ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ပြုပြင်ထိန်းသိမ်းမည့်အတွက် ရန်ကုန်တိုင်းအတွင်းရှိ နေရာအချို့တွင် ၂၄ နာရီကြာမီးပြတ်မည်

1120

ဖူးပြည့် (NP News) - ဖေဖော်ဝါရီ ၁၉
ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း နှစ်စဉ်ပုံမှန်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအား ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၆ နာရီမှစတင်ကာ ဖေဖော်ဝါရီလ ၂ဝ ရက် ညနေ ၆ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်း၏ ထုတ်ပြန်ချက်အရသိရသည်။
ထို့ကြောင့် အဆိုပါ ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်စဉ် ကာလအတွင်း သဘာဝဓာတ်ငွေ့လျော့နည်းနေမည်ဖြစ်ပါသဖြင့် ဓာတ်အားသုံးစွဲမှုများသော နာရီအချိန် ပိုင်းများ၌ ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန် အရေးပေါ်ဝန်အားလျှော့ ထိန်းညှိခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်၊ ရပ်ကွက်နှင့် မြို့ နယ်များတွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပြီး အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဇောတိကစီမံကိန်းတွင် ကမ်းလွန်နှင့် ကုန်းတွင်းဟူ သော လုပ်ငန်းနှစ်ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တနင်္သာရီတိုင်းဒေသကြီးရေဖြူမြို့နယ် ကန်ပေါက်ကျေးရွာတွင် ကမ်းလွန်ပင် လယ်မှထုတ်လုပ်သော သဘာဝဓာတ်ငွေ့ကို တဆင့်သိုလှောင်၍ ရန်ကုန်မြို့နှင့် အခြားမြို့များအပါအဝင် ထိုင်းနိုင်ငံသို့ PTTEP International Limited အနေဖြင့် နေ့စဉ်သဘာဝဓာတ်ငွေ့များပို့လွှတ်လျက်ရှိကြောင်းသိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၃ဝ ကေဗွီ မြောင်းတကာပင်မဓာတ်အားခွဲရုံရှိ 230/33/11kV, (3x33.33) MVA Single Phase Transformer (B Phase)၏ 33kV Neutral Bushing မှ ဆီယိုစိမ့်မှုအား ဖေဖော်ဝါရီလ ၂ဝ တွင် နံနက် ၁ဝ နာရီမှ နေ့လည် ၁၂ နာရီအထိ ယာယီဓာတ်အားပိတ်၍ထိန်း သိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြောင်းတ ကာတစ်မြို့နယ်လုံးနှင့် မှော်ဘီမြို့နယ်ရှိနေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပြီး အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားသည်။
ယခုရက်ပိုင်းအတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများအပြားတွင် မီးပြတ်တောက်မှုများမ ကြာခဏဖြစ်ပွားလျက်ရှိနေသည်။

zawgyi version
ေဇာတိက သဘာဝဓာတ္ေငြ႕ပိုက္လိုင္းကို ျပဳျပင္ထိန္းသိမ္းမည့္အတြက္ ရန္ကုန္တိုင္းအတြင္းရွိ ေနရာအခ်ိဳ႕တြင္ ၂၄ နာရီၾကာမီးျပတ္မည္
ဖူးျပည့္ (NP News) - ေဖေဖာ္ဝါရီ ၁၉
ေဇာတိက သဘာဝဓာတ္ေငြ႕ပိုက္လိုင္း ႏွစ္စဥ္ပုံမွန္ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းအား ေဖေဖာ္ဝါရီလ ၁၈ ရက္ ညေန ၆ နာရီမွစတင္ကာ ေဖေဖာ္ဝါရီလ ၂ဝ ရက္ ညေန ၆ နာရီအထိ ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပို ေရးရွင္း၏ ထုတ္ျပန္ခ်က္အရသိရသည္။
ထို႔ေၾကာင့္ အဆိုပါ ေဇာတိကသဘာဝဓာတ္ေငြ႕ပိုက္လိုင္းျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္း ေဆာင္႐ြက္စဥ္ ကာလအတြင္း သဘာဝဓာတ္ေငြ႕ေလ်ာ့နည္းေနမည္ျဖစ္ပါသျဖင့္ ဓာတ္အားသုံးစြဲမႈမ်ားေသာ နာရီအခ်ိန္ ပိုင္းမ်ား၌ ဓာတ္အားစနစ္တည္ၿငိမ္မႈရွိေစရန္ အေရးေပၚဝန္အားေလွ်ာ့ ထိန္းညႇိျခင္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔လုပ္ငန္းေဆာင္႐ြက္ေနစဥ္အတြင္း ရန္ကုန္ တိုင္းေဒသႀကီးအတြင္းရွိ စက္မႈဇုန္၊ ရပ္ကြက္ႏွင့္ ၿမိဳ႕ နယ္မ်ားတြင္ ယာယီဓာတ္အားျပတ္ေတာက္မႈရွိမည္ျဖစ္ၿပီး အေရးႀကီးေနရာမ်ား လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈ မရွိေစေရးကို အေလးထားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။
ေဇာတိကစီမံကိန္းတြင္ ကမ္းလြန္ႏွင့္ ကုန္းတြင္းဟူ ေသာ လုပ္ငန္းႏွစ္ရပ္ျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိၿပီး တနသၤာရီတိုင္းေဒသႀကီးေရျဖဴၿမိဳ႕နယ္ ကန္ေပါက္ေက်း႐ြာတြင္ ကမ္းလြန္ပင္ လယ္မွထုတ္လုပ္ေသာ သဘာဝဓာတ္ေငြ႕ကို တဆင့္သိုေလွာင္၍ ရန္ကုန္ၿမိဳ႕ႏွင့္ အျခားၿမိဳ႕မ်ားအပါအဝင္ ထိုင္းႏိုင္ငံသို႔ PTTEP International Limited အေနျဖင့္ ေန႔စဥ္သဘာဝဓာတ္ေငြ႕မ်ားပို႔လႊတ္လ်က္ရွိေၾကာင္းသိရသည္။
ထို႔ျပင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၂၃ဝ ေကဗြီ ေျမာင္းတကာပင္မဓာတ္အားခြဲ႐ုံရွိ 230/33/11kV, (3x33.33) MVA Single Phase Transformer (B Phase)၏ 33kV Neutral Bushing မွ ဆီယိုစိမ့္မႈအား ေဖေဖာ္ဝါရီလ ၂ဝ တြင္ နံနက္ ၁ဝ နာရီမွ ေန႔လည္ ၁၂ နာရီအထိ ယာယီဓာတ္အားပိတ္၍ထိန္း သိမ္းျပဳျပင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္သည့္အတြက္ အဆိုပါလုပ္ငန္းေဆာင္႐ြက္ေနစဥ္အတြင္း ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ေျမာင္းတ ကာတစ္ၿမိဳ႕နယ္လုံးႏွင့္ ေမွာ္ဘီၿမိဳ႕နယ္ရွိေနရာအခ်ိဳ႕တို႔တြင္ ယာယီဓာတ္အားျပတ္ေတာက္မႈရွိမည္ျဖစ္ၿပီး အေရးႀကီးေနရာမ်ား လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈမရွိေစေရးကို အေလးထားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းက အသိေပးထုတ္ျပန္ထားသည္။
ယခုရက္ပိုင္းအတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္အမ်ားအျပားတြင္ မီးျပတ္ေတာက္မႈမ်ားမ ၾကာခဏျဖစ္ပြားလ်က္ရွိေနသည္။