရမယ်။ သို့သော်လည်းပဲ အဲဒီထဲမှာအသေးစိတ်အ ချက်အလက်တွေကတော့ ဥပမာ- ငွေကြေးဆိုင်ရာအချက်အလက်တွေ၊ ကိစ္စတွေ၊ အလုပ်သမားဆိုင်ရာကိစ္စတွေကို ဘယ်လိုလုပ်မလဲဆိုတဲ့ အသေးစိတ်ဆွေးနွေးရမှာတွေကတော့ အများကြီးကျန်ပါသေးတယ်။ အခုကျွန်တော်ပြောတာကတော့ အဓိကကျတဲ့ဥပဒေပိုင်းကိုပဲ ကျွန်တော်ပြောတာပေါ့နော်။ အဲဒီထဲကမှ ထပ်ပြီးလိုအပ်တာရှိရင်လည်း ဆောင်ရွက်ရမယ့်အပိုင်းတွေရှိတာပေါ့နော်။ လောလောဆယ်မှာတော့ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အထူးစီးပွားရေးဇုန် ဥပ ဒေ၊ ဒါတွေကတော့ ကျွန်တော်တို့ဆီမှာရှိပြီးသားဖြစ်တဲ့အတွက် နဂိုရှိပြီးသားဥပဒေတွေအောက်ကနေလည်းလုပ်နိုင်တဲ့ အပိုင်းတွေရှိပါတယ်။

မေး ။ ။ ကျွန်တော်နားလည်တာကပေါ့နော်.. ဒီဇုန်က ကျောက်ဖြူ-ကူမင်း စီးပွားရေးချိတ်ဆက်မှုကွန် ရက်အတွက် အရေးကြီးတဲ့နယ်စပ်ဇုန်တစ်ခုလို့ ကျွန် တော်နားလည်ထားပါတယ်။ ဘယ်လောက်ထိအ ရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်နိုင်သလဲ။ နောက်တစ်ခုက ဒီလောက်အရေးကြီးတဲ့လုပ်ငန်းကြီးကို စတင်နိုင်ဖို့အတွက် ကြန့်ကြာနေရတဲ့အကြောင်းရင်းက ဘာတွေဖြစ်မလဲပေါ့နော်။ မြန်မာဘက်ကလား၊ တရုတ်ဘက်ကလား၊ (သို့မဟုတ်) မြေပြင်လုပ်ထုံးလုပ်နည်းတွေက ခက်နေ တာလား။ ဒါမှမဟုတ် မူဝါဒပိုင်းလား။ ဘယ်အပိုင်းက အခက်ခဲဆုံးအပိုင်းလို့ ပြောလို့ရမလဲ။
ဖြေ ။ ။ အဓိကကတော့ ဒါတွေအားလုံးက ချိတ် ဆက်နေပါတယ်။ ကူမင်းကတော့ တရုတ်နိုင်ငံရဲ့ကုန်းတွင်းပိတ်လမ်းဖြစ်တဲ့အတွက် ဒီဘက်ကိုသွားနိုင်ဖို့ဆိုတာရှိတယ်။ ဆက်စပ်မှုတွေရှိတယ်။ အဲဒီတော့ ကျန်တဲ့ဟာတွေကို ခဏထားပြီး Trade ပိုင်းကိုပဲ ကျွန်တော်ပြောမှာပေါ့နော်။ အခုဆိုရင် ကိုဗစ် ကပ်ရောဂါဖြစ်တဲ့အခါမှာ လောလောဆယ်တွေ့ကြုံနေရတဲ့ကိစ္စက ဘာလဲဆိုတော့ ကျွန်တော်တို့တွေ ကုန်တင်ကားတွေနဲ့သွားကြရတယ်။ ကုန်တင်ကားတွေနဲ့သွားတဲ့အခါမှာ ကုန်တင်ကားတစ်စီးမှာ အ နည်းဆုံးလူနှစ်ယောက်ပါတယ်။ အဲဒီလူနှစ်ယောက်ကလည်း ကိုဗစ်ကာကွယ်ဆေးဘယ်လောက်ပဲထိုးထိုး ကိုဗစ်-၁၉ ရောဂါကူးစက်မှုက ရှိနေတတ်တယ်။ တရုတ်နိုင်ငံကလည်း သိတဲ့အတိုင်း သူတို့နိုင်ငံက ကိုဗစ်ကူးစက်မှုကို သုည ရာခိုင်နှုန်းအထိ ကင်းစင်အောင်လုပ်တဲ့ နိုင်ငံဖြစ်နေတော့ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံထဲ ကုန်တင်ကားတွေ ဝင်ရောက်နိုင်ဖို့၊ သွားဖို့လာဖို့၊ ကုန်တင်ပို့တဲ့ အပိုင်းတွေမှာအ ခက်အခဲတွေတော့ရှိနေပါတယ်။ ကျောက်ဖြူဘက်ကနေလာတဲ့ တခြားသောရထားလမ်းတွေသာရှိမယ် ဆိုရင်တော့ ဥပမာ- ရထားဆိုတာက ကုန်တွဲပေါင်းများစွာပါတဲ့အတွက် ကျွန်တော်တို့ဘက်က ကုန် ပစ္စည်းများစွာကို တင်ဆောင်သွားလို့ရမယ်။ ကုန် ပစ္စည်းတွေကိုပဲ ကိုဗစ်ကင်းစင်မှု ရှိ/ မရှိစစ်ပြီး ကုန်တွေမှာပဲ ကိုဗစ်ကင်းစင်ဖို့လိုမယ်ဆိုတော့ လူတွေလည်းအများကြီးမလိုတော့ဘူး။ အဲဒီလိုဆိုရင် လက် ရှိဖြစ်နေတဲ့ အခင်းအကျင်းကုန်ပစ္စည်းတွေ အလေ အလွင့်ဖြစ်ပြီး ပျက်စီးဆုံးရှုံးနေရတဲ့အခြေအနေမှာတော့ ဒါကအားသာချက်ရှိနိုင်တာပေါ့။ ဗီယက်နမ်နဲ့ ကွမ်ရှီးပြည်နယ်တို့ကြားဆိုရင်လည်း ဒီလိုပဲရထားတွေနဲ့အဝင်/အထွက်လုပ်တာရှိတယ်လေ။ အဲဒါမျိုးကတော့ အထောက်အကူပြုနိုင်တာပေါ့ဗျာ။ အဲဒီလောက်တော့ ကျွန်တော်ပြောနိုင်ပါတယ်။

မေး ။ ။ မူဆယ်-ရွှေလီ ဇုန်ပေါ်လာလို့ရှိရင်ရော ရှမ်းပြည်နယ်နဲ့ ပြည်နယ်အတွင်းက မငြိမ်းချမ်းတဲ့ဒေသတွေ အားလုံးအတွက် ဘယ်လောက်အထိ ကျွန်တော်တို့အခွင့်အရေးတွေကောင်းလာနိုင်ခြေရှိမလဲ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ လေ့လာထားတာမျိုးရှိမလား။ ခုနကပြောသလိုမျိုး Feasibility Study လုပ်ထားတာမျိုးပေါ့။
ဖြေ ။ ။ ကျွန်တော်ခုနက ကတည်းကပြောခဲ့တဲ့အ ထဲမှာလည်းပြောခဲ့သလိုပါပဲ ကျွန်တော်ပွင့်ပွင့်လင်းလင်းနဲ့ပြောရရင်တော့ အဲဒီအပိုင်းတွေအတွက် ကျွန် တော်တို့ Feasibility Study လုပ်ဖို့ကျန်နေပါသေး တယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ ပြောနိုင်တာကတော့ ဖွံ့ဖြိုးမှု နဲ့ ငြိမ်းချမ်းမှု ဆိုတာက ဆက်စပ်နေတာဖြစ်တဲ့အတွက် ဖွံ့ဖြိုးမှုရှိလာရင် ငြိမ်းချမ်းလာမယ်လို့ယုံပါတယ်။ နောက်ပြီးလမ်းပန်းဆက်သွယ် ရေး ကောင်းမွန်လာမယ်။ ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင်တော့ ငြိမ်းချမ်းမှုကယှဉ်တွဲပြီး နောက်ကနေပါ လာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုဘဝအဆင့်အတန်းတွေလည်း မြင့်တက်လာလိမ့်မယ်လို့တော့ ကျွန်တော်တို့သေချာပြောနိုင်ပါတယ်။

မေး ။ ။ နှစ်နိုင်ငံလုံးအတွက်ရော အထူးသဖြင့် မြန် မာအတွက် အရမ်းကိုအကျိုးရှိတယ်ဆိုတဲ့ ဒီစီမံကိန်းကို ဖျက်ဆီးချင်တဲ့သူတွေရှိနေသလား။ ရှိနေတယ်လို့လည်း ကျွန်တော်တို့က ကြားနေရပြန်တယ်။ ရှိတယ်/မရှိဘူးဆိုတာကို ခဏထား လိုက်ပြီး။ အကယ် ၍ မရှိဘူးဆိုရင် မူဆယ်-ရွှေလီစီမံကိန်းကြီးကို ဘယ်အချိန်မှာမဖြစ်မနေ စတင်ရမှာဖြစ်ပြီးတော့ ဘယ်ကာလမှာ လုပ်ငန်းစဉ်အားလုံးနီးပါး အဆင်ပြေချော မွေ့လည်ပတ်ရမယ်ဆိုတဲ့ Target Date တွေရှိပါသလား။
ဖြေ ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျွန် တော်တို့က ဘယ်တော့မှာစလုပ်မယ်။ ဘယ်တော့မှာ ပြီးရမယ် ဆိုတာမျိုး လက်ရှိအနေအထားထိကတော့ သတ်မှတ်ထားတာမျိုး မရှိသေးပါဘူးခင်ဗျာ။ မရှိသေးဘူးလို့ပဲ ပြောရမှာပေါ့နော်။ ပြီးခဲ့တဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာပဲ ဖြစ်ပေါ်တိုးတက်မှုနဲ့သွားမယ်ဆိုတာမျိုးပဲရှိပါသေးတယ်။ ကျွန်တော်တို့ ကိုဗစ်ကူးစက်မှု ငြိမ်သွားပြီဆိုတာနဲ့ ခရီးသွားလို့ရပြီဆိုရင် မြေပြင်ဆင်းလေ့လာတယ်၊ ကိုဗစ်ကြောင့် ခရီးသွားလာမှုတွေကို အရမ်းကန့်သတ်တာမျိုးတွေရှိနေပြန်ရင်လည်း ကျွန်တော်တို့က နှစ်ဖက်ညှိနှိုင်းတဲ့ကိစ္စတွေမှာ အွန်လိုင်းတွေ့ဆုံမှုတွေ နဲ့ဆောင်ရွက် ကြတယ်။ ဒီနေရာမှာတစ်ခုထူးခြားတာကတော့ ဒီလိုစီမံကိန်းကို ဆောင်ရွက်ရတာကြတော့ ကိုယ့်နိုင်ငံတွင်းထဲက သက်ဆိုင်ရာဒေသခံတွေနဲ့ပဲ ညှိနှိုင်းဆောင်ရွက်ရတာမဟုတ်သလို ဒေသခံတွေပါဝင်တဲ့ Stake Holder တွေနဲ့လည်း လုပ်ကိုင်ရတာဖြစ်တယ်။ ပြီးရင်လည်း နှစ်နိုင်ငံစလုံးကပါဝင်သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက်ကြောင့် တချို့ကိစ္စလေးတွေမှာတော့ ကျွန်တော်တို့က Target Date သတ်မှတ်ဖို့ဆိုတာကတော့ နည်းနည်းလေးခက်ခဲတယ်။ ဒါပေမယ့်လည်းကျွန်တော်တို့က တတ်နိုင်သရွေ့တော့ လုပ်ငန်းတွေကိုဆောင်ရွက်နေတာရှိတယ်။ သူတို့ ဘက်ကဖြစ်ပေါ် တိုးတက်မှုအခြေအ နေကိုလည်း ကျွန်တော်တို့ဘက်ကတောင်းထားတယ်။ သူတို့ရဲ့ Plan တွေ ကျွန်တော်တို့ဘက်က Plan တွေကိုလည်း အပြန်အလှန် share ကြတာမျိုးစသဖြင့် အဲဒီလိုညှိနှိုင်းတာမျိုးတွေရှိတယ်။ လုပ်ပေမယ့်လည်း သူတို့ကလည်း သူတို့နိုင်ငံရဲ့ဥပဒေအ တိုင်း လုပ်ကိုင်တာဖြစ်တဲ့အတွက် အားလုံးကတော့ မတူနိုင်ဘူး။ သို့သော်လည်း သူတို့ဘက်က ဘာလုပ်နေလဲ၊ ကျွန်တော်တို့ဘက်က ဘာတွေလုပ်နေလဲဆိုတာကိုတော့ အမြဲတမ်းမျက်ခြေမပြတ် ညှိနှိုင်း ဆောင်ရွက်တာတွေတော့ကျွန်တော်တို့တွေလုပ်ပါတယ်။ ဒီစီမံကိန်းကိုဖျက်ဆီးချင်တဲ့သူရှိသလားဆိုရင်တော့ကျွန်တော် အဲဒါနဲ့ပတ်သက်ရင်တော့ ကျွန် တော်မသိပါဘူး။ ကျွန်တော်သိတဲ့ ကျွန်တော်ဆောင် ရွက်တဲ့အတွေ့အကြုံအရပဲ ပြောရမယ်ဆိုရင်တော့ အဲဒီလိုမျိုး Negative Impact လုပ်တဲ့ပုံစံမျိုးနဲ့ကြုံတွေ့ခဲ့ရတာမျိုးကတော့ မရှိခဲ့သေးဘူးပေါ့နော်။

မေး ။ ။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံစလုံးကခေါင်းဆောင်ပိုင်းတွေ မူဝါဒအရ နှစ်နိုင်ငံ သဘောတူ စာချုပ်ချုပ်ဆိုပြီးတဲ့နောက် လုပ် ငန်းစဉ်တွေက တို့လို့တန်းလမ်းတွေဖြစ်နေတော့ တရုတ်ဘက်ကရော ဒီစီမံကိန်းပေါ်မှာ စိတ်ဝင်စားမှုရောရှိသေးရလား။ (သို့မဟုတ်) စိတ်ရှည်လက်ရှည် ရှိသေးရဲ့လား။
ဖြေ ။ ။ ဟုတ်ကဲ့ စိတ်ဝင်စားမှုကတော့ ရှိပါတယ်။ ပထမမေးခွန်းမှာပါတဲ့ MOU အောက်ကဆိုရင် နှစ်နိုင်ငံတွေ့ဆုံမှုတွေရှိနေပါတယ်။ သူတို့ဘက်ကလည်း ကျွန်တော်တို့ဘက်ကို အခါအားလျော်စွာချိတ်ဆက်တယ်။ Informal တွေ့တာတွေရှိတယ်။ လုပ်ငန်းစဉ်လည်ပတ်မှုပိုင်းနဲ့ပတ်သက်ပြီး သတင်းဖလှယ်တာတွေရှိတယ်။ အဲဒါတွေကတော့ ရှိနေပါတယ်။ အဆက်အသွယ်ရှိနေတဲ့အတွက်ကြောင့် လုံးဝကြီးတော့ မျက်ခြေပြတ်နေတာ မျိုးတော့မဟုတ်ဘူး။ အမြဲတမ်းဆက်သွယ်မှုတော့ ရှိနေပါတယ်။

မေး ။ ။ နောက်ထပ်သိချင်တာက မြန်မာနိုင်ငံမှာက လက်ရှိက အိမ်စောင့်အစိုးရဖြစ်တဲ့အခါကျတော့ သူတို့မူဝါဒကတော့ ပြတ်ပြတ်သားသားကြီးလုပ်မှာမဟုတ်ဘူးလေ။ ဒါပေမယ့်ဝန်ကြီဌာနရဲ့ စီးပွား/ကူးသန်း ဝန်ကြီးဌာနအနေနဲ့ကတော့ ဆက်ပြီး လုပ်ကိုင်နေရတဲ့စီမံကိန်းဖြစ်တာပေါ့။ ဒီဟာက နစကလက်ထက်ရောက်လို့ နစက က ဒီစီမံကိန်းကြီးကို စိတ်မဝင်စားတော့တာမျိုး၊ ဖယ်ရှားပစ်ချင်တာမျိုး၊ အဲဒီလိုသဘောထားမျိုးကိုရော ပြသလားခင်ဗျ။
ဖြေ ။ ။ အဲဒီလိုမျိုးကတော့ မရှိပါဘူး။ အဲဒါနဲ့ပတ် သက်ရင် ကျွန်တော်ရှင်းရှင်းလင်းလင်းကို ဖြေနိုင်ပါတယ်။ ပထမကတည်းက ကျွန်တော်ပြောခဲ့တဲ့ထဲမှာလည်း ပါပါတယ်။ ၂ဝ၁၈ ခုနှစ်မှာ ကျွန်တော်တို့ဆောင်ရွက်ဖို့ ကော်မတီဖွဲ့စည်းတယ်။ အဲဒီကော် မတီက လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကာလ (နစက)လက်ထက်မှာ ဗဟိုကော်မတီပြန်ဖွဲ့ပြီးပြီ။ ဝန်ကြီး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်(၂၃)ဦး၊ လုပ်ငန်းကော်မတီဆိုရင်လည်း အဖွဲ့ဝင်(၁၆) ဦးနဲ့ပြန်ဖွဲ့စည်းပြီးပါပြီ။ နိုင်ငံတော်ဘက်က ဆောင်ရွက်ပေးရမယ့်ကိစ္စတွေကိုကတော့ ဆောင်ရွက်ပေးပြီးပါပြီ။ ကျွန်တော်တို့ဘက်က ဆက်ပြီးလုပ်ရမယ့်အပိုင်းတွေပဲကျန်ပါတယ်။

မေး ။ ။ ဒါဆိုရင်တော့ အကုန်လုံးကို အနှစ်ပြန်ချုပ်ပြောရရင် လုပ်ငန်းစဉ်ကတော့ ရှေ့ကိုဆက်သွားနေမယ်။ နိုင်ငံရေး မူဝါဒတွေပြောင်းသွားလို့ စီမံကိန်းကပြောင်းစရာအကြောင်းမရှိဘူး။ ဆက်လုပ်တာက တော့ ဆက်လုပ်နေမယ်။ ဖြစ်တဲ့အချိန်ဖြစ်အောင်လုပ်မယ့် သဘောပေါ့နော်။
ဖြေ ။ ။ ဟုတ်ပါတယ်ခင်ဗျာ။

အခုလို အချိန်ပေးပြီး ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

zawgyi version
"စာခ်ဳပ္က သုံးႏွစ္ဆိုေတာ့အသက္ဝင္တယ္" အင္တာဗ်ဴး
အိျဖဴ (NP News) - ဇန္နဝါရီ ၃ဝ

ၿပီးခဲ့သည့္ NLD အစိုးရလက္ထက္ကတည္းက အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္လုပ္ေဆာင္ေန သည့္ တ႐ုတ္-ျမန္မာနယ္စပ္စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဇုန္စီမံကိန္းကို နစက လက္ထက္တြင္ဆက္လက္လုပ္ကိုင္ျခင္းရွိ၊ မရွိႏွင့္ လက္ရွိ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံၾကားစီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္ေဆာင္႐ြက္ေနမႈႏွင့္ပတ္သက္ၿပီး စီပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ဦးမင္းမင္းႏွင့္ NP News တို႔သီးသန႔္ေတြ႕ဆုံေမးျမန္းထားပါသည္။

