ပုလဲမြို့နယ်၊ ဇီးကုန်းကျေးရွာအတွင်းရှိ နေအိမ်(၃၁) လုံးမီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ ဒေသခံ လေးဦး မီးလောင်သေဆုံး

 1882

NP News - ဖေဖော်ဝါရီ ၁၇
ပုလဲမြို့၊ ဇီးကုန်းကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့များကြား ပစ်ခတ် တိုက်ခတ်မှုများဖြစ်ပွားခဲ့ရာ နေအိမ်များအား မီးရှို့ဖျက်ဆီးခံခဲ့ရသည့်အပြင် ဒေသခံ လေးဦး မီးလောင်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ချက်အရ PDF အမည်ခံအဖွဲ့သည် ကျေးရွားအတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြရာ PDF အမည်ခံအဖွဲ့သည် ပြန်လည်ဆုတ်ခွာစဉ် ကျေးရွာအတွင်းရှိ ပြည်သူများ၏နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

ဖြစ်စဉ်အရ ဖေဖော်ဝါရီလ(၁၄) ရက်၊ ည(၁၂) နာရီ (၃ဝ) မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား PDF အမည်ခံအကြမ်းဖက်သမားများသည် ကျေးရွာ၏မြောက်ဘက်မှ လက်လုပ်စိန်ပြောင်း၊ တူမီးသေနတ်၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို့နောက် နှစ်ဖက် ကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ မိနစ်(၃ဝ) ခန့်အကြာတွင် PDF အမည်ခံလက်နက်ကိုင်အဖွဲ့သည် ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ထိုသို့ဆုတ်ခွာသွားသော်လည်း လမ်းတစ်လျှောက်ရှိ ပြည်သူများ၏နေအိမ်များ အား မီးရှို့ခဲ့ကြသဖြင့် မီးကူးစက်လောင်ကျွမ်းမှုများဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နေအိမ်များ မီးရှို့ခံရမှုတွင် နေအိမ်ပေါင်း (၃၁) လုံး မီးလောင်ပျက်စီးသွားခဲ့သည့်အပြင် အဆိုပါကျေးရွာနေ အသက်(၄၁) နှစ်အရွယ် ဦးဖိုးညို၊ အသက် (၆၅) နှစ် ဦးလှရွှေ၊ အသက်(၆၆) ဦးသန်းဆွေ နှင့် အသက်(၅၅) နှစ် ဒေါ်တင်စုတို့ လေးဦးမှာ ၎င်းတို့၏နေအိမ်များအတွင်း ပိတ်မိကာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့နောက် မီးလောင်ပျက်စီးခဲ့သည့် နေအိမ်(၃၁) လုံးမှာ အိမ်ထောင်စု (၃၁) စု၊ ကျေးရွာနေပြည်သူ (၁၇၁) ဦး တို့အား ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ရွှေ့ပြောင်းပို့ဆောင်ထားကြောင်း သိရသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများလုပ်ဆောင်ခဲ့ရာ အကြမ်းဖက်သမားများအသုံးပြုခဲ့သည့် လက်လုပ်တူမီးသေနတ် ၁ လက်၊ လက်လုပ်ပစ္စတိုသေနတ် ၂ လက်၊ ၄ဝ မမ လက်လုပ် ဗုံးသီး ၁၃ လုံး (၅ ဒသမ ၅၆) ကျည် ၁ တောင့်၊ (၇ ဒသမ ၆၂) ကျည် ၉ တောင့်တို့ကို ကျေးရွာပတ်လမ်း၌ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Zawgyi Version;
ပုလဲၿမိဳ႕နယ္၊ ဇီးကုန္းေက်း႐ြာအတြင္းရွိ ေနအိမ္(၃၁) လုံးမီးရႈိ႕ဖ်က္ဆီးခံခဲ့ရၿပီး၊ ေဒသခံ ေလးဦး မီးေလာင္ေသဆုံး
NP News - ေဖေဖာ္ဝါရီ ၁၇
ပုလဲၿမိဳ႕၊ ဇီးကုန္းေက်း႐ြာအတြင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ PDF အမည္ခံအဖြဲ႕မ်ားၾကား ပစ္ခတ္ တိုက္ခတ္မႈမ်ားျဖစ္ပြားခဲ့ရာ ေနအိမ္မ်ားအား မီးရႈိ႕ဖ်က္ဆီးခံခဲ့ရသည့္အျပင္ ေဒသခံ ေလးဦး မီးေလာင္ေသဆုံးခဲ့ ေၾကာင္း သတင္းရရွိသည္။

