မှောင်ခိုရောင်းဝယ်ရေးပြစ်မှုကျူးလွန်းကြောင်းမသင်္ကာမှုဖြင့် မြန်မာသင်္ဘောသား ၆ ဦးကို တရုတ်နိုင်ငံကဖမ်းဆီးထား

 1482

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၃
မှောင်ခိုရောင်းဝယ်ရေးပြစ်မှုကျူးလွန်းကြောင်း မသင်္ကာမှုဖြင့် မြန်မာသင်္ဘောသား ၆ ဦးကို တရုတ်နိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

ဆီရီယာလီနွန်နိုင်ငံပိုင် ကုန်တင်သင်္ဘောပေါ်တွင် လိုက်ပါလာသည့် မြန်မာသင်္ဘောသား (၆) ဦးအား သာမန်ကုန်ပစ္စည်းများ မှောင်ခိုရောင်းဝယ်ရေးပြစ်မှု ကျူးလွန်ခြင်းမသင်္ကာမှုဖြင့် ထိန်းသိမ်းထားကြောင်းကို တရုတ်နိုင်ငံ၊ ဟိုင်နန်ရေကြောင်းရဲတပ်ဖွဲ့ဗျူရိုက ပေကျင်းမြို့ရှိ မြန်မာသံရုံးထံ စာပေးပို့အကြောင်း ကြားလာကြောင်း သံရုံးက ဖေဖော်ဝါရီလ ၃ ရက်တွင်အသိပေးထုတ်ပြန်ထားသည်။

ဆီရီယာလီနွန်နိုင်ငံပိုင် ကုန်တင်သင်္ဘောပေါ်၌ လိုက် ပါလာသည့် သင်္ဘောသား ၂ဝ ဦးအနက် ၁၉ ဦးသည် မြန်မာသင်္ဘောသားများဖြစ်ကြောင်းသိရပြီး ၎င်းသင်္ဘောသည် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်တွင် ဟိုင်နန်ပြည်နယ်၏ အရှေ့မြောက်ပိုင်းပင်လယ်ရပ် ဝန်း၌ စစ်ဆေးဖမ်းဆီးခဲ့ကြောင်းသိရသည်။

အဆိုပါသင်္ဘောသည် နိုဝင်ဘာလအတွင်းက ထိုင်ဝမ်မှ ဆီတန်ချိန် ၈ဝဝဝ တင်ဆောင်ကာ ဟိုင်နန်ပြည် နယ်၏ အရှေ့မြောက်ပိုင်းပင်လယ်ရပ်ဝန်းသို့လာရောက်ကာ တရားမဝင်ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်ဟု မြန်မာသံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင်သင်္ဘော၌ လိုက်ပါလာသည့် မြန်မာသင်္ဘောသား ၁၉ ဦးအနက် သင်္ဘောကပတိန်အပါ အဝင် အရာရှိ ၅ ဦးနှင့် အခြားအဆင့် ၁ ဦး စုစုပေါင်း ၆ ဦးတို့အား အမှုဆက်လက်စစ်ဆေးရန်အတွက် ယာယီထိန်းသိမ်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်ရှိသည့် မြန်မာသင်္ဘောသား ၁၃ ဦးကို လက်ရှိတွင်သင်္ဘောပေါ်၌ထားရှိပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာသံရုံးက ဆိုသည်။

တရုတ်နိုင်ငံရှိ၊ မြန်မာသံရုံး၏ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါ ရီလအတွင်း ထုတ်ပြန်ချက်အရ မှောင်ခိုပစ္စည်းရောင်းဝယ်ရေး ပြစ်မှုကျူးလွန်ခြင်းမသင်္ကာမှုဖြင့် မြန်မာသင်္ဘောသား(၂)ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အမှုနှင့်ပတ်သက်၍ စီရင်ချက်ချမှတ်ခဲ့ရာတွင် ၎င်းတို့နှစ်ဦးအား ထောင်ဒဏ်၊ ငွေဒဏ်အပါအဝင် ပြည်နှင် ဒဏ်များချမှတ်ခဲ့ကြောင်းသိရသည်။

zawgyi version
ေမွာင္ခိုေရာင္းဝယ္ေရးျပစ္မႈက်ဴးလြန္းေၾကာင္းမသကၤာမႈျဖင့္ ျမန္မာသေဘၤာသား ၆ ဦးကို တ႐ုတ္ႏိုင္ငံကဖမ္းဆီးထား
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၃

