မင်းလှမြို့နယ်တွင် အကြမ်းဖက်အဖွဲ့က အမျိုးသမီးတစ်ဦးကို ဓားဖြင့် ထိုးခုတ်သတ်ဖြတ်၍ ဆိုင်ကယ်တစ်စီး လုယက်

 1269

Pearl (NP News) - စက်တင်ဘာ ၇
မင်းလှမြို့နယ်တွင် အကြမ်းဖက်အဖွဲ့က အမျိုးသမီးတစ်ဦးကို ဓားဖြင့် ထိုးခုတ်သတ်ဖြတ်၍ ဆိုင်ကယ်တစ်စီး လုယက်ယူဆောင်သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက် နေ့လည်၊ ၃ နာရီ ခွဲခန့်က မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မြန်မာစီကွကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် နေထိုင်သော ဒေါ်သန္တာချို(၃၆)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင် သုံးဦး ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆို၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဒေါ်သန္တာချိုတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အကြမ်ဖက်အဖွဲ့က နေအိမ်ရှိ LOUJIA 110 အနက်ရောင်ဆိုင်ကယ် တစ်စီးအား လုယက်ယူဆောင်သွားခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

Zawgyi Version:
မင္းလွၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕က အမ်ိဳးသမီးတစ္ဦးကို ဓားျဖင့္ ထိုးခုတ္သတ္ျဖတ္၍ ဆိုင္ကယ္တစ္စီး လုယက္
Pearl (NP News) - စက္တင္ဘာ ၇
မင္းလွၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕က အမ်ိဳးသမီးတစ္ဦးကို ဓားျဖင့္ ထိုးခုတ္သတ္ျဖတ္၍ ဆိုင္ကယ္တစ္စီး လုယက္ယူေဆာင္သြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ စက္တင္ဘာ ၄ ရက္ ေန႔လည္၊ ၃ နာရီ ခြဲခန႔္က မေကြးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္၊ ျမန္မာစီကြေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေက်း႐ြာတြင္ ေနထိုင္ေသာ ေဒၚသႏၲာခ်ိဳ(၃၆)ႏွစ္သည္ ၎၏ ေနအိမ္၌ ရွိေနစဥ္ PDF အဖြဲ႕ဝင္ သုံးဦး ေရာက္ရွိလာၿပီး “ဒလန္” ဟုေျပာဆို၍ ဓားျဖင့္ ထိုးခုတ္သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေဒၚသႏၲာခ်ိဳတြင္ ဓားဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ၿပီး အၾကမ္ဖက္အဖြဲ႕က ေနအိမ္ရွိ LOUJIA 110 အနက္ေရာင္ဆိုင္ကယ္ တစ္စီးအား လုယက္ယူေဆာင္သြားခဲ့ ေၾကာင္း သိရသည္။

လက္ရွိတြင္ က်ဴးလြန္ခဲ့သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္ လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.