ေမး ။ ။ တ႐ုတ္-ျမန္မာ နယ္စပ္စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဇုန္(၃)ခုကို ၂ဝ၂ဝ မွာ သမၼတရွီက်င့္ပင္ ကိုယ္တိုင္ NLD အစိုးရနဲ႔စာခ်ဳပ္ခ်ဳပ္ခဲ့တာရွိတယ္။ ဒီစာခ်ဳပ္ဟာ လက္ရွိအစိုးရလက္ထက္မွာ အက်ဳံးဝင္ၿပီး အသိအမွတ္ျပဳခံထားရေသးလား။
ေျဖ ။ ။ ကနဦး တ႐ုတ္နဲ႔ျမန္မာနဲ႔ ၂ဝ၁၇ ခုႏွစ္၊ ေမလက ေပက်င္းမွာ လက္မွတ္ေရးထိုးတာက ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံစီးပြားေရးႏွင့္ကူး သန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနနဲ႔ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနတို႔ၾကားမွာ ျမန္မာ-တ႐ုတ္နယ္စပ္အ ၾကား စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဇုန္မ်ားတည္ ေထာင္ေရး နားလည္မႈစာခြၽန္လႊာရွိခဲ့ပါတယ္။ ၂ဝ၁၇ ခုႏွစ္ကတည္းက အဲဒီ MOU ရွိတယ္။ အဲဒီ MOU ေအာက္မွာမွ နယ္စပ္စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈဇုန္ေတြကို ေဆာင္႐ြက္တာ။ အခုဒီေမးခြန္းအရ သမၼတရွီက်င့္ပင္လာတုန္းက ေရးထိုးခဲ့တဲ့ စာခ်ဳပ္ (၃၃) ခုကို ရည္ၫႊန္းတယ္လို႔ ကြၽန္ေတာ္ကေတာ့ နားလည္ပါတယ္။ ၂ဝ၁၉ မွာ သမၼတရွီက်င့္ပင္နဲ႔ NLD အစိုးရလက္ထက္မွာ လက္မွတ္ေရးထိုးထားတဲ့စာခ်ဳပ္နဲ႔ပတ္သက္ၿပီး နည္းနည္းေလာက္ ရွင္းျပခ်င္ပါတယ္။ အဲဒီစာခ်ဳပ္က အသက္ဝင္ေသးလားဆိုတာကို ေျပာရရင္ေတာ့ MOU စာခ်ဳပ္ရဲ႕သက္တမ္းက သုံးႏွစ္ရွိတယ္။ ခုနကကြၽန္ေတာ္ေျပာခဲ့တဲ့ ၂ဝ၁၇ ခုႏွစ္မွာ တ႐ုတ္-ျမန္မာ နယ္စပ္စီးပြားေရးပူးေပါင္းေဆာင္ ႐ြက္မႈဇုန္ေတြ လုပ္ၾကမယ္ဆိုၿပီးေတာ့ အစျပဳခဲ့ပါတယ္။ အဲဒီေနာက္ ၂ဝ၁၈ ခုႏွစ္မွာ တ႐ုတ္ႏိုင္ငံကေန ျမန္မာႏိုင္ငံကို တ႐ုတ္-ျမန္မာ နယ္စပ္စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဇုန္ဆိုင္ရာ Frame Work Agreement မူၾကမ္းကို ျမန္မာဘက္ပို႔တယ္။ အဲဒီလိုပို႔လိုက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ဘက္က ၂ဝ၁၇ MOU အရေသာ္လည္းေကာင္း၊ ၿပီးေတာ့ ပို႔လာတဲ့ Frame Work Agreement မူၾကမ္းကို လုပ္ရေတာ့မယ္ဆိုတဲ့အခါမွာ ကြၽန္ေတာ္တို႔ဘက္က Mechanism ေတြေဆာင္႐ြက္ၾကတယ္။ ျမန္မာ-တ႐ုတ္နယ္စပ္စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဇုန္ အေကာင္အထည္ေဖာ္ေရး ဗဟိုေကာ္မတီဆိုၿပီး ကြၽန္ေတာ္တို႔ ၂ဝ၁၈ ခုႏွစ္ေလာက္မွာ ဖြဲ႕ၾကတယ္။ အဲဒီလိုဖြဲ႕လိုက္တဲ့အထဲမွာ ကြၽန္ေတာ္တို႔ျမန္မာဘက္ က စီးပြား/ကူးသန္းဝန္ႀကီးက ဥကၠ႒၊ ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္က ဒုတိယဥကၠ႒၊ ကခ်င္ျပည္နယ္ ဝန္ ႀကီးခ်ဳပ္က ဒုတိယ ဥကၠ႒တို႔နဲ႔ဖြဲ႕တယ္။ အဲဒီဗဟိုေကာ္မတီရဲ႕ေအာက္မွာလုပ္ငန္းေကာ္မတီဖြဲ႕တယ္။ အဲဒီလုပ္ငန္းေကာ္မတီကိုေတာ့ ကုန္သြယ္ဦး စီးဌာနရဲ႕ၫႊန္ၾကားေရးမႉးခ်ဳပ္ (DG) က ေခါင္းေဆာင္ၿပီး သက္ဆိုင္ရာ ဦးစီးဌာနက အရာရွိ ေတြ၊ အဖြဲ႕ဝင္ေတြပါဝင္တယ္။ တကယ္တမ္းမွာ အဲဒီ Frame Work Agreement ရဲ႕ဧရိယာက အရမ္းက်ယ္ျပန႔္တယ္။ Frame Work ဆိုတဲ့အတြက္ တအားကိုက်ယ္ျပန႔္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ႏွစ္ဖက္စလုံးမွာ အ ကန႔္အသတ္ေတြရွိခဲ့တယ္။ အဲဒီထဲမွာမွ အဓိက က ေတာ့ ဧရိယာသတ္မွတ္တာတို႔၊ စည္းမ်ဥ္း၊ စည္း ကမ္း (Law) ေတြနဲ႔သတ္မွတ္တာတို႔အျပင္ ႏိုင္ငံအ တြင္းဇုန္ေတြလုပ္ၿပီဆိုရင္ ဘယ္ဥပေဒေတြနဲ႔အညီ လုပ္မွာလဲ။ ဘာလုပ္မွာလဲ စတဲ့အခ်က္ေတြပါပါတယ္။ ျမန္မာကေရာ ဒီဇုန္ေတြကို ဘယ္ဥပေဒေအာက္မွာ အေကာင္အထည္ေဖာ္ေဆာက္႐ြက္မွာလဲဆိုတဲ့ကိစၥေတြက လက္ေတြ႕ေဆာင္႐ြက္ဖို႔ေတြမွာ ေတာ္ေတာ္ေလးကို အကန႔္အသတ္ရွိခဲ့တယ္။ အဲဒီ MOU က ဘာလဲဆိုေတာ့ အဲဒီဇုန္ေတြနဲ႔ပတ္သက္ၿပီးေတာ့ မူေဘာင္သေဘာတူညီစာခ်ဳပ္ Frame Work Agreement ဆြးေႏြးမႈဆိုင္ရာလုပ္ငန္းစဥ္ေတြကို လ်င္ျမန္တိုးတက္ေရးဆိုင္ရာနားလည္မႈစာခြၽန္လႊာအျဖစ္ လက္မွတ္ေရးထိုးတာဆိုေတာ့ Frame Work Agreement ကို ျမန္ျမန္ဆန္ဆန္အေကာင္အထည္ ေဖာ္ႏိုင္ဖို႔အတြက္သာ ဒီ MOU ကိုထိုးတာ။ အခုေမးတဲ့ေမးခြန္းက အဲဒီကိစၥကိုေမးတာျဖစ္တယ္။ စာခ်ဳပ္ သက္တမ္းက သုံးႏွစ္ျဖစ္တဲ့အတြက္ နံပါတ္တစ္ MOU စာခ်ဳပ္က အသက္ဝင္ေသးတယ္။ MOU အရ ကြၽန္ေတာ္ ေမးခြန္းကိုပဲျပန္ၿပီးေတာ့ ေသခ်ာခြဲျခားၾကည့္ခ်င္တာက အဲဒီ MOU ယူသည္ ကြၽန္ေတာ္တို႔က တ႐ုတ္-ျမန္မာ နယ္စပ္ စီးပြားေရးပူးေပါင္း ေဆာင္႐ြက္မႈဇုန္ သုံးခုဆိုတာမွာ ဇုန္သုံးခုစလုံးကို မလႊမ္းၿခဳံပါဘူး။ အဲဒီဟာက ဘာကိုပဲလႊမ္းၿခဳံလဲဆိုရင္ ျမန္မာ-တ႐ုတ္- မူဆယ္- ေ႐ႊလီ နယ္စပ္စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဇုန္နဲ႔ပတ္သက္တဲ့ကိစၥကိုပဲ လႊမ္းၿခဳံပါတယ္။ သုံးခုစလုံးကို ဘာလို႔အက်ဳံးမဝင္တာလည္းလို႔ေျပာရရင္ ကြၽန္ေတာ္တို႔အေနနဲ႔ Frame Work Agreement ကို တဖက္နဲ႔တဖက္လုပ္ေန၊ ပို႔ေနၾကခ်ိန္တုန္းက တ႐ုတ္ျပည္က ပထမတုန္းက ေတာ့ အဆိုျပဳခဲ့တာ ကန္ပိုက္တီး၊ မူဆယ္၊ ခ်င္းေ႐ႊေဟာ္ရယ္ သုံးခုျဖစ္တယ္။ ဇုန္(၃)ခုအား တခ်ိန္တည္းမလုပ္ႏိုင္တဲ့အတြက္ သူတို႔ဘက္ကကြၽန္ေတာ္တို႔ဆီကို ႏိုင္ငံျခားေရးကေန တဆင့္ သေဘာထားမွတ္ခ်က္ကို ေမးတယ္။ အဲဒါက မူဆယ္- ေ႐ႊလီကို Pilot အေနနဲ႔ အရင္လုပ္မယ္ သေဘာတူလားဆိုၿပီး ျမန္မာဘက္ကို ေမးတယ္။ ၂ဝ၁၉ ခုႏွစ္တုန္းက အဲဒီလိုေမးခဲ့တဲ့အတြက္ေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔ ဘက္ကလည္း မူဆယ္-ေ႐ႊလီကေတာ့ က်န္တဲ့ဟာ ေတြထက္စာရင္ အေျခခံအရလည္းေကာင္းတယ္။ သူတို႔ဘက္မွာလည္း ပိုၿပီးေတာ့ျပည့္စုံတယ္။ ကြၽန္ေတာ္ တို႔ဘက္မွာဆိုလည္း နယ္စပ္ကုန္သြယ္ေရးအရဆိုရင္ ပိုၿပီးေတာ့ အခ်က္အခ်ာက်တာျဖစ္တဲ့အတြက္ ဒီလိုေဆာင္႐ြက္ႏိုင္ပါတယ္ဆိုၿပီးေတာ့ သံတမန္လမ္း ေၾကာင္းကေနတဆင့္ အေၾကာင္းျပန္ခဲ့တယ္။ ေ႐ႊလီ- မူဆယ္သာလွ်င္ ဇုန္တည္ေဆာက္မွာျဖစ္ၿပီးေတာ့ အဲဒီကေအာင္ျမင္မႈ၊ ျဖစ္ထြန္းမႈေတြကို ၾကည့္ၿပီးေတာ့မွ က်န္တဲ့ဇုန္ႏွစ္ခုကို ဆက္လုပ္မယ္ဆိုၿပီးေျပာတာ။ က်န္တဲ့ ဇုန္ႏွစ္ခုကိုလည္း မလုပ္ေတာ့ဘူးဆိုၿပီးေျပာတာမ်ိဳးေတာ့လည္း မဟုတ္ဘူးေပါ့။ ဒါက ေတာ့ ကြၽန္ေတာ္ေမးခြန္းတစ္ကို ရွင္းျပတဲ့သေဘာပါ။

ေမး ။ ။ ဟုတ္ကဲ့။ သေဘာကေတာ့ စာခ်ဳပ္က ေတာ့ အသက္ဝင္ေနဆဲျဖစ္တယ္ဆိုတာမ်ိဳးပဲေပါ့ေနာ္။
ေျဖ ။ ။ ဟုတ္ကဲ့။ ဟုတ္ပါတယ္။ စာခ်ဳပ္ကေတာ့ အသက္ဝင္ေနဆဲပဲျဖစ္ပါတယ္။ စာခ်ဳပ္က သုံးႏွစ္ဆိုေတာ့ အသက္ဝင္တယ္။ အဲဒီစာခ်ဳပ္အရလည္း ကြၽန္ ေတာ္တို႔ Mechanism ေတြ ဖြဲ႕စည္းေဆာင္႐ြက္ေနတာေတြရွိပါတယ္။

ေမး ။ ။ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈ ဇုန္ဆိုတဲ့ေနရာမွာလည္း အခုဆိုရင္ မူဆယ္-ေ႐ႊလီအတြက္ ျဖစ္သြားၿပီ ေပါ့ေနာ္။ ကြၽန္ေတာ္ျပန္ၾကားေနရတာက အဲဒီ မူဆယ္(၁ဝ၅)မိုင္ဇုန္မွာ ျမန္မာဘက္က တာ ဝန္ခံပုဂၢိဳလ္ထားရွိမႈဟာ အေျပာင္းအလဲခဏခဏျဖစ္တယ္။ တ႐ုတ္ဘက္မွာေတာ့ တာဝန္ခံပုဂၢိဳလ္ခိုင္ခိုင္ မာမာရွိတယ္ဆိုၿပီး သတင္းစကားျပန္ၾကားရတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ျမန္မာဘက္က (၁ဝ၅)မိုင္အ တြက္ေရာ၊ မူဆယ္-ေ႐ႊလီအတြက္ေရာ တာဝန္ခံပုဂၢိဳလ္ခိုင္ခိုင္မာမာထားဖို႔အေျခအေနက ဘယ္လိုရွိလဲခင္ဗ်ာ။ တ႐ုတ္ဘက္ကေတာ့ သူတို႔ဘက္က ရွိတယ္လို႔ ေျပာေနတယ္။
ေျဖ ။ ။ ပထမဆုံးေျပာခ်င္တာကေတာ့ တ႐ုတ္နဲ႔ ျမန္မာနဲ႔က ကြၽန္ေတာ္ဝန္ႀကီးဌာနေအာက္မွာဖြဲ႕ စည္းပုံျခင္းက မတူဘူးလို႔ေျပာခ်င္ပါတယ္။ ဥပမာ- ကြၽန္ေတာ္တို႔ဘက္က စီးပြား/ကူးသန္းဆိုရင္ စီးပြား/ကူးသန္းလက္ေအာက္မွာရွိတဲ့ Department အ လိုက္ ၫႊန္ၾကားေရးမႉးခ်ဳပ္(DG Level)ေတြက ဗဟိုအစိုးရ(Central Government) လက္ေအာက္မွာပဲရွိ တယ္။ တ႐ုတ္ႏိုင္ငံက်ေတာ့ တိုင္းျပည္က သိပ္ကိုႀကီးတဲ့အတြက္ေၾကာင့္ ယူနန္ျပည္နယ္စီးပြားကူး သန္းေရာင္းဝယ္ေရး ဌာနအေနနဲ႔ (DG) တစ္ေယာက္ရွိတယ္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာကေတာ့ ဆိုလိုခ်င္တာက ရွမ္းျပည္နယ္ဆိုရင္ ရွမ္းျပည္နယ္ စီးပြား/ ကူးသန္းဌာနဆိုၿပီးေတာ့ မရွိဘူး။ ကြၽန္ေတာ္တို႔ဆီမွာ ဒါေတြအားလုံးကို ဗဟိုအစိုးရကသာ တိုက္႐ိုက္လုပ္ရတာျဖစ္ပါတယ္။ အဲဒီေတာ့ နံပါတ္တစ္ေမးခဲ့တဲ့ ေမး ခြန္းက MOU စာခ်ဳပ္ကိစၥကို ထပ္ျဖည့္ၿပီးေျပာခ်င္တာက ကြၽန္ေတာ္တို႔ဆီမွာက လူေျပာင္းသြားတာနဲ႔ လုပ္ငန္းေတြၾကန႔္ၾကာသြားတယ္ဆိုတာကေတာ့ မဟုတ္ဘူးဆိုတာကို ကြၽန္ေတာ္ရွင္းျပခ်င္တာပါ။ ဘာျဖစ္လို႔လည္းဆိုေတာ့ အဲဒီ MOU စာခ်ဳပ္ထဲမွာပါဝင္တဲ့ တဖက္နဲ႔တဖက္ အဓိကအေကာင္အထည္ ေဖာ္မယ့္ အစိတ္အပိုင္းသည္ ကုန္သြယ္ေရးဦးစီးဌာန DG ျဖစ္တယ္။ ဒီလုပ္ငန္းေတြကို အရင္က ကြၽန္ေတာ္ လုပ္ကိုင္ေဆာင္႐ြက္ခဲ့တာျဖစ္တယ္။ အဲဒီေတာ့ ဟိုဘက္မွာဆိုရင္ ယူနန္ျပည္နယ္၊ ကူမင္းမွာရွိတဲ့ ကူး သန္းေရာင္းဝယ္ေရးဌာနရဲ႕ DG ကကြၽန္ေတာ္တို႔နဲ႔အတူပူးေပါင္းေဆာင္႐ြက္တာျဖစ္ပါတယ္။ အဲဒီအ တြက္ဒီဌာနရွိသေ႐ြ႕လူေျပာင္းလို႔လုပ္ငန္းမျဖစ္ ေျမာက္ဘူးဆိုတာကေတာ့ မဟုတ္ပါဘူး။ ဥပမာ- ၿပီးခဲ့တဲ့ ၂ဝ၂ဝ ျပည့္ႏွစ္တုန္းက MOU ထိုးၿပီးတာနဲ႔ တ ႐ုတ္နဲ႔ကြၽန္ေတာ္တို႔ၾကားမွာ ကိုဗစ္-၁၉ ေၾကာင့္ အ ခ်င္းခ်င္းမ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံမႈမ်ိဳးေတာ့ မလုပ္ႏိုင္ခဲ့ဘူး။ အြန္လိုင္းအေနနဲ႔ ကြၽန္ေတာ္တို႔အစည္းအ ေဝးေတြလုပ္တယ္။ Informal Meeting ေတြက ေတာ့မ်ားစြာလုပ္ခဲ့ၿပီး တရားဝင္လုပ္တဲ့အစည္း အ ေဝးက ႏွစ္ႀကိမ္ရွိတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔က ဒီ Mechanism အာက္မွာေတာ့ ကြၽန္ ေတာ္တို႔က ဟိုဘက္မွာလည္း Free trade နဲ႔ပတ္ သက္တဲ့ ၫႊန္ၾကားေရးမႉးတစ္ေယာက္ကိုခန႔္ထားေပမယ့္လည္း ကြၽန္ေတာ္တို႔ရဲ႕ Central Government Capital ကပဲ စီးပြားေရးႏွင့္ကုန္သြယ္ေရးဦးစီးဌာနမွာရွိတဲ့ ၫႊန္ၾကားေရးမႉးတစ္ေယာက္ကို တာဝန္ေပးထားတာျဖစ္တဲ့အတြက္ေၾကာင့္ မူဆယ္ (၁ဝ၅) မိုင္တာဝန္ခံသည္ ကုန္သြယ္ေရးလုပ္ငန္းေတြကိုပဲ အဓိ က တာဝန္ယူလုပ္တာျဖစ္တယ္။ ခုနကေျပာတဲ့ ႏွစ္ႏိုင္ငံနယ္စပ္စီးပြားေရးပူးေပါင္း ေဆာင္႐ြက္မႈကိစၥေတြကို တိုက္႐ိုက္တာဝန္ယူလုပ္ကိုင္ရတဲ့သူမဟုတ္ဘူးလို႔ ေျပာျပေစလိုပါတယ္။

