အသက် ၈ဝ အထိ စကိတ်စီးနေသေးတဲ့ အဘွားအို

492

ဝတီ (NP News)- ဖေဖော်ဝါရီ ၂၃
ဆိုက်ဘေးရီးယားမှာနေထိုင်တဲ့ လျူဘို့ဗ်မော်ရီခိုဒိုဗာဆိုတဲ့အဘွားအိုဟာ အသက် ၈ဝ သာရှိနေပေမယ့် ရေခဲပြင်စကိတ်စီးလို့ ကောင်းတုန်းပါပဲ။ မျက်နှာပြင်တစ်ခုလုံး အေးခဲနေတဲ့ နာမည်ကျော်ဘိုင်ကယ်လ်ရေကန်ကြီးပေါ်မှာ အေးအေးလူလူ ရေခဲပြင်စကိတ်စီးနေတဲ့ သူ့ပုံတွေကမ္ဘာအနှံ့ပျံ့နှံ့သွားပြီး အဘွားဟာ နာမည်ကြီးသွားတော့တာပါ။ စကိတ်စီးတာပဲ ဘာထူးဆန်းလို့ လူတွေဒီလောက်အထိ စိတ်ဝင်စားနေရတာလဲလို့အဘွားက တွေးမိပါသေးတယ်။ အဘွားဟာ ရှစ်နှစ်သမီးအရွယ်ကတည်းက စကိတ်စီးလာတာပါ။ အစတုန်းကတော့ ကျောင်းနဲ့အိမ်ဝေးလွန်းလို့ မြန်မြန်ရောက်အောင်ဆိုပြီး စကိတ်စီးသင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ စကိတ်စီးတာဟာ သူ့အတွက် အပန်းဖြေအားကစားတစ်မျိုး ဖြစ်ပါတယ်။ အဘွားဘဝက အရမ်းပင်ပန်းတော့ သူကပင်ပန်းသမျှကိုစကိတ်စီးပြီး အမောဖြေတာပေါ့။ ဆိုက်ဘေးရီးယားမှာရှိတဲ့ ဘိုင်ကယ်လ် (Lake Baikal) ရေကန် ကြီးဟာ အင်မတန်ကို နာမည်ကျော်လှပြီး ဆောင်း တွင်းမှာဆိုရင်တော့ အဲဒီရေကန်အပူချိန်က အနှုတ် ၅ဝ ဒီဂရီဆဲလ်စီးယက်စ်အထိ ထိုးဆင်းသွားလေ့ရှိပါတယ်။
zawgyi version
အသက္ ၈ဝ အထိ စကိတ္စီးေနေသးတဲ့ အဘြားအို
ဝတီ (NP News)- ေဖေဖာ္ဝါရီ ၂၃
ဆိုက္ေဘးရီးယားမွာေနထိုင္တဲ့ လ်ဴဘို႔ဗ္ေမာ္ရီခိုဒိုဗာဆိုတဲ့အဘြားအိုဟာ အသက္ ၈ဝ သာရွိေနေပမယ့္ ေရခဲျပင္စကိတ္စီးလို႔ ေကာင္းတုန္းပါပဲ။ မ်က္ႏွာျပင္တစ္ခုလုံး ေအးခဲေနတဲ့ နာမည္ေက်ာ္ဘိုင္ကယ္လ္ေရကန္ႀကီးေပၚမွာ ေအးေအးလူလူ ေရခဲျပင္စကိတ္စီးေနတဲ့ သူ႔ပုံေတြကမာၻအႏွံ႔ပ်ံ႕ႏွံ႔သြားၿပီး အဘြားဟာ နာမည္ႀကီးသြားေတာ့တာပါ။ စကိတ္စီးတာပဲ ဘာထူးဆန္းလို႔ လူေတြဒီေလာက္အထိ စိတ္ဝင္စားေနရတာလဲလို႔အဘြားက ေတြးမိပါေသးတယ္။ အဘြားဟာ ရွစ္ႏွစ္သမီးအ႐ြယ္ကတည္းက စကိတ္စီးလာတာပါ။ အစတုန္းကေတာ့ ေက်ာင္းနဲ႔အိမ္ေဝးလြန္းလို႔ ျမန္ျမန္ေရာက္ေအာင္ဆိုၿပီး စကိတ္စီးသင္ခဲ့တာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ စကိတ္စီးတာဟာ သူ႔အတြက္ အပန္းေျဖအားကစားတစ္မ်ိဳး ျဖစ္ပါတယ္။ အဘြားဘဝက အရမ္းပင္ပန္းေတာ့ သူကပင္ပန္းသမွ်ကိုစကိတ္စီးၿပီး အေမာေျဖတာေပါ့။ ဆိုက္ေဘးရီးယားမွာရွိတဲ့ ဘိုင္ကယ္လ္ (Lake Baikal) ေရကန္ ႀကီးဟာ အင္မတန္ကို နာမည္ေက်ာ္လွၿပီး ေဆာင္း တြင္းမွာဆိုရင္ေတာ့ အဲဒီေရကန္အပူခ်ိန္က အႏႈတ္ ၅ဝ ဒီဂရီဆဲလ္စီးယက္စ္အထိ ထိုးဆင္းသြားေလ့ရွိပါတယ္။

လျူဘို့ဗ်မော်ရီခိုဒိုဗာ (Lyubov Morekhodova)ဟာ အိုင်ကွတ်စ်က် (Irkutsk)ဆိုတဲ့ ဒေသမှာမွေးဖွားတာပါ။ သူမွေးအပြီး သီတင်းပတ် နှစ်ပတ်၊ သုံးပတ်အကြာမှာပဲ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့တာပေါ့။ သူ့မှာ စုစု ပေါင်း မောင်နှမ (၇)ယောက်ရှိပါတယ်။ အိုင်ကွတ်စ်က် ဆည်ကြီး စဆောက်တော့ သူတို့မိသားစုဟာ ခါလေဆိုတဲ့ (Khaly) မြို့ကြီးဆီပြောင်းသွားရပါတယ်။ အဲဒီမှာ သူ ရေခဲပြင်စကိတ်စစီးဖြစ်တာပါပဲ။ ကျောင်းသွားရတာဝေးလွန်းလို့ မြန်မြန်ရောက်အောင်ဆိုပြီး ရေခဲပြင်စကိတ်စီးစသင်ခဲ့တာပါ။ အခု အသက် ၈ဝ အထိ သူ စီးနေတဲ့ စကိတ်ဖိနပ်လေးက သူ့အဖေလုပ်ပေးထားတဲ့ မူလလက်ဟောင်း အိမ်တွင်းဖြစ် စကိတ်လေးပဲဖြစ်ပါတယ်။ နောက်ပိုင်းအတန်းကြီးလာလို့ ဘောင်ဒါဆောင်နေရတော့ ခရီးကပိုဝေးလာပြီး စကိတ်မှမစီးရင်မဖြစ်တော့တဲ့အထိ ဖြစ်လာပါတော့တယ်။ တစ်ခါ ကဆိုရင် စကိတ်စီးနေရင်း အောက်ကရေခဲပြင်က ရုတ်တရက် ကျွံကျသွားလို့ သူရေအောက်ထဲကျသွားပါသေးတယ်။ ပါလာတဲ့ သူငယ်ချင်းနှစ်ယောက်က အ ပေါ်က ဝိုင်းဆွဲထုတ်ပေးလို့သာ သူ့မှာအန္တရာယ်ဘေးက ကပ်လွတ်သွားတာပါ။ ရေခဲပြင်စကိတ်စီးရင်း အဲဒီလို အန္တရာယ်ကြုံရပေမယ့် ခက်ခဲကြမ်းတမ်းလှတဲ့ သူ့ဘဝအတွက်တော့ စကိတ်စီးတာက စိတ်ပန်းဖြေစရာတစ်ခုပါပဲ။