အဆိုပါသတင္းႏွင့္ပတ္သက္၍ နစက သတင္းထုတ္ျပန္ခ်က္အရ PDF အမည္ခံအဖြဲ႕သည္ ေက်း႐ြားအတြင္း လုံၿခဳံေရးေဆာင္႐ြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားအား လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ ႏွစ္ဖက္အျပန္အလွန္ ပစ္ခတ္ခဲ့ၾကရာ PDF အမည္ခံအဖြဲ႕သည္ ျပန္လည္ဆုတ္ခြာစဥ္ ေက်း႐ြာအတြင္းရွိ ျပည္သူမ်ား၏ေနအိမ္မ်ားအား မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း ေဖာ္ျပထားသည္။

ျဖစ္စဥ္အရ ေဖေဖာ္ဝါရီလ(၁၄) ရက္၊ ည(၁၂) နာရီ (၃ဝ) မိနစ္အခ်ိန္ခန႔္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ပုလဲၿမိဳ႕နယ္၊ ဇီးကုန္းေက်း႐ြာရွိ အေျခခံပညာအလယ္တန္းေက်ာင္း၌ လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားအား PDF အမည္ခံအၾကမ္းဖက္သမားမ်ားသည္ ေက်း႐ြာ၏ေျမာက္ဘက္မွ လက္လုပ္စိန္ေျပာင္း၊ တူမီးေသနတ္၊ လက္နက္ငယ္မ်ားျဖင့္ လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ ႏွစ္ဖက္ ၾကား အျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ရာ မိနစ္(၃ဝ) ခန႔္အၾကာတြင္ PDF အမည္ခံလက္နက္ကိုင္အဖြဲ႕သည္ ျပန္လည္ဆုတ္ခြာသြားေၾကာင္း၊ ထိုသို႔ဆုတ္ခြာသြားေသာ္လည္း လမ္းတစ္ေလွ်ာက္ရွိ ျပည္သူမ်ား၏ေနအိမ္မ်ား အား မီးရႈိ႕ခဲ့ၾကသျဖင့္ မီးကူးစက္ေလာင္ကြၽမ္းမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ေနအိမ္မ်ား မီးရႈိ႕ခံရမႈတြင္ ေနအိမ္ေပါင္း (၃၁) လုံး မီးေလာင္ပ်က္စီးသြားခဲ့သည့္အျပင္ အဆိုပါေက်း႐ြာေန အသက္(၄၁) ႏွစ္အ႐ြယ္ ဦးဖိုးညိဳ၊ အသက္ (၆၅) ႏွစ္ ဦးလွေ႐ႊ၊ အသက္(၆၆) ဦးသန္းေဆြ ႏွင့္ အသက္(၅၅) ႏွစ္ ေဒၚတင္စုတို႔ ေလးဦးမွာ ၎တို႔၏ေနအိမ္မ်ားအတြင္း ပိတ္မိကာ မီးေလာင္ဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့ရေၾကာင္း သိရသည္။

ထို႔ေနာက္ မီးေလာင္ပ်က္စီးခဲ့သည့္ ေနအိမ္(၃၁) လုံးမွာ အိမ္ေထာင္စု (၃၁) စု၊ ေက်း႐ြာေနျပည္သူ (၁၇၁) ဦး တို႔အား ေက်း႐ြာရွိ ဘုန္းေတာ္ႀကီးေက်ာင္းသို႔ေ႐ႊ႕ေျပာင္းပို႔ေဆာင္ထားေၾကာင္း သိရသည္။
ဆက္လက္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ နယ္ေျမအတြင္း ပိတ္ဆို႔စစ္ေဆးရွာေဖြျခင္းမ်ားလုပ္ေဆာင္ခဲ့ရာ အၾကမ္းဖက္သမားမ်ားအသုံးျပဳခဲ့သည့္ လက္လုပ္တူမီးေသနတ္ ၁ လက္၊ လက္လုပ္ပစၥတိုေသနတ္ ၂ လက္၊ ၄ဝ မမ လက္လုပ္ ဗုံးသီး ၁၃ လုံး (၅ ဒသမ ၅၆) က်ည္ ၁ ေတာင့္၊ (၇ ဒသမ ၆၂) က်ည္ ၉ ေတာင့္တို႔ကို ေက်း႐ြာပတ္လမ္း၌ ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.