မန္တလေးသို့လူနာသွားရောက်ပို့ဆောင်သည့် လူနာတင်ယာဉ်သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ယာဉ်မောင်းဖြစ်သူသေဆုံး

 2120

NP News - ဖေဖော်ဝါရီ ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရင်စိန်ဆေးရုံမှ မန္တ လေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမည့် လူနာပါလာသည့်ယာဉ်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် လူနာတင်ယာဉ် ယာဉ်မောင်းသေဆုံးပြီး အ ကူယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဆိုပါလူနာတင်ယာဉ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း နစက ၏ ဖေဖော်ဝါရီလ ၁ ရက် ညပိုင်းထုတ်ပြန်ချက်အရ သိရသည်။

မြစ်ကြီးနားမြို့၊ ရင်စိန်ဆေးရုံ၌ သွေးကြောပိတ်ရော ဂါဖြင့် ဆေးကုသမှုခံယူလျက်ရှိသည့် ဝိုင်းမော်မြို့နယ်၊ ခတ်ချိုရွာနေ ဦးဒီလေး (၅၄)နှစ်၏ ကျန်း မာရေးအခြေအနေအရ ဇန်နဝါရီလ ၃၁ ရက် ညနေ ၃ နာရီအချိန်တွင် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသရမည်ဖြစ်သဖြင့် အဆိုပါဆေးရုံမှ သူနာပြုဆရာမ မသင်းနုအေး (၃၈)နှစ်နှင့်အတူ မြစ်ကြီးနားမြို့ရှိ “ဧရာဝတီဂရုဏာ” လူမှုရှာဖွေကယ် ဆယ်ရေးအသင်းပိုင် NOTE အမျိုးအစားအဖြူရောင်ယာဉ်ဖြင့် ကိုဆန်းနိုင်မောင်းနှင်ပြီး အကူယာဉ် မောင်းဖြစ်သူ ကိုအောင်ဖြိုးဦးတို့နှင့်အတူ မြစ်ကြီးနား-အင်းတော်- ထီးချိုင့်- မန္တလေးကားလမ်းအတိုင်း ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလူနာတင်ယာဉ်သည် ဖေဖော်ဝါရီလ ၁ ရက်၊နံနက် ၅ နာရီအချိန်တွင် ထီးချိုင့်မြို့နယ်၊ ဇီးဖြူကျင်းကျေးရွာနှင့် ဘိုတဲကုန်းကျေးရွာအကြားအရောက်၌ လက်နက်များကိုင်ဆောင်ထားသူများ၏ တားဆီးခြင်းခံခဲ့ရပြီး ယာဉ်မောင်း ကိုဆန်းနိုင်သည်လူနာအ ရေးကြီးနေသဖြင့် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ခဲ့ရာ အကြမ်းဖက်သမားများက လူနာတင်ယာဉ်အား သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် လူနာ တင်ယာဉ်မောင်း ကိုဆန်းနိုင်တွင် နဖူးနှင့်ဝဲလက်ဖျံတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေ ရာ၌ သေဆုံးသွားခဲ့ပြီး အကူယာဉ်မောင်းဖြစ်သူ ကိုအောင်ဖြိုးဦးတွင် ကျောကုန်း ဝဲဘက်ကျည်ထိမှန်ဒဏ်ရာ တစ်ချက်နှင့် ဝဲပါး ကျည်ရှပ်ထိဒဏ်ရာတစ်ချက်တို့ရရှိခဲ့ကာ လူနာတင်ယာဉ်၏ ရှေ့လေကာမှန်၊ ဝဲ/ယာလေကာမှန်တို့ ကွဲအက်၍ ကားရှေ့ဘီး ၂ လုံးတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

လူနာတင်ယာဉ်ဖြင့် လိုက်ပါလာသည့် သူနာပြုဆရာမ မသင်းနုအေးမှ သေဆုံးခဲ့သည့် လူနာ တင်ယာဉ်မောင်း၊ ဒဏ်ရာရရှိခဲ့သည့်အကူယာဉ်မောင်းနှင့် ဆေးရုံလွှဲပြောင်းကုသမည့် ဦးဒီလေးတို့အား လမ်း ကြုံမော်တော်ယာဉ်ဖြင့် တင် ဆောင်ကာ ထီးချိုင့်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၆ နာရီအချိန်ကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနား လယ်ကုန်းရပ် ကွက်ရှိ အမှတ် ၃ဝ ရဲတပ်ရင်းအနီး ဗုံးကွဲမှုဖြစ်ပေါ်ခဲ့ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အသက် ၇ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးမှုဖြစ်ခဲ့ကြောင်းလည်းသိရသည်။

zawgyi version
မႏၲေလးသို႔လူနာသြားေရာက္ပို႔ေဆာင္သည့္ လူနာတင္ယာဥ္ေသနတ္ျဖင့္ပစ္ခတ္ခံရၿပီး ယာဥ္ေမာင္းျဖစ္သူေသဆုံး
NP News - ေဖေဖာ္ဝါရီ ၂