ဆိုက်ဘေးရီးယားက ကျေးလက်ဒေသမှာ နေရတာဆိုတော့ အဘွားဘဝဟာ အရာရာ ခက်ခဲလှပါတယ်။ မနက်တိုင်း ၅ နာရီဆို အိပ်ယာကထရပြီး နွားတွေကို ဂရုစိုက်ရပါတယ်။ ဆောင်းတွင်းဆိုရင်နွားတွေအတွက် မြက်တွေမရှိတော့လို့ သူတို့အတွက် အစာရေစာလိုက် ရှာပေးရတာ သိပ်ခက်ခဲပင်ပန်း တာပေါ့။တစ်ခါတလေ ကျရင်လည်း နွားပေါက်တွေ ပျောက်သွားလိုက်တာ လိုက်ရှာလို့လည်း မရတော့ပါဘူး။ တစ်ခါတစ်လေကျရင်လည်း စကိတ်စီးပြီး နွားပျောက်ထွက်ရှာရပါတယ်။ နွားတွေဘက် မလှည့်ခင်ငါးတွေကိုလည်း ကိုင်ရပါသေးတယ်။ သူဟာ အလုပ်သင် ဝရိန်သမားအလုပ်လည်း လုပ်ခဲ့ဖူးတဲ့အပြင် စက်ရုံတစ်ခုမှာ နည်းပညာ ရှင်အလုပ်ကိုလည်း ၄၂ နှစ်တိုင်တိုင်လုပ်ခဲ့ရပါသေးတယ်။ ခင်ပွန်းနဲ့ သားသမီးတွေ အကုန်ဆုံးပါးသွားတော့ သူက စိုက်ပျိုးမွေးမြူရေးပဲ ပြန်လုပ်ဖို့ဆုံးဖြတ်လိုက်တာပါ။ အခုဆိုရင် အဘွားဟာ နွားတွေ၊ ကြက်တွေ မွေးထားတဲ့အပြင် ခွေးလေးကောင်နဲ့ ကြောင်သုံးကောင်ကိုလည်း အဖော်ရအောင် မွေးထားပါတယ်။ ခင်ပွန်း လည်းဆုံး၊ သားသမီးတွေလည်း အကုန်ဆုံးကုန်တော့ အဘွားမှာဘဝနေဝင်ချိန်ကိုတစ်ယောက် တည်း ဖြတ်သန်းနေရတာပါ။ ဒါကြောင့် သူက ကြောင်တွေ၊ ခွေးတွေ မွေးထားပြီး သူတို့ကို အဖော်လုပ်နေရတာပါ။ အဘွားအတွက်တော့ ရေခဲပြင်စကိတ်စီးတာဟာ ပျော်စရာတစ်မျိုးပါပဲ။ ဒါပေမဲ့ သူစကိတ်စီးနေပုံကို သူ့သူငယ်ချင်းတစ်ယောက်က ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်လည်းတင်လိုက်ရော အဘွားဟာချက်ချင်းကို နာမည်ကြီးသွားတော့တာပါပဲ။ ကမ္ဘာတလွှားကသ တင်းထောက်တွေကလည်း သူ့ဆီကို ဖုန်းတွေတဂွမ် ဂွမ်ဆက်ပြီး အင်တာတွေ ဗျူးကြတော့တာပေါ့။ အဘွားက မေးလာသမျှ သတင်းထောက်တွေကို ယဉ် ယဉ်ကျေးကျေး၊ လိုလိုလားလား ဖြေပေးပါတယ်။
