မြန်မာစစ်တပ်အပေါ် အမေရိကန်၊ ဗြိတိန်တို့လိုမျိုး ပိတ်ဆို့မှုများချမှတ်မှာမဟုတ်ကြောင်း အိန္ဒိယအစိုးရ သတင်းထုတ်ပြန်

2858

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၂
မြန်မာစစ်တပ်အပေါ် အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့က ပိတ်ဆို့မှုများချမှတ်ခဲ့ပေမယ့် အိန္ဒိယနိုင်ငံကတော့ ပိတ်ဆို့မှုများချမှတ်မှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar ဟာ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာကျင်းပတဲ့ Quad အဖွဲ့ဝင် နိုင်ငံများရဲ့အစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလီကန်နဲ့ ဆွေးနွေးပြီးနောက် သတင်း ထုတ်ပြန်ရာမှာ အခုလိုမျိုးပြောခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ နိုင်ငံတစ်နိုင်ငံအပေါ် တစ်နိုင်ငံတည်းက တစ်ဖက်သတ်ပိတ်ဆို့မှုချမှတ်တာမျိုး လက်မခံ ကြောင်း၊ ဒါပေမယ့် ကုလသမဂ္ဂက ပိတ်ဆို့မှုများချမှတ်ခဲ့ရင်တော့ အဲဒီစည်းကမ်းများအတိုင်း လိုက်နာသွားမှာ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရဲ့လက်ရှိအခြေနေက အခက်အခဲဒုက္ခများဖြစ်နေတယ်လို့ ဆိုပေ မယ့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အိန္ဒိယမူဝါဒက အိန္ဒိယ-မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက် လက်နက်ကိုင်သူပုန်များရှိနေတာနဲ့ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက "ကျွန်တေ်ာတို့အားလုံးဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန် ရောက်ရှိအောင်လုပ်ဆောင်ဖို့ သဘောတူညီခဲ့တယ်။ ကျွန်တော်တို့အားလုံးဟာ မြန်မာနိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အာဆီယံရဲ့ကြိုးပမ်းမှုတွေကို အခိုင်အမာထောက်ခံပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့အခြေအနေတွေကို စိုးရိမ်ရတာမျိုးတွေ လည်းရှိနေပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်က အိန္ဒိယစစ်ဘက်ကတာဝန်ရှိသူတစ်ဦးနဲ့ မိသားစုတွေ အိန္ဒိယ-မြန်မာနယ်စပ်ဒေသမှာ ချုံခိုတိုက်ခိုက်ပြီး လုပ်ကြံခံရတာမျိုးတွေရှိခဲ့တယ်။ နယ်စပ်ဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးမထိုးထားရသေးတဲ့သူတွေအပြင် နေရပ်စွန့်ခွာထွက်ပြေးလာသူတွေအတွက် အစားစာလိုအပ် ချက်မြင့်တက်နေတဲ့အတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီအခြေအနေတွေနဲ့လည်း စိုးရိမ်တာမျိုးတွေ ဖြစ်ရတယ်" လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
Zawgyi Version;
ျမန္မာစစ္တပ္အေပၚ အေမရိကန္၊ ၿဗိတိန္တို႔လိုမ်ိဳး ပိတ္ဆို႔မႈမ်ားခ်မွတ္မွာမဟုတ္ေၾကာင္း အိႏၵိယအစိုးရ သတင္း ထုတ္ျပန္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၂
ျမန္မာစစ္တပ္အေပၚ အေမရိကန္၊ ၿဗိတိန္နဲ႔ ကေနဒါႏိုင္ငံတို႔က ပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့ေပမယ့္ အိႏၵိယႏိုင္ငံကေတာ့ ပိတ္ဆို႔မႈမ်ားခ်မွတ္မွာ မဟုတ္ဘူးလို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး S Jaishankar ဟာ ၾသစေၾတးလ်ႏိုင္ငံ မဲလ္ဘုန္းၿမိဳ႕မွာက်င္းပတဲ့ Quad အဖြဲ႕ဝင္ ႏိုင္ငံမ်ားရဲ႕အစည္းအေဝးမွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအန္တိုနီဘလီကန္နဲ႔ ေဆြးေႏြးၿပီးေနာက္ သတင္း ထုတ္ျပန္ရာမွာ အခုလိုမ်ိဳးေျပာခဲ့တာျဖစ္တယ္လို႔သိရပါတယ္။
အိႏၵိယႏိုင္ငံအေနနဲ႔ ႏိုင္ငံတစ္ႏိုင္ငံအေပၚ တစ္ႏိုင္ငံတည္းက တစ္ဖက္သတ္ပိတ္ဆို႔မႈခ်မွတ္တာမ်ိဳး လက္မခံ ေၾကာင္း၊ ဒါေပမယ့္ ကုလသမဂၢက ပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့ရင္ေတာ့ အဲဒီစည္းကမ္းမ်ားအတိုင္း လိုက္နာသြားမွာ ျဖစ္ေၾကာင္း အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး က ေျပာပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ျမန္မာႏိုင္ငံရဲ႕လက္ရွိအေျခေနက အခက္အခဲဒုကၡမ်ားျဖစ္ေနတယ္လို႔ ဆိုေပ မယ့္ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ ျမန္မာႏိုင္ငံအေပၚထားရွိတဲ့ အိႏၵိယမူဝါဒက အိႏၵိယ-ျမန္မာႏိုင္ငံ နယ္စပ္တစ္ေလွ်ာက္ လက္နက္ကိုင္သူပုန္မ်ားရွိေနတာနဲ႔ဆက္ႏြယ္ေနတယ္လို႔ ဆိုပါတယ္။
အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးက "ကြၽန္ေတ္ာတို႔အားလုံးဟာ ျမန္မာႏိုင္ငံကို ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ ေရာက္ရွိေအာင္လုပ္ေဆာင္ဖို႔ သေဘာတူညီခဲ့တယ္။ ကြၽန္ေတာ္တို႔အားလုံးဟာ ျမန္မာႏိုင္ငံေရးျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔ အာဆီယံရဲ႕ႀကိဳးပမ္းမႈေတြကို အခိုင္အမာေထာက္ခံပါတယ္။
ျမန္မာႏိုင္ငံဟာ အိႏၵိယနဲ႔ အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံရဲ႕အေျခအေနေတြကို စိုးရိမ္ရတာမ်ိဳးေတြ လည္းရွိေနပါတယ္။ ၿပီးခဲ့တဲ့လအနည္းငယ္က အိႏၵိယစစ္ဘက္ကတာဝန္ရွိသူတစ္ဦးနဲ႔ မိသားစုေတြ အိႏၵိယ-ျမန္မာနယ္စပ္ေဒသမွာ ခ်ဳံခိုတိုက္ခိုက္ၿပီး လုပ္ႀကံခံရတာမ်ိဳးေတြရွိခဲ့တယ္။ နယ္စပ္ေဒသေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးမထိုးထားရေသးတဲ့သူေတြအျပင္ ေနရပ္စြန႔္ခြာထြက္ေျပးလာသူေတြအတြက္ အစားစာလိုအပ္ ခ်က္ျမင့္တက္ေနတဲ့အတြက္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီအေျခအေနေတြနဲ႔လည္း စိုးရိမ္တာမ်ိဳးေတြ ျဖစ္ရတယ္" လို႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။