ကမ္ဘာ့အကြီးဆုံး အနက်ရောင်စိန်ကို ပေါင် ၃.၂ သန်းဖြင့်ရောင်းချ

1846

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁ဝ
၅၅၅ ကာရက်ရှိ ကမ္ဘာ့အကြီးဆုံး အနက်ရောင်စိန်တုံးကြီး Enigma ကို မကြာသေးမီက ပထမဆုံးအကြိမ်ပြသခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီလ ၉ ရက်) က ပေါင် ၃.၁၆ သန်း( စင်ကာပူဒေါ်လာ ၅.၇ သန်း) နဲ့ လန်ဒန်မှာရောင်းချခဲ့တယ်လို့သိရပါတယ်။
ရှားပါးအနက်ရောင် (သို့မဟုတ်) Carbonados စိန်တုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂.၆ ဘီလျံကျော်က ကမ္ဘာမြေကို ဥက္ကာခဲ သို့မဟုတ် ဂြိုဟ်သိမ်တစ်ခုဝင်တိုက်ချိန်က ကမ္ဘာ့မြေပြင်မှာ စတင်အမြစ်တွယ်ခဲ့ခြင်းဖြစ်မယ်လို့ ယုံကြည်ရပါတယ်။ ၅၅၅.၅၅ ကာရက်၊ ၅၅ မျက်နှာပါ စိန်နက်ဟာ လန်ဒန်ရဲ့ နာမည် ကြီး Sotheby's လေလံအိမ်မှာ အွန်လိုင်းရောင်းချမှုကနေ ပရီမီယံကြေးမပါဝင်ဘဲ ပေါင် ၃.၁၆ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ Carbonados တွေကိုများ သောအားဖြင့် ကမ္ဘာမြေမျက်နှာပြင်နဲ့ နီးကပ်စွာတွေ့ရှိရပြီး ဇစ်မြစ်ဟာ ပြင်ပကမ္ဘာမှ ရောက်ရှိလာတယ်ဆိုတဲ့ အချက်အလက်တွေကို ညွှန်ပြလျက်ရှိပါတယ်။
“ဒီစိန်နက်အမျိုးအစားဟာ သဘာဝဓာတုအငွေ့တွေ ထွက်တဲ့ဥက္ကာခဲတွေ ဒါမှမဟုတ် ကမ္ဘာမြေနဲ့နောက် ဆုံးတိုက်မိသွားတဲ့ စိန်တွေပါတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေရဲ့စူပါနိုဗီးယား ပေါက်ကွဲမှုတွေကနေဖန်တီးထား တာလို့ ယူဆရပါတယ်”လို့ လေလံပွဲကပြောကြားခဲ့ပါတယ်။
အဆိုပါစိန်တုံးကို လွန်ခဲ့တဲ့ အနှစ်၂ဝ က အမည်မဖော်လိုသူ ပိုင်ရှင်တစ်ဦးက ပိုင်ဆိုင်ထားသော်လည်း တစ်ခါမှ လူသိရှင်ကြား ထုတ်ဖော်ပြသလေ့မရှိခဲ့ပါဘူး။ ကျွမ်းကျင်ပညာရှင်တွေက ကြမ်းတမ်းတဲ့ စိန်တုံးမျက်နှာပြင်ကို မျက်နှာ ၅၅ ခုရှိတဲ့ကျောက်မျက် ရတနာအဖြစ်ပြောင်းလဲဖို့ ၃ နှစ်ကြာအချိန်ယူကာသွေးခဲ့ရကာ မကြာသေးမီက ဒူဘိုင်း၊ လော့စ်အိန်ဂျလိစ်နဲ့ လန်ဒန်တို့မှာ ပြသခဲ့ပါတယ်။ "Enigma ရဲ့ဈေးနှုန်းဟာ intergalactic အဆင့်သို့ မရောက်ရှိခဲ့ပါ၊ သို့သော် ငြင်းမရနိုင်တဲ့ အချက်တစ်ချက်ကတော့ Enigma ဟာ ပြိုင်ဘက်မရှိ ကြွားလုံးထုတ်နိုင်တဲ့ စိန်တစ်လုံးဖြစ်တယ်" လို့ Mayfair ရဲ့အကြီးဆုံးအွန်လိုင်းကျောက်မျက်ရတနာလုပ်ငန်း မန်နေးဂျင်းဒါ ရိုက်တာ Tobias Kormind က ပြောကြားခဲ့ပါတယ်။
"Enigma စိန်ရဲ့အရွယ်အစား၊ ပုံသဏ္ဍာန်နဲ့အရင်းအ မြစ်ဟာ ၎င်းကိုအမိုက်စားနဲ့ အံ့သြဖွယ်ဖြစ်စေတယ်။စိန်အများစုကို လူကြိုက်တဲ့ ပုံစံ ၁ဝ မျိုးနဲ့ဖြတ်ထားသော်လည်း Enigma ရဲ့ပုံစံဟာ မျက်နှာ ၅၅ ခုဖြစ်တာကြောင့် ၅ ဂဏာန်းဖြစ်တဲ့ လက်နဲ့တူတယ်"လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ Enigma ဟာ ကျောက်မျက်အရည်အသွေး စိန်မဟုတ်ပေမယ့် မကြာသေးမီကမှ လက်ဝတ်ရတနာတွေမှာလူကြိုက်များလာတာဖြစ်ပါတယ်။

