ရန်ကုန်၊ တောင်ကြီး၊ မန္တလေး၌ အမေရိကန်ဒေါ်လာ (၂၉၇) သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

 147

ချယ်ရီ (NP News) - ဇွန် ၂၇
(၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၌ ရန်ကုန်၊ တောင်ကြီး၊ မန္တလေးတို့တွင် တစ်နှစ်တာအတွင်း ဖမ်းဆီးရမိခဲ့သော အမေရိကန်ဒေါ်လာ (၂၉၇) သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအထိမ်းအမှတ်အခမ်းအနားများကို ယမန်နေ့ (ဇွန်လ ၂၆ ရက်)က နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။
ယမန်နေ့ (ဇွန်လ ၂၆ ရက်)က တောင်ကြီးမြို့ ၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၊ ထီဖောင်းကျေးရွာအုပ်စု၊ စည်ပင်အမှိုက်ကျင်းသွား လမ်းဘေးရှိ ကျောက်ကျင်းဟောင်း၌ပြုလုပ်သော ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ဖမ်းဆီးရမိသော ဘိန်း (၃၅) ကီလိုခန့်၊ ဘိန်းဖြူ (၁၇၃) ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား (၇၃) သန်းကျော်၊ အိုက်စ် (၁၀,၄၇၆) ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water) (၃၂) ကီလိုကျော်၊ ဘိန်းစာမှုန့် (၁၁၄) ကီလိုကျော်၊ ကက်တမင်း (၅,၇၆၄) ကီလိုကျော်၊ ဆေးခြောက် (၄၀၄) ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး (၂၅) မျိုးနှင့် ဓာတုပစ္စည်း (၁၁) မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်းပေါင်း (၄၂၄) သောင်းခန့် (အမေရိကန် ဒေါ်လာ ၁၁၈ သန်းခန့်) ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ကုန်တင်ယာဉ်ရပ်နားကွင်း၌ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ဖမ်းဆီးရမိသော ဘိန်း (၃၅) ကီလိုခန့်၊ ဘိန်းဖြူ (၁၇၃) ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား (၇၃) သန်းကျော်၊ အိုက်စ် (၁၀,၄၇၆) ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water) (၃၂) ကီလိုကျော်၊ ဘိန်းစာမှုန့် (၁၁၄) ကီလိုကျော်၊ ကက်တမင်း (၅,၇၆၄) ကီလိုကျော်၊ ဆေးခြောက် (၄၀၄) ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး (၂၅) မျိုးနှင့် ဓာတုပစ္စည်း (၁၁) မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်းပေါင်း (၄၂၄) သောင်းခန့် (အမေရိကန် ဒေါ်လာ ၁၁၈ သန်းခန့်) ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် (တောင်) ရပ်ကွက်ရှိ လေယာဉ်ကွင်းအဟောင်း၌လည်း မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံအထက်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း (၃၈၀) ကီလိုခန့်၊ ဘိန်းဖြူ (၁,၁၁၀) ကီလိုခန့်၊ စိတ်ကြွရူးသွပ်ဆေးပြား (၁၁၅) သန်း ကျော်၊ အိုက်စ် (၆၄၁) ကီလိုခန့်၊ စိတ်ပြောင်းဆေးဝါး (Happy Water) (၈၆) ကီလိုကျော်၊ ကက်တမင်း (၉၃) ကီလိုကျော်၊ ဆေးခြောက် (၁၃၄) ကီလိုခန့်အပါအဝင် မူးယစ်ဆေးဝါး (၂၆) မျိုးနှင့် ဓာတုပစ္စည်း (၁၇) မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်းပေါင်း (၂၉၅) သောင်းကျော် (အမေရိကန် ဒေါ်လာ ၈၂ သန်းကျော်) ကို ဖျက်ဆီးခဲ့ကြကြောင်း ထုတ်ပြန်ထား သည်။