ေမး ။ ။ ေအာ္… သေဘာေပါက္ၿပီ။ ဒါဆိုရင္ မူဆယ္-ေ႐ႊလီဇုန္ကိုက ဗဟိုၫႊန္ၾကားမႈဦးစီးဌာနကေန ကိုင္ၿပီးေတာ့ပဲ စီမံခန႔္ခြဲတဲ့သေဘာေပါ့ေနာ္။
ေျဖ ။ ။ မွန္ပါတယ္ခင္ဗ်ာ။ ကြၽန္ေတာ္တို႔ဘက္က အဲဒီလိုခန႔္ခြဲပါတယ္။ ညႇိႏႈိင္းစရာကိစၥေလးေတြကိုေရာ တာဝန္မေပးဘူးလားဆိုရင္ေတာ့ လိုအပ္တဲ့ တခ်ိဳ႕ညႇိႏႈိင္းစရာကိစၥရပ္မ်ားမွသာလွ်င္ တာဝန္ေပးစရာရွိရင္ေတာ့ တာဝန္ေပးတာမ်ိဳး ရွိပါတယ္။ ဒါေပမယ့္ဇုန္တာဝန္ခံသည္ DG ရဲ႕ေကာ္မတီေအာက္ထဲမွာ အၿမဲတမ္းကိုယ္စားလွယ္အေနနဲ႔ေတာ့ပါတာေပါ့ေနာ္။ တခ်ိဳ႕ေျမျပင္မွာလုပ္ရမယ့္ကိစၥေတြဆိုရင္ေတာ့သူ႔ကိုကြၽန္ေတာ္တို႔ကလွမ္းၿပီးေတာ့တာဝန္ေပးတယ္။ ဒါေပမယ့္လည္း ဒီကိစၥေတြကို အဓိကကိုင္ထားတာသည္ ႐ုံးခ်ဳပ္က တာဝန္ခံေဆာင္႐ြက္တာျဖစ္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ တ႐ုတ္-ျမန္မာနယ္စပ္တေၾကာက အခုဆိုရင္ မူဆယ္-ေ႐ႊလီဇုန္ႀကီးက ရွိလာသလို တခ်ိန္တည္းမွာပဲ အဲဒီမူဆယ္တစ္ ဝိုက္နားမွာက လက္နက္ကိုင္ပဋိပကၡေတြက ႀကီးႀကီးမားမားရွိေနတဲ့အခါက်ေတာ့ ဒီစီမံကိန္းေတြ အေကာင္အထည္ေဖာ္ေရးကိစၥဟာ ခရီးမေရာက္တဲ့ကိစၥေတြရွိသလား။ လက္နက္ကိုင္ပဋိပကၡနဲ႔ ပတ္ သက္ရင္ ဘယ္လိုရင္ဆိုင္ရတာမ်ိဳးေတြရွိလဲ။ လက္ နက္ကိုင္ပဋိပကၡနဲ႔ပတ္သက္ရင္ေပါ့ေလ။
ေျဖ ။ ။ လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္ တခ်ိဳ႕ကိစၥေတြျဖစ္ေပၚေနတယ္ဆိုတာကေတာ့ မွန္ပါတယ္။ ဒါေပမယ့္လည္း တဖက္မွာကေတာ့ ကြၽန္ ေတာ္တို႔ဝန္ႀကီးဌာနက မဟုတ္ေပမယ့္လည္း ႏိုင္ငံ ေတာ္အစိုးရကေနၿပီးေတာ့ NCA သေဘာတူညီခ်က္အတိုင္းေဆာင္႐ြက္တဲ့ကိစၥေတြလည္းရွိတယ္။ လုပ္ ေဆာင္ေနတာေတြ လည္းရွိတယ္။ ကြၽန္ေတာ္တို႔ကလည္း မူဆယ္(၁ဝ၅)မိုင္ ကုန္သြယ္ေရးဇုန္ဆိုရင္လည္း Trade လုပ္ရင္းနဲ႔ ဘယ္လိုပဲအေျခအေနေတြျဖစ္ေနပါေစ။ ကုန္သြယ္မႈလုပ္ငန္းေတြကေတာ့ ကြၽန္ေတာ္တို႔က ပုံမွန္ေဆာင္႐ြက္ေနတာျဖစ္တဲ့အ တြက္ေၾကာင့္ ေဆာင္႐ြက္ႏိုင္တယ္။ ေနာက္တစ္ခု ကလည္း လက္နက္ကိုင္ပဋိပကၡဆိုတာထက္စာရင္ ကြၽန္ေတာ္အဓိကေျပာခ်င္တာကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ကြၽန္ေတာ္တို႔အတြက္ အကန႔္အသတ္ေတြပိုၿပီးေတာ့ ျဖစ္ေစတယ္ဆိုတာေတာ့ ေျပာခ်င္ပါတယ္။

