စစ်ဘေး‌ကြောင့် လူမှုစီးပွားနိမ့်ကျမှုများကို ဧရာဝတီတွင် သိသိသာသာခံစားနေရ

 724

Pearl (NP News) - ဇူလိုင် ၂

စစ်ဘေး‌ကြောင့် လူမှုစီးပွားနိမ့်ကျမှုများကို ဧရာဝတီတိုင်းဒေသကြီးတွင် သိသိသာသာခံစားနေရ ကြောင်း အဆိုပါဒေသမှ လုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။

AA အဖွဲ့အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်အတွင်း တိုက်ပွဲဖော်ဆောင်မှုများကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရကြောင်းသိရသည်။

“အင်နဲ့ အားနဲ့ ထုနဲ့ထည်နဲ့ တိုက်နေတာတော့ မဟုတ်ဘူး။ အစုအဖွဲ့လေးနဲ့ ဟိုနေရာဝင်လိုက် ဒီနေရာဝင်လိုက်နဲ့ လျှောက်လုပ်နေတာ။ အဲဒီတော့ ဒေသခံတွေက ကိုယ့်ဘာသာ ဝမ်းရေးအတွက် မနည်း လုပ်ကိုင်စားနေရတဲ့အခြေအနေမှာ ဘယ်တော့များ ထိခိုက်မလဲဆိုပြီး ကျီးလန့်စာစားပြီးနေနေရတာ။ ဒီဘဝထက်ဆိုးတာ ဘာမှမရှိတော့ဘူး” ဟု အထက်ပါ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဒေသခံများအနေဖြင့် ဧရာဝတီတိုင်းအတွင်းရှိ အေးချမ်းသည့် မြို့နယ်များသို့လည်ကောင်း ရန်ကုန်အပါအဝင် ၎င်းတို့ မိသားစုဝင်များရှိရာ မြို့ကြီးများသို့လည်းကောင်း သွားရောက်စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေးအတွက် ရရာအလုပ်များ ဝင်ရောက်လုပ်ကိုင်ကာ ရင်ဆိုင်ဖြေရှင်းနေရကြောင်းလည်း သိရသည်။

ထို့ပြင် ၎င်းတို့ဒေသတွင် ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်ခဲ့သော်လည်း လာရောက်စစ်ဘေးရှောင်သည့်‌‌‌ဒေသများတွင်မူ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ အခြေခံအလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေရသူများပင်ရှိကြောင်းလည်း သိရသည်။ “တောမှာ ဥယျာဉ်ခြံမြေ လုပ်ကိုင်တဲ့နေရာရှိတယ်။ လယ်ယာသားငါးလုပ်ကိုင်နေတဲ့ လူရှိတယ်။ သူတို့ရောက်လာရင် အကုန်လုံး ထိခိုက်တာပဲလေ။ ဘယ်အသိုက်အဝန်းကိုပဲ သူတို့ရောက်လာရောက် လာ အကုန်ပျက်စီးတာပဲ။ ကိုယ့်ဒေသမှာ ကိုယ်ပိုင်လုပ်ငန်းလုပ်နေကြတဲ့လူတွေ စစ်ဘေးလာရှောင်တဲ့ ဒေသမှာ နေ့စားအလုပ်ဝင်လုပ်နေရတာရှိတယ်။ ပန်းရံအလုပ်၊ တောင်ထမ်းမြောက်ထမ်းအလုပ်တွေ ရုန်းကန်လှုပ်ရှားနေရတယ်။ ဘဝတွေ ပျက်ကုန်ပြီ။ ကိုယ့်ဒေသမှာ အေးအေးချမ်းချမ်း လုပ်ကိုင်စား သောက်နေတဲ့လူတွေက မလုပ်နိုင်တဲ့အခါ အေးချမ်းတဲ့ နေရာကို စစ်ဘေးရှောင်ရတဲ့အခါ သူတို့ရှိတာ တွေ တဒင်္ဂမှာ ပျက်သွားတဲ့အခါ ပါမလာတော့ဘူးလေ။ အဲဒီတော့ ဟိုနေရာမှာ အလုပ်ရှင်ဖြစ်လည်း ဒီနေရာမှာ အလုပ်သမား ဘဝရောက်သွားတယ်လေ။ သူတို့ ပထမဘဝကို ပြန်ရဖို့ မလွယ်ဘူး။ တချို့စစ် ဘေးရှောင်ကလေးတွေဆို ရပ်ထဲရွာထဲ လိုက်တောင်းနေတာရှိတယ်။ ကျေးရွာကလည်းမပေးနိုင် နောက် ဆုံးလမ်းဘေး‌ရောက်တဲ့ ကလေးတွေတောင်ရှိတယ်။ ကျောင်းနေရမယ့်အရွယ်လေးတွေ”ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် အစပ်ရှိ စာသင်ကျောင်းများကို ပိတ်ထားရပြီး ကျောင်းနေအရွယ် စစ်ဘေးရှောင်ကလေးတချို့အနေဖြင့်လည်း တောင်းရမ်းစားသောက်ရသည့် အခြေအနေများတွေ့နေရကြောင်းလည်း သိရသည်။

