နုူကလီးယားထိပ်ဖူးတပ်၍ ပစ်နိုင်ဖွယ်ရှိသော ဒုံးကျည်စမ်းသပ်မှုကို ၄ နှစ်အတွင်း အင်အား အကြီးမားဆုံးအောင်မြင်မှုအဖြစ် အတည်ပြုနိုင်ကြောင်း မြောက်ကိုရီးယားထုတ်ပြန်

1058

Htay Oung (NP News) - ဖေဖော်ဝါရီ ၁
မိမိတို့၏ ဟွာဆောင်း-၁၂ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ကို ဂျပန်ပင်လယ်အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း တနင်္လာနေ့တွင် မြောက်ကိုရီးယားက အတည်ပြုလိုက်ပြီး ယင်းမှာ လေးနှစ်အတွင်း အင်အားအကြီးမားဆုံးနှင့် စမ်းသပ်ခဲ့သမျှတွင် သတ္တမမြောက်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်ဟု Russia Today က ရေးသားသည်။
မြေပြင်မှ မြေပြင်ပစ် တာဝေးပစ် ပဲ့ထိန်းဒုံးကျည် Hwasong-12 ကို ရွေးချယ်စစ်ဆေးရန်နှင့် အဆိုပါ လက်နက်စနစ်၏ အလုံးစုံတိကျမှုကို တိုင်းတာရန် ရည်ရွယ်ချက်ဖြင့် ပစ်ခတ်စမ်းသပ်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ပစ်လွှတ်မှုတွင် ဟွာဆောင်း-၁၂ အမျိုးအစားလက်နက်စနစ်၏ တိကျမှု၊ လုံခြုံမှုနှင့် ထိရောက်မှုရလဒ်ကို အတည်ပြုနိုင်ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA အေဂျင်စီက တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။ ဒုံးကျည်စမ်းသပ်မှုတွင် အိမ်နီးချင်းနိုင်ငံများအား ဘေးကင်းစေရန်အတွက် “အမြင့်ဆုံးထောင့်ချိုးပစ်လွှတ်မှုစနစ်” ကို အသုံးပြုခဲ့ကြောင်း တနင်္ဂနွေနေ့က လွှတ်တင်မှုကို အာကာသမှပြသသည့်ဓာတ်ပုံအများအပြားနှင့်အတူ ပြုံယမ်းက ထုတ်ပြန်သည်။ အဆိုပါ ဒုံးကျည်သည် တနင်္ဂနွေနေ့ နံနက်၌ ဂျပန်ပင်လယ်အတွင်းသို့ မကျရောက်မီ မိုင် ၅၀၀ အကွာအဝေးသို့ ပျံသန်းသွားခဲ့သည်။ ၎င်းစမ်းသပ်မှုအား တောင်ကိုရီးယားနှင့် ဂျပန်အပြင် အမေရိကန်ကလည်း ပြစ်တင်ရှုတ်ချခဲ့ပြီး မြောက်ကိုရီးယားအနေဖြင့် တာဝေးပစ်ဒုံးကျည်နှင့် နုူကလီးယားစမ်းသပ်ရန်အတွက် ပြင်ဆင်မှုဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။ ပြုံယမ်း၏ ဒုံးကျည်ပစ်လွှတ်မှု တိုးမြင့်ဆောင်ရွက်လာခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဝါရှင်တန်၏ မဟာမိတ်များထံ အိမ်ဖြူတော်၏ကတိကဝတ်ကို ပြသရန် ရည်ရွယ်သည့် ခြေလှမ်းအချို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦး၏ အဆိုကို ကိုးကား၍ Reuters က ဖော်ပြသည်။ ဟွာဆောင်း-၁၂ သည် နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်စွမ်းရှိသည်ဟု ယုံကြည်ရပြီး အများဆုံးအကွာအဝေး ၂၈၀၀ မိုင်အထိ ပျံသန်းနိုင်၍ မြောက်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အမေရိကန်ပိုင်နက်ဖြစ်သော ဂူအမ်ကျွန်းကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်စွမ်းရှိမည်ဟု ခန့်မှန်းရသည်။
ယခုလစောစောပိုင်းတွင် မြောက်ကိုရီးယား၏ ထိပ်တန်းအုပ်ချုပ်ရေးအဖွဲ့သည် အမေရိကန်၏ "ရန်လိုသော" မူဝါဒကို တုံ့ပြန်သည့်အနေဖြင့် "ယာယီရပ်ဆိုင်းထားသော လှုပ်ရှားမှုများအားလုံးကို ပြန်လည်စတင်ရန်" စဉ်းစားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ပြုံယမ်းအနေဖြင့် အသေးစိတ်အချက်အလက်များကို တိကျသေချာစွာ ဖော်ပြခြင်း မရှိသော်လည်း အဆိုပါ "ဆိုင်းငံ့ထားသည့် " လှုပ်ရှားမှုများဆိုသည်မှာ တာဝေးပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုနှင့် နျူကလီးယားစမ်းသပ်မှုများဖြစ်ကြောင်း ယူဆရသည်။
Zawgyi Version
ႏုဴကလီးယားထိပ္ဖူးတပ္၍ ပစ္ႏုိင္ဖြယ္ရွိေသာ ဒံုးက်ည္စမ္းသပ္မႈကုိ ၄ ႏွစ္အတြင္း အင္အား အၾကီးမားဆံုးေအာင္ျမင္မႈအျဖစ္ အတည္ျပဳႏုိင္ေၾကာင္း ေျမာက္ကိုရီးယားထုတ္ျပန္
Htay Oung (NP News) - ေဖေဖာ္၀ါရီ ၁
မိမိတုိ႔၏ ဟြာေဆာင္း-၁၂ တာလတ္ပစ္ ပဲ့ထိန္းဒုံးက်ည္ကို ဂ်ပန္ပင္လယ္အတြင္းသို႔ ပစ္လႊတ္ခဲ့ေၾကာင္း တနလၤာေန႔တြင္ ေျမာက္ကိုရီးယားက အတည္ျပဳလိုက္ၿပီး ယင္းမွာ ေလးႏွစ္အတြင္း အင္အားအၾကီးမားဆံုးႏွင့္ စမ္းသပ္ခဲ့သမွ်တြင္ သတၱမေျမာက္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္သည္ဟု Russia Today က ေရးသားသည္။
