ရုရှားနဲ့စစ်ပွဲကို ယူကရိန်းက ချက်ချင်းအဆုံးသတ်လိုက်လို့ရတယ်လို့ ဒေါ်နယ်ထရမ့်ပြော

 387

Pika (NP News) - သြဂုတ် ၁၉

ရုရှားနဲ့ အချိန်(၃)နှစ်ကျော်ကြာဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့အတွက် စေ့စပ်ညှိနှိုင်းဖြေရှင်းမှုတွေ လုပ်ဆောင် ဖို့ ယူကရိန်းသမ္မတဇီလန်စကီးကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ဒေါ်နယ်ထရမ့် က “ဇီလန်စကီးဟာ ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်လိုတယ်ဆိုရင် ချက်ချင်း အဆုံးသတ် လိုက်လို့ရပါတယ်။ ဒါမှမဟုတ်ရင် ရုရှားနဲ့တိုက်ပွဲတွေကို ဆက်တိုက်ချင်လည်း တိုက်နေလို့ရပါတယ်။ ဒါပေမယ့် ယူကရိန်းဟာ ခရိုင်းမီးယားကျွန်းဆွယ်ကို ဘယ်တော့မှပြန်ရမှာမဟုတ်သလို နေတိုးအဖွဲ့ထဲကိုလည်း ဘယ်တော့မှ ဝင်လို့ရမှာ မဟုတ်ပါဘူး။ အချို့အရာတွေက ဘယ်တော့မှပြောင်းလဲသွားမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ဒေါ်နယ်ထရမ့်နဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ အမေရိကန်ကို ဇီလန်စကီး သွားရောက်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့တိုက်တွန်းချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၃)နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက သိသာထင်ရှားတဲ့သဘောတူညီချက်တွေ ရယူနိုင်တာမျိုးမရှိသေးသလို အပစ်အခတ်ရပ်စဲရေးကို တိတိကျကျလုပ်ဆောင်နိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားနဲ႔စစ္ပြဲကို ယူကရိန္းက ခ်က္ခ်င္းအဆုံးသတ္လိုက္လို႔ရတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ၾသဂုတ္ ၁၉
႐ုရွားနဲ႔ အခ်ိန္(၃)ႏွစ္ေက်ာ္ၾကာျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ေစ့စပ္ညႇိႏႈိင္းေျဖရွင္းမႈေတြ လုပ္ေဆာင္ ဖို႔ ယူကရိန္းသမၼတဇီလန္စကီးကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။
ေဒၚနယ္ထရမ့္ က “ဇီလန္စကီးဟာ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္လိုတယ္ဆိုရင္ ခ်က္ခ်င္း အဆုံးသတ္ လိုက္လို႔ရပါတယ္။ ဒါမွမဟုတ္ရင္ ႐ုရွားနဲ႔တိုက္ပြဲေတြကို ဆက္တိုက္ခ်င္လည္း တိုက္ေနလို႔ရပါတယ္။ ဒါေပမယ့္ ယူကရိန္းဟာ ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ဘယ္ေတာ့မွျပန္ရမွာမဟုတ္သလို ေနတိုးအဖြဲ႕ထဲကိုလည္း ဘယ္ေတာ့မွ ဝင္လို႔ရမွာ မဟုတ္ပါဘူး။ အခ်ိဳ႕အရာေတြက ဘယ္ေတာ့မွေျပာင္းလဲသြားမွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ေဒၚနယ္ထရမ့္နဲ႔ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ အေမရိကန္ကို ဇီလန္စကီး သြားေရာက္မယ္ဆိုတဲ့သတင္းေတြ ထြက္ေပၚလာၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕တိုက္တြန္းခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္အထိ ႏွစ္ဖက္စလုံးက သိသာထင္ရွားတဲ့သေဘာတူညီခ်က္ေတြ ရယူႏိုင္တာမ်ိဳးမရွိေသးသလို အပစ္အခတ္ရပ္စဲေရးကို တိတိက်က်လုပ္ေဆာင္ႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.