ထို့ကြောင့် ယခုနှစ်တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့၊ မြေမြှုပ်ဖျက်ဆီးခြင်းအစီအစဉ်များကို တောင်ကြီး၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တမူး၊ ကသာနှင့် ရွှေဘိုမြို့တို့တွင် ကျင်းပရာ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း (၆၆) မျိုး စုစုပေါင်းတန်ဖိုးငွေကျပ်သိန်းပေါင်း (၁,၀၇၂) သောင်းကျော် (အမေရိကန်ဒေါ်လာ ၂၉၇ သန်းကျော်) တို့ကို ဖျက်ဆီးရမိခဲ့ပြီး (၂၀၂၄) ခုနှစ်၊ ဇွန်လ (၁) ရက်မှ (၂၀၂၅) ခုနှစ်၊ မေလ (၃၁) ရက်အထိ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ငွေကျပ် (၉၇၂ ဒသမ ၄၆၁) ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version:
ရန္ကုန္၊ ေတာင္ႀကီး၊ မႏၲေလး၌ အေမရိကန္ေဒၚလာ (၂၉၇) သန္းေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား မီးရႈိ႕ဖ်က္ဆီး
ခ်ယ္ရီ (NP News) - ဇြန္ ၂၇
(၃၈) ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးအလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈတိုက္ဖ်က္ေရးေန႔၌ ရန္ကုန္၊ ေတာင္ႀကီး၊ မႏၲေလးတို႔တြင္ တစ္ႏွစ္တာအတြင္း ဖမ္းဆီးရမိခဲ့ေသာ အေမရိကန္ေဒၚလာ (၂၉၇) သန္းေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါအထိမ္းအမွတ္အခမ္းအနားမ်ားကို ယမန္ေန႔ (ဇြန္လ ၂၆ ရက္)က ေနျပည္ေတာ္ေကာင္စီနယ္ေျမႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္အသီးသီးတြင္ က်င္းပခဲ့ၾကေၾကာင္း သိရသည္။
ယမန္ေန႔ (ဇြန္လ ၂၆ ရက္)က ေတာင္ႀကီးၿမိဳ႕ ၊ အေဝရာကုန္းသာယာမီးပုံးပ်ံကြင္း၊ ထီေဖာင္းေက်း႐ြာအုပ္စု၊ စည္ပင္အမႈိက္က်င္းသြား လမ္းေဘးရွိ ေက်ာက္က်င္းေဟာင္း၌ျပဳလုပ္ေသာ ဖမ္းဆီးရမိမူးယစ္ေဆးဝါးမ်ား မီးရႈိ႕ဖ်က္ဆီးျခင္း အခမ္းအနားတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔မွ ဖမ္းဆီးရမိေသာ ဘိန္း (၃၅) ကီလိုခန႔္၊ ဘိန္းျဖဴ (၁၇၃) ကီလိုေက်ာ္၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၇၃) သန္းေက်ာ္၊ အိုက္စ္ (၁၀,၄၇၆) ကီလိုေက်ာ္၊ စိတ္ေျပာင္းေဆးဝါး (Happy Water) (၃၂) ကီလိုေက်ာ္၊ ဘိန္းစာမႈန႔္ (၁၁၄) ကီလိုေက်ာ္၊ ကက္တမင္း (၅,၇၆၄) ကီလိုေက်ာ္၊ ေဆးေျခာက္ (၄၀၄) ကီလိုေက်ာ္အပါအဝင္ မူးယစ္ေဆးဝါး (၂၅) မ်ိဳးႏွင့္ ဓာတုပစၥည္း (၁၁) မ်ိဳး စုစုေပါင္းတန္ဖိုး ေငြက်ပ္ သိန္းေပါင္း (၄၂၄) ေသာင္းခန႔္ (အေမရိကန္ ေဒၚလာ ၁၁၈ သန္းခန႔္) ကို ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။