ေျမျပင္မွ ေျမျပင္ပစ္ တာေဝးပစ္ ပဲ့ထိန္းဒုံးက်ည္ Hwasong-12 ကို ေရြးခ်ယ္စစ္ေဆးရန္ႏွင့္ အဆိုပါ လက္နက္စနစ္၏ အလုံးစုံတိက်မႈကို တိုင္းတာရန္ ရည္ရြယ္ခ်က္ျဖင့္ ပစ္ခတ္စမ္းသပ္မႈကို ျပဳလုပ္ခဲ့ေၾကာင္း၊ ပစ္လႊတ္မႈတြင္ ဟြာေဆာင္း-၁၂ အမ်ိဳးအစားလက္နက္စနစ္၏ တိက်မႈ၊ လုံျခဳံမႈႏွင့္ ထိေရာက္မႈရလဒ္ကို အတည္ျပဳႏိုင္ခဲ့ေၾကာင္း ေျမာက္ကိုရီးယား အစိုးရပိုင္ KCNA ေအဂ်င္စီက တနဂၤေႏြေန႔တြင္ ေၾကညာခဲ့သည္။ ဒုံးက်ည္စမ္းသပ္မႈတြင္ အိမ္နီးခ်င္းနိုင္ငံမ်ားအား ေဘးကင္းေစရန္အတြက္ “အျမင့္ဆုံးေထာင့္ခ်ိဳးပစ္လႊတ္မႈစနစ္” ကို အသုံးျပဳခဲ့ေၾကာင္း တနဂၤေႏြေန႔က လႊတ္တင္မႈကို အာကာသမွျပသသည့္ဓာတ္ပုံအမ်ားအျပားႏွင့္အတူ ျပဳံယမ္းက ထုတ္ျပန္သည္။ အဆိုပါ ဒုံးက်ည္သည္ တနဂၤေႏြေန႔ နံနက္၌ ဂ်ပန္ပင္လယ္အတြင္းသို႔ မက်ေရာက္မီ မိုင္ ၅၀၀ အကြာအေဝးသို႔ ပ်ံသန္းသြားခဲ့သည္။ ၄င္းစမ္းသပ္မႈအား ေတာင္ကိုရီးယားႏွင့္ ဂ်ပန္အျပင္ အေမရိကန္ကလည္း ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ေျမာက္ကိုရီးယားအေနျဖင့္ တာေဝးပစ္ဒုံးက်ည္ႏွင့္ ႏုဴကလီးယားစမ္းသပ္ရန္အတြက္ ျပင္ဆင္မႈျဖစ္လာမည္ကို စိုးရိမ္ေၾကာင္း ေဖာ္ျပခဲ့သည္။ ျပဳံယမ္း၏ ဒုံးက်ည္ပစ္လႊတ္မႈ တိုးျမင့္ေဆာင္ရြက္လာျခင္းကို တုံ႔ျပန္သည့္အေနျဖင့္ ၀ါရွင္တန္၏ မဟာမိတ္မ်ားထံ အိမ္ျဖဴေတာ္၏ကတိကဝတ္ကို ျပသရန္ ရည္ရြယ္သည့္ ေျခလွမ္းအခ်ိဳ႕ကို လုပ္ေဆာင္မည္ျဖစ္ေၾကာင္း အမည္မေဖာ္လိုသူ အေမရိကန္အရာရွိတစ္ဦး၏ အဆိုကို ကိုးကား၍ Reuters က ေဖာ္ျပသည္။ ဟြာေဆာင္း-၁၂ သည္ န်ဴကလီးယားထိပ္ဖူးကို သယ္ေဆာင္နိုင္စြမ္းရွိသည္ဟု ယုံၾကည္ရၿပီး အမ်ားဆံုးအကြာအေဝး ၂၈၀၀ မိုင္အထိ ပ်ံသန္းႏိုင္၍ ေျမာက္ပစိဖိတ္သမုဒၵရာအတြင္းရွိ အေမရိကန္ပိုင္နက္ျဖစ္ေသာ ဂူအမ္ကၽြန္းကို ထိထိေရာက္ေရာက္ တိုက္ခိုက္နိုင္စြမ္းရွိမည္ဟု ခန္႔မွန္းရသည္။
ယခုလေစာေစာပိုင္းတြင္ ေျမာက္ကိုရီးယား၏ ထိပ္တန္းအုပ္ခ်ဳပ္ေရးအဖြဲ႔သည္ အေမရိကန္၏ "ရန္လိုေသာ" မူဝါဒကို တုံ႔ျပန္သည့္အေနျဖင့္ "ယာယီရပ္ဆိုင္းထားေသာ လႈပ္ရွားမႈမ်ားအားလုံးကို ျပန္လည္စတင္ရန္" စဥ္းစားမည္ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။ ျပံဳယမ္းအေနျဖင့္ အေသးစိတ္အခ်က္အလက္မ်ားကို တိက်ေသခ်ာစြာ ေဖာ္ျပျခင္း မရွိေသာ္လည္း အဆိုပါ "ဆိုင္းငံ့ထားသည့္ " လႈပ္ရွားမႈမ်ားဆိုသည္မွာ တာေဝးပစ္ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈႏွင့္ န်ဴကလီးယားစမ္းသပ္မႈမ်ားျဖစ္ေၾကာင္း ယူဆရသည္။