ေမး ။ ။ ေနာက္တစ္ခုသိခ်င္တာကေတာ့ ကြၽန္ ေတာ္တို႔ၾကားေနရတာက မူဆယ္-ေ႐ႊလီ အတြက္ Business Model လို႔ေခၚတဲ့ စီးပြားေရးပုံစံေပါ့။ အဲဒါကလည္း အထူးစီးပြားေရးဇုန္ ထားဝယ္၊ ေက်ာက္ျဖဴ၊ သီလဝါ အဲဒါ ေတြနဲ႔မတူဘဲ ႏွစ္ႏိုင္ငံခ်ိတ္ဆက္လုပ္ေဆာင္ရမွာျဖစ္တဲ့အတြက္ ခိုင္ခိုင္မာမာေတာ့ Business Model ရွိဖို႔ လိုတယ္ဆိုတဲ့ သေဘာမ်ိဳး ၾကားရတယ္။ ၿပီးေတာ့ ေျမေနရာျပႆနာကလည္း ေတာ္ေတာ္ေလးျပႆနာရွိခဲ့တယ္လို႔သိရတယ္။ အဲဒါမ်ိဳးေတြကို ျမန္မာဘက္က ဘယ္လိုမ်ိဳးစီမံခန႔္ခြဲမလဲဆိုတာ သိပါရေစ။
ေျဖ ။ ။ မူဆယ္-ေ႐ႊလီက ႏွစ္ႏိုင္ငံကို ခ်ိတ္ဆက္ၿပီးလုပ္ရတာျဖစ္တဲ့အတြက္လို႔ေျပာတာက မွန္ပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီးေတာ့လည္း ဥပေဒေရးရာဝန္ႀကီးဌာနဘက္ကို သေဘာထားမွတ္ခ်က္ေတြေတာင္းတယ္။ ဒီဇုန္ကို အေကာင္အထည္ေဖာ္ရင္ ကြၽန္ေတာ္တို႔က ဘယ္ဥပေဒနဲ႔လုပ္မလဲေပါ့ေနာ္။ ဘယ္ဥပေဒနဲ႔လုပ္ရင္အေကာင္းဆုံးျဖစ္မလဲဆိုတာေတြကို ကြၽန္ေတာ္တို႔အေကာင္းဆုံးညႇိႏႈိင္းတယ္။ ၿပီးေတာ့ ေျမယာနဲ႔ပတ္သက္ၿပီးေတာ့လည္း သက္ဆိုင္တဲ့ဌာနမ်ားနဲ႔ ကြၽန္ေတာ္တို႔ညႇိႏႈိင္းတယ္။ ေျမယာကို စီမံခန႔္ခြဲတဲ့ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတို႔၊ ေျမတိုင္းဦးစီးဌာနတို႔ကို ႏိုင္ငံျခားေရး နယ္စပ္ မ်ဥ္းပိုင္းဆိုင္ရာေတြစတဲ့ သက္ဆိုင္ရာဦးစီးဌာနေတြနဲ႔ ကြၽန္ေတာ္တို႔ကေတာက္ေလွ်ာက္ကို အနီးကပ္ထိေတြ႕ၿပီး အစည္းအေဝးေတြေဆာင္႐ြက္ခဲ့တာမ်ိဳးရွိပါတယ္။ အဲဒီမွာကြၽန္ေတာ္အတိုခ်ဳပ္ၿပီးေျပာရမယ္ဆိုရင္ တ႐ုတ္ႏိုင္ငံဘက္ကေန ကြၽန္ေတာ္တို႔ဆီကို ပထ မတုန္းကလာကမ္းလွမ္းတဲ့ Business Model ကအရင္တုန္းကဆိုရင္ 3 Plus , One Plus One ဆိုတဲ့ ဘယ္ေတာင္ပံ၊ ညာေတာင္ပံျဖန႔္ၿပီးလုပ္မယ့္ပုံစံမ်ိဳးရွိတာေပါ့။ ေနာက္ပိုင္းမွာေတာ့ Core Zoneနဲ႔ Cooperative Zone ပုံစံအျဖစ္ေျပာင္းလဲလာတယ္။ Core Zone ဆိုတာက ဘာလဲဆိုေတာ့ ၿမိဳ႕ျပစီမံကိန္း လို႔ေခၚမွာေပါ့ေနာ္ ေနာက္ဆုံးမွာခရီးသြားက႑ေတြပါဝင္မယ္ စသျဖင့္။ Cooperative (ပူးေပါင္းေဆာင္ ႐ြက္ေရး) ဇုန္ဆိုတာကေတာ့ ကုန္သြယ္မႈေတြ၊ ၿပီးေတာ့ အေခ်ာထည္၊ အၾကမ္းထည္ပုံစံမ်ိဳးေတြ စသျဖင့္ ပါဝင္ေၾကာင္းအသိေပးခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ဘက္ကလည္း အလားတူပုံစံေဆာင္႐ြက္ေနၿပီ။ သို႔ေသာ္လည္း ကြၽန္ေတာ္တို႔ဘက္က အဓိကလုပ္ရမွာကေတာ့ ကြၽန္ေတာ္တို႔ဘက္က Feasibility Study လုပ္ရဖို႔လိုအပ္တယ္။ ခုနကလိုပဲ ႏွစ္ႏိုင္ငံခ်ိတ္ဆက္ လုပ္ရတာျဖစ္တဲ့အတြက္ေၾကာင့္ ေရေပးေဝေရး၊ လွ်ပ္စစ္မီးေပးေဝေရး၊ ဒါေတြကေတာ့ ပေရာဂ်က္တစ္ခုလုပ္ၿပီဆိုရင္ လုပ္ရတဲ့စီမံခန႔္ခြဲမႈလုပ္ငန္း စဥ္ေတြပါပဲ။ ပေရာဂ်က္တစ္ခုကို စလုပ္ေတာ့မယ္ဆိုရင္ သူ႔ရဲ႕ Project Management Processes အတိုင္း သက္ေရာက္မႈရွိေအာင္လုပ္ရမယ္။ Logistic Zone ေတြ၊ Manufacturing Zone ေတြစတာေတြကို ဘယ္လိုေဆာင္႐ြက္မလဲဆိုတာ ေတြကေတာ့ လုပ္ဖို႔က်န္ေနပါေသးတယ္။ အဲဒါေတြလုပ္ဖို႔အတြက္ကေတာ့အဓိက ကြင္းဆင္းမႈပိုင္းမွာ ကြၽန္ေတာ္တို႔ ဘက္က အေသးစိတ္ကြင္းဆင္းဖို႔ကို တခ်ိဳ႕ကိစၥေတြမွာ နည္းနည္းေလးအကန႔္အသတ္ျဖစ္တာေတြေတာ့ရွိပါတယ္။ လမ္းပန္းဆက္သြယ္ေရးပိုင္း အခက္အခဲ အျပင္ ကိုဗစ္ေရာဂါေၾကာင့္လည္း အခက္အခဲေတြရွိပါတယ္။ ေျမကိစၥနဲ႔ပတ္သက္ရင္လည္း ကြၽန္ေတာ္တို႔ဘက္က ၂ဝ၂၁ ခုႏွစ္မွာ ကြၽန္ေတာ္တို႔နဲ႔တ႐ုတ္ဘက္ညႇိေနတဲ့ ၾကားမွာပဲအၾကမ္းဖ်င္းကြင္းဆင္းတဲ့လုပ္ ငန္းေတြကို တိုင္းရင္းသားလုပ္ငန္းရွင္ေတြကိုယ္တိုင္က သူနဲ႔သက္ဆိုင္မႈရွိတဲ့၊ အလားအလာရွိတဲ့ေနရာေတြမွာေဆာင္႐ြက္မႈေတြျပဳလုပ္တာမ်ိဳးေတြလည္း ရွိတယ္။ အဲဒီေနာက္ ကိုဗစ္ဒုတိယလႈိင္းၿပီးတဲ့အခ်ိန္ တတိယလႈိင္းမတိုင္ခင္မွာ ကြၽန္ေတာ္တို႔ကြင္းဆင္း ႏိုင္ခဲ့တယ္။ ကြင္းဆင္းႏိုင္ခဲ့ၿပီးေတာ့ေတာ္ေတာ္မ်ားမ်ားကို ဒီလိုေနရာေတြမွာ ထည့္မယ္၊ မထည့္ဘူး၊ နယ္စပ္ေက်ာက္တိုင္ ဘယ္ေလာက္ကေန ဘယ္ ေလာက္ထိထည့္မယ္ဆိုတဲ့ျဖစ္ႏိုင္ေခ်လုပ္ႏိုင္ခဲ့ပါတယ္။ အဲဒီဟာေတြလုပ္ၿပီးေတာ့လည္း ကြၽန္ေတာ္တို႔က ေျမကို စီမံခန႔္ခြဲတာျဖစ္တဲ့အတြက္ေၾကာင့္ ခုနကကြၽန္ေတာ္ေျပာျပခဲ့တဲ့ ဌာနေတြနဲ႔လည္း အ ကုန္လုံးညႇိႏႈိင္းေဆာင္႐ြက္ခဲ့တယ္။ ဒါေပမယ့္ ေဆာင္ ႐ြက္ေနဆဲမၿပီးေသးဘူး (on going)ျဖစ္ေနတယ္ေပါ့။ ကြၽန္ေတာ္တို႔ဆက္လုပ္ဖို႔ ရည္႐ြယ္ထားတာက ေတာ့ စိတ္ဝင္စားမႈအဆိုျပဳလႊာ(Expression of Interest-EOI) (EOI) ေတြကိုေခၚမယ္၊ Master Developer ေတြနဲ႔ Potential ရွိတဲ့ ကုမၸဏီေတြသူတို႔လုပ္မယ့္ေနရာေတြကို ကြၽန္ေတာ္တို႔ကေတာ့ ကြၽန္ ေတာ္တို႔လုပ္မယ့္ Master Plan ထဲမွာထည့္သြင္းၿပီးေတာ့မွ ဒီေနရာမွာေတာ့ဒါလုပ္လို႔ရတယ္။ အဲဒီေတာ့ ေျမကိစၥမွာ အခက္အခဲရွိတယ္ဆိုတာကေတာ့ ဒီဟာလုပ္လို႔တစ္ခုတည္းေတာ့ မဟုတ္ဘူးလို႔ပဲ ကြၽန္ေတာ္ကေတာ့ ေျပာခ်င္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အဖြဲ႕ေတြ ကြင္းဆင္းၿပီးၾကည့္တဲ့ အခ်ိန္မွာလည္း ေျမကို ဘယ္လိုစီမံခန႔္ခြဲမယ္ဆိုၿပီး ေအာက္ေျခမွာသြားခ် ျပတာမ်ိဳးမဟုတ္ဘူး။ ျဖစ္ႏိုင္ေခ်ရွိတဲ့ ေနရာေတြကိုသာ သြားေလ့လာတဲ့အခါမွာ သက္ဆိုင္ရာေဒသခံ ေတြ၊ ကုမၸဏီေတြက လိုလိုလားလားနဲ႔ပဲ ပူးေပါင္း ေဆာင္႐ြက္တယ္။ ဒါမ်ိဳးဆိုရင္ေတာ့ သူတို႔လုပ္ႏိုင္တယ္။ ဒီလို Model မ်ိဳးဆိုရင္ေတာ့ လုပ္ႏိုင္တယ္ဆိုတာမ်ိဳးရွိတယ္။ ဒါေပမယ့္ လုပ္ရမယ့္လုပ္ငန္းစဥ္ေတြကေတာ့ အမ်ားႀကီးရွိ တာေပါ့ေနာ္။ FS (ႀကိဳတင္ေလ့လာစမ္းစစ္မႈ) Master Plan ဆြဲရမယ္၊ EOI ေတြေခၚမယ္၊ EIA, SIA စတဲ့ပေရာဂ်က္အစီအ စဥ္အတိုင္းပဲသြားရမွာေပါ့ေနာ္။ ဆိုေတာ့ ဆက္လုပ္ရမွာေတြကေတာ့ အမ်ားႀကီးရွိတယ္။ လုပ္ငန္းစဥ္ေတြကအမ်ားႀကီးက်ယ္ျပန႔္တာေပါ့ေနာ္။

ေမး ။ ။ အခုကြၽန္ေတာ္သိခ်င္တဲ့ေမးခြန္းကေတာ့ အတြင္းဝန္ႀကီးအေနနဲ႔ ေျဖေပးဖို႔အဆင္ေျပရင္ေတာ့လည္း ေျဖေပးေစလိုပါတယ္။ အဆင္မေျပရင္ေတာ့လည္းအေျခအေနအရေပါ့ေနာ္။ ကြၽန္ေတာ္ၾကားေနရတဲ့တစ္ခုက ေျမကိစၥမွာသမၼတဦးသိန္းစိန္လက္ထက္မတိုင္ခင္ကတည္းက တခ်ိဳ႕စီးပြားေရးလုပ္ငန္းရွင္ႀကီးေတြက နာမည္အတိအက်ကိုလည္း ကြၽန္ေတာ္ ေတာ့ ၾကားထားပါတယ္။ သူတို႔ကသတင္းဦးစြာရၿပီးေနာက္ ႏွစ္ႏိုင္ငံဆုံၾကားမွာရွိတဲ့ေျမေတြကိုႀကိဳဦးထား၊ အပိုင္စီးထားၿပီးေတာ့ တကယ္လည္းလုပ္ေဟ့လည္း ဆိုေရာ၊ သူတို႔ အဲဒီပေရာဂ်က္ကို မရရင္မလုပ္ဘူးဆိုၿပီးေတာ့ ေျပာတာမ်ိဳး၊ ျပင္ဆင္ေနတာမ်ိဳးေတြ ျပန္ၾကားရတာရွိပါတယ္။ ႏွစ္ႏိုင္ငံစလုံး အက်ိဳးစီးပြားျဖစ္ထြန္းမယ့္ကိစၥကို သူတို႔က လက္ဦးမႈယူတဲ့ျဖစ္စဥ္မ်ိဳးေတြျဖစ္ခဲ့တယ္လို႔ ကြၽန္ေတာ္ၾကားပါတယ္။ ဆိုေတာ့ အဲဒီလိုလုပ္ရပ္ဟာ ႏွစ္ႏိုင္ငံရဲ႕အက်ိဳးစီးပြား ျဖစ္ထြန္းမႈကိုႀကီးမားတဲ့အတားအဆီးျဖစ္ေစတယ္လို႔ေတာ့ ကြၽန္ေတာ္က ျမင္တယ္။ ဒီအခ်က္ကိုေရာ ေျပာလို႔ရတာမ်ားရွိမလား။
ေျဖ ။ ။ အခုေျပာမွာကေတာ့ ကြၽန္ေတာ့္ရဲ႕ခန႔္မွန္းခ်က္မဟုတ္ဘဲနဲ႔ ကြၽန္ေတာ္တို႔ကြင္းဆင္းတဲ့အခ်ိန္ ေတြ႕ျမင္ရတဲ့အေတြ႕အႀကဳံကိုအေျခခံၿပီးေတာ့ပဲ ေျပာခ်င္ပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ကြင္းဆင္းတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔အေနနဲ႔ ဒါေၾကာင့္မို႔လို႔ေျပာခဲ့တာေပါ့ Potential ရွိတဲ့ Company ေတြရွိတယ္လို႔ေလ။ ခုနက ဆရာဆိုလိုတဲ့ ကုမၸဏီေတြလည္း ပါရင္ပါမွာေပါ့ေလ။ သူတို႔အေနနဲ႔ဒီေနရာမွာ ဒါလုပ္ခ်င္တယ္လို႔ ရည္႐ြယ္ထားတဲ့ ကုမၸဏီမ်ိဳးေတြ။ အတိအက်ေျပာရရင္ေတာ့ ၂ဝ၂ဝ ျပည့္ႏွစ္ (၇)လပိုင္းတုန္းက ကြၽန္ေတာ္တို႔ဘက္ကလည္း အဲဒီေနရာေတြကိုသြားၾကည့္တဲ့အခါမွာ ကုမၸဏီအားလုံးေသာ္ လည္းေကာင္း၊ တစ္ခုခ်င္းစီေသာ္လည္းေကာင္း၊ ခုနကေျပာတဲ့ ေဒသအာဏာပိုင္ေတြ၊ ရပ္႐ြာေတြမွာရွိတဲ့ လူႀကီးေတြအားလုံးနဲ႔လည္း ကြၽန္ေတာ္တို႔ ေတြ႕ ဆုံတဲ့အခါမွာ အဲဒီလိုျဖစ္စဥ္ရွိတယ္ဆိုတာမ်ိဳးကိုေတာ့ မေတြ႕ခဲ့ဘူး။ ေနာက္တစ္ခုကလည္း ဒီပေရာဂ်က္ဧရိယာတစ္ခုလုံးကိုတစ္ဦးတစ္ေယာက္တည္းလုပ္ဖို႔ဆိုတာကလည္း မလြယ္ေတာ့ အားလုံးေတာ့လည္း မျဖစ္ႏိုင္ေတာ့ဘူးေပါ့ေနာ္။ က်န္တဲ့ဧရိယာေလးေတြလည္းရွိတာကို။ ေနာက္တစ္ေယာက္လည္း ပမာဏတစ္ခုပိုင္ဆိုင္မယ္၊ ေနာက္တစ္ေယာက္မွာလည္း ပမာဏတစ္ခုအထိရွိမယ္။ သူဟာနဲ႔သူသာကိုယ္စီရွိၾကတဲ့အခါမွာ တစ္ေယာက္နဲ႔တစ္ေယာက္ထပ္ေနတာမ်ိဳး၊ ဒီေနရာမွာ သူလုပ္ရမွာ၊ ဒီေနရာမွာ သူလုပ္ရမွာဆိုၿပီးေတာ့ အကြက္ထပ္ေနတာမ်ိဳးေတြေတာ့ မရွိခဲ့ဘူး။ သူ႔ေနရာနဲ႔သူ သတ္မွတ္ထားတဲ့၊ ရွိၿပီးသား ဧရိယာေတြျဖစ္တယ္။ ၿပီးေတာ့သူတို႔ေတြဘက္ကလည္း စာရင္းေတြကို ေထာက္ပံ့ေပးတယ္။ ေကာင္းေကာင္းမြန္မြန္ဘဲပူးေပါင္းေဆာင္႐ြက္တယ္။ သူတို႔ေပးတယ္။ အဲဒီအခ်က္အလက္ေတြကို ကြၽန္ ေတာ္တို႔ကစုစည္းၿပီးေတာ့ Cooperative ဇုန္ေတြ လုပ္ႏိုင္တယ္ဆိုတဲ့ အလားအလာေတြ႕ရပါတယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔ရဲ႕အေတြ႕အႀကဳံအရ၊ အခုကြၽန္ေတာ္ေျပာတာေတြသည္အေတြ႕အႀကဳံေပၚကိုပဲအေျခခံတာပါ။ အဲဒါေၾကာင့္ ေတြ႕ခဲ့ရတဲ့ထဲမွာေတာ့ ဒီအေပၚမွာ ဘာမွျပႆနာမရွိဘူး။

