"နိုက်တင်ဂေးလ်" လို့ တင်စားခေါ်ဝေါ်တဲ့ ဘောလိဝုဒ်နာမည်ကျော်အဆိုတော်ကြီး Lata Mangeshkar ကွယ်လွန်
                        
                            
                             
 1005
 
                             
                            
                            
                         
                        
 
                        ရောင်နီ (NP News) - ဖေဖော်ဝါရီ ၆
အိန္ဒိယနိုင်ငံရဲ့အကြီးမားဆုံး ယဉ်ကျေးမှုသင်္ကေတများထဲမှတစ်ဦးဖြစ်ပြီး နောင်လာနောင်သား မျိုးဆက်များ အတွက် ဂီတနဲ့တေးသွားများကို မျိုးစေ့ကြဲခဲ့သူ ဘောလိဝုဒ်နာမည်ကျော် အဆိုတော် Lata Mangeshkar ၊  အသက် (၉၂) နှစ်ဟာ  တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၆ ရက်) မှာ ကိုဗစ်ရောဂါကြောင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ 
Mangeshkar ဟာ Covid-19 ရောဂါပိုးကူးစက်ခံရပြီးနောက် ၂ဝ၂၂ ခုနှစ် ဇန်နဝါရီ (၁၁) ရက်မှာ ဆေးရုံတက်ခဲ့ရပြီး (၂၈)ရက်ကျော်ကြာအောင် ဆေးရုံတက်ပြီးနောက် ကိုယ်တွင်းအင်္ဂါချို့ယွင်းမှုနဲ့ ဖေဖော်ဝါရီလ(၆) ရက်၊ တနင်္ဂနွေနေ့၊ နံနက်ပိုင်းမှာပဲ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း Mumbai's Breach Candy ဆေးရုံမှ ဒေါက်တာ Pratit Samdani က ANI ကို ပြောကြားခဲ့ပါတယ်။ 
မစ္စ Mangeshkar ရဲ့ တေးဆိုသံဟာ ရုပ်မြင်သံကြားများ၊ လေလှိုင်းများနဲ့ အိန္ဒိယရဲ့ရုပ်ရှင်ရုံများမှာ ရာစုနှစ် တစ်ခုရဲ့လေးပုံပုံရင် သုံးပုံစာက နာမည်ကျော်ကြားခဲ့တာဖြစ်ပြီး နိုင်ငံရဲ့မျိုးဆက်ပေါင်းများစွာအတွက် အဓိပ္ပါယ်ရှိ တဲ့အသံဖြစ်လာကာ သူမကို "နိုက်တင်ဂေးလ်" ဆိုတဲ့ ဘွဲ့ကိုပေးဆောင်ခဲ့ပါတယ်။ 
အိန္ဒိယတေးသံရှင်လောကမှ မီးရူးတန်ဆောင်တစ်ဦးဖြစ်တဲ့ သူမဟာ ၁၉၉၄ ခုနှစ်က Singapore Indoor Stadium မှာ သွားရောက်ဖျော်ဖြေခဲ့ရဖူးပါတယ်။ ဝန်ကြီးချုပ် Narendra Modi က သူမရဲ့သတင်းနဲ့ပတ်သတ်ပြီး “ပြောမပြတတ်အောင် တုန်လှုပ်မိပါတယ်” လို့ ၎င်းရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။