စကိတ်စီးတာ ဘာထူးဆန်းလို့ ဒီလောက်ဝိုင်းပြီး အထူးတဆန်းလုပ်နေရသလဲလို့ အဘွားကတော့ ထင်မှာပါ။ ဒါပေမဲ့ တခြားလူတွေအတွက်ကတော့ အသက် ၈ဝ အဘွားကြီးက ရေခဲပြင်ကြီးပေါ်မှာ အပူအပင်ကင်းကင်းနဲ့ တစ်ယောက်တည်း စကိတ်စီးနေတယ်ဆိုတာဟာ စိတ်ဝင်စားစရာသိပ်ကောင်းနေပါတယ်။ ရေခဲပြင်ကြီးပေါ်မှာ အဘွားက ကျွမ်းကျွမ်းကျင်ကျင် စကိတ်စီးပြနေတာဟာ မြင်ရသူအပေါင်းအတွက် အံ့သြစရာ ကောင်းလှပါတယ်။ ကြည်နူးစရာလည်း ကောင်းလှပါတယ်။ လူငယ်လေးတွေ၊ အားကစားသမားတွေမှ စကိတ်စီးလေ့ရှိတဲ့အတွက် အဘွားအိုကြီးတစ်ယောက်က ဒီလို ကျွမ်းကျွမ်းကျင်ကျင် အေးအေးလူလူ စကိတ်စီးပြနေတာဟာ စိတ်ဝင်စားစရာသိပ်ကောင်းနေတာပါ။ ဒါပေမဲ့ အဘွားအတွက်ကတော့ ဒီလောက်က အေးအေးဆေးဆေးပါပဲ။ သူက ဒေသတွင်းစကိတ်စီးပြိုင်ပွဲ တွေမှာတောင် ဝင်ပြိုင်လိုက်သေးတယ်လေ။ ငယ်ငယ်လေးကတည်းကနေ အခုထက်ထိ အလုပ်ချည်းပဲ တရစပ်လုပ်နေလို့ အဘွားအနားကော ယူဖူးရဲ့လားလို့မေးတော့ `နားတာပေါ့ကွယ်။ ညဘက်ဆို အဘွားတီဗီကြည့်ရင်ကြည့်၊ မကြည့်ရင် စာအုပ်ထဲမှာပါတဲ့ ပဟေဋိအဖြေညှိဂိမ်းလေးတွေ ကစားတယ်။ ဒါမှမဟုတ် သတင်းတွေထဲမှာ ကြားရတဲ့နေရာတွေကို မြေ ပုံစာအုပ်ထဲမှာ လိုက်ရှာတယ်'လို့ အဘွားကပြောပြပါတယ်။
zawgyi version
လ်ဴဘို႔ဗ္ေမာ္ရီခိုဒိုဗာ (Lyubov Morekhodova)ဟာ အိုင္ကြတ္စ္က္ (Irkutsk)ဆိုတဲ့ ေဒသမွာေမြးဖြားတာပါ။ သူေမြးအၿပီး သီတင္းပတ္ ႏွစ္ပတ္၊ သုံးပတ္အၾကာမွာပဲ ဒုတိယကမာၻစစ္ႀကီးျဖစ္ေတာ့တာေပါ့။ သူ႔မွာ စုစု ေပါင္း ေမာင္ႏွမ (၇)ေယာက္ရွိပါတယ္။ အိုင္ကြတ္စ္က္ ဆည္ႀကီး စေဆာက္ေတာ့ သူတို႔မိသားစုဟာ ခါေလဆိုတဲ့ (Khaly) ၿမိဳ႕ႀကီးဆီေျပာင္းသြားရပါတယ္။ အဲဒီမွာ သူ ေရခဲျပင္စကိတ္စစီးျဖစ္တာပါပဲ။ ေက်ာင္းသြားရတာေဝးလြန္းလို႔ ျမန္ျမန္ေရာက္ေအာင္ဆိုၿပီး