ေမး ။ ။ သေဘာအားျဖင့္ ဒီစီမံကိန္းက ဆက္သြားမယ္ဆိုတဲ့သေဘာမ်ိဳးကိုေတာ့ ေတြ႕ရပါၿပီ။ ေနာက္ ထပ္ သိခ်င္တာကေတာ့ မူဆယ္-ေ႐ႊလီ နယ္စပ္အ ထူးစီးပြားေရးဇုန္က ျမန္မာႏိုင္ငံအတြက္ ဘယ္ ေလာက္အထိ အက်ိဳးရွိႏိုင္မလဲ။ လုပ္သားအင္အားသုံးစြဲမႈမွာ ျမန္မာဘက္ကအေျခအေနနဲ႔ ျမန္မာဘက္က ဒီဇုန္ထဲမွာဘာေတြထည့္ဖို႔လိုအပ္မယ္။ ေနာက္ ၿပီး မူဝါဒလုပ္ငန္းပိုင္းဆိုင္ရာနဲ႔ပတ္သက္ၿပီးေတာ့ေရာ အၾကမ္းဖ်င္းေျပာလို႔ရတာမ်ားရွိမလား။
ေျဖ ။ ။ အခုကြၽန္ေတာ္ေျပာတာေတြကလည္း ျပည့္စုံခ်င္မွေတာ့ ျပည့္စုံပါလိမ့္မယ္။ ကြၽန္ေတာ္ေျပာလို႔ရတဲ့ အပိုင္းကိုေတာ့ ကြၽန္ေတာ္ရွင္းျပပါမယ္ခင္ ဗ်ာ။ အဓိကကေတာ့ ကြၽန္ေတာ္တို႔လုပ္တဲ့စီမံကိန္းက ကုန္သြယ္မႈပိုင္းေတြပါဝင္မယ္၊ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ဝန္ေဆာင္မႈပိုင္းေတြပါဝင္လာမယ္၊ ကမာၻလွည့္ခရီး သြားကိစၥေတြပါဝင္လာမယ္ဆိုေတာ့ ကြၽန္ေတာ္တို႔က ဒါကိုသာလုပ္ႏိုင္လို႔ရွိရင္ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ဖြံ႕ၿဖိဳးမႈကို အေထာက္အကူျပဳႏိုင္မယ္ဆိုတာေတာ့အမွန္ပဲ။ ေနာက္ၿပီး အဲဒီေဒသခံက ျပည္သူေတြနဲ႔လည္း ၿငိမ္း ခ်မ္းေရးကိုေဖာ္ေဆာင္ႏိုင္လာလိမ့္မယ္လို႔ ကြၽန္ ေတာ္ကေတာ့ ယူဆတယ္။ သို႔ေသာ္လည္း တကယ္ တမ္းေဆာင္႐ြက္တဲ့အခါမွာ ကြၽန္ေတာ္တို႔ဘက္ကအထူးျပဳသတိထားရမယ့္ကိစၥေလးေတြကေတာ့ နယ္ စပ္မွာ ေဆာင္႐ြက္ရမွာျဖစ္တဲ့အတြက္ေၾကာင့္ေတာ့ ယခင္ကတည္းက ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံသေဘာ တူခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္ေတြ ရွိတာေပါ့ေနာ္။ ၁၉၆၁ စာခ်ဳပ္တို႔၊ ၁၉၉၇ ခုႏွစ္ နယ္စပ္ေဒသႏွစ္ႏိုင္ငံပူး ေပါင္းေဆာင္႐ြက္ေရးစာခ်ဳပ္တို႔စတဲ့ ျပ႒ာန္းခ်က္ ေတြကိုေတာ့ ကြၽန္ေတာ္တို႔က မျဖစ္မေနကိုယ့္ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာကို မထိခိုက္ဖို႔အတြက္ ေဆာင္႐ြက္ရမယ့္အေနအထားေတာ့ရွိပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔သာ အခုစီမံကိန္းကိုလုပ္ႏိုင္မယ္ဆိုရင္ ဘာေတြပါလာမလဲဆိုေတာ့ Logistics လုပ္ ငန္းေတြပါဝင္လာမယ္။ ခုနကေျပာခဲ့တဲ့ ကုန္ထုတ္ လုပ္မႈပိုင္ေတြလည္း ပါလာမယ္။

ေမး ။ ။ ဟုတ္ကဲ့။ အဲဒီေတာ့ လုပ္သားကိစၥမွာေလ ျမန္မာႏိုင္ငံကလည္း အလုပ္အကိုင္ရွားပါးတဲ့ႏိုင္ငံျဖစ္ေတာ့ ဒီဇုန္ေပၚလာရင္ေတာ့ အလုပ္သမားေတြ အမ်ားႀကီးလိုမွာျဖစ္သလို ကြၽန္ေတာ္တို႔ဘက္က အ လုပ္သမားေတြအေနနဲ႔လည္း အလုပ္ကိုင္အခြင့္အ လမ္းေတြ အမ်ားႀကီးရလာမယ္။ အဲဒီအတြက္ ကြၽန္ ေတာ္တို႔ျမန္မာႏိုင္ငံဘက္က အလုပ္သမားေတြကို လုပ္ငန္းစြမ္းေဆာင္ရည္ပိုင္းဆိုင္ရာေတြ၊ လုပ္ငန္းအတြက္ကလည္း အေရးႀကီးတာကေတာ့ စြမ္းရည္ျမင့္လုပ္သားေတြပါဖို႔ လိုတာဆိုေတာ့ေလ အဲဒီအ တြက္ေရာ ဘယ္လိုျပင္ဆင္ထားသလဲခင္ဗ်။
ေျဖ ။ ။ အဲဒီကိစၥနဲ႔ပတ္သက္ရင္ေတာ့ အခုခ်ိန္မွာက အဲဒီအထိေတာ့မေရာက္ေသးဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ေျပာခဲ့တဲ့ လုပ္ငန္းေတြပါလာရင္ လက္ရွိေတာ့ ကြၽန္ေတာ္ျမင္တာဘာျမင္ရလဲဆိုရင္ ကြၽန္ ေတာ္တို႔ႏိုင္ငံကေန တစ္ဖက္ႏိုင္ငံက စက္႐ုံေတြမွာသြားလုပ္ေနရတဲ့သူေတြအမ်ားႀကီးရွိတာလည္း သိပါတယ္။ နယ္စပ္ေတြကို သြားေလ့လာတဲ့အခါမွာလည္း အမ်ားႀကီးေတြ႕ခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ထားတာက တဖက္ႏိုင္ငံမွာအလုပ္သြားလုပ္ေနရတဲ့သူေတြက ကိုယ့္ႏိုင္ငံမွာ ကိုယ္ျပန္လာၿပီးေတာ့ အ လုပ္လုပ္လို႔ရမယ္။ ကြၽန္ေတာ္တို႔ဆီက ထုတ္တဲ့ထုတ္ကုန္ေတြကို Made in Myanmar ဆိုၿပီးထုတ္မယ္။ တ႐ုတ္ႏိုင္ငံထဲ ေဈးကြက္ဝင္ေရာက္ခြင့္၊ သူတို႔ႏိုင္ငံက သတ္မွတ္ခ်က္အတိုင္း၊ နည္းပညာအရည္ အေသြးသတ္မွတ္ခ်က္အတိုင္း ကြၽန္ေတာ္တို႔ဘက္က ထုတ္လုပ္ႏိုင္တယ္ဆိုရင္ ေဈးကြက္ဝင္ေရာက္ခြင့္ေတြရမယ္။ အဲဒီလိုသာလုပ္ႏိုင္မယ္ဆိုရင္ေတာ့ေျပာခဲ့တဲ့လုပ္သားအင္အား၊ အလုပ္အကိုင္အခြင့္အလမ္းေတြရႏိုင္မယ္ေပါ့ေနာ္။ ဒါေပမယ့္အခုအခါမွာေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ကလုပ္သားအင္အားလုံေလာက္ တယ္၊ မလုံေလာက္ဘူးဆိုတာကေတာ့ အရမ္းေတာ့ေစာပါေသးတယ္။

