၁ဝ နှစ်အရွယ်ကလေးငယ်ရဲ့အလောင်းကို နေအိမ်ရှိခရီးဆောင်အိတ်ထဲထည့်ထားမှု ပြင်သစ်နိုင်ငံတွင်ဖြစ်ပွား

755

ရောင်နီ (NP News) - ဇန်နဝါရီ ၃၁
ပြင်သစ်မှာ အသက်(၁ဝ)နှစ်အရွယ် ကလေးငယ်တစ်ဦးနေအိမ်ရှိ ခရီးဆောင်အိတ်ထဲမှာသေဆုံးလျက်တွေ့ရှိခဲ့ပြီး ၎င်းရဲ့မိခင်ဖြစ်သူကို လူသတ်မှုနဲ့ဇန်နဝါရီလ (၃ဝ)ရက်မှာ စွဲချက်တင်ထားတယ်လို့ ပြင်သစ်အစိုးရ ရှေ့နေတွေက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် မိခင်ဖြစ်သူ အမျိုးသမီးဟာ “အမှုနဲ့ပတ်သက်ပြီး ရှင်းပြနိုင်စွမ်းမရှိကြောင်း၊ စစ် ဆေးမေးမြန်းနေစဉ် “ရှောင်တိမ်း”ခဲ့ကြောင်းဒေသဆိုင်ရာအစိုးရရှေ့နေ Laureline Peyrefitte က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အလောင်းကို ရင်ခွဲစစ်ဆေးချက်အရ ကလေးငယ်ဟာ ဓားကဲ့သို့ ချွန်မြတဲ့ အရာနဲ့ထိုးသတ်ခံခဲ့ရပြီး လည်ပင်းနဲ့ ရင် ဘတ်တို့မှာ ပြင်းထန်တဲ့ထိုးနှက်ချက်များစွာခံခဲ့ရတယ်လို့ သိရပါတယ်။
ကောင်လေးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အသတ်ခံခဲ့ရခြင်း ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ ယင်းနောက် ၎င်းရဲ့မိခင်ဟာ အလောင်းကို စွန့်ပစ်ဖို့ ကြိုးပမ်းမှုနဲ့ပါရီမြို့အရှေ့ဘက်၊ Ferrieres-en-Brie ရှိ မိသားစုအိမ်သို့မပြန်မီ အလောင်းအား စွန့် ပစ်ဖို့ကြိုးပမ်းခဲ့ကာ အလောင်းကိုခရီးဆောင်အိတ်အ တွင်း ရွှေ့ပြောင်းခဲ့ခြင်းဖြစ်မယ်လို့ယုံကြည်ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နောက်ပိုင်းမှာ အာဏာပိုင်တွေက နေအိမ်မှာသွေးစွန်းထင်းနေတာကို တွေ့ရှိခဲ့ပြီး ခရီးဆောင်အိတ်အတွင်းမှ ကလေးငယ်တစ်ဦးရဲ့ အလောင်းကို ပြီးခဲ့တဲ့ကြာသပတေးနေ့ (ဇန်နဝါရီလ ၂၇ ရက်)နံနက်ပိုင်းက ၎င်းနေထိုင်ရာနေရာမှ မီတာ ၁ဝဝ အကွာမှာတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ မိခင်ဖြစ်သူအမျိုးသမီးကိုတော့ နောက်ပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့ပြီး သူမမှာသွေးစွန်းနေတဲ့ ဓားတစ်လက် ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

zawgyi version
၁ဝ ႏွစ္အ႐ြယ္ကေလးငယ္ရဲ႕အေလာင္းကို ေနအိမ္ရွိခရီးေဆာင္အိတ္ထဲထည့္ထားမႈ ျပင္သစ္ႏိုင္ငံတြင္ျဖစ္ပြား
ေရာင္နီ (NP News) - ဇန္နဝါရီ ၃၁
ျပင္သစ္မွာ အသက္(၁ဝ)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးေနအိမ္ရွိ ခရီးေဆာင္အိတ္ထဲမွာေသဆုံးလ်က္ေတြ႕ရွိခဲ့ၿပီး ၎ရဲ႕မိခင္ျဖစ္သူကို လူသတ္မႈနဲ႔ဇန္နဝါရီလ (၃ဝ)ရက္မွာ စြဲခ်က္တင္ထားတယ္လို႔ ျပင္သစ္အစိုးရ ေရွ႕ေနေတြက တနဂၤေႏြေန႔မွာ ေျပာၾကားခဲ့ပါတယ္။
အသက္ ၃၃ ႏွစ္အ႐ြယ္ မိခင္ျဖစ္သူ အမ်ိဳးသမီးဟာ “အမႈနဲ႔ပတ္သက္ၿပီး ရွင္းျပႏိုင္စြမ္းမရွိေၾကာင္း၊ စစ္ ေဆးေမးျမန္းေနစဥ္ “ေရွာင္တိမ္း”ခဲ့ေၾကာင္းေဒသဆိုင္ရာအစိုးရေရွ႕ေန Laureline Peyrefitte က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အေလာင္းကို ရင္ခြဲစစ္ေဆးခ်က္အရ ကေလးငယ္ဟာ ဓားကဲ့သို႔ ခြၽန္ျမတဲ့ အရာနဲ႔ထိုးသတ္ခံခဲ့ရၿပီး လည္ပင္းနဲ႔ ရင္ ဘတ္တို႔မွာ ျပင္းထန္တဲ့ထိုးႏွက္ခ်က္မ်ားစြာခံခဲ့ရတယ္လို႔ သိရပါတယ္။
ေကာင္ေလးဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က အသတ္ခံခဲ့ရျခင္း ျဖစ္တယ္လို႔ စုံစမ္းစစ္ေဆးသူေတြက ေျပာပါတယ္။ ယင္းေနာက္ ၎ရဲ႕မိခင္ဟာ အေလာင္းကို စြန႔္ပစ္ဖို႔ ႀကိဳးပမ္းမႈနဲ႔ပါရီၿမိဳ႕အေရွ႕ဘက္၊ Ferrieres-en-Brie ရွိ မိသားစုအိမ္သို႔မျပန္မီ အေလာင္းအား စြန႔္ ပစ္ဖို႔ႀကိဳးပမ္းခဲ့ကာ အေလာင္းကိုခရီးေဆာင္အိတ္အ တြင္း ေ႐ႊ႕ေျပာင္းခဲ့ျခင္းျဖစ္မယ္လို႔ယုံၾကည္ရေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ေနာက္ပိုင္းမွာ အာဏာပိုင္ေတြက ေနအိမ္မွာေသြးစြန္းထင္းေနတာကို ေတြ႕ရွိခဲ့ၿပီး ခရီးေဆာင္အိတ္အတြင္းမွ ကေလးငယ္တစ္ဦးရဲ႕ အေလာင္းကို ၿပီးခဲ့တဲ့ၾကာသပေတးေန႔ (ဇန္နဝါရီလ ၂၇ ရက္)နံနက္ပိုင္းက ၎ေနထိုင္ရာေနရာမွ မီတာ ၁ဝဝ အကြာမွာေတြ႕ရွိခဲ့ျခင္းျဖစ္ပါတယ္။ မိခင္ျဖစ္သူအမ်ိဳးသမီးကိုေတာ့ ေနာက္ပိုင္းမွာ ဖမ္းဆီးႏိုင္ခဲ့ၿပီး သူမမွာေသြးစြန္းေနတဲ့ ဓားတစ္လက္ ပိုင္ဆိုင္ထားတယ္လို႔ သိရပါတယ္။