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ ရင္စိန္ေဆး႐ုံမွ မႏၲ ေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ေျပာင္းေ႐ႊ႕ကုသမည့္ လူနာပါလာသည့္ယာဥ္အား ေသနတ္ျဖင့္ပစ္ခတ္ခဲ့သျဖင့္ လူနာတင္ယာဥ္ ယာဥ္ေမာင္းေသဆုံးၿပီး အ ကူယာဥ္ေမာင္း ထိခိုက္ဒဏ္ရာရရွိခဲ့ကာ အဆိုပါလူနာတင္ယာဥ္အား မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း နစက ၏ ေဖေဖာ္ဝါရီလ ၁ ရက္ ညပိုင္းထုတ္ျပန္ခ်က္အရ သိရသည္။

ျမစ္ႀကီးနားၿမိဳ႕၊ ရင္စိန္ေဆး႐ုံ၌ ေသြးေၾကာပိတ္ေရာ ဂါျဖင့္ ေဆးကုသမႈခံယူလ်က္ရွိသည့္ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ခတ္ခ်ိဳ႐ြာေန ဦးဒီေလး (၅၄)ႏွစ္၏ က်န္း မာေရးအေျခအေနအရ ဇန္နဝါရီလ ၃၁ ရက္ ညေန ၃ နာရီအခ်ိန္တြင္ မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ေျပာင္းေ႐ႊ႕ကုသရမည္ျဖစ္သျဖင့္ အဆိုပါေဆး႐ုံမွ သူနာျပဳဆရာမ မသင္းႏုေအး (၃၈)ႏွစ္ႏွင့္အတူ ျမစ္ႀကီးနားၿမိဳ႕ရွိ “ဧရာဝတီဂ႐ုဏာ” လူမႈရွာေဖြကယ္ ဆယ္ေရးအသင္းပိုင္ NOTE အမ်ိဳးအစားအျဖဴေရာင္ယာဥ္ျဖင့္ ကိုဆန္းႏိုင္ေမာင္းႏွင္ၿပီး အကူယာဥ္ ေမာင္းျဖစ္သူ ကိုေအာင္ၿဖိဳးဦးတို႔ႏွင့္အတူ ျမစ္ႀကီးနား-အင္းေတာ္- ထီးခ်ိဳင့္- မႏၲေလးကားလမ္းအတိုင္း ထြက္ခြာလာခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါလူနာတင္ယာဥ္သည္ ေဖေဖာ္ဝါရီလ ၁ ရက္၊နံနက္ ၅ နာရီအခ်ိန္တြင္ ထီးခ်ိဳင့္ၿမိဳ႕နယ္၊ ဇီးျဖဴက်င္းေက်း႐ြာႏွင့္ ဘိုတဲကုန္းေက်း႐ြာအၾကားအေရာက္၌ လက္နက္မ်ားကိုင္ေဆာင္ထားသူမ်ား၏ တားဆီးျခင္းခံခဲ့ရၿပီး ယာဥ္ေမာင္း ကိုဆန္းႏိုင္သည္လူနာအ ေရးႀကီးေနသျဖင့္ ရပ္တန႔္ေပးျခင္းမရွိဘဲ ေမာင္းႏွင္ခဲ့ရာ အၾကမ္းဖက္သမားမ်ားက လူနာတင္ယာဥ္အား ေသနတ္မ်ားျဖင့္ ဝိုင္းဝန္းပစ္ခတ္ခဲ့သျဖင့္ လူနာ တင္ယာဥ္ေမာင္း ကိုဆန္းႏိုင္တြင္ နဖူးႏွင့္ဝဲလက္ဖ်ံတို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေန ရာ၌ ေသဆုံးသြားခဲ့ၿပီး အကူယာဥ္ေမာင္းျဖစ္သူ ကိုေအာင္ၿဖိဳးဦးတြင္ ေက်ာကုန္း ဝဲဘက္က်ည္ထိမွန္ဒဏ္ရာ တစ္ခ်က္ႏွင့္ ဝဲပါး က်ည္ရွပ္ထိဒဏ္ရာတစ္ခ်က္တို႔ရရွိခဲ့ကာ လူနာတင္ယာဥ္၏ ေရွ႕ေလကာမွန္၊ ဝဲ/ယာေလကာမွန္တို႔ ကြဲအက္၍ ကားေရွ႕ဘီး ၂ လုံးတို႔ ထိခိုက္ပ်က္စီးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ ျပထားသည္။

လူနာတင္ယာဥ္ျဖင့္ လိုက္ပါလာသည့္ သူနာျပဳဆရာမ မသင္းႏုေအးမွ ေသဆုံးခဲ့သည့္ လူနာ တင္ယာဥ္ေမာင္း၊ ဒဏ္ရာရရွိခဲ့သည့္အကူယာဥ္ေမာင္းႏွင့္ ေဆး႐ုံလႊဲေျပာင္းကုသမည့္ ဦးဒီေလးတို႔အား လမ္း ႀကဳံေမာ္ေတာ္ယာဥ္ျဖင့္ တင္ ေဆာင္ကာ ထီးခ်ိဳင့္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ ေဖေဖာ္ဝါရီလ ၁ ရက္ နံနက္ ၆ နာရီအခ်ိန္ကလည္း ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနား လယ္ကုန္းရပ္ ကြက္ရွိ အမွတ္ ၃ဝ ရဲတပ္ရင္းအနီး ဗုံးကြဲမႈျဖစ္ေပၚခဲ့ၿပီးေနာက္ ပစ္ခတ္မႈျဖစ္ပြားခဲ့ရာ အသက္ ၇ ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦးေသဆုံးမႈျဖစ္ခဲ့ေၾကာင္းလည္းသိရသည္။

© 2021. All rights reserved.