zawgyi version
စစ္ေဘး‌ေၾကာင့္ လူမႈစီးပြားနိမ့္က်မႈမ်ားကို ဧရာဝတီတြင္ သိသိသာသာခံစားေနရ
Pearl (NP News) - ဇူလိုင္ ၂

စစ္ေဘး‌ေၾကာင့္ လူမႈစီးပြားနိမ့္က်မႈမ်ားကို ဧရာဝတီတိုင္းေဒသႀကီးတြင္ သိသိသာသာခံစားေနရ ေၾကာင္း အဆိုပါေဒသမွ လုပ္ငန္းရွင္တစ္ဦးက NP News သို႔ေျပာသည္။

AA အဖြဲ႕အေနျဖင့္ ဧရာဝတီတိုင္းေဒသႀကီး ေလးမ်က္ႏွာၿမိဳ႕နယ္ႏွင့္ ေရၾကည္ၿမိဳ႕နယ္အတြင္း တိုက္ပြဲေဖာ္ေဆာင္မႈမ်ားေၾကာင့္ ေဒသခံအမ်ားအျပား ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ေနၾကရေၾကာင္းသိရသည္။

“အင္နဲ႔ အားနဲ႔ ထုနဲ႔ထည္နဲ႔ တိုက္ေနတာေတာ့ မဟုတ္ဘူး။ အစုအဖြဲ႕ေလးနဲ႔ ဟိုေနရာဝင္လိုက္ ဒီေနရာဝင္လိုက္နဲ႔ ေလွ်ာက္လုပ္ေနတာ။ အဲဒီေတာ့ ေဒသခံေတြက ကိုယ့္ဘာသာ ဝမ္းေရးအတြက္ မနည္း လုပ္ကိုင္စားေနရတဲ့အေျခအေနမွာ ဘယ္ေတာ့မ်ား ထိခိုက္မလဲဆိုၿပီး က်ီးလန႔္စာစားၿပီးေနေနရတာ။ ဒီဘဝထက္ဆိုးတာ ဘာမွမရွိေတာ့ဘူး” ဟု အထက္ပါ လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

ေဒသခံမ်ားအေနျဖင့္ ဧရာဝတီတိုင္းအတြင္းရွိ ေအးခ်မ္းသည့္ ၿမိဳ႕နယ္မ်ားသို႔လည္ေကာင္း ရန္ကုန္အပါအဝင္ ၎တို႔ မိသားစုဝင္မ်ားရွိရာ ၿမိဳ႕ႀကီးမ်ားသို႔လည္းေကာင္း သြားေရာက္စစ္ေဘးေရွာင္ေနရၿပီး စားဝတ္ေနေရးအတြက္ ရရာအလုပ္မ်ား ဝင္ေရာက္လုပ္ကိုင္ကာ ရင္ဆိုင္ေျဖရွင္းေနရေၾကာင္းလည္း သိရသည္။

