တောင်အာဖရိကတွင် ကမ္ဘာ့အကြီးဆုံး marimba ဂီတတူရိယာအဖွဲ့ ဂင်းနစ်စံချိန်ကို ချိုးဖျက်ရန်ကြိုးပမ်း

 122

Pika (NP News) - သြဂုတ်လ ၁၄
တောင်အာဖရိကနှင့် ဇင်ဘာဘွေနိုင်ငံ တစ်ဝန်းတို့မှ လူငယ်ဂီတပညာရှင်များသည် ကမ္ဘာ့ အကြီးဆုံး marimba ဂီတတူရိယာအဖွဲ့အတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ရန် ကိတ်ပ်တောင်းမြို့တွင် စုစည်းခဲ့ကြကြောင်းသိရသည်။ အဆိုပါအဖွဲ့သည် လူငယ်ဂီတပညာရှင်(၁၂၇၆)ဦးကိုစုစည်းကာ ကမ္ဘာ့ အကြီးဆုံး marimba ဂီတတူရိယာအဖွဲ့အတွက် ဂင်းနစ်စံချိန်ချိုးဖျက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၎င်းတို့စုစည်းခဲ့သော ကျောင်းသား (၁၂၇၆) ဦးသည် ကိတ်ပ်တောင်းမြို့ Grand West Arena တွင် ဂီတတူရိယာများကို အတူတကွတီးခတ်ခဲ့ ကြောင်း ဂီတပညာရေးကိုမြှင့်တင်ရန်နှင့် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ရန်ကြိုးပမ်းမှုကို စီစဉ်ခဲ့သည့် Marimba Jam အဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ ဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင် ထားသည့်အဖွဲ့မှာ ဂွာတီမာလာနိုင်ငံမှ Marimbas por Guate အဖွဲ့ဖြစ်ပြီး (၂၀၂၁)ခုနှစ်တွင် အဆိုပါ စံချိန်ကိုတင်ခဲ့ခြင်းဖြစ်ကာ လူငယ်ဂီတပညာရှင် (၅၀၅)ဦးကို စုစည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Marimba Jam အဖွဲ့သည် (၂၀၁၈)ခုနှစ်တွင် အဆိုပါစံချိန်ကိုချိုးဖျက်ရန် ကြိုးပမ်းခဲ့သော်လည်း ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့၏ အထောက်အထားလို အပ်ချက်များနှင့် ကိုက်ညီခြင်းမျိုးမရှိခဲ့သောကြောင့် ကျရှုံးခဲ့ကြောင်းသိရသည်။
Marimba Jam အဖွဲ့စီအီးအို Kiara Ramklassက " ဒီဂင်းနစ်စံချိန်မှတ်တမ်းကို ကျွန် တော်တို့ချိုးဖျက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီဂင်း နစ်စံချိန်မှတ်တမ်းဟာ တောင်အာဖရိကတစ်ခုလုံးကို စည်းလုံးညီညွတ်စေမယ့် နည်းလမ်းတစ်ခုလို့ ကျွန် တော်ထင်ပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version:
ေတာင္အာဖရိကတြင္ ကမာၻ႔အႀကီးဆုံး marimba ဂီတတူရိယာအဖြဲ႕ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ရန္ႀကိဳးပမ္း
Pika (NP News) - ၾသဂုတ္လ ၁၄
ေတာင္အာဖရိကႏွင့္ ဇင္ဘာေဘြႏိုင္ငံ တစ္ဝန္းတို႔မွ လူငယ္ဂီတပညာရွင္မ်ားသည္ ကမာၻ႔ အႀကီးဆုံး marimba ဂီတတူရိယာအဖြဲ႕အတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ရန္ ကိတ္ပ္ေတာင္းၿမိဳ႕တြင္ စုစည္းခဲ့ၾကေၾကာင္းသိရသည္။ အဆိုပါအဖြဲ႕သည္ လူငယ္ဂီတပညာရွင္(၁၂၇၆)ဦးကိုစုစည္းကာ ကမာၻ႔ အႀကီးဆုံး marimba ဂီတတူရိယာအဖြဲ႕အတြက္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ရန္ ႀကိဳးပမ္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
၎တို႔စုစည္းခဲ့ေသာ ေက်ာင္းသား (၁၂၇၆) ဦးသည္ ကိတ္ပ္ေတာင္းၿမိဳ႕ Grand West Arena တြင္ ဂီတတူရိယာမ်ားကို အတူတကြတီးခတ္ခဲ့ ေၾကာင္း ဂီတပညာေရးကိုျမႇင့္တင္ရန္ႏွင့္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ရန္ႀကိဳးပမ္းမႈကို စီစဥ္ခဲ့သည့္ Marimba Jam အဖြဲ႕က ေျပာၾကားခဲ့သည္။
အဆိုပါ ဂင္းနစ္စံခ်ိန္ကို ယခင္ကိုင္ေဆာင္ ထားသည့္အဖြဲ႕မွာ ဂြာတီမာလာႏိုင္ငံမွ Marimbas por Guate အဖြဲ႕ျဖစ္ၿပီး (၂၀၂၁)ခုႏွစ္တြင္ အဆိုပါ စံခ်ိန္ကိုတင္ခဲ့ျခင္းျဖစ္ကာ လူငယ္ဂီတပညာရွင္ (၅၀၅)ဦးကို စုစည္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ Marimba Jam အဖြဲ႕သည္ (၂၀၁၈)ခုႏွစ္တြင္ အဆိုပါစံခ်ိန္ကိုခ်ိဳးဖ်က္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕၏ အေထာက္အထားလို အပ္ခ်က္မ်ားႏွင့္ ကိုက္ညီျခင္းမ်ိဳးမရွိခဲ့ေသာေၾကာင့္ က်ရႈံးခဲ့ေၾကာင္းသိရသည္။
Marimba Jam အဖြဲ႕စီအီးအို Kiara Ramklassက " ဒီဂင္းနစ္စံခ်ိန္မွတ္တမ္းကို ကြၽန္ ေတာ္တို႔ခ်ိဳးဖ်က္ႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။ ဒီဂင္း နစ္စံခ်ိန္မွတ္တမ္းဟာ ေတာင္အာဖရိကတစ္ခုလုံးကို စည္းလုံးညီၫြတ္ေစမယ့္ နည္းလမ္းတစ္ခုလို႔ ကြၽန္ ေတာ္ထင္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.