ထို႔အတူ ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာ (အေနာက္ပိုင္း) ၿမိဳ႕နယ္၊ ကုန္တင္ယာဥ္ရပ္နားကြင္း၌ ဖမ္းဆီးရမိ မူးယစ္ေဆးဝါးမ်ား မီးရႈိ႕ဖ်က္ဆီးျခင္း အခမ္းအနားျပဳလုပ္ရာ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔မွ ဖမ္းဆီးရမိေသာ ဘိန္း (၃၅) ကီလိုခန႔္၊ ဘိန္းျဖဴ (၁၇၃) ကီလိုေက်ာ္၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၇၃) သန္းေက်ာ္၊ အိုက္စ္ (၁၀,၄၇၆) ကီလိုေက်ာ္၊ စိတ္ေျပာင္းေဆးဝါး (Happy Water) (၃၂) ကီလိုေက်ာ္၊ ဘိန္းစာမႈန႔္ (၁၁၄) ကီလိုေက်ာ္၊ ကက္တမင္း (၅,၇၆၄) ကီလိုေက်ာ္၊ ေဆးေျခာက္ (၄၀၄) ကီလိုေက်ာ္အပါအဝင္ မူးယစ္ေဆးဝါး (၂၅) မ်ိဳးႏွင့္ ဓာတုပစၥည္း (၁၁) မ်ိဳး စုစုေပါင္းတန္ဖိုး ေငြက်ပ္သိန္းေပါင္း (၄၂၄) ေသာင္းခန႔္ (အေမရိကန္ ေဒၚလာ ၁၁၈ သန္းခန႔္) ကို ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။
အလားတူ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ခ်မ္းျမသာစည္ (ေတာင္) ရပ္ကြက္ရွိ ေလယာဥ္ကြင္းအေဟာင္း၌လည္း မႏၲေလးတိုင္းေဒသႀကီး၊ ျမန္မာႏိုင္ငံအထက္ပိုင္းေဒသမ်ားႏွင့္ အလယ္ပိုင္းေဒသမ်ားမွ ဖမ္းဆီးရမိသည့္ ဘိန္း (၃၈၀) ကီလိုခန႔္၊ ဘိန္းျဖဴ (၁,၁၁၀) ကီလိုခန႔္၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၁၅) သန္း ေက်ာ္၊ အိုက္စ္ (၆၄၁) ကီလိုခန႔္၊ စိတ္ေျပာင္းေဆးဝါး (Happy Water) (၈၆) ကီလိုေက်ာ္၊ ကက္တမင္း (၉၃) ကီလိုေက်ာ္၊ ေဆးေျခာက္ (၁၃၄) ကီလိုခန႔္အပါအဝင္ မူးယစ္ေဆးဝါး (၂၆) မ်ိဳးႏွင့္ ဓာတုပစၥည္း (၁၇) မ်ိဳး စုစုေပါင္းတန္ဖိုး ေငြက်ပ္သိန္းေပါင္း (၂၉၅) ေသာင္းေက်ာ္ (အေမရိကန္ ေဒၚလာ ၈၂ သန္းေက်ာ္) ကို ဖ်က္ဆီးခဲ့ၾကေၾကာင္း ထုတ္ျပန္ထား သည္။
ထို႔ေၾကာင့္ ယခုႏွစ္တြင္ ဖမ္းဆီးရမိမူးယစ္ေဆးဝါးမ်ားႏွင့္ ဓာတုပစၥည္းမ်ား မီးရႈိ႕၊ ေျမျမႇဳပ္ဖ်က္ဆီးျခင္းအစီအစဥ္မ်ားကို ေတာင္ႀကီး၊ ရန္ကုန္၊ မႏၲေလး၊ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ တမူး၊ ကသာႏွင့္ ေ႐ႊဘိုၿမိဳ႕တို႔တြင္ က်င္းပရာ မူးယစ္ေဆးဝါးႏွင့္ ဓာတုပစၥည္း (၆၆) မ်ိဳး စုစုေပါင္းတန္ဖိုးေငြက်ပ္သိန္းေပါင္း (၁,၀၇၂) ေသာင္းေက်ာ္ (အေမရိကန္ေဒၚလာ ၂၉၇ သန္းေက်ာ္) တို႔ကို ဖ်က္ဆီးရမိခဲ့ၿပီး (၂၀၂၄) ခုႏွစ္၊ ဇြန္လ (၁) ရက္မွ (၂၀၂၅) ခုႏွစ္၊ ေမလ (၃၁) ရက္အထိ တစ္ႏွစ္တာကာလအတြင္း ျမန္မာႏိုင္ငံ၌ ေငြက်ပ္ (၉၇၂ ဒသမ ၄၆၁) ဘီလ်ံတန္ဖိုးရွိ မူးယစ္ေဆးဝါးႏွင့္ ဓာတုပစၥည္းမ်ား ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.