မြန်မာနိုင်ငံကလုပ်ငန်းတွေကို ပြန်ရုတ်သိမ်းလိုက်တဲ့အတွက် တယ်လီနောဆက်သွယ်ရေးကုမ္ပဏီ အမြတ်အစွန်းရမှုကျဆင်း

1624

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၃
နော်ဝေဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောက မြန် မာနိုင်ငံမှာရှိတဲ့လုပ်ငန်းတွေကို ပြန်ရုတ်သိမ်းဖို့ စီစဉ်မှုနဲ့အတူ ၂ဝ၂၁ ခုနှစ်အတွင်း ကုမ္ပဏီရဲ့အမြတ် အစွန်းရမှုလျော့နည်းသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
တယ်လီနောရဲ့ နှစ်စဉ်အမြတ်စွန်းထုတ်ပြန်ချက်မှာ ၂ဝ၂ဝ ခုနှစ်က အမြတ်ငွေပေါင်း ၁၇ ဒသမ ၃ ဘီလျံခရိုနာရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်မှာ အမြတ်ငွေ စုစုပေါင်း ၁ ဒသမ ၅ ဘီလျံခရိုနာသာရရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ကုမ္ပဏီရဲ့အကျိုးမြတ်ရမှုကျဆင်းလာခဲ့ခြင်းဟာ ၄င်းတို့ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ မြန် မာနိုင်ငံရှိတယ်လီနော မြန်မာဆက်သွယ်ရေးကုမ္ပဏီရဲ့အမြတ်စွန်းရမှုကျဆင်းခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာပြီးခဲ့တဲ့နှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် တယ်လီနောမြန်မာရဲ့အမြတ်စွန်းရမှုက တစ်ဝက်နီးပါးကျဆင်းသွားခဲ့တယ်လို့သိရပါတယ်။တယ်လီနောကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက မြန် မာနိုင်ငံရှိ တယ်လီနောမြန်မာဆက်သွယ်ရေးကုမ္ပဏီကိုလက်ဘနွန်အခြေစိုက် M1 Group ထံရောင်းချမယ်လို့ ကြေညာခဲ့ပါတယ်။ အပြီးသတ်အရောင်းဝယ်လုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲ့ခွင့်ပြုချက်ရယူနိုင်ဖို့ လိုအပ်နေပြီး အချိန်ယူစောင့်ဆိုင်းရဖွယ်ရှိနေတယ်လို့သိရပါတယ်။
တယ်လီနောမြန်မာရဲ့အမှုဆောင်အရာရှိချုပ်ဆစ်ဂ်ဗီ ဘရက်ကီက "အပြီးသတ်အရောင်းအဝယ်စာချုပ်နိုင်ဖို့စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်"လို့ပြောပါတယ်။တယ်လီနောကုမ္ပဏီဟာ ၂ဝ၂၁ ခုနှစ်မှာ အမြတ်စွန်းရမှုကျဆင်းခဲ့ပေမယ့် ၂ဝ၂၂ ခုနှစ်မှာအမြတ်စွန်းပိုမိုရနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ တယ်လီနောမြန်မာက မြန်မာစစ်တပ်ဟာ ဆက်သွယ်ရေးလမ်းကြောင်းတွေကိုကြားဖြတ်ထောက်လှမ်းနိုင်ဖို့ ကိရိယာတွေတပ်ဆင်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ် စက် တင်ဘာက သတင်းထုတ်ပြန်ခဲ့ပါတယ်။ တယ်လီနောမြန်မာဟာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက Wave money ရှိ၄င်းတို့ရဲ့ရှယ်ယာတွေကိုလည်းရောင်းချခဲ့တယ်လို့ဆိုပါတယ်။