ေမး ။ ။ ေနာက္တစ္ခ်က္သိခ်င္တာကေတာ့ ႏွစ္ႏိုင္ငံၾကားမွာ ထားရွိတဲ့ဇုန္ျဖစ္တဲ့အတြက္ ႏွစ္ႏိုင္ငံၾကားမွာ နားလည္မႈေတြမလြဲေစဖို႔အတြက္ ခိုင္ခိုင္မာမာခ်မွတ္ရမယ့္ဥပေဒေတြကို ျမန္မာဘက္က ျပင္ ဆင္ေရးဆြဲၿပီးၿပီလား။ ဘယ္ေလာက္အထိလုပ္ငန္းေတြအေပၚမွာ အကာအကြယ္ေပးထားမလဲ။
ေျဖ ။ ။ ေလာေလာဆယ္အေျခအေနအရ ကြၽန္ ေတာ္ေျပာႏိုင္တာကေတာ့ ႏွစ္ႏိုင္ငံရဲ႕နယ္စပ္မွာေဆာင္႐ြက္တာျဖစ္တဲ့အတြက္ ၁၉၆၁ ခုႏွစ္ နယ္ နိမိတ္စာခ်ဳပ္ပါ ျပ႒ာန္းခ်က္ေတြရွိတယ္။ ေနာက္ တစ္ခု ၁၉၉၇ ခုႏွစ္ ျမန္မာ-တ႐ုတ္ နယ္စပ္ေဒသ စီမံခန႔္ခြဲေရးႏွင့္ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာသေဘာ တူစာခ်ဳပ္ပါ ျပ႒ာန္းခ်က္ေတြကိုကေတာ့ နံပါတ္တစ္ အေနနဲ႔ အဓိကအေလးေပးစဥ္းစားၾကရမွာျဖစ္တယ္။ ဒါသည္ ႏွစ္ဖက္စလုံးက လိုက္နာရမယ့္အရာျဖစ္တယ္။ ၿပီးေတာ့ ဥပေဒပိုင္းဆိုင္ရာနဲ႔ပတ္သက္တာေပါ့။ အဲဒီေတာ့ ဒီလိုဇုန္ထဲမွာဘယ္လိုဥပေဒနဲ႔လုပ္ရင္ေကာင္းမလဲ အႀကံျပဳခ်က္ေတြလည္း ကြၽန္ေတာ္တို႔ဘက္က ဥပေဒေရးရာဝန္ႀကီးဌာနမွ တာဝန္ရွိသူေတြကိုလည္း ကြၽန္ေတာ္တို႔ေမးတဲ့အခါမွာ တ႐ုတ္-ျမန္မာနယ္စပ္စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈအျဖစ္ မူဆယ္-ေ႐ႊလီဇုန္ကို ဘယ္ဥပေဒနဲ႔ေဆာင္႐ြက္ႏိုင္တယ္ဆိုတဲ့ သေဘာထားမွတ္ခ်က္ေတြလည္း အ ၾကမ္းဖ်င္းမွတ္ခ်က္ေတြလည္း ရထားၿပီးၿပီျဖစ္ပါတယ္။ အဲဒီအခ်က္ေတြကိုလည္း ကြၽန္ေတာ္တို႔ဘက္က ေတာင္းခံ ရထားၿပီးၿပီျဖစ္ပါတယ္။ အဲဒီရရွိထားတဲ့ ဥပေဒအတိုင္း ကြၽန္ေတာ္တို႔အေနနဲ႔ ေဆာင္႐ြက္ ရမယ္။ သို႔ေသာ္လည္းပဲ အဲဒီထဲမွာအေသးစိတ္အ ခ်က္အလက္ေတြကေတာ့ ဥပမာ- ေငြေၾကးဆိုင္ရာအခ်က္အလက္ေတြ၊ ကိစၥေတြ၊ အလုပ္သမားဆိုင္ရာကိစၥေတြကို ဘယ္လိုလုပ္မလဲဆိုတဲ့ အေသးစိတ္ေဆြးေႏြးရမွာေတြကေတာ့ အမ်ားႀကီးက်န္ပါေသးတယ္။ အခုကြၽန္ေတာ္ေျပာတာကေတာ့ အဓိကက်တဲ့ဥပေဒပိုင္းကိုပဲ ကြၽန္ေတာ္ေျပာတာေပါ့ေနာ္။ အဲဒီထဲကမွ ထပ္ၿပီးလိုအပ္တာရွိရင္လည္း ေဆာင္႐ြက္ရမယ့္အပိုင္းေတြရွိတာေပါ့ေနာ္။ ေလာေလာဆယ္မွာေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒ၊ အထူးစီးပြားေရးဇုန္ ဥပ ေဒ၊ ဒါေတြကေတာ့ ကြၽန္ေတာ္တို႔ဆီမွာရွိၿပီးသားျဖစ္တဲ့အတြက္ နဂိုရွိၿပီးသားဥပေဒေတြေအာက္ကေနလည္းလုပ္ႏိုင္တဲ့ အပိုင္းေတြရွိပါတယ္။

ေမး ။ ။ ကြၽန္ေတာ္နားလည္တာကေပါ့ေနာ္.. ဒီဇုန္က ေက်ာက္ျဖဴ-ကူမင္း စီးပြားေရးခ်ိတ္ဆက္မႈကြန္ ရက္အတြက္ အေရးႀကီးတဲ့နယ္စပ္ဇုန္တစ္ခုလို႔ ကြၽန္ ေတာ္နားလည္ထားပါတယ္။ ဘယ္ေလာက္ထိအ ေရးႀကီးတဲ့ အစိတ္အပိုင္းျဖစ္ႏိုင္သလဲ။ ေနာက္တစ္ခုက ဒီေလာက္အေရးႀကီးတဲ့လုပ္ငန္းႀကီးကို စတင္ႏိုင္ဖို႔အတြက္ ၾကန႔္ၾကာေနရတဲ့အေၾကာင္းရင္းက ဘာေတြျဖစ္မလဲေပါ့ေနာ္။ ျမန္မာဘက္ကလား၊ တ႐ုတ္ဘက္ကလား၊ (သို႔မဟုတ္) ေျမျပင္လုပ္ထုံးလုပ္နည္းေတြက ခက္ေန တာလား။ ဒါမွမဟုတ္ မူဝါဒပိုင္းလား။ ဘယ္အပိုင္းက အခက္ခဲဆုံးအပိုင္းလို႔ ေျပာလို႔ရမလဲ။
ေျဖ ။ ။ အဓိကကေတာ့ ဒါေတြအားလုံးက ခ်ိတ္ ဆက္ေနပါတယ္။ ကူမင္းကေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ကုန္းတြင္းပိတ္လမ္းျဖစ္တဲ့အတြက္ ဒီဘက္ကိုသြားႏိုင္ဖို႔ဆိုတာရွိတယ္။ ဆက္စပ္မႈေတြရွိတယ္။ အဲဒီေတာ့ က်န္တဲ့ဟာေတြကို ခဏထားၿပီး Trade ပိုင္းကိုပဲ ကြၽန္ေတာ္ေျပာမွာေပါ့ေနာ္။ အခုဆိုရင္ ကိုဗစ္ ကပ္ေရာဂါျဖစ္တဲ့အခါမွာ ေလာေလာဆယ္ေတြ႕ႀကဳံေနရတဲ့ကိစၥက ဘာလဲဆိုေတာ့ ကြၽန္ေတာ္တို႔ေတြ ကုန္တင္ကားေတြနဲ႔သြားၾကရတယ္။ ကုန္တင္ကားေတြနဲ႔သြားတဲ့အခါမွာ ကုန္တင္ကားတစ္စီးမွာ အ နည္းဆုံးလူႏွစ္ေယာက္ပါတယ္။ အဲဒီလူႏွစ္ေယာက္ကလည္း ကိုဗစ္ကာကြယ္ေဆးဘယ္ေလာက္ပဲထိုးထိုး ကိုဗစ္-၁၉ ေရာဂါကူးစက္မႈက ရွိေနတတ္တယ္။ တ႐ုတ္ႏိုင္ငံကလည္း သိတဲ့အတိုင္း သူတို႔ႏိုင္ငံက ကိုဗစ္ကူးစက္မႈကို သုည ရာခိုင္ႏႈန္းအထိ ကင္းစင္ေအာင္လုပ္တဲ့ ႏိုင္ငံျဖစ္ေနေတာ့ လက္ရွိအခ်ိန္မွာေတာ့ တ႐ုတ္ႏိုင္ငံထဲ ကုန္တင္ကားေတြ ဝင္ေရာက္ႏိုင္ဖို႔၊ သြားဖို႔လာဖို႔၊ ကုန္တင္ပို႔တဲ့ အပိုင္းေတြမွာအ ခက္အခဲေတြေတာ့ရွိေနပါတယ္။ ေက်ာက္ျဖဴဘက္ကေနလာတဲ့ တျခားေသာရထားလမ္းေတြသာရွိမယ္ ဆိုရင္ေတာ့ ဥပမာ- ရထားဆိုတာက ကုန္တြဲေပါင္းမ်ားစြာပါတဲ့အတြက္ ကြၽန္ေတာ္တို႔ဘက္က ကုန္ ပစၥည္းမ်ားစြာကို တင္ေဆာင္သြားလို႔ရမယ္။ ကုန္ ပစၥည္းေတြကိုပဲ ကိုဗစ္ကင္းစင္မႈ ရွိ/ မရွိစစ္ၿပီး ကုန္ေတြမွာပဲ ကိုဗစ္ကင္းစင္ဖို႔လိုမယ္ဆိုေတာ့ လူေတြလည္းအမ်ားႀကီးမလိုေတာ့ဘူး။ အဲဒီလိုဆိုရင္ လက္ ရွိျဖစ္ေနတဲ့ အခင္းအက်င္းကုန္ပစၥည္းေတြ အေလ အလြင့္ျဖစ္ၿပီး ပ်က္စီးဆုံးရႈံးေနရတဲ့အေျခအေနမွာေတာ့ ဒါကအားသာခ်က္ရွိႏိုင္တာေပါ့။ ဗီယက္နမ္နဲ႔ ကြမ္ရွီးျပည္နယ္တို႔ၾကားဆိုရင္လည္း ဒီလိုပဲရထားေတြနဲ႔အဝင္/အထြက္လုပ္တာရွိတယ္ေလ။ အဲဒါမ်ိဳးကေတာ့ အေထာက္အကူျပဳႏိုင္တာေပါ့ဗ်ာ။ အဲဒီေလာက္ေတာ့ ကြၽန္ေတာ္ေျပာႏိုင္ပါတယ္။

ေမး ။ ။ မူဆယ္-ေ႐ႊလီ ဇုန္ေပၚလာလို႔ရွိရင္ေရာ ရွမ္းျပည္နယ္နဲ႔ ျပည္နယ္အတြင္းက မၿငိမ္းခ်မ္းတဲ့ေဒသေတြ အားလုံးအတြက္ ဘယ္ေလာက္အထိ ကြၽန္ေတာ္တို႔အခြင့္အေရးေတြေကာင္းလာႏိုင္ေျခရွိမလဲ။ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ ေလ့လာထားတာမ်ိဳးရွိမလား။ ခုနကေျပာသလိုမ်ိဳး Feasibility Study လုပ္ထားတာမ်ိဳးေပါ့။
ေျဖ ။ ။ ကြၽန္ေတာ္ခုနက ကတည္းကေျပာခဲ့တဲ့အ ထဲမွာလည္းေျပာခဲ့သလိုပါပဲ ကြၽန္ေတာ္ပြင့္ပြင့္လင္းလင္းနဲ႔ေျပာရရင္ေတာ့ အဲဒီအပိုင္းေတြအတြက္ ကြၽန္ ေတာ္တို႔ Feasibility Study လုပ္ဖို႔က်န္ေနပါေသး တယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ ေျပာႏိုင္တာကေတာ့ ဖြံ႕ၿဖိဳးမႈ နဲ႔ ၿငိမ္းခ်မ္းမႈ ဆိုတာက ဆက္စပ္ေနတာျဖစ္တဲ့အတြက္ ဖြံ႕ၿဖိဳးမႈရွိလာရင္ ၿငိမ္းခ်မ္းလာမယ္လို႔ယုံပါတယ္။ ေနာက္ၿပီးလမ္းပန္းဆက္သြယ္ ေရး ေကာင္းမြန္လာမယ္။ ဖြံ႕ၿဖိဳးတိုးတက္လာမယ္ဆိုရင္ေတာ့ ၿငိမ္းခ်မ္းမႈကယွဥ္တြဲၿပီး ေနာက္ကေနပါ လာၿပီး စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္လာၿပီး လူေနမႈဘဝအဆင့္အတန္းေတြလည္း ျမင့္တက္လာလိမ့္မယ္လို႔ေတာ့ ကြၽန္ေတာ္တို႔ေသခ်ာေျပာႏိုင္ပါတယ္။