Mangeshkar ရဲ့ ဈာပနကို နိုင်ငံတော်က လက်ခံကျင်းပမှာဖြစ်ပြီး ဖေဖော်ဝါရီလ(၇) ရက်၊ တနင်္လာနေ့မှာ ဝမ်းနည်းကြောင်းအထိမ်းအမှတ်အနေနဲ့ နိုင်ငံတော်အလံကို တိုင်တစ်ဝက်သာလွှင့်ထူမယ်လို့  ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
Zawgyi Version;
"ႏိုက္တင္ေဂးလ္" လို႔ တင္စားေခၚေဝၚတဲ့ ေဘာလိဝုဒ္နာမည္ေက်ာ္အဆိုေတာ္ႀကီး Lata Mangeshkar ကြယ္လြန္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၆
အိႏၵိယႏိုင္ငံရဲ႕အႀကီးမားဆုံး ယဥ္ေက်းမႈသေကၤတမ်ားထဲမွတစ္ဦးျဖစ္ၿပီး ေနာင္လာေနာင္သား မ်ိဳးဆက္မ်ား အတြက္ ဂီတနဲ႔ေတးသြားမ်ားကို မ်ဳိးေစ့ႀကဲခဲ့သူ ေဘာလိဝုဒ္နာမည္ေက်ာ္ အဆိုေတာ္ Lata Mangeshkar ၊  အသက္ (၉၂) ႏွစ္ဟာ  တနဂၤေႏြေန႔ (ေဖေဖာ္ဝါရီ ၆ ရက္) မွာ ကိုဗစ္ေရာဂါေၾကာင့္ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။ 
Mangeshkar ဟာ Covid-19 ေရာဂါပိုးကူးစက္ခံရၿပီးေနာက္ ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီ (၁၁) ရက္မွာ ေဆး႐ုံတက္ခဲ့ရၿပီး (၂၈)ရက္ေက်ာ္ၾကာေအာင္ ေဆး႐ုံတက္ျပီးေနာက္ ကိုယ္တြင္းအဂၤါခ်ိဳ႕ယြင္းမႈနဲ႔ ေဖေဖာ္ဝါရီလ(၆) ရက္၊ တနဂၤေႏြေန႔၊ နံနက္ပိုင္းမွာပဲ ကြယ္လြန္သြားခဲ့ၿပီျဖစ္ေၾကာင္း Mumbai's Breach Candy ေဆး႐ုံမွ ေဒါက္တာ Pratit Samdani က ANI ကို ေျပာၾကားခဲ့ပါတယ္။ 
မစၥ Mangeshkar ရဲ႕ ေတးဆိုသံဟာ ႐ုပ္ျမင္သံၾကားမ်ား၊ ေလလႈိင္းမ်ားနဲ႔ အိႏၵိယရဲ႕႐ုပ္ရွင္႐ံုမ်ားမွာ ရာစုႏွစ္ တစ္ခုရဲ႕ေလးပံုပံုရင္ သံုးပံုစာက နာမည္ေက်ာ္ၾကားခဲ့တာျဖစ္ၿပီး ႏိုင္ငံရဲ႕မ်ိဳးဆက္ေပါင္းမ်ားစြာအတြက္ အဓိပၸါယ္ရွိ တဲ့အသံျဖစ္လာကာ သူမကို "ႏိုက္တင္ေဂးလ္" ဆိုတဲ့ ဘြဲ႕ကိုေပးေဆာင္ခဲ့ပါတယ္။ 
အိႏၵိယေတးသံရွင္ေလာကမွ မီး႐ူးတန္ေဆာင္တစ္ဦးျဖစ္တဲ့ သူမဟာ ၁၉၉၄ ခုႏွစ္က Singapore Indoor Stadium မွာ သြားေရာက္ေဖ်ာ္ေျဖခဲ့ရဖူးပါတယ္။ ဝန္ႀကီးခ်ဳပ္ Narendra Modi က သူမရဲ႕သတင္းနဲ႔ပတ္သတ္ၿပီး “ေျပာမျပတတ္ေအာင္ တုန္လႈပ္မိပါတယ္” လို႔ ၄င္းရဲ႕တြစ္တာမွာ ေရးသားခဲ့ပါတယ္။
Mangeshkar ရဲ႕ ဈာပနကို ႏိုင္ငံေတာ္က လက္ခံက်င္းပမွာျဖစ္ၿပီး ေဖေဖာ္ဝါရီလ(၇) ရက္၊ တနလၤာေန႔မွာ ဝမ္းနည္းေၾကာင္းအထိမ္းအမွတ္အေနနဲ႔ ႏိုင္ငံေတာ္အလံကို တိုင္တစ္ဝက္သာလႊင့္ထူမယ္လို႔  ျပည္ထဲေရး ဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။