zawgyi version
ကမာၻ႔အႀကီးဆုံး အနက္ေရာင္စိန္ကို ေပါင္ ၃.၂ သန္းျဖင့္ေရာင္းခ်
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁ဝ
၅၅၅ ကာရက္ရွိ ကမာၻ႔အႀကီးဆုံး အနက္ေရာင္စိန္တုံးႀကီး Enigma ကို မၾကာေသးမီက ပထမဆုံးအႀကိမ္ျပသခဲ့ၿပီးေနာက္ ဗုဒၶဟူးေန႔ (ေဖေဖာ္ဝါရီလ ၉ ရက္) က ေပါင္ ၃.၁၆ သန္း( စင္ကာပူေဒၚလာ ၅.၇ သန္း) နဲ႔ လန္ဒန္မွာေရာင္းခ်ခဲ့တယ္လို႔သိရပါတယ္။
ရွားပါးအနက္ေရာင္ (သို႔မဟုတ္) Carbonados စိန္တုံးဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂.၆ ဘီလ်ံေက်ာ္က ကမာၻေျမကို ဥကၠာခဲ သို႔မဟုတ္ ၿဂိဳဟ္သိမ္တစ္ခုဝင္တိုက္ခ်ိန္က ကမာၻ႔ေျမျပင္မွာ စတင္အျမစ္တြယ္ခဲ့ျခင္းျဖစ္မယ္လို႔ ယုံၾကည္ရပါတယ္။ ၅၅၅.၅၅ ကာရက္၊ ၅၅ မ်က္ႏွာပါ စိန္နက္ဟာ လန္ဒန္ရဲ႕ နာမည္ ႀကီး Sotheby's ေလလံအိမ္မွာ အြန္လိုင္းေရာင္းခ်မႈကေန ပရီမီယံေၾကးမပါဝင္ဘဲ ေပါင္ ၃.၁၆ သန္းနဲ႔ ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ Carbonados ေတြကိုမ်ား ေသာအားျဖင့္ ကမာၻေျမမ်က္ႏွာျပင္နဲ႔ နီးကပ္စြာေတြ႕ရွိရၿပီး ဇစ္ျမစ္ဟာ ျပင္ပကမာၻမွ ေရာက္ရွိလာတယ္ဆိုတဲ့ အခ်က္အလက္ေတြကို ၫႊန္ျပလ်က္ရွိပါတယ္။
“ဒီစိန္နက္အမ်ိဳးအစားဟာ သဘာဝဓာတုအေငြ႕ေတြ ထြက္တဲ့ဥကၠာခဲေတြ ဒါမွမဟုတ္ ကမာၻေျမနဲ႔ေနာက္ ဆုံးတိုက္မိသြားတဲ့ စိန္ေတြပါတဲ့ ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားေတြရဲ႕စူပါႏိုဗီးယား ေပါက္ကြဲမႈေတြကေနဖန္တီးထား တာလို႔ ယူဆရပါတယ္”လို႔ ေလလံပြဲကေျပာၾကားခဲ့ပါတယ္။
အဆိုပါစိန္တုံးကို လြန္ခဲ့တဲ့ အႏွစ္၂ဝ က အမည္မေဖာ္လိုသူ ပိုင္ရွင္တစ္ဦးက ပိုင္ဆိုင္ထားေသာ္လည္း တစ္ခါမွ လူသိရွင္ၾကား ထုတ္ေဖာ္ျပသေလ့မရွိခဲ့ပါဘူး။ ကြၽမ္းက်င္ပညာရွင္ေတြက ၾကမ္းတမ္းတဲ့ စိန္တုံးမ်က္ႏွာျပင္ကို မ်က္ႏွာ ၅၅ ခုရွိတဲ့ေက်ာက္မ်က္ ရတနာအျဖစ္ေျပာင္းလဲဖို႔ ၃ ႏွစ္ၾကာအခ်ိန္ယူကာေသြးခဲ့ရကာ မၾကာေသးမီက ဒူဘိုင္း၊ ေလာ့စ္အိန္ဂ်လိစ္နဲ႔ လန္ဒန္တို႔မွာ ျပသခဲ့ပါတယ္။ "Enigma ရဲ႕ေဈးႏႈန္းဟာ intergalactic အဆင့္သို႔ မေရာက္ရွိခဲ့ပါ၊ သို႔ေသာ္ ျငင္းမရႏိုင္တဲ့ အခ်က္တစ္ခ်က္ကေတာ့ Enigma ဟာ ၿပိဳင္ဘက္မရွိ ႂကြားလုံးထုတ္ႏိုင္တဲ့ စိန္တစ္လုံးျဖစ္တယ္" လို႔ Mayfair ရဲ႕အႀကီးဆုံးအြန္လိုင္းေက်ာက္မ်က္ရတနာလုပ္ငန္း မန္ေနးဂ်င္းဒါ ႐ိုက္တာ Tobias Kormind က ေျပာၾကားခဲ့ပါတယ္။
"Enigma စိန္ရဲ႕အ႐ြယ္အစား၊ ပုံသ႑ာန္နဲ႔အရင္းအ ျမစ္ဟာ ၎ကိုအမိုက္စားနဲ႔ အံ့ၾသဖြယ္ျဖစ္ေစတယ္။စိန္အမ်ားစုကို လူႀကိဳက္တဲ့ ပုံစံ ၁ဝ မ်ိဳးနဲ႔ျဖတ္ထားေသာ္လည္း Enigma ရဲ႕ပုံစံဟာ မ်က္ႏွာ ၅၅ ခုျဖစ္တာေၾကာင့္ ၅ ဂဏာန္းျဖစ္တဲ့ လက္နဲ႔တူတယ္"လို႔ ၎က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ Enigma ဟာ ေက်ာက္မ်က္အရည္အေသြး စိန္မဟုတ္ေပမယ့္ မၾကာေသးမီကမွ လက္ဝတ္ရတနာေတြမွာလူႀကိဳက္မ်ားလာတာျဖစ္ပါတယ္။