ေမး ။ ။ ႏွစ္ႏိုင္ငံလုံးအတြက္ေရာ အထူးသျဖင့္ ျမန္ မာအတြက္ အရမ္းကိုအက်ိဳးရွိတယ္ဆိုတဲ့ ဒီစီမံကိန္းကို ဖ်က္ဆီးခ်င္တဲ့သူေတြရွိေနသလား။ ရွိေနတယ္လို႔လည္း ကြၽန္ေတာ္တို႔က ၾကားေနရျပန္တယ္။ ရွိတယ္/မရွိဘူးဆိုတာကို ခဏထား လိုက္ၿပီး။ အကယ္ ၍ မရွိဘူးဆိုရင္ မူဆယ္-ေ႐ႊလီစီမံကိန္းႀကီးကို ဘယ္အခ်ိန္မွာမျဖစ္မေန စတင္ရမွာျဖစ္ၿပီးေတာ့ ဘယ္ကာလမွာ လုပ္ငန္းစဥ္အားလုံးနီးပါး အဆင္ေျပေခ်ာ ေမြ႕လည္ပတ္ရမယ္ဆိုတဲ့ Target Date ေတြရွိပါသလား။
ေျဖ ။ ။ ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ ကြၽန္ ေတာ္တို႔က ဘယ္ေတာ့မွာစလုပ္မယ္။ ဘယ္ေတာ့မွာ ၿပီးရမယ္ ဆိုတာမ်ိဳး လက္ရွိအေနအထားထိကေတာ့ သတ္မွတ္ထားတာမ်ိဳး မရွိေသးပါဘူးခင္ဗ်ာ။ မရွိေသးဘူးလို႔ပဲ ေျပာရမွာေပါ့ေနာ္။ ၿပီးခဲ့တဲ့ လုပ္ငန္းစဥ္ေတြအေပၚမွာပဲ ျဖစ္ေပၚတိုးတက္မႈနဲ႔သြားမယ္ဆိုတာမ်ိဳးပဲရွိပါေသးတယ္။ ကြၽန္ေတာ္တို႔ ကိုဗစ္ကူးစက္မႈ ၿငိမ္သြားၿပီဆိုတာနဲ႔ ခရီးသြားလို႔ရၿပီဆိုရင္ ေျမျပင္ဆင္းေလ့လာတယ္၊ ကိုဗစ္ေၾကာင့္ ခရီးသြားလာမႈေတြကို အရမ္းကန႔္သတ္တာမ်ိဳးေတြရွိေနျပန္ရင္လည္း ကြၽန္ေတာ္တို႔က ႏွစ္ဖက္ညႇိႏႈိင္းတဲ့ကိစၥေတြမွာ အြန္လိုင္းေတြ႕ဆုံမႈေတြ နဲ႔ေဆာင္႐ြက္ ၾကတယ္။ ဒီေနရာမွာတစ္ခုထူးျခားတာကေတာ့ ဒီလိုစီမံကိန္းကို ေဆာင္႐ြက္ရတာၾကေတာ့ ကိုယ့္ႏိုင္ငံတြင္းထဲက သက္ဆိုင္ရာေဒသခံေတြနဲ႔ပဲ ညႇိႏႈိင္းေဆာင္႐ြက္ရတာမဟုတ္သလို ေဒသခံေတြပါဝင္တဲ့ Stake Holder ေတြနဲ႔လည္း လုပ္ကိုင္ရတာျဖစ္တယ္။ ၿပီးရင္လည္း ႏွစ္ႏိုင္ငံစလုံးကပါဝင္သက္ဆိုင္တဲ့အဖြဲ႕အစည္းေတြနဲ႔ေဆာင္႐ြက္ရတာ ျဖစ္တဲ့အတြက္ေၾကာင့္ တခ်ိဳ႕ကိစၥေလးေတြမွာေတာ့ ကြၽန္ေတာ္တို႔က Target Date သတ္မွတ္ဖို႔ဆိုတာကေတာ့ နည္းနည္းေလးခက္ခဲတယ္။ ဒါေပမယ့္လည္းကြၽန္ေတာ္တို႔က တတ္ႏိုင္သေ႐ြ႕ေတာ့ လုပ္ငန္းေတြကိုေဆာင္႐ြက္ေနတာရွိတယ္။ သူတို႔ ဘက္ကျဖစ္ေပၚ တိုးတက္မႈအေျခအ ေနကိုလည္း ကြၽန္ေတာ္တို႔ဘက္ကေတာင္းထားတယ္။ သူတို႔ရဲ႕ Plan ေတြ ကြၽန္ေတာ္တို႔ဘက္က Plan တြကိုလည္း အျပန္အလွန္ share ၾကတာမ်ိဳးစသျဖင့္ အဲဒီလိုညႇိႏႈိင္းတာမ်ိဳးေတြရွိတယ္။ လုပ္ေပမယ့္လည္း သူတို႔ကလည္း သူတို႔ႏိုင္ငံရဲ႕ဥပေဒအ တိုင္း လုပ္ကိုင္တာျဖစ္တဲ့အတြက္ အားလုံးကေတာ့ မတူႏိုင္ဘူး။ သို႔ေသာ္လည္း သူတို႔ဘက္က ဘာလုပ္ေနလဲ၊ ကြၽန္ေတာ္တို႔ဘက္က ဘာေတြလုပ္ေနလဲဆိုတာကိုေတာ့ အၿမဲတမ္းမ်က္ေျခမျပတ္ ညႇိႏႈိင္း ေဆာင္႐ြက္တာေတြေတာ့ကြၽန္ေတာ္တို႔ေတြလုပ္ပါတယ္။ ဒီစီမံကိန္းကိုဖ်က္ဆီးခ်င္တဲ့သူရွိသလားဆိုရင္ေတာ့ကြၽန္ေတာ္ အဲဒါနဲ႔ပတ္သက္ရင္ေတာ့ ကြၽန္ ေတာ္မသိပါဘူး။ ကြၽန္ေတာ္သိတဲ့ ကြၽန္ေတာ္ေဆာင္ ႐ြက္တဲ့အေတြ႕အႀကဳံအရပဲ ေျပာရမယ္ဆိုရင္ေတာ့ အဲဒီလိုမ်ိဳး Negative Impact လုပ္တဲ့ပုံစံမ်ိဳးနဲ႔ႀကဳံေတြ႕ခဲ့ရတာမ်ိဳးကေတာ့ မရွိခဲ့ေသးဘူးေပါ့ေနာ္။

ေမး ။ ။ ဒီစီမံကိန္းနဲ႔ပတ္သက္ၿပီး တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံစလုံးကေခါင္းေဆာင္ပိုင္းေတြ မူဝါဒအရ ႏွစ္ႏိုင္ငံ သေဘာတူ စာခ်ဳပ္ခ်ဳပ္ဆိုၿပီးတဲ့ေနာက္ လုပ္ ငန္းစဥ္ေတြက တို႔လို႔တန္းလမ္းေတြျဖစ္ေနေတာ့ တ႐ုတ္ဘက္ကေရာ ဒီစီမံကိန္းေပၚမွာ စိတ္ဝင္စားမႈေရာရွိေသးရလား။ (သို႔မဟုတ္) စိတ္ရွည္လက္ရွည္ ရွိေသးရဲ႕လား။
ေျဖ ။ ။ ဟုတ္ကဲ့ စိတ္ဝင္စားမႈကေတာ့ ရွိပါတယ္။ ပထမေမးခြန္းမွာပါတဲ့ MOU ေအာက္ကဆိုရင္ ႏွစ္ႏိုင္ငံေတြ႕ဆုံမႈေတြရွိေနပါတယ္။ သူတို႔ဘက္ကလည္း ကြၽန္ေတာ္တို႔ဘက္ကို အခါအားေလ်ာ္စြာခ်ိတ္ဆက္တယ္။ Informal ေတြ႕တာေတြရွိတယ္။ လုပ္ငန္းစဥ္လည္ပတ္မႈပိုင္းနဲ႔ပတ္သက္ၿပီး သတင္းဖလွယ္တာေတြရွိတယ္။ အဲဒါေတြကေတာ့ ရွိေနပါတယ္။ အဆက္အသြယ္ရွိေနတဲ့အတြက္ေၾကာင့္ လုံးဝႀကီးေတာ့ မ်က္ေျချပတ္ေနတာ မ်ိဳးေတာ့မဟုတ္ဘူး။ အၿမဲတမ္းဆက္သြယ္မႈေတာ့ ရွိေနပါတယ္။

ေမး ။ ။ ေနာက္ထပ္သိခ်င္တာက ျမန္မာႏိုင္ငံမွာက လက္ရွိက အိမ္ေစာင့္အစိုးရျဖစ္တဲ့အခါက်ေတာ့ သူတို႔မူဝါဒကေတာ့ ျပတ္ျပတ္သားသားႀကီးလုပ္မွာမဟုတ္ဘူးေလ။ ဒါေပမယ့္ဝန္ႀကီဌာနရဲ႕ စီးပြား/ကူးသန္း ဝန္ႀကီးဌာနအေနနဲ႔ကေတာ့ ဆက္ၿပီး လုပ္ကိုင္ေနရတဲ့စီမံကိန္းျဖစ္တာေပါ့။ ဒီဟာက နစကလက္ထက္ေရာက္လို႔ နစက က ဒီစီမံကိန္းႀကီးကို စိတ္မဝင္စားေတာ့တာမ်ိဳး၊ ဖယ္ရွားပစ္ခ်င္တာမ်ိဳး၊ အဲဒီလိုသေဘာထားမ်ိဳးကိုေရာ ျပသလားခင္ဗ်။
ေျဖ ။ ။ အဲဒီလိုမ်ိဳးကေတာ့ မရွိပါဘူး။ အဲဒါနဲ႔ပတ္ သက္ရင္ ကြၽန္ေတာ္ရွင္းရွင္းလင္းလင္းကို ေျဖႏိုင္ပါတယ္။ ပထမကတည္းက ကြၽန္ေတာ္ေျပာခဲ့တဲ့ထဲမွာလည္း ပါပါတယ္။ ၂ဝ၁၈ ခုႏွစ္မွာ ကြၽန္ေတာ္တို႔ေဆာင္႐ြက္ဖို႔ ေကာ္မတီဖြဲ႕စည္းတယ္။ အဲဒီေကာ္ မတီက လက္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးကာလ (နစက)လက္ထက္မွာ ဗဟိုေကာ္မတီျပန္ဖြဲ႕ၿပီးၿပီ။ ဝန္ႀကီး ဥကၠ႒နဲ႔ အဖြဲ႕ဝင္(၂၃)ဦး၊ လုပ္ငန္းေကာ္မတီဆိုရင္လည္း အဖြဲ႕ဝင္(၁၆) ဦးနဲ႔ျပန္ဖြဲ႕စည္းၿပီးပါၿပီ။ ႏိုင္ငံေတာ္ဘက္က ေဆာင္႐ြက္ေပးရမယ့္ကိစၥေတြကိုကေတာ့ ေဆာင္႐ြက္ေပးၿပီးပါၿပီ။ ကြၽန္ေတာ္တို႔ဘက္က ဆက္ၿပီးလုပ္ရမယ့္အပိုင္းေတြပဲက်န္ပါတယ္။

ေမး ။ ။ ဒါဆိုရင္ေတာ့ အကုန္လုံးကို အႏွစ္ျပန္ခ်ဳပ္ေျပာရရင္ လုပ္ငန္းစဥ္ကေတာ့ ေရွ႕ကိုဆက္သြားေနမယ္။ ႏိုင္ငံေရး မူဝါဒေတြေျပာင္းသြားလို႔ စီမံကိန္းကေျပာင္းစရာအေၾကာင္းမရွိဘူး။ ဆက္လုပ္တာက ေတာ့ ဆက္လုပ္ေနမယ္။ ျဖစ္တဲ့အခ်ိန္ျဖစ္ေအာင္လုပ္မယ့္ သေဘာေပါ့ေနာ္။
ေျဖ ။ ။ ဟုတ္ပါတယ္ခင္ဗ်ာ။

အခုလို အခ်ိန္ေပးၿပီး ေျဖၾကားေပးတာေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.