ေမွာင္ခိုေရာင္းဝယ္ေရးျပစ္မႈက်ဴးလြန္းေၾကာင္း မသကၤာမႈျဖင့္ ျမန္မာသေဘၤာသား ၆ ဦးကို တ႐ုတ္ႏိုင္ငံက ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သတင္းရရွိသည္။

ဆီရီယာလီႏြန္ႏိုင္ငံပိုင္ ကုန္တင္သေဘၤာေပၚတြင္ လိုက္ပါလာသည့္ ျမန္မာသေဘၤာသား (၆) ဦးအား သာမန္ကုန္ပစၥည္းမ်ား ေမွာင္ခိုေရာင္းဝယ္ေရးျပစ္မႈ က်ဴးလြန္ျခင္းမသကၤာမႈျဖင့္ ထိန္းသိမ္းထားေၾကာင္းကို တ႐ုတ္ႏိုင္ငံ၊ ဟိုင္နန္ေရေၾကာင္းရဲတပ္ဖြဲ႕ဗ်ဴ႐ိုက ေပက်င္းၿမိဳ႕ရွိ ျမန္မာသံ႐ုံးထံ စာေပးပို႔အေၾကာင္း ၾကားလာေၾကာင္း သံ႐ုံးက ေဖေဖာ္ဝါရီလ ၃ ရက္တြင္အသိေပးထုတ္ျပန္ထားသည္။

ဆီရီယာလီႏြန္ႏိုင္ငံပိုင္ ကုန္တင္သေဘၤာေပၚ၌ လိုက္ ပါလာသည့္ သေဘၤာသား ၂ဝ ဦးအနက္ ၁၉ ဦးသည္ ျမန္မာသေဘၤာသားမ်ားျဖစ္ေၾကာင္းသိရၿပီး ၎သေဘၤာသည္ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ ၁၁ ရက္တြင္ ဟိုင္နန္ျပည္နယ္၏ အေရွ႕ေျမာက္ပိုင္းပင္လယ္ရပ္ ဝန္း၌ စစ္ေဆးဖမ္းဆီးခဲ့ေၾကာင္းသိရသည္။

အဆိုပါသေဘၤာသည္ ႏိုဝင္ဘာလအတြင္းက ထိုင္ဝမ္မွ ဆီတန္ခ်ိန္ ၈ဝဝဝ တင္ေဆာင္ကာ ဟိုင္နန္ျပည္ နယ္၏ အေရွ႕ေျမာက္ပိုင္းပင္လယ္ရပ္ဝန္းသို႔လာေရာက္ကာ တရားမဝင္ကူးသန္းေရာင္းဝယ္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္းသိရသည္ဟု ျမန္မာသံ႐ုံး၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

လက္ရွိတြင္သေဘၤာ၌ လိုက္ပါလာသည့္ ျမန္မာသေဘၤာသား ၁၉ ဦးအနက္ သေဘၤာကပတိန္အပါ အဝင္ အရာရွိ ၅ ဦးႏွင့္ အျခားအဆင့္ ၁ ဦး စုစုေပါင္း ၆ ဦးတို႔အား အမႈဆက္လက္စစ္ေဆးရန္အတြက္ ယာယီထိန္းသိမ္းထားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

က်န္ရွိသည့္ ျမန္မာသေဘၤာသား ၁၃ ဦးကို လက္ရွိတြင္သေဘၤာေပၚ၌ထားရွိၿပီး ျမန္မာႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ရန္အတြက္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း ျမန္မာသံ႐ုံးက ဆိုသည္။

တ႐ုတ္ႏိုင္ငံရွိ၊ ျမန္မာသံ႐ုံး၏ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါ ရီလအတြင္း ထုတ္ျပန္ခ်က္အရ ေမွာင္ခိုပစၥည္းေရာင္းဝယ္ေရး ျပစ္မႈက်ဴးလြန္ျခင္းမသကၤာမႈျဖင့္ ျမန္မာသေဘၤာသား(၂)ဦးဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး အမႈႏွင့္ပတ္သက္၍ စီရင္ခ်က္ခ်မွတ္ခဲ့ရာတြင္ ၎တို႔ႏွစ္ဦးအား ေထာင္ဒဏ္၊ ေငြဒဏ္အပါအဝင္ ျပည္ႏွင္ ဒဏ္မ်ားခ်မွတ္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.