လက်နက်ဖျက်သိမ်းရေးအစီအစဉ်တွေအားလုံးကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ကတိပြု

 246

Pika (NP News) - သြဂုတ်လ ၁၇

ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ကို လက်နက်ဖျက်သိမ်းမယ့် လက်ဘနွန်အစိုးရရဲ့ အစီအစဉ်တွေကို တွန်းလှန်သွားမယ်လို့ ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Naim Qassemက ကတိပြုပြောဆိုခဲ့ပါတယ်။ Naim Qassemဟာ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို ကာလရှည်ကြာကျောထောက်နောက်ခံပြုခဲ့တဲ့ အီရန်ရဲ့လုံခြုံရေးအကြီးအကဲ Ali Larijaniနဲ့ တွေ့ဆုံခဲ့ပြီးနောက် ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်တုန်းက အစ္စရေးနဲ့ဖြစ်ပွားခဲ့တဲ့စစ်ပွဲကြောင့် ဆိုးဆိုးရွားရွားအားနည်းလာခဲ့ပြီး အမေရိကန်ရဲ့ဖိအားပေးမှုတွေအောက်မှာ လက်ဘနွန်အစိုးရဟာ ယခုနှစ်ကုန်မှာ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့လက်နက်ဖျက်သိမ်းရေးအတွက် အစီအစဉ်တစ်ခုရေးဆွဲဖို့ စစ်တပ်ကို အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ Naim Qassemက” ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ကို လက်နက်ဖျက်သိမ်းဖို့ အမေရိကန်-အစ္စရေးအမိန့်ကို လက်ဘနွန်အစိုးရက အကောင်အထည်ဖော်နေပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအစီအစဉ်တွေအားလုံးကို ကျွန်တော်တို့အဖွဲ့က တွန်းလှန်တိုက်ခိုက်သွားမှာပါ။ပြင်ပအင်အားစုတွေရဲ့အမိန့်တွေကို ကျွန်တော်တို့ဘယ်တော့မှ လက်ခံမှာမဟုတ်ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။

zawgyiversion
လက္နက္ဖ်က္သိမ္းေရးအစီအစဥ္ေတြအားလုံးကို တြန္းလွန္တိုက္ခိုက္သြားမယ္လို႔ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ကတိျပဳ

Pika (NP News) - ၾသဂုတ္လ ၁၇

ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ကို လက္နက္ဖ်က္သိမ္းမယ့္ လက္ဘႏြန္အစိုးရရဲ႕ အစီအစဥ္ေတြကို တြန္းလွန္သြားမယ္လို႔ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ Naim Qassemက ကတိျပဳေျပာဆိုခဲ့ပါတယ္။ Naim Qassemဟာ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကို ကာလရွည္ၾကာေက်ာေထာက္ေနာက္ခံျပဳခဲ့တဲ့ အီရန္ရဲ႕လုံၿခဳံေရးအႀကီးအကဲ Ali Larijaniနဲ႔ ေတြ႕ဆုံခဲ့ၿပီးေနာက္ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက အစၥေရးနဲ႔ျဖစ္ပြားခဲ့တဲ့စစ္ပြဲေၾကာင့္ ဆိုးဆိုး႐ြား႐ြားအားနည္းလာခဲ့ၿပီး အေမရိကန္ရဲ႕ဖိအားေပးမႈေတြေအာက္မွာ လက္ဘႏြန္အစိုးရဟာ ယခုႏွစ္ကုန္မွာ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕လက္နက္ဖ်က္သိမ္းေရးအတြက္ အစီအစဥ္တစ္ခုေရးဆြဲဖို႔ စစ္တပ္ကို အမိန႔္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။ Naim Qassemက” ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ကို လက္နက္ဖ်က္သိမ္းဖို႔ အေမရိကန္-အစၥေရးအမိန႔္ကို လက္ဘႏြန္အစိုးရက အေကာင္အထည္ေဖာ္ေနပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအစီအစဥ္ေတြအားလုံးကို ကြၽန္ေတာ္တို႔အဖြဲ႕က တြန္းလွန္တိုက္ခိုက္သြားမွာပါ။ျပင္ပအင္အားစုေတြရဲ႕အမိန႔္ေတြကို ကြၽန္ေတာ္တို႔ဘယ္ေတာ့မွ လက္ခံမွာမဟုတ္ပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.