ထို႔ျပင္ ၎တို႔ေဒသတြင္ ကိုယ္ပိုင္လုပ္ငန္းမ်ား လုပ္ကိုင္ႏိုင္ခဲ့ေသာ္လည္း လာေရာက္စစ္ေဘးေရွာင္သည့္‌‌‌ေဒသမ်ားတြင္မူ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ရွိ အေျခခံအလုပ္အကိုင္မ်ားတြင္ ဝင္ေရာက္လုပ္ကိုင္ေနရသူမ်ားပင္ရွိေၾကာင္းလည္း သိရသည္။ “ေတာမွာ ဥယ်ာဥ္ၿခံေျမ လုပ္ကိုင္တဲ့ေနရာရွိတယ္။ လယ္ယာသားငါးလုပ္ကိုင္ေနတဲ့ လူရွိတယ္။ သူတို႔ေရာက္လာရင္ အကုန္လုံး ထိခိုက္တာပဲေလ။ ဘယ္အသိုက္အဝန္းကိုပဲ သူတို႔ေရာက္လာေရာက္ လာ အကုန္ပ်က္စီးတာပဲ။ ကိုယ့္ေဒသမွာ ကိုယ္ပိုင္လုပ္ငန္းလုပ္ေနၾကတဲ့လူေတြ စစ္ေဘးလာေရွာင္တဲ့ ေဒသမွာ ေန႔စားအလုပ္ဝင္လုပ္ေနရတာရွိတယ္။ ပန္းရံအလုပ္၊ ေတာင္ထမ္းေျမာက္ထမ္းအလုပ္ေတြ ႐ုန္းကန္လႈပ္ရွားေနရတယ္။ ဘဝေတြ ပ်က္ကုန္ၿပီ။ ကိုယ့္ေဒသမွာ ေအးေအးခ်မ္းခ်မ္း လုပ္ကိုင္စား ေသာက္ေနတဲ့လူေတြက မလုပ္ႏိုင္တဲ့အခါ ေအးခ်မ္းတဲ့ ေနရာကို စစ္ေဘးေရွာင္ရတဲ့အခါ သူတို႔ရွိတာ ေတြ တဒဂၤမွာ ပ်က္သြားတဲ့အခါ ပါမလာေတာ့ဘူးေလ။ အဲဒီေတာ့ ဟိုေနရာမွာ အလုပ္ရွင္ျဖစ္လည္း ဒီေနရာမွာ အလုပ္သမား ဘဝေရာက္သြားတယ္ေလ။ သူတို႔ ပထမဘဝကို ျပန္ရဖို႔ မလြယ္ဘူး။ တခ်ိဳ႕စစ္ ေဘးေရွာင္ကေလးေတြဆို ရပ္ထဲ႐ြာထဲ လိုက္ေတာင္းေနတာရွိတယ္။ ေက်း႐ြာကလည္းမေပးႏိုင္ ေနာက္ ဆုံးလမ္းေဘး‌ေရာက္တဲ့ ကေလးေတြေတာင္ရွိတယ္။ ေက်ာင္းေနရမယ့္အ႐ြယ္ေလးေတြ”ဟု ၎က ဆက္လက္ေျပာသည္။

လက္ရွိတြင္ တိုက္ပြဲမ်ားေၾကာင့္ ဧရာဝတီတိုင္းႏွင့္ ရခိုင္ျပည္နယ္ အစပ္ရွိ စာသင္ေက်ာင္းမ်ားကို ပိတ္ထားရၿပီး ေက်ာင္းေနအ႐ြယ္ စစ္ေဘးေရွာင္ကေလးတခ်ိဳ႕အေနျဖင့္လည္း ေတာင္းရမ္းစားေသာက္ရသည့္ အေျခအေနမ်ားေတြ႕ေနရေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.