ဂီနီဘစ်ဆောနိုင်ငံမှာအာဏသိမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်

 914

ဂျန်ဇက် (NP News)- ဖေဖော်ဝါရီ ၂
ဂီနီဘစ်ဆောသမ္မတက မိမိအနေနဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းသူတွေလက်ထဲမှ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း၊ အာဏသိမ်းဖို့ကြိုးပမ်းသူတွေဟာ ၄င်းနဲ့ အ စိုးရအဖွဲ့ကိုသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ထုတ် ဖော်ပြောဆိုခဲ့ပါတယ်။

အဆိုပါနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အာဏသိမ်းဖို့ ကြိုးပမ်းမှုဖြစ်ပွားခဲ့ပြီး အစိုးရအဆောက်အဦးမှာ ငါးနာရီကြာပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားချိန်အတွင်း နှစ်ဖက်စလုံး ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အာဏာသိမ်းဖို့ကြိုးပမ်းသူဘက်ကလေးဦးသေဆုံးကာ အစိုးရလုံခြုံရေးအဖွဲ့က နှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ အာဏာ သိမ်းဖို့ ကြိုးပမ်းခဲ့သူတွေဟာ မူးယစ်ဆေးဝါးရောင်း ဝယ်သူတွေနဲ့ဆက်နွယ်မှုရှိတယ်လို့ ဂီနီဘစ်ဆော သမ္မတ အမ်ဘာလိုကပြောပါတယ်။

အစိုးရအဆောက်အဦးနား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေချိန်အတွင်းသမ္မတဟာ အစိုးရအဖွဲ့အ စည်းအဝေးကိုတက်ရောက်နေချိန်ဖြစ်တယ်လို့ သိရပါတယ်။ လုံခြုံရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက သေ နတ်သမားတွေက အရပ်သားဝတ်စုံဝတ်ဆင်ထားပြီး ရဲအရာရှိတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အစောပိုင်းကထွက်ပေါ်ခဲ့တဲ့သတင်းတွေမှာတော့ အစိုးရအဖွဲ့ဝန်ကြီးအချို့ဖမ်းဆီးခံခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။

သမ္မတအမ်ဘာလိုက သေနတ်သမားတွေဟာ အစိုး ရအဖွဲ့အစည်းအဝေးကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း၊ လက်ရှိအချိန်မှာအခြေနေကို ပြန်ထိန်းနိုင်ခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။ ဂီနီဘစ်ဆောနိုင်ငံဟာကမ္ဘာအဆင်းရဲဆုံးနိုင်ငံတွေထဲပါဝင်ပြီး လူဦးရေ ၂ သန်းကျော်ရှိကာ ၁၉၈ဝ ခုနှစ်နောက်ပိုင်းတည်းက အာဏာသိမ်းဖို့ ကြိုးပမ်းမှု ၉ ကြိမ်ဖြစ်ပွားခဲ့ဖူးတယ်လို့သိရပါတယ်။

zawgyi version
ဂီနီဘစ္ေဆာႏိုင္ငံမွာအာဏသိမ္းဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ မေအာင္ျမင္
ဂ်န္ဇက္ (NP News)- ေဖေဖာ္ဝါရီ ၂

ဂီနီဘစ္ေဆာသမၼတက မိမိအေနနဲ႔ အာဏာသိမ္းဖို႔ ႀကိဳးပမ္းသူေတြလက္ထဲမွ အသက္ရွင္လြတ္ေျမာက္ခဲ့ေၾကာင္း၊ အာဏသိမ္းဖို႔ႀကိဳးပမ္းသူေတြဟာ ၄င္းနဲ႔ အ စိုးရအဖြဲ႕ကိုသတ္ျဖတ္ဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ထုတ္ ေဖာ္ေျပာဆိုခဲ့ပါတယ္။

အဆိုပါႏိုင္ငံမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက အာဏသိမ္းဖို႔ ႀကိဳးပမ္းမႈျဖစ္ပြားခဲ့ၿပီး အစိုးရအေဆာက္အဦးမွာ ငါးနာရီၾကာပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားခဲ့တယ္လို႔သိရပါတယ္။ တိုက္ခိုက္မႈျဖစ္ပြားခ်ိန္အတြင္း ႏွစ္ဖက္စလုံး ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့ၿပီး အာဏာသိမ္းဖို႔ႀကိဳးပမ္းသူဘက္ကေလးဦးေသဆုံးကာ အစိုးရလုံၿခဳံေရးအဖြဲ႕က ႏွစ္ဦးေသဆုံးခဲ့တယ္လို႔သိရပါတယ္။ အာဏာ သိမ္းဖို႔ ႀကိဳးပမ္းခဲ့သူေတြဟာ မူးယစ္ေဆးဝါးေရာင္း ဝယ္သူေတြနဲ႔ဆက္ႏြယ္မႈရွိတယ္လို႔ ဂီနီဘစ္ေဆာ သမၼတ အမ္ဘာလိုကေျပာပါတယ္။

အစိုးရအေဆာက္အဦးနား အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားေနခ်ိန္အတြင္းသမၼတဟာ အစိုးရအဖြဲ႕အ စည္းအေဝးကိုတက္ေရာက္ေနခ်ိန္ျဖစ္တယ္လို႔ သိရပါတယ္။ လုံၿခဳံေရးအဖြဲ႕တာဝန္ရွိသူတစ္ဦးက ေသ နတ္သမားေတြက အရပ္သားဝတ္စုံဝတ္ဆင္ထားၿပီး ရဲအရာရွိေတြကို ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ဆိုပါတယ္။ အေစာပိုင္းကထြက္ေပၚခဲ့တဲ့သတင္းေတြမွာေတာ့ အစိုးရအဖြဲ႕ဝန္ႀကီးအခ်ိဳ႕ဖမ္းဆီးခံခဲ့ရတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

သမၼတအမ္ဘာလိုက ေသနတ္သမားေတြဟာ အစိုး ရအဖြဲ႕အစည္းအေဝးကို ထိုးေဖာက္ဝင္ေရာက္ႏိုင္ခဲ့ျခင္းမရွိခဲ့ေၾကာင္း၊ လက္ရွိအခ်ိန္မွာအေျခေနကို ျပန္ထိန္းႏိုင္ခဲ့ၿပီျဖစ္တယ္လို႔ဆိုပါတယ္။ ဂီနီဘစ္ေဆာႏိုင္ငံဟာကမာၻအဆင္းရဲဆုံးႏိုင္ငံေတြထဲပါဝင္ၿပီး လူဦးေရ ၂ သန္းေက်ာ္ရွိကာ ၁၉၈ဝ ခုႏွစ္ေနာက္ပိုင္းတည္းက အာဏာသိမ္းဖို႔ ႀကိဳးပမ္းမႈ ၉ ႀကိမ္ျဖစ္ပြားခဲ့ဖူးတယ္လို႔သိရပါတယ္။

© 2021. All rights reserved.