zawgyi version
ျမန္မာႏိုင္ငံကလုပ္ငန္းေတြကို ျပန္႐ုတ္သိမ္းလိုက္တဲ့အတြက္ တယ္လီေနာဆက္သြယ္ေရးကုမၸဏီ အျမတ္အစြန္းရမႈက်ဆင္း
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၃
ေနာ္ေဝဆက္သြယ္ေရးကုမၸဏီ တယ္လီေနာက ျမန္ မာႏိုင္ငံမွာရွိတဲ့လုပ္ငန္းေတြကို ျပန္႐ုတ္သိမ္းဖို႔ စီစဥ္မႈနဲ႔အတူ ၂ဝ၂၁ ခုႏွစ္အတြင္း ကုမၸဏီရဲ႕အျမတ္ အစြန္းရမႈေလ်ာ့နည္းသြားခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။
တယ္လီေနာရဲ႕ ႏွစ္စဥ္အျမတ္စြန္းထုတ္ျပန္ခ်က္မွာ ၂ဝ၂ဝ ခုႏွစ္က အျမတ္ေငြေပါင္း ၁၇ ဒသမ ၃ ဘီလ်ံခ႐ိုနာရရွိခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ၂ဝ၂၁ ခုႏွစ္မွာ အျမတ္ေငြ စုစုေပါင္း ၁ ဒသမ ၅ ဘီလ်ံခ႐ိုနာသာရရွိခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ကုမၸဏီရဲ႕အက်ိဳးျမတ္ရမႈက်ဆင္းလာခဲ့ျခင္းဟာ ၄င္းတို႔ရဲ႕လုပ္ငန္းခြဲတစ္ခုျဖစ္တဲ့ ျမန္ မာႏိုင္ငံရွိတယ္လီေနာ ျမန္မာဆက္သြယ္ေရးကုမၸဏီရဲ႕အျမတ္စြန္းရမႈက်ဆင္းခဲ့တာေၾကာင့္ျဖစ္တယ္လို႔ ဆိုပါတယ္။
ျမန္မာႏိုင္ငံမွာၿပီးခဲ့တဲ့ႏွစ္က အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ တယ္လီေနာျမန္မာရဲ႕အျမတ္စြန္းရမႈက တစ္ဝက္နီးပါးက်ဆင္းသြားခဲ့တယ္လို႔သိရပါတယ္။တယ္လီေနာကုမၸဏီဟာ ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လက ျမန္ မာႏိုင္ငံရွိ တယ္လီေနာျမန္မာဆက္သြယ္ေရးကုမၸဏီကိုလက္ဘႏြန္အေျခစိုက္ M1 Group ထံေရာင္းခ်မယ္လို႔ ေၾကညာခဲ့ပါတယ္။ အၿပီးသတ္အေရာင္းဝယ္လုပ္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံရဲ႕ခြင့္ျပဳခ်က္ရယူႏိုင္ဖို႔ လိုအပ္ေနၿပီး အခ်ိန္ယူေစာင့္ဆိုင္းရဖြယ္ရွိေနတယ္လို႔သိရပါတယ္။
တယ္လီေနာျမန္မာရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ဆစ္ဂ္ဗီ ဘရက္ကီက "အၿပီးသတ္အေရာင္းအဝယ္စာခ်ဳပ္ႏိုင္ဖို႔ေစာင့္ဆိုင္းေနဆဲျဖစ္ပါတယ္"လို႔ေျပာပါတယ္။တယ္လီေနာကုမၸဏီဟာ ၂ဝ၂၁ ခုႏွစ္မွာ အျမတ္စြန္းရမႈက်ဆင္းခဲ့ေပမယ့္ ၂ဝ၂၂ ခုႏွစ္မွာအျမတ္စြန္းပိုမိုရႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ တယ္လီေနာျမန္မာက ျမန္မာစစ္တပ္ဟာ ဆက္သြယ္ေရးလမ္းေၾကာင္းေတြကိုၾကားျဖတ္ေထာက္လွမ္းႏိုင္ဖို႔ ကိရိယာေတြတပ္ဆင္ေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔ ၿပီးခဲ့တဲ့ႏွစ္ စက္ တင္ဘာက သတင္းထုတ္ျပန္ခဲ့ပါတယ္။ တယ္လီေနာျမန္မာဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းက Wave money ရွိ၄င္းတို႔ရဲ႕ရွယ္ယာေတြကိုလည္းေရာင္းခ်ခဲ့တယ္လို႔ဆိုပါတယ္။