ေရခဲျပင္စကိတ္စီးစသင္ခဲ့တာပါ။ အခု အသက္ ၈ဝ အထိ သူ စီးေနတဲ့ စကိတ္ဖိနပ္ေလးက သူ႔အေဖလုပ္ေပးထားတဲ့ မူလလက္ေဟာင္း အိမ္တြင္းျဖစ္ စကိတ္ေလးပဲျဖစ္ပါတယ္။ ေနာက္ပိုင္းအတန္းႀကီးလာလို႔ ေဘာင္ဒါေဆာင္ေနရေတာ့ ခရီးကပိုေဝးလာၿပီး စကိတ္မွမစီးရင္မျဖစ္ေတာ့တဲ့အထိ ျဖစ္လာပါေတာ့တယ္။ တစ္ခါ ကဆိုရင္ စကိတ္စီးေနရင္း ေအာက္ကေရခဲျပင္က ႐ုတ္တရက္ ကြၽံက်သြားလို႔ သူေရေအာက္ထဲက်သြားပါေသးတယ္။ ပါလာတဲ့ သူငယ္ခ်င္းႏွစ္ေယာက္က အ ေပၚက ဝိုင္းဆြဲထုတ္ေပးလို႔သာ သူ႔မွာအႏၲရာယ္ေဘးက ကပ္လြတ္သြားတာပါ။ ေရခဲျပင္စကိတ္စီးရင္း အဲဒီလို အႏၲရာယ္ႀကဳံရေပမယ့္ ခက္ခဲၾကမ္းတမ္းလွတဲ့ သူ႔ဘဝအတြက္ေတာ့ စကိတ္စီးတာက စိတ္ပန္းေျဖစရာတစ္ခုပါပဲ။
ဆိုက္ေဘးရီးယားက ေက်းလက္ေဒသမွာ ေနရတာဆိုေတာ့ အဘြားဘဝဟာ အရာရာ ခက္ခဲလွပါတယ္။ မနက္တိုင္း ၅ နာရီဆို အိပ္ယာကထရၿပီး ႏြားေတြကို ဂ႐ုစိုက္ရပါတယ္။ ေဆာင္းတြင္းဆိုရင္ႏြားေတြအတြက္ ျမက္ေတြမရွိေတာ့လို႔ သူတို႔အတြက္ အစာေရစာလိုက္ ရွာေပးရတာ သိပ္ခက္ခဲပင္ပန္း တာေပါ့။တစ္ခါတေလ က်ရင္လည္း ႏြားေပါက္ေတြ ေပ်ာက္သြားလိုက္တာ လိုက္ရွာလို႔လည္း မရေတာ့ပါဘူး။ တစ္ခါတစ္ေလက်ရင္လည္း စကိတ္စီးၿပီး ႏြားေပ်ာက္ထြက္ရွာရပါတယ္။ ႏြားေတြဘက္ မလွည့္ခင္ငါးေတြကိုလည္း ကိုင္ရပါေသးတယ္။ သူဟာ အလုပ္သင္ ဝရိန္သမားအလုပ္လည္း လုပ္ခဲ့ဖူးတဲ့အျပင္ စက္႐ုံတစ္ခုမွာ နည္းပညာ ရွင္အလုပ္ကိုလည္း ၄၂ ႏွစ္တိုင္တိုင္လုပ္ခဲ့ရပါေသးတယ္။ ခင္ပြန္းနဲ႔ သားသမီးေတြ အကုန္ဆုံးပါးသြားေတာ့ သူက စိုက္ပ်ိဳးေမြးျမဴေရးပဲ ျပန္လုပ္ဖို႔ဆုံးျဖတ္လိုက္တာပါ။ အခုဆိုရင္ အဘြားဟာ ႏြားေတြ၊ ၾကက္ေတြ ေမြးထားတဲ့အျပင္ ေခြးေလးေကာင္နဲ႔ ေၾကာင္သုံးေကာင္ကိုလည္း အေဖာ္ရေအာင္ ေမြးထားပါတယ္။ ခင္ပြန္း လည္းဆုံး၊ သားသမီးေတြလည္း အကုန္ဆုံးကုန္ေတာ့ အဘြားမွာဘဝေနဝင္ခ်ိန္ကိုတစ္ေယာက္ တည္း ျဖတ္သန္းေနရတာပါ။ ဒါေၾကာင့္ သူက ေၾကာင္ေတြ၊ ေခြးေတြ ေမြးထားၿပီး သူတို႔ကို အေဖာ္လုပ္ေနရတာပါ။ အဘြားအတြက္ေတာ့ ေရခဲျပင္စကိတ္စီးတာဟာ ေပ်ာ္စရာတစ္မ်ိဳးပါပဲ။ ဒါေပမဲ့ သူစကိတ္စီးေနပုံကို သူ႔သူငယ္ခ်င္းတစ္ေယာက္က ဓာတ္ပုံ႐ိုက္ၿပီး အြန္လိုင္းေပၚလည္းတင္လိုက္ေရာ အဘြားဟာခ်က္ခ်င္းကို နာမည္ႀကီးသြားေတာ့တာပါပဲ။ ကမာၻတလႊားကသ တင္းေထာက္ေတြကလည္း သူ႔ဆီကို ဖုန္းေတြတဂြမ္ ဂြမ္ဆက္ၿပီး အင္တာေတြ ဗ်ဴးၾကေတာ့တာေပါ့။ အဘြားက ေမးလာသမွ် သတင္းေထာက္ေတြကို ယဥ္ ယဥ္ေက်းေက်း၊ လိုလိုလားလား ေျဖေပးပါတယ္။
စကိတ္စီးတာ ဘာထူးဆန္းလို႔ ဒီေလာက္ဝိုင္းၿပီး အထူးတဆန္းလုပ္ေနရသလဲလို႔ အဘြားကေတာ့ ထင္မွာပါ။ ဒါေပမဲ့ တျခားလူေတြအတြက္ကေတာ့ အသက္ ၈ဝ အဘြားႀကီးက ေရခဲျပင္ႀကီးေပၚမွာ အပူအပင္ကင္းကင္းနဲ႔ တစ္ေယာက္တည္း စကိတ္စီးေနတယ္ဆိုတာဟာ စိတ္ဝင္စားစရာသိပ္ေကာင္းေနပါတယ္။ ေရခဲျပင္ႀကီးေပၚမွာ အဘြားက ကြၽမ္းကြၽမ္းက်င္က်င္ စကိတ္စီးျပေနတာဟာ ျမင္ရသူအေပါင္းအတြက္ အံ့ၾသစရာ ေကာင္းလွပါတယ္။ ၾကည္ႏူးစရာလည္း ေကာင္းလွပါတယ္။ လူငယ္ေလးေတြ၊ အားကစားသမားေတြမွ စကိတ္စီးေလ့ရွိတဲ့အတြက္ အဘြားအိုႀကီးတစ္ေယာက္က ဒီလို ကြၽမ္းကြၽမ္းက်င္က်င္ ေအးေအးလူလူ စကိတ္စီးျပေနတာဟာ စိတ္ဝင္စားစရာသိပ္ေကာင္းေနတာပါ။ ဒါေပမဲ့ အဘြားအတြက္ကေတာ့ ဒီေလာက္က ေအးေအးေဆးေဆးပါပဲ။ သူက ေဒသတြင္းစကိတ္စီးၿပိဳင္ပြဲ ေတြမွာေတာင္ ဝင္ၿပိဳင္လိုက္ေသးတယ္ေလ။ ငယ္ငယ္ေလးကတည္းကေန အခုထက္ထိ အလုပ္ခ်ည္းပဲ တရစပ္လုပ္ေနလို႔ အဘြားအနားေကာ ယူဖူးရဲ႕လားလို႔ေမးေတာ့ `နားတာေပါ့ကြယ္။ ညဘက္ဆို အဘြားတီဗီၾကည့္ရင္ၾကည့္၊ မၾကည့္ရင္ စာအုပ္ထဲမွာပါတဲ့ ပေဟဋိအေျဖညႇိဂိမ္းေလးေတြ ကစားတယ္။ ဒါမွမဟုတ္ သတင္းေတြထဲမွာ ၾကားရတဲ့ေနရာေတြကို ေျမ ပုံစာအုပ္ထဲမွာ လိုက္ရွာတယ္'လို႔ အဘြားကေျပာျပပါတယ္။