စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးကို အကြမ်းဖက်အဖွဲ့က ဆိုင်ရှေ့သို့ ဆွဲထုတ်ကာ သေနတ်ဖြင့် ပစ်သတ်

 4845

Pearl (NP News) - သြဂုတ် ၁၉
တံတားဦးမြို့နယ်တွင် စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးအား အကြမ်းဖက်အဖွဲ့က ဆိုင်ရှေ့သို့ ဆွဲထုတ်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ် ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ဂွေးဆောင်ကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါကျေးရွာနေ ဦးဝင်းဦး(၅၅)နှစ်သည် ကျေးရွာရှိ ၎င်းဖွင့်လှစ်ထားသည့် “မြရတနာ” စားသောက်ဆိုင်၌ ရှိနေစဉ် အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က TOYOTA HIJET အမျိုးအစား မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထိုသို့ရောက်ရှိလာခဲ့ပြီး ၎င်းအား “သတင်းပေး/ဒလန်” ဟု ပြောဆို၍ ဆိုင်ရှေ့သို့ ဆွဲထုတ်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဝင်းဦးတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
စားေသာက္ဆိုင္ပိုင္ရွင္တစ္ဦးကို အၾကမ္းဖက္အဖြဲ႕က ဆိုင္ေရွ႕သို႔ ဆြဲထုတ္ကာ ေသနတ္ျဖင့္ ပစ္သတ္
Pearl (NP News) - ၾသဂုတ္ ၁၉
တံတားဦးၿမိဳ႕နယ္တြင္ စားေသာက္ဆိုင္ပိုင္ရွင္တစ္ဦးအား အၾကမ္းဖက္အဖြဲ႕က ဆိုင္ေရွ႕သို႔ ဆြဲထုတ္ကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ ဩဂုတ္ ၁၇ ရက္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ တံတားဦးၿမိဳ႕နယ္၊ ေဂြးေဆာင္ေက်း႐ြာ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါေက်း႐ြာေန ဦးဝင္းဦး(၅၅)ႏွစ္သည္ ေက်း႐ြာရွိ ၎ဖြင့္လွစ္ထားသည့္ “ျမရတနာ” စားေသာက္ဆိုင္၌ ရွိေနစဥ္ အၾကမ္းဖက္သမား ေျခာက္ဦး(စိစစ္ဆဲ)က TOYOTA HIJET အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ တစ္စီးျဖင့္ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေရာက္ရွိလာခဲ့ၿပီး ၎အား “သတင္းေပး/ဒလန္” ဟု ေျပာဆို၍ ဆိုင္ေရွ႕သို႔ ဆြဲထုတ္ကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့သျဖင့္ ဦးဝင္းဦးတြင္ က်ည္ထိမွန္ဒဏ္ရာရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္မႈက်ဴးလြန္ခဲ့သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Picture

Tha Lwin

20/08/2025 10:27

တရားခံအမြန်မိပါစေ

Related news